Pages

Pages - Menu

Sunday, August 17, 2014

မော်လမြိုင်-ဘားအံ အမြန်လမ်းမှာ ကားသုံးစီးဆင့်တိုက်

RangonNewsDaily:: August . 17 .2014
ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာအနီးက မော်လမြိုင်-ဘားအံ အမြန်လမ်းမပေါ်မှာ ယာဉ်သုံးစီးထပ်ဆင့် တိုက်မိပြီး ခရီးသည် သုံးဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ မနက် ၁၁ နာရီခန့်က မြတ်ရတနာမင်း ခရီးသည်တင် မှန်လုံကားက ဟိုင်းဟက်ကားနဲ့ ဟိုက်ဂျက်ကားနှစ်စီးကို ထပ်ဆင့် တိုက်မိတာဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဟာ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ဆေးရုံတင် လူနာတွေထဲက ဒဏ်ရာပြင်းထန်တဲ့ ဦးသိုက်မွန်ဟာ အဲဒီနေ့ ညနေပိုင်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မြတ်ရတနာမင်း မှန်လုံကားဟာ ကျိုက္ကမီ-မော်လမြိုင်-ဘားအံ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး ဘားအံကို အသွားမှာ ဟိုင်းလက်ကားကို အနောက်ကနေ ဝင်တိုက်မိတာဖြစ်တယ်လို့ မြတ်ရတနာမင်း မှန်လုံကားပေါ်က ခရီးသည်တချို့က ပြောပြပါတယ်။ 


ဒါ့အပြင် မှန်လုံယာဉ်ဟာ လမ်းရဲ့ ဘယ်ဘက်ဆီ အရှိန်လွန်ပြီး မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဟိုက်ဂျက်ကားကို ထပ်တိုက်မိတာလို့လည်း သိရပါတယ်။

ယာဉ်မဆင်မခြင် မောင်းမှုကြောင့် ဒဏ်ရာရသူတွေနဲ့ လူသေမှုတွေ ဖြစ်ခဲ့တာကြောင့် မြတ်ရတနာမင်း ယာဉ်လိုင်း ယာဉ်မောင်း ဦးဇော်ထွန်းဦးကို ကျိုက်မရောမြို့မ ရဲစခန်းမှာ ယာဉ် (ပ) ၂၃/၂၀၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၃၇/၃၃၈ /၄၀၃ (က) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment