Pages

Pages - Menu

Wednesday, April 2, 2014

အသက်ရလာခြင်းကြောင့် အနှောင့်အယှက်မျှ မဖြစ်သည့် ကယ်လီဘရွတ်ခ်


RangonNewsDaily: April . 2 .2014
အသက်အရွယ် ရလာခြင်းက သူမ၏ အနုပညာ ဘဝအတွက် မည်သည့် အနှောင့်အယှက်မျှ မဖြစ်စေကြောင်း ကယ်လီဘရွတ်ခ်က ပြောကြားခဲ့သည်။ အသက်(၃၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော ဗြိတိသျှ စူပါမော်ဒယ်လ်က လက်ရှိအခြေအနေတွင် သူမ၏ လုပ်ငန်းအားလုံး အဆင်ပြေ ချောမွေ့နေဆဲဟု ဆိုသည်။
“အသက်အရွယ် ရလာတဲ့အခါ ဒီအခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့တော့ အပြောင်းအလဲလေးတွေကို လက်ခံရမှာပေါ့။ ဒါပေမဲ့ အသက်ရလာတာကို တွန်းလှန်နိုင်တဲ့ အရာတွေတော့ ရှိပါတယ်။ ကျွန်မဆိုရင် အစားအသောက်ကို ကောင်းကောင်းမွန်မွန် အချိန်မှန်မှန် စားတယ်။ မျက်နှာကို ပုံမှန် ထိန်းသိမ်းကုသမှုတွေ ခံယူတယ်လေ”ဟု ကယ်လီက ဆိုသည်။

“ကျွန်မအနေနဲ့ အရေပြားကို ဗီတာမင်နဲ့ ကိုလာဂျင်တွေ ထည့်သွင်း အားဖြည့်တာမျိုးတွေ တော်တော်များများ လုပ်ခဲ့တယ်။ အသက်ကြီးလာပြီဆိုရင် အသက်(၂၀)ကျော်တုန်းကလို အသားအရေမျိုးတော့ ဘယ်ရှိတော့မလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်၊ ကျွန်မအလုပ်အတွက်တော့ ဒီကိစ္စက ဘာအနှောင့်အယှက်မှ မဖြစ်ခဲ့ဘူး။

ကျွန်မအပေါ် ဆိုးကျိုးသက်ရောက်မှု လုံးဝကို မရှိခဲ့ပါဘူး”ဟုလည်း ကယ်လီက ပြောကြားခဲ့သည်။ လုံးကြီးပေါက်လှ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် နာမည်ကျော်သည့် ကယ်လီက သူမအနေဖြင့် ယခုထက် ပိုမို၍ ပိန်ပါးပြေပြစ်လာအောင် ကြိုးစားနေသည်ဆိုသော သတင်းများကိုလည်း ပယ်ချခဲ့သေးသည်။

“မဟုတ်ပါဘူး။ ဒါတွေက ထင်ရာလျှောက်ပြောတဲ့ လူတွေစကားကို မီဒီယာတွေက လိုက်ရေးနေတာပါ။ ကျွန်မရဲ့ အနုပညာ အလုပ်တွေအတွက် အကောင်းဆုံး ထောက်ပံ့ပေးမယ့် အသင်းအဖွဲ့တစ်ခု ရှိပါတယ်။ 


ကျွန်မရဲ့ အသက်နဲ့ လိုက်ဖက်ကိုက်ညီမယ့် အပြောင်းအလဲတွေကို အကြံပေးကြတယ်။ ဒါပေမဲ့ ပိန်သွားတာဟာ ကျွန်မအတွက် ပိုကောင်းမယ်လို့တော့ ဘယ်တုန်းကမှ လက်ခံယုံကြည်တာမျိုး မရှိခဲ့ပါဘူး”ဟုလည်း ကယ်လီက ရှင်းလင်းသွားသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment