Pages

Pages - Menu

Friday, April 4, 2014

ဘန်ကောက်တွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား


RangonNewsDaily: April . 4 .2014
ဒုတိယကမ္ဘာစစ်က ကြွင်းကျန်နေသည့် ဗုံးတစ်လုံးဟု ယူဆရသော ဖောက်ခွဲရေး ပစ္စည်းကို မတော်တဆ မှားယွင်း အသက်ဝင်စေခဲ့
သည့်အတွက် လူပေါင်း(၇)ဦး သေဆုံးပြီး(၁၉)ဦးဒဏ်ရာရခဲ့ကြောင်း ရဲများက ဆိုသည်။ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်တွင် အမှိုက်
သရိုက် ရှင်းလင်းသည့် လုပ်သားများက ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းတစ်လုံးကို မတော်တဆ စနက်တံ ဖြုတ်မိပြီး ပေါက်
ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်က ကြွင်းကျန်နေသည့် ဗုံးတစ်လုံးဟု ယူဆရသော ဖောက်ခွဲရေး ပစ္စည်းကို မတော်တဆ မှားယွင်း အသက်ဝင်စေခဲ့
သည့်အတွက် လူပေါင်း(၇)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရခဲ့ကြောင်း ရဲများက ဆိုသည်။ အလုပ်သမားများသည် အဆိုပါ သတ္တုကို
ယ်ထည် ပစ္စည်းကို ဖြတ်တောက်ရန်အတွက် အပူချိန် မြင့်မားသော မီးတောက်ဖြင့် ထိတွေ့စေခဲ့ကြောင်း သိရသည်။

ထိုပစ္စည်းကို ဘန်ကောက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာတစ်ခုတွင် စတင်တွေ့ရှိခဲ့သည်။ ယင်းကို အလုပ်သမားများက အပိုင်းငယ်များ ဖြတ်တောက်ရန် ရည်ရွယ် လုပ်ဆောင်ခဲ့ရာမှ ပေါက်ကွဲခြင်းလည်း ဖြစ်သည်။ ပေါက်ကွဲအား ပြင်းထန်သဖြင့် အမှိုက်သရိုက်များ ထားရှိဖြတ်တောက်ရာ ဂိုဒေါင်အမိုးများပါ ပွင့်ထွက်သွားသည်။


ထိုင်းအစိုးရ သတင်းဌာနက လူ(၆)ဦးသည် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း ဘန်ကောက် မက်
ထရိုပိုလီတန် အီရာဝမ် ဆေးပညာဌာန၏ အဆိုကို ကိုးကား ဖော်ပြခဲ့သည်။ ထို့နောက်တွင်မူ ဒဏ်ရာပြင်းထန်သူ တစ်ဦးမှာ မေ
ယိုဆေးရုံအရောက်၌ အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ရှိ လက်ဒ်ပရာအို ရပ်ကွက်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် (၁၀)ပေမျှ အနက်ရှိသည့် ကျင်းချိုင့်ကြီးပင် ဖြစ်ပေါ်လာခဲ့သည်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ ဗီရာဆက်ခ် ဖွိုင်သွန်က “အလုပ်သမားတွေက ဒီဗုံးကြီးဟာ အန္တရာယ် မရှိနိုင်တော့ဘူးလို့ ယူဆခဲ့ပုံပဲ။ ဒါကို သူတို့က သတ္တုစတွေအဖြစ် ပိုင်းဖြတ်ရာက ထပေါက်ကွဲတာပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ပေါက်ကွဲစေသည့် ပစ္စည်းအား ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးအဖြစ် ယူဆထားသော်လည်း တိတိကျကျ အတည်ပြုနိုင်ရန် စုံစမ်းမှုများ ပြုလုပ်နေဆဲဟုလည်း သိရှိရသည်။

Planet Myanmar Network , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment