Pages

Pages - Menu

Monday, April 28, 2014

တောင်ကြီးအတက်လမ်း ကားမီးလောင်မှုတွင် နောင်တရားမြို့နယ် လူဦးရေ သန်းကောင်စာရင်း စာရွက်များပါ လောင်ကျွမ်း


RangonNewsDaily: April . 28 .2014
တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အတက်လမ်းပိုင်းတွင် ဧပြီလ ၂၈ရက် နံနက်၁၀နာရီ မိနစ်၂၀ခန့်ကကားမီးလောင်မှု ထပ်မံဖြစ်ပွားရာ ကားပေါ်တွင် တင်လာသည့် ရှမ်းပြည်နယ် နောင်တရားမြို့နယ်အတွင်း ကောက်
ခံထားသည့် လူဦးရေ သန်းကောင်စာရင်း စာရွက်များ လောင်ကျွမ်းခဲ့သည်ဟု ယာဉ်မောင်းသူ ကိုကြည်သိန်းက မဇ္ဈိမကို ပြောသည်။ 

"သန်းခေါင်စာရင်းစာရွက်တွေက ကားနောက်ဖုံးထဲ နောင်တရားမြို့နယ် လ၀က ဦးစီးမှူးက လမ်းကြုံထည့်ပေးလိုက်တာ သူက အနောက်ကနေ ဆိုင်ကယ် နဲ့လိုက်လာတာပါ"ဟု ဦးကြည်သိန်းက ပြောသည်။

ပျက်စီးဆုံးရှုံးသွားသည့် သန်းခေါင်စာရင်းစာရွက် စာတမ်းများနှင့် ပတ်သတ်ပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော တောင်ကြီးမြို့နယ် လ၀ကမှ ဦးစီးမှူး ဦးပြုံးချိုကို မဇ္ဈိမက မေးမြန်းရာ " ပြည်နယ်မှူးလာရင် ဖြေပေးလိမ့်မယ် ကျွန်တော့်အနေနဲ့ဖြေဆိုခွင့်မရှိပါဘူး၊ သိလည်း မသိသေးပါဘူး"ဟုသာ ဖြေကြားခဲ့သည်။ 
::
ကားမီးလောင်သည့် နေရာသို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်အဖွဲ့များနှင့် အခြားပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းငြှိမ်းသတ်ရာ ၁၀နာရီ၄၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀နာရီ ၅၀တွင် မီးငြိမ်းခဲ့သည်ဟု တောင်ကြီးခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သူက မဇ္ဈိမကို ပြောသည်။ 

မီးလောင်သည့် ပရိုဘောက်စ် ကားပေါ်တွင် နောင်တရားမြို့နယ်မှ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ယင်းမြို့မှ ရဲသုံးဦးနှင့် အရပ်သားသုံးဦးတို့ လိုက်ပါလာခဲ့ပြီး လူအထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ပေ။ 
::
"မောင်းနေရင်းတန်းလန်း မီးခိုးတွေထွက်လာလို့ ဘောနပ်ဖုံးကို ဖွင့်ကြည့်တော့ မီးစတင်လောင်တာနဲ့ အကုန် ဆင်းပြေးလာတာ" ဟု 
ယာဉ်မောင်း ကိုကြည်သိန်းက ပြောသည်။

ဧပြီ ၂၄ရက်ကလည်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီး တောင်ကြီး အတက်လမ်း'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment