Pages

Pages - Menu

Monday, April 28, 2014

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RangonNewsDaily: April . 28 .2014
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။ 
အဆိုပါ တိမ်းမှောက်ခဲ့သည့် ပခုက္ကူမြို့ သုခကာရီ လူမှုကူညီရေးအသင်း စာတမ်းပါ လူနာတင်ယာဉ်သည် ယာဉ်တိမ်းမှောက်သည့်နေ့က မန္တလေးဆေးရုံသို့ အရေးပေါ်လူနာ တစ်ဦးကို သွားပို့ပေးပြီး အပြန်တွင် ကားရှေ့ဘီးပေါက်ပြီး လမ်းဘေးချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထိုလူနာတင်ယာဉ် HiAce Super Custom အမျိုးအစားဖြစ်ပြီး ကားနံပါတ်မပါဟုလည်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။ 
::
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးသန်းရှိန်သည် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်၌ လိုက်ပါလာသူ ဦးဥာဏ်လွင်ဆိုသူမှာ ယာဘက်နံရိုးများ ထိခိုက်သွားသဖြင့် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

အဆိုပါ လူနာတင်ယာဉ် တိမ်းမှောက်ခဲ့ခြင်းကို မြင်းမူမြို့မ ရဲစခန်းက ယာဉ်(ပ) ၂၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄(က)အရ အမှုဖွင့်ထားသည်။ 
::
လွန်ခဲ့သော ရှစ်လခန့်ကလည်း အဆိုပါ မြင်းမူမြို့နယ် မုံရွာ - မန္တလေး ကားလမ်းကြီးပေါ် တွင် မန္တလေးဘက်မှ မောင်းနင်လာသည့် လူနာတင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် လူတစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

Mizima ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment