Pages

Pages - Menu

Monday, August 11, 2014

တိုင်ဖွန်းဟာလောင် ဂျပန်အနောက်ဘက်ပိုင်းကို စတင်ဝင်ရောက်


RangonNewsDaily:: August . 11 .2014
အဆိုပါတိုင်ဖွန်းသည် ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်တွင် ရှီကိုကုကျွန်းမှ ကိုချိစီရင်စုရှိ အာကီမြို သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

မြို့တော်တိုကျိုအနောက်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ မိအဲ့စီရင်စုတွင် မိုးလေ၀သဌာနက အထူးသတိပေးချက်များထုတ်ပြန်ခဲ့ပြီး အဆိုပါ စီရင်စုနှင့် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းဒေသများ တွင် မုန်တိုင်းအဖျားခတ်မှုကြောင့် လေပြင်းများ တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းကြောင့် အသက်ဆုံးရှုံးမှုများနှင့် အကြီးအကျယ် ပျက်စီးမှုများ ဖြစ်နိုင်ကြောင်း မိုးလေ၀သဌာနက သတိပေးထားသည်။ မိအဲစီရင်စုတွင် မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မြေပြိုမှုသို့မဟုတ် ရေကြီးမှု ဆိုးဆိုးရွားရွားဖြစ်နိုင်ကြောင်း သိရသည်။


ဂျပန်နိုင်ငံတွင် ယခုသီတင်းပတ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မုန်တိုင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူတစ်ဦးသေဆုံးပြီး ၂၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။


ဂျပန်အနောက်ပိုင်းတွင် လူ ၁ ဒသမ ၅ သန်းအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် သတိပေးချက် ထုတ်ပြန်ထားသည်။


သြဂုတ် ၁၀ ရက်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၄၃ ခုထက်မနည်းကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။


ဇူလိုင်လအတွင်းကလည်း ဂျပန်နိုင်ငံတောင်ပိုင်းတွင် တိုင်ဖွန်း နီအိုဂူရီ တိုက်ခတ်မှုကြောင့် လူအများ အပြား သေဆုံးခဲ့ပြီး ပျက်စီးမှု အချို့ဖြစ်ပေါ်ခဲ့သည်။

Ref:AFP , Mizzima -KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment