Pages

Pages - Menu

Tuesday, August 12, 2014

အစ်ကိုဖြစ်သူနဲ့ ခုနှစ်နှစ်ကြာ လက်ထပ်ပြီးမှ ကိုယ့်အမျိုးသားဟာ အစ်ကိုဖြစ်နေမှန်း သိခဲ့ရတဲ့ ဘရာဇီးလ်အမျိုးသမီး

RangonNewsDaily:: August . 12 .2014
ဘရာဇီးလ် အမျိုးသမီးတစ်ယောက် သူမရဲ့ နှစ်ကြာရှည်ပျောက်ဆုံးနေတဲ့ မိခင်ကို လိုက်ရှာရာမှာ သူမဘ၀ရဲ့ အံ့သြစရာတစ်ခုကို သိရှိလိုက်ရပါတယ်။ ပျောက်ဆုံးသွားတဲ့ ဆွေမျိုးတွေကို လိုက်လံရှာဖွေတွေ့ရှိနိုင်ဖို့ အားခဲပြီး ရေဒီယို အစီအစဉ်တစ်ခုရဲ့ အကူအညီနဲ့ သူမမိဘတွေရဲ့ နေရပ်ကို ဖော်ပြခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူနဲ့ အိမ်ထောင်သက် ခုနစ်နှစ် ရှိပြီဖြစ်တဲ့ သူ့မယောက်ျားဟာ ရှိလို့ရှိမှန်းတောင်မသိဖူးတဲ့ သူမရဲ့ အစ်ကိုယ်အရင်းတစ်ယောက်ပြီးကြောင်း သိရှိသွားခဲ့ပါတယ်။

Adriana နဲ့ သူမယောက်ျား Leandro တို့က ငယ်ငယ်ကတည်းက သူတို့ရဲ့ မိခင်ကနေ စွန့်ပစ်ခဲ့တယ်ဆိုတာ သိ
ရှိခဲ့ကြတယ်။ အသက် (၃၉) နှစ်ရှိတဲ့ Adriana က သူမ (၁)နှစ်သားအရွယ်ကတည်းက မိခင်ကို မတွေ့ရှိတော့
တာဖြစ်ပြီး Leandro က သူအသက် (၈) နှစ်အရွယ်မှာ သူ့အမေလို့ သူထင်ခဲ့တဲ့ အမျိုးသမီးဟာ သူ့ရဲ့ မိထွေး
သာဖြစ်ခဲ့ပါတယ်။

နှစ်ယောက်စလုံးက လွန်ခဲ့တဲ့ ၇ နှစ်တုန်းက ပေါင်းဖက်ခဲ့ကြတာဖြစ်တယ်။ Adriana က သူ့မရဲ့ မွေးရပ်မြို့က ကွဲသွားခဲ့တဲ့ သူ့ အိမ်ထောင်ဘက်ဆီ ပြန်လိုက်လာပြီး ကလေးတစ်ယောက်ရခဲ့တဲ့ နောက်ပိုင်းမှာ နှစ်

ယောက်စလုံး သူတို့ရဲ့ မွေးမိခင်တွေကို မတွေ့မချင်း ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ကျန်ခဲ့တဲ့လမှာ Adriana က Radio Globo အသံရဲ့ “The Time Is Now” ကို စိတ်ဝင်စားဖွယ် ပြသသွားခဲ့
တာဖြစ်ပါတယ်။ Adriana ရဲ့ မိခင်က သူမမှာ စွန့်ပစ်ထားသည့် Leandro ဆိုတဲ့ သားတစ်ယောက်လည်း ရှိသေးတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Adriana က သူနဲ့ Leandro တို့နှစ်ဦးသားအတူ ဆက်ပြီးလက်တွဲသွားဖို့ စီစဉ်ထားပါတယ်လို့လည်း Radio Globo ကို ဖွင့်ဖွင့်လင်းလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “သေခြင်းတရားသာ တို့နှစ်ယောက်ကို ခွဲခွာ

သွားစေမှာပါ၊” “ဖြစ်ပျက်တဲ့ အရာအားလုံးဟာ ဘုရားအလိုတော်ကြောင့်ပါ” လို့ သူမက ပြောဆိုသွားပါတယ်။

TIME , Trend Myanmar , KOLATT(PBDN)
RangonNewsDaily

 

No comments:

Post a Comment