Pages

Pages - Menu

Saturday, September 6, 2014

ဓမ္မစေတီခေါင်းလောင်းတူးဖော်သည့် သောင်တူးစက် နေရာရွှေ့ပြောင်းတူးဖော်နေဟုဆို


RangonNewsDaily:: September . 6 .2014
ဓမ္မစေတီ ခေါင်းလောင်းတူးဖော်သည့် သောင် တူးစက်နေရာရွှေ့ပြောင်းကာ သောင် တူးသည့်လုပ်ငန်းများ ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
ဓမ္မစေတီလောင်းတူးဖော်ရေး လုပ်ငန်းကို လာရောက်ကြည့်ရှုသူ နည်းပါးလာသော်လည်း ခေါင်း လောင်းတူးဖော်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျက်ရှိပြီး စက် တင်ဘာ ၄ ရက်တွင် သောင်တူးစက် ကို နေရာအနည်းငယ်ရွှေ့ကာညနေ ၃နာရီခွဲခန့်မှစတင်ကာ သောင်တူး သည့်လုပ်ငန်းများကို လုပ်ဆောင် နေသည်။

''အရင်သောင်တူးတဲ့နေရာက နေ သောင်တူးစက်ကိုရွှေ့ပြီး သောင် တူးနေတာတွေ့ရပါတယ်။ ရေပြင်လုံ ခြုံရေးအတွက် လုံခြုံရေးကိုအလှည့် ကျစနစ်နဲ့ အချိန်ပြည့်ဆောင်ရွက်ပေး နေပါတယ်'' ဟုရေကြောင်းလုံခြုံရေး တာဝန်ယူနေသော တာဝန်ကျဝန်ထမ်း တစ်ဦးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။

ခေါင်းလောင်းတူးဖော်ရေးနေ ရာသို့ လာရောက်ကြည့်ရှုသူပြည်သူ များ နည်းပါးသွားသော်လည်း ခေါင်းလောင်းတူးဖော်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဆက် လက် ဆောင်ရွက်နေကြပြီးအချိန် အတိုင်းအတာတစ်ခုအထိ သည်းခံ စောင့်ဆိုင်းပေးစေလိုကြောင်း ခေါင်း လောင်းတူးဖော်ရေးသတင်းထုတ်ပြန် ရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောသည်။

ခေါင်းလောင်းတူးဖော်ခြင်းနှင့် ပတ်သက်၍ ရေအောက်ပစ္စည်းတစ် ခုကို ဆယ်ယူရာမှာ အချိန်အတိုင်း အတာတစ်ခုတော့ပေးရတာ ထုံးစံ ပါပဲ။ရှေးဟောင်း ပစ္စည်းတစ်ခုဖြစ် နေတော့ ထိခိုက်မှုမရှိအောင် လုပ်ရ တာကလည်း အချိန်ကြာနေရခြင်း ရဲ့ အကြောင်းတစ်ချက်ဖြစ်နေမှာပေါ့'' ဟု လာရောက်လေ့လာသည့် ရန်ကုန် စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီ ယာကျောင်းသားဟောင်းတစ်ဦးဖြစ် သည့် ဦးစိုးမိုးကပြောသည်။

စက်တင်ဘာ ၁ ရက်မှစတင်ကာ ရေယာဉ်ငယ်တစ်စီးအသစ်ရောက်ရှိ ခဲ့သည်။ ခေါင်းလောင်းကြီးဆယ်ယူ ရန် ကရိန်းပါသည့်ရေယာဉ်လည်း ရောက်ရှိနေပြီး လက်ရှိအချိန်တွင် ခေါင်း လောင်းကိုကြိုးသိုင်းသည့် လုပ်ငန်း များဆောင်ရွက်နေခြင်းဖြစ်သည်။

''သူတို့က တိတိကျကျသေချာ မပြောတော့ ကျွန်မတို့ပြည်သူတွေက သံသယစိတ်တွေဝင်မိတယ်။ ဒါပေမဲ့ ခေါင်းလောင်းကြီးကိုတော့ ရစေချင် တယ်''ဟု လာရောက်ကြည့်ရှုသည့် သန်လျင်မြို့နယ်မှ အသက်၄၅နှစ် အရွယ်ရှိ ဒေါ်ရွှေမိကပြောသည်။

ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းကို သြဂုတ်၉ရက်နေ့မှ စတင် ကာ ရှာဖွေခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၆ ရက်တွင် ခေါင်းလောင်းကြီးကို တွေ့ ရှိနေပြီဖြစ်ပြီး မကြာမီကာလအတွင်း ကုန်းပေါ်သို့ ဆယ်ယူမည်ဟု ခေါင်း လောင်းတူးဖော်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည့်ဦးစံလင်းက ထုတ်ပြန် ကြေညာခဲ့သည်။

Democracytoday, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment