Pages

Pages - Menu

Wednesday, April 2, 2014

ကမ္ဘာကိုခြိမ်းခြောက်နေသော မြူမီးခိုးနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်များနှင့်ပတ်သတ်ပြီး မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း

RangonNewsDaily: April . 2 .2014
ကမ္ဘာကိုခြိမ်းခြောက်နေပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် ပြဿနာအကြီးမားဆုံးဖြစ်လာသည့် မြူမီးခိုးနှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်များကို ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ယခုနှစ်မုတ်သုန်ရာသီအခြေအနေများကိုသိရှိနိုင်ရန် မိုး လေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်အား တွေ့ဆုံမေးမြန်း၍ဖော်ပြပေးလိုက်ပါသည်။
မေး - မြူမီးခိုးတွေက ဘယ်နိုင်ငံကစတင်ခဲ့ပြီးဘယ်လို ပျံ့နှံ့ခဲ့ပါသလဲ။

ဖြေ - မြူမီးခိုးက အဓိကကတော့ အရှေ့တောင်အာရှမှာ အကြီးမားဆုံးပြဿနာအကြီးဆုံးက အင်ဒိုနီးရှားပါ။အင်ဒိုနီးရှား၊ ဆူမတြားပေါ့။ အဲဒီမှာတောတွေကို မီးရှို့ လို့ မီးခိုးတွေထွက်လာတယ်။ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံ ကျော်လွန်ပြီး အထူးသဖြင့် မလေးရှား၊ စင်ကာပူ၊ ဘရူ နိုင်းထိ အဲလိုဟာတွေရောက်လာတယ်။ အမြဲတမ်းလိုလို နယ်စပ်ကျော်ဖြတ်မီးခိုးတွေက နှစ်တိုင်းလိုလို ပြဿနာ ရှိနေတယ်။

မေး - ဒီနေ့အချိန်မှာရော မြူမီးခိုးပြဿနာကဘယ်နိုင်ငံ တွေမှာရှိနေပါသလဲ။ မြန်မာနိုင်ငံကရော မြူမီးခိုးနဲ့ ပက်သက်လို့ ဘယ်လိုအခြေအနေတွေရှိပါသလဲ။


ဖြေ - အခုအင်ဒိုနီးရှား သာမကအရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့မြန်မာနိုင်ငံတွေပါ မြူမီးခိုးပြဿနာ ရှိလာတယ်။ မြန်မာပြည်မှာံသအျစသအ လို့ခေါ်တဲ့ မြူမီး ခိုးတွေထွက်နေတဲ့ တစ်နည်းမီးလောင်တဲ့နေရာလွန်ခဲ့ တဲ့နှစ်ရက်ကျော်က မြန်မာနိုင်ငံမှာအများဆုံးဖြစ်ေ
န တယ်။ မြူမီးခိုးထွက်တဲ့နေရာပေါင်း ၂၂ဝဝ ကျော်ဖြစ်နေ တယ်။ 


အဲဒီမတိုင်ခင် ၂ ရက် ၃ ရက်အလွန်က ဆူမ တြားမှာ မီးခိုးထွက်တာတအားများတော့ မြူမီးခိုးတွေ ပြန့်နေတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ မိုးရွာချလိုက် တယ်။ မလေးရှားကလေထုက ဏျပ ၃၄ဝ ကျော်ထိရှိ နေပြီး အန္တရာယ်ရှိတဲ့အဆင့်ဆိုပေမယ့် မိုးရွာလိုက်တယ်။ ခက်တာက မိုးပြတ်နေတာမြန်မာပြည်ဖြစ်နေပြီး မြူမီးခိုး ထွက်တာနေရာ ၂၂ဝဝ ကျော်ရှိနေတယ်။

