Pages

Pages - Menu

Monday, April 28, 2014

ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးပြားများသယ်လာသူ ဒဂုံဧရာအဝေးပြေးတွင်ဖမ်းမိ

RangonNewsDaily: April . 28 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ပစ္စတိုသေနတ်တစ်လက်နှင့်အတူ စိတ်ကြွမူးယစ်ဆေးပြားများ သယ်လာသည့် ခရီးသည်တစ်ဦးကို လှိုင်သာယာ 
ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်းတွင် ကြိုတင်သတင်းအရ ဧပြီ ၂၇ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိလိုက်သည်။
အင်းစိန်ရဲစခန်း မူးယစ်(ပ)၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှုကွင်းဆက်သတင်းအရ မူးယစ်ဆေးဖမ်းဆီးအရေးအဖွဲ့က အဝေးပြေးရဲကင်းအဖွဲ့နှင့်အတူ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မှ ရန်ကုန်သို့ ဝင်ရောင်လာသည့် ယာဉ်၏ ခုံအမှတ် (၁)တွင် လိုက်ပါလာသည့် မြဝတီမြို့တွင်နေထိုင်သော သီဟဇော်(ခ) ဇမင်းဟန်ကို ခရီးသည်နားနေဆောင်အတွင်း ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဝတ်ဆင်ထားသည့် အတွင်းခံ ဘောင်းဘီအတိုအတွင်းမှ တန်ဖိုး တစ်သိန်းကိုးသောင်းဖိုးရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၃၇)ပြားနှင့် အစိမ်းရောင် စိတ်ကြွဆေးပြား (၁)ပြားတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ၎င်း၏ လက်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးအပြင် ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ အနက်ရောင် လေပစ္စတို (၁)လတ်နှင့် စတီးဘောစေ့(၄)လုံး ထည့်ထားသည့် ကျည်အိမ်(၁)ခုတို့ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတွေ့ရှိမှုများကြောင့် သီဟဇော်(ခ)ဇမင်းဟန်ကို အရေးယူပေးရန် မူးယစ်တပ်ဖွဲ့မှ ရဲအုပ် ခါးလီက တရားလိုပြုလုပ် တိုင်တန်းပြီး လှိုင်သာယာ သောင်ကြီးနယ်မြေ ရဲစခန်းက မူးယစ် (ပ)၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ထို့ပြင် အနက်ရောင် လေပစ္စတိုသေနက်ကိုလည်း မူခင်းရဲတပ်ဖွဲ့ လက်နက်ကျွမ်းကျင်သူထံပေးပို့ ထင်မြင်ချက်တောင်းခံပြီး ဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားရှိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Mizima ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment