Pages

Pages - Menu

Monday, August 18, 2014

မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲ


RangonNewsDaily:: August . 17 .2014
ရန်ကုန်မြို့တော် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ သြဂုတ်လ ၁၇ ရက်နေ့က မြန်မာပြည်ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲ ကျင်းပခဲ့ပြီး မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်း(ရွေဖူး) နဲ့ ပထမတန်း လက်ဝှေ့ကျော် တူးတူး(နဂါးမာန်) တို့ ထိုးသတ်ခဲ့ကြပါတယ်။
လက်ရှိ ချန်ပီယံ စောငမန်းကို တူးတူးက တွဲလက်သီး၊ ထောက်လက်သီးတွဲလုံးတွေနဲ့ အတူ တားခြေ၊ နင်းခြေ တွေနဲ့ တရပ်စပ် တိုက်စစ်ဖွင့်ခဲ့ပါတယ်။ မြန်မာပြည် ချန်ပီယံလုပွဲဖြစ်တဲ့အတွက် ပထမအချီမှာ နှစ်ဦးလုံး အကဲစမ်းနေတဲ့အတွက် ပရိသတ်တွေ အားမလိုအားမရ ဖြစ်နေခဲ့ပါတယ်။

ဒုတိယနဲ့ တတိယအချီ တွေမှာတော့ စောငမန်းက သူရဲ့အားသာချက်ဖြစ်တဲ့ အပူးအချုပ်တွေနဲ့ ထိုးသတ်တဲ့အခါ တူးတူးကလည်း အပူးအခံအချုပ်မခံပဲ အသည်းအသန် ရှောင်တိမ်းခဲ့ရပါတယ်။ တူးတူးက အောက် ခြေဖြတ်ကန်ချက်တွေ၊ တွဲလက်သီးတွေနဲ့ တန်ပြန် တိုက်စစ်ဖွင့်ခဲ့ပြီး ပရိသတ် အကြိုက် ယှဉ်ပြိုင်ထိုးသတ် ခဲ့ကြပါတယ်။

အသက်အရွယ်ရလာပြီဖြစ်လို့ ထိန်းကစားဖို့ ကြိုးစားတဲ့ စောငမန်းကို တူးတူးက စတုတ္ထအချီနဲ့ ပဉ္စမအချီတွေမှာ တွဲလက်သီး၊ ထောက်လက်သီးတွဲလုံးတွေနဲ့ အတူတားခြေ၊ နင်းခြေတွေနဲ့ တရပ်စပ် တိုက်စစ်ဖွင့်ခဲ့တဲ့အတွက် စောငမန်း အထိနာခဲ့ပါတယ်။ ဒါပေမယ့် ဝါနဲ့ သမ္ဘာကို မယှဉ်နိုင်ခဲ့တဲ့ တူးတူးအနေနဲ့ အလဲထိုးသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည် ချန်ပီယံဖြစ်ခွင့်နဲ့ လွဲခဲ့ရပါတယ်။

ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ နောက်ပွဲတစ်ပွဲကတော့ မြန်မာပြည် ချန်ပီယံဟောင်းတွေ ဖြစ်တဲ့ ရွှေဝါထွန်းနဲ့ လုံးချောတို့ရဲ့ သုံးချီ အထူးစိန်ခေါ်ထိုးသတ်ပွဲ ဖြစ်ပါတယ်။ အဲပွဲစဉ်မှာတော့ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

The Voice , KOLATT(PBDN)
RangonNewsDaily








No comments:

Post a Comment