ဒီနေ့မနက်မှာ တော့ နေရာ ၉ဝဝ လောက်ပဲရှိတော့တယ်။

မေး - မြူမီးခိုးတွေကို မြန်မာနိုင်ငံဘယ်ဒေသတွေမှာ အများဆုံးတွေ့ရနေရပါသလဲ။

ဖြေ - မြူမီးခိုးတွေကို မြန်မာနိုင်ငံမှာအများဆုံးက ရှမ်းနဲ့ကယားပဲ။ ပဲခူးမှာလည်းတွေ့ရတယ်။ စိတ်ဝင် စားစရာကောင်းတာက မီးလောင်များမယ်လို့ ထင်ထား တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းကတော့ မီးလောင် တာနည်းနေတာတွေ့ရတယ်။ မီးလောင်ဧရိယာနည်း နေတာက အဲဒီဘက်ကမငြိမ်မသက်ဖြစ်လို့ လယ်ယာ မလုပ်ကြလို့လား ဒါမှမဟုတ် မီးလောင်စရာမရှိလို့လား မသိရဘူးပေါ့။ အကြောင်းတော့မသိရဘူး။

မေး - မြူမီးခိုးတွေ ဘာကြောင့်ထွက်လာရပြီးဘယ်သူ တွေကြောင့်ဖြစ်လာရပါသလဲ။

ဖြေ - မြူမီးခိုးတွေဘာကြောင့်ထွက်လာလဲဆိုတော့ အင်ဒိုနီးရှားမှာ ဒီအချိန်ကလယ်ယာပြုပြင်တာ၊ လယ် ယာလုပ်ငန်းအလို့ငှာ မီးရှို့တာ၊ နောက်တစ်ခါလယ်မြေ အသစ်ဖော်ဖို့နဲ့ သစ်တောရှင်းလင်းဖို့မီးရှို့တာ၊ သစ် တောခုတ်တဲ့အခါ လက်ကျန်ကိုရှင်းတဲ့အနေနဲ့ မီးရှို့ တာ။
နောက်တစ်ခုကတော့စိုက်ကွင်း အသစ်တွေဖော် တဲ့အခါ စီးပွားရေးသမားတွေကရှိတဲ့ တောကိုခုတ်ရ တော့ကြာတယ်။ ကြာတော့မီးရှို့တယ်။ မီးရှို့တော့ မြေ မြန်မြန်ပေါ်လာတာပေါ့။ အင်ဒိုနီးရှားမှာ ဖြစ်တာတွေက အဲဒါတွေကြောင့်လို့ပြောတယ်။ မြန်မာပြည်မှာကျတော့ ဘာဖြစ်လို့ဖြစ်လဲဆိုတာကို တာဝန်ရှိသူတွေက နည်း နည်းတော့ စူးစမ်းလေ့လာသင့်တယ်။

မေး - မြူမီးခိုးတွေကြောင့် ရရှိမယ့်ဆိုးကျိုးတွေကို သိပါရစေ။

ဖြေ - မြန်မာပြည်ကနေရာပေါင်း ၂၂ဝဝ ကျော်ရှိနေ တယ်။ ၂ဝဝဝ ကျော်ဆိုတော့တအားများတာပေါ့။ မီး ခိုးတွေကြောင့် မကောင်းကျိုးတွေဖြစ်စေတယ်။ ပထမ ဦးဆုံးဆိုးကျိုးကဓာတ်ငွေ့တွေထုတ်တယ်။ ကမ္ဘာကြီးပူ နွေးမှုကိုပိုဆိုးစေတယ်။ တောမီးလောင်ရင် သစ်တော ပြုန်းတီးတာတွေဖြစ်လာမယ်။ မီးလောင်တာ ပိုဆိုးရင် လူနေရပ်ကွက်တွေပါကူးစက်ပြီး တစ်ခါတလေ အသက် ပါဆုံးရှုံးနိုင်ပါတယ်။


မီးလောင်တယ်ဆိုကတည်းက မီး ခိုးထွက်တော့လေထုညစ်ညမ်းပြီး ကျန်းမာရေးနဲ့ပတ် သက်လို့ အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်တဲ့ေ
ရာဂါ တွေဖြစ်လာနိုင်တယ်။ အဲလိုရောဂါမျိုးတွေ တိုးလာနိုင် ပြီး ရာသီဥတုပြဿနာနဲ့ ကျန်းမာရေးကို ဆိုးကျိုးပေး နိုင်တဲ့အတွက်အဲဒီလို မီးခိုးထွက်တာမျိုးကိုသတိထား ရမယ်။


 မြူမီးခိုးတွေက သယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေကိုလည်းထိခိုက်နိုင်တယ်။ လေယာဉ်ခရီးစဉ်မှာ မီးခိုးတွေပိတ်နေတော့ ခရီးစဉ်ပျက်တာတို့၊ တောင်နဲ့ တိုက်တာမျိုးဖြစ်တာတွေရှိတယ်။

မေး - မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တွေမြင့်တက်နေတယ်လို့ ကြားရပါတယ်။ ဘယ်လောက် ထိမြင့်တက်နေပြီးဘာကြောင့် မြင့်တက်လာသလဲသိပါ ရစေ။


ဖြေ - မြန်မာနိုင်ငံမှာ မြန်မာပြည်မြောက်ပိုင်းကချင် ပြည်နယ်အထက်ပိုင်းကလွဲရင် ကျန်ဒေသတစ်ပြည်လုံး အတိုင်းအတာအားလုံး ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းလွန်ကဲအဆင့်ဖြစ်နေပါတယ်။ ခရမ်းလွန်ရောင် ခြည်အဆင့်တစ်မှ ၁၁ ကျော်ထိသတ်မှတ်ထားပြီး ရှစ် ကျော်ရင်မြင့်မားတဲ့အဆင့်၊ ၁ဝ မှ ၁၁ ကျော်ရင် အလွန် မြင့်မားနဲ့ ၁၁ ကျော်ရင်တော့လွန်ကဲအဆင့်ဖြစ်နေပါ တယ်။


မြန်မာနိုင်ငံတောင်ဘက်ကော့သောင်
းဒေသမှာ ခရမ်းလွန်ရောင်ခြည် ၁၃ကျော် ၁၄ ရှိပြီး လွန်ကဲနေပါ တယ်။ ရန်ကုန်မှာ ၁၂ ၊ မန္တလေးမှာ ၁၁ ကျော်ရှိတယ်။ 


ခရမ်းလွန်ရောင်ခြည်မှာ အေ၊ ဘီ၊ စီရှိတယ်။ ဘီနဲ့စီက တော့လူကိုအန္တရာယ်ပေးတယ်။ အဲဒီရောင်ခြည်တွေကို အရင်ကအိုဇုန်းလွှာက ကာကွယ်ပေးထားတယ်။ ၁၉၈ဝ ပြည့်နှစ်မှာအိုဇုန်းလွှာ ကကမ္ဘာ့တောင်ခြမ်း တောင်အာ ဖရိကမှာပေါက်သွားပြီး အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင် ခြည်တွေကမ္ဘာကိုပြန့်နှံ့လာပြီး မြန်မာနိုင်ငံမှာလည်း အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက လွန်ကဲအဆင့်ဖြစ်လာခြင်းဖြစ်ပါတယ်။

မေး - ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်လာမယ့် ဆိုး ကျိုးနဲ့ ဘယ်လိုကာကွယ်ရမလဲသိပါရစေ။

ဖြေ - နေရောင်ထဲမှာ ကြာရှည်နေရင်ထွက်နေရင် အရေပြားရောဂါတွေဖြစ်မယ်။ ပထမဦးဆုံးအရေပြား တွေကိုနေလောင်မယ်။ အရေပြားမှာ မှဲ့ခြောက်တွေ ပေါက်လာမယ်။ နောက်တစ်ဆင့်အရွယ်ကျသလို အ ရေပြားတွေ ရွဲလာ တွဲလာတွန့်လာမယ်။ နောက်ဆုံး အဆင့်ကတော့ အရေပြားကင်ဆာဖြစ်မယ်။ မျက်စိ၊ အမြင်အာရုံချို့ယွင်းစေနိုင်တယ်။ 


လူခန္ဓာကိုယ်ထဲကီဗြ မျိုးဗီဇပျက်စီးရော။ သားသမီးမရနိုင်တဲ့အခြေ အနေထိရှိတယ်။ ကာကွယ်ဖို့ဆိုရင် နေရောင်ခြည်မထိ ဖို့လိုအပ်တယ်။

မြန်မာနိုင်ငံမှာ ၁၁နာရီကနေ မွန်းတည့် ၁ နာရီမှာ ခရမ်းလွန်ရောင်ခြည်တွေ အများဆုံးကျရောက် နေတယ်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကတော့
မနက် ၁ဝနာရီကနေ နေ့လည် ၃နာရီထိရှိနေတာပဲ။ စိတ်ချ ချင်ရင်အဲဒီကာလတွေမှာ နေရောင်မထွက်ဖို့လိုအပ် တယ်။ မနက် ၁၁ နာရီကနေ မွန်းတည့် ၁ နာရီကတော့ အန္တရာယ်အကြီးဆုံးပေါ့။ 


မဖြစ်မနေ အလုပ်လုပ်ရမယ်၊ ထွက်ရမယ်ဆိုရင်လည်း အဝတ်အစားကို လုံခြုံအောင် လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ အနားပြန့်ကြီးတဲ့ ဦးထုပ်၊ ခမောက်၊ ထီးတွေဆောင်းရမယ်။ ရောင်ခြည် ကာ မျက်မှန်တွေတပ်ရ မယ်။ ခေတ်မီတဲ့နိုင်ငံတွေမှာဆို လိုးရှင်းလိမ်းပြီး ကာကွယ်နိုင်ပါတယ်။

မေး - ခရမ်းလွန်ရောင်ခြည်ကျရောက်မှုက ဘယ်တော့ လောက်ပြီးဆုံးမလဲသိပါရစေ။ သင်္ကြန်ကာလမှာရော ခရမ်းလွန်ရောင်ခြည်တွေရှိဦးမှာလား။ ဆောင်ရန် ရှောင် ရန်လေးတွေသိပါရစေ။

ဖြေ - ခရမ်းလွန်ရောင်ခြည်မြင့်နေတာကတော့ နေ မမြင်ရတော့ရင် မိုးကျရင်ဒါကပြီးသွားမှာပါ။ ဒါကြောင့် မေလနောက်ဆုံးအပတ်ထိကြာဦးမှာ ဖြစ်ပါတယ်။ ခရမ်း လွန်ဒဏ်သင့်တာက နေထိုင်တဲ့နေရာပေါ်မူတည်တယ်။ 


ပင်လယ်ရေမျက်နှာပြင်အထက်မြင့်တဲ့ နေရာတွေမှာ မနေသင့်ပါဘူး။ ရေခဲပြင်၊ ရေပြင်စတဲ့ အလင်းပြန်နိုင်တဲ့ ပင်လယ်ကိုသွားတဲ့အခါမှာ ပိုအန္တရာယ်ကြီးပါတယ်။ ပင်လယ်ကိုသွားချင်သွားပါ။ ဒါပေမဲ့ ခရမ်းလွန်ရောင် ခြည်လွန်ကဲနေတဲ့ မနက် ၁၁နာရီကစတင်ပြီး ရေပြင် နဲ့အနီးနားမှာ မနေဖို့နဲ့ရေထဲမဆင်းဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှာသတိထားရမှာက သင်္ကြန် ပေါ့။ သင်္ကြန်မှာ လူတိုင်းအပြင်ထွက်ကြတယ်။ လူတိုင်း ဝတ်တာကလည်း အနက်ရောင်တွေကိုဝတ်တယ်။ အဲဒီ အနက်ရောင်က အလင်းစုပ်အားများတယ်။ အဝတ်အ စားတွေဝတ်တာကျပ်တည်းတဲ့အဝတ်တွေ ဝတ်တော့ အပူဒဏ်တွေမြင့်စေပါတယ်။


 ရေကလည်းပတ်ဝန်းကျင် မှာရှိနေတော့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိပါတယ်။ ရန်ကုန်မှာ ကားနဲ့လည်တဲ့သူများတယ်။ 

