Pages

Pages - Menu

Saturday, September 6, 2014

မိဘများက သမီးဖြစ်သူကို ခွေးထီးနှင့် လက်ထပ်ပေး


RangonNewsDaily:: September . 6 .2014
အိန္ဒိယအစွန်အဖျား ဒေသတစ်ခုတွင် မကောင်းဆိုးဝါး ၀င်ပူးနေသည်ဟု ယုံကြည်သောကြောင့် ယင်း မကောင်းဆိုးဝါးကို တိုက်ထုတ်ရန် ခွေးလေခွေးလွင့် တစ်ကောင်နှင့် သမီးငယ်ဖြစ်သူကို မိဘများက ပေး စားခဲ့သည်ဟု စက်တင်ဘာ ၄ ရက်က သည်တိုင်းမ်အော့ဖ် အန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၁၈ နှစ်အရွယ် မဂ္ဂလီမူနဒါသည် ဖခင်ဖြစ်သူရှာဖွေပေးသည့် ခွေးနှင့် မိဘများကိုယ်တိုင် ကြပ်မတ် ကာ သိုက်သိုက်ဝန်းဝန်း လက်ထပ်ပေး ခဲ့ခြင်း ဖြစ်သည်။ သို့သော် မဂ္ဂလီမူနဒါ ခွေးဇနီးလောင်း ဖြစ်ရသည့် အတွက် တုန်လှုပ် ချောက်ချားနေသည်။ မိဘတို့ရွေး ချယ်သော သတို့ သားလောင်း ကို နှစ်မြို့ရခြင်း မရှိရှာသူ မူနဒါက “ဒီလို မင်္ဂလာဆောင်ရတဲ့ အတွက် စိတ်မချမ်းမမြေ့ ဖြစ်ရပါတယ်” ဟု ပြောကြားသည်။

သဘာဝကို ဖီလာဆန့်ကျင်သည့် မင်္ဂလာပွဲ စီစဉ်ခြင်းအတွက် ဖခင်ဖြစ်သူ သာမက မိခင်ဖြစ်သူ ကိုယ်တိုင် လည်း သျှီယုဟု နာမည်ပေးထား သည့် ခွေးထီးကြီးနှင့် သမီးဖြစ်သူကို လက်ဆက်ပေးရေးအတွက် သဘော တူခဲ့သည်။ ယင်းသို့ လက်ထပ်ခြင်းက မကောင်းဆိုးဝါးကို မောင်းထုတ်နိုင်သည်ဟု ယုံကြည်ခြင်းကြောင့် ဖြစ်သည်။

ခွေးကို အလှပြင်ဆင်လျက် ကားဖြင့် ခေါ်လာခဲ့သည်။ “ဒီလက်ထပ်ပွဲအတွက် ငွေပုံအော ထားရတယ်။ သမီးရဲ့ ကံကြမ္မာဆိုးကို အမြစ်ဖြတ်နိုင်ဖို့နဲ့ ကျေး ရွာရဲ့ စေတနာ မေတ္တာပြန်ရနိုင်ဖို့ လုပ်ရတဲ့ တစ်ခုတည်း သော နည်းလမ်းပဲ ဖြစ်ပါတယ်” ဟု မူနဒါ၏ မိခင်က ဆင်ခြေကန်သည်။ ဂျဟာခဟန်ပြည် နယ် အစွန်အဖျားရှိ ယင်းရွာတွင် ယင်းသို့ မင်္ဂလာဆောင်မျိုးက ရိုးရာဓလေ့အရဖြစ်ပြီး မူနဒါ အမှန်တကယ် လက်ထပ်ထိမ်းမြားချိန်တွင် ဇနီးမောင်နှံတို့၏ အိမ်ထောင်ကြာရှည် တည်မြဲစေရန် ရည် ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

Ref: The Times of India , Mizzima News , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment