Pages

Pages - Menu

Wednesday, April 2, 2014

မိခင်သေဆုံးမှုကြောင့် သမီးဖြစ်သူက ပထွေးကို လူသတ်မှုဖြင့် အမှုဖွင့်

RangonNewsDaily: April . 2 .2014
ရန်ကုန်(မဇ္ဈိမ)။ ။ မိခင်ဖြစ်သူသေဆုံးမှုကြောင့် ပထွေးဖြစ်သူကို လူသတ်မှုဖြင့် အမှုဖွင့် တိုင်ကြားလိုက်ရာ လှိုင်သာယာ မြို့နယ်ရဲစခန်းက ဧပြီ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။လှိုင်သာယာမြို့နယ် (၁၆)ရပ်ကွက်၊ ဇေယျာသီရိလမ်း၊ အမှတ် (၁၅၃ / က)နေ သေဆုံးသူ၏ သမီးတော်စပ်သူ မသန္တာဝင်း (၃၀)နှစ်က အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
ဧပြီ ၁ ရက် နံနက် ၁၀ နာရီက (၁၅)ရပ်ကွက်၊ ယုဇနလမ်းနေ ပထွေးဖြစ်သူ စိုးဝင်းနိုင် (၄၀)နှစ် ရောက်ရှိလာပြီး မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဦး (၅၅)နှစ်မှာ နှလုံးလေဟပ သေဆုံးသွားကြောင်း နှင့် မီးသင်္ဂြိလ်တော့မည်ဖြစ်ကြောင်း လာရောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။

သေဆုံးသည့် မိခင်ဖြစ်သူကို လိုက်ကြည့်ရာတွင် ယာမျက်လုံးဖူးရောင်၊ ယာနားထင်ဖူးရောင်၊ ဝဲချိုစောင်း ဖူးရောင်၊ ပါးစပ်သွေးထွက် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု တရားလိုက မြို့နယ်ရဲစခန်းတွင်ထွက်ဆို ထားသည်။

ဖြစ်စဉ်အား စုံးစမ်းရာတွင်လည်း မတ်လ ၃၁ နေ့ တစ်ညလုံးတွင် မိခင်နှင့် ပထွေးဖြစ်သူ စိုးဝင်းနိုင်တို့ စကားများကြပြီး မိခင်ကို ထိုးကြိတ်နေကြောင်း သိရှိခဲ့ရသည်ဟု ဆိုထားသည်။

အဆိုပါ ဖြစ်စဉ်အတွက် မိခင်အား သေဆုံးအောင် ထိုးကြိတ်ခဲ့သူ စိုးဝင်းနိုင်ကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို မြို့နယ်ရဲတပ်ဖွဲ့စခန်းက (ပ)၄၂၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment