Pages

Pages - Menu

Monday, August 11, 2014

WHO က အီဗိုလာရောဂါကို နိုင်ငံတကာ အရေးပေါ်အဆင့်ကြေညာ



RangonNewsDaily:: August . 11 .2014
အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဗိုလာရောဂါပျံ့နှံ့မှုအခြေအနေဟာ အဆိုးဝါးဆုံး ဖြစ်ပေါ်လာနိုင်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အရေးပေါ် ကူညီထောက်ပံ့ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တောင်းဆိုလိုက်ပါတယ်။

အီဗိုလာရောဂါကူးဆက်ပျံ့နှံ့မှုမှာ အနောက်အာဖရိကတွင်သာ မဟုတ်တော့ဘဲ နိုင်ငံတကာပြည်သူတို့ရဲ့ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ရပ်အဖြစ် ဆိုက်ရောက်လာတဲ့အတွက်ကြောင့် ၎င်းကို ရပ်တန့်စေဖို့ ထူးထူးကဲကဲ တုန့်ပြန်ဆောင်ရွက်ဖို့ လိုကြောင်း WHO က ကြေညာပါတယ်။

WHO က ၂၀၀၉ ခုနှစ်မှာ ကြက်ငှက်တုတ်ကွေး ကူးဆက်ပျံ့နှံ့မှုနဲ့ ပြီးခဲ့တဲ့ မေလက ပိုလီယို ရောဂါဖြစ်ပွားမှု တို့နဲ့ပတ်သက်ပြီး အလားတူ အရေးပေါ်ကြေညာချက်မျိုးကို ထုတ်ပြန်ခဲ့ပါတယ်။

“နိုင်ငံတကာ စည်းလုံးညီညွတ်မှုနဲ့ တိုက်ဖျက်ဖို့ တိုက်တွန်းတာမှန်ပေမယ့် နိုင်ငံအများစုမှာ အီဗိုလာ ရောဂါကူးဆက်ချေ မရှိဘူးဆိုတာကိုတော့ သိထားဖို့ လိုပါမယ်”လို့WHO အကြီးအကဲ ဒေါက်တာ မာဂရက်ချန်က ပြောပါတယ်။

“ရောဂါကူးဆက်ခံနေရတဲ့ နိုင်ငံတွေဟာ ဒီပျံ့နှံ့မှုကို ဟန့်တားနိုင်ဖို့ သူတို့အစီအစဉ်နဲ့သူတို့ ဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး၊ ဒါကြောင့် အဓိကအခြေခံအကျဆုံး လိုအပ်ချက်ကို ကူညီထောက်ပံ့ပေးကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကျမတိုက်တွန်းပါတယ်”လို့ ချန်က ဂျနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ပါတယ်။

အီဗိုလာရောဂါ သမိုင်းမှာ အကြီးဆုံးနဲ့ ကာလအကြာရှည်ဆုံး ပျံ့နှံ့မှုဖြစ်ပွားနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွမ်းကျင်သူများနဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိ အီဗိုလာရောဂါဟာ ပြီးခဲ့တဲ့ မတ်လက ဂီနီနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပေမယ့် နောက်ပိုင်းမှာ စီရာလီယွန်နဲ့ လိုင်ဘေးရီးယားနိုင်ငံတွေကိုပါ ကူးဆက်ပျံ့ပွားခဲ့ပါတယ်။

အီဗိုလာရောဂါအတွက် ကာကွယ်ဆေးနဲ့ လိုင်စင်ရ ကုသမှုတွေလည်း မရှိပါဘူး။ ဒါကြောင့် ကူးဆက်ခံရသူ ၅၀ ရာခိုင်နှုန်းက သေဆုံးခဲ့တာပါ။ WHO ကတော့ လာမယ့်လအတွင်းမှာ အခြေအနေ ပိုမိုဆိုးဝါးသွားနိုင်တယ်လို့ ဆိုပါတယ်။

Source : Al Jazeera ,(Myanmar Muslim Media) , KOLATT(PBDN)
RangonNewsDaily


 

No comments:

Post a Comment