ဒီအချိန်မှာ ခရမ်းလွန်ရောင်ခြည် ပြင်းချိန်ဖြစ်နေတယ်ဆိုတာလည်း မသိကြဘူး။ အရင်ကလိုကားတွေကလည်း အမြန်သွား လို့မရဘူး။ နေပူအောက်မှာ ရှိရင်ပိုပြီးအန္တရာယ်များ ပါတယ်။

မေး - ခရမ်းလွန်ရောင်ခြည်က သဘာဝပတ်ဝန်းကျင်၊ သစ်တော၊ သစ်ပင်များနဲ့ ဆက်စပ်မှုရှိပါသလား။

ဖြေ - ခရမ်းလွန်ရောင် ခြည်တွေကခုမှဟိုးလေးတစ် ကျော်ကျော်ဖြစ်လာတာ ဘာကြောင့်လဲဆိုတော့ အရင် က ပတ်ဝန်းကျင်ပျက်စီးမှုနည်းပါးတယ်။ အခုပတ်ဝန်း ကျင်က ပျက်စီးသွားတယ်။ ဥပမာအားဖြင့် အရှေ့တောင် အာရှနိုင်ငံတွေက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက် လို့ပျက်စီးတာ တအားတွေ့ရတယ်။


ကမ္ဘာပေါ်မှာ သစ် တောပြုန်းတီးဆုံးနိုင်ငံတွေထဲမှာ အရှေ့တောင်အာရှ နိုင်ငံသုံးနိုင်ငံပါလာတယ်။ ထိပ်ဆုံးက ဘရာဇီးနိုင်ငံ ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံက အဆင့်လေးနေရာ မှာပါလာတယ်။
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်တာ အ များဆုံးနိုင်ငံက အရင်ကအမေရိကန်နိုင်ငံ အခုအမေရိ ကန်ကိုကျော်ပြီး တရုတ်ကထုတ်တာ အများဆုံးဖြစ်လာ တယ်။ 


အဲဒီတစ်ခုကြောင့်အရှေ့တောင် အာရှမှာရှိနေတဲ့ အိုဇုန်းလွှာက မပေါက်ရင်တောင်ပါးလွှာတဲ့ အဆင့်ဖြစ် လာပါတယ်။

မေး - သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက် လို့ ဘယ်သူတွေက ဘယ်လိုဆောင်ရွက်ဖို့လိုအပ်ပါသလဲ

ဖြေ - အထူးသဖြင့် မြူမီးခိုးပြဿနာကဒေသအတွင်း မှာဖြစ်တဲ့အတွက်ကြောင့် အာဆီယံကပဲလုပ်ဆောင် သင့်ပါတယ်။ မိုးလေဝသနဲ့ ပတ်သက်လို့ဆရာရှိစဉ်က အာဆီယံနိုင်ငံတွေ ပူးပေါင်းလုပ်ဖို့ဆောင်ရွက်ခဲ့ပြီး အခု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာဆီယံနိုင်ငံ တွေက လုပ်မယ်ဆိုတော့ တစ်ဆင့်တက်လာတဲ့သဘော။


 ကောင်းတဲ့အလုပ်ပါ။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူ ညီတဲ့အတွက် ပူးပေါင်းအစည်းအဝေးတွေလုပ်ပြီး နည်း ပညာဖလှယ်တာ၊ သတင်းဖလှယ်တာတွေ လုပ်သင့်ပါ တယ်။

အာဆီယံနဲ့သက်ဆိုင်တဲ့ဌာနတွေကို ဘယ်မှာ ထားမလဲ။ ရန်ပုံငွေတွေဘယ်လိုရှာမလဲ။ ဝန်ထမ်းတွေကို ဘယ်လိုခန့်ထားမလဲညှိနှိုင်းရမယ်။
သစ်တောပြုန်းတီး ဆုံးနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်မှာ ကျောက်မီး သွေးနဲ့လျှပ်စစ်ထုတ်နေတာတွေရှိနေတယ်။ 


အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေကာတာဆောက် တာတွေ မဲခေါင်၊ သံလွင်မှာ ရေကာတာဆောက်တာတွေ ကိုစုပေါင်းအဖြေရှာသင့်ပါတယ်။

Yangon Media , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment