Pages

Pages - Menu

Friday, April 4, 2014

ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးပရိတ်သတ် ရာကျော် ပဲရစ်မြို့ လယ်ခေါင်မှာ ရန်ပွဲတွေဖြစ်ပွား


RangonNewsDaily: April . 4 .2014
မနေ့ ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပရိတ်သတ်အချင်းချင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင့် ပြင်သစ်ရဲတွေက ပြောကြားခဲ့ပါတယ်။
ရာနဲ့ ချီတဲ့ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီပရိတ်သတ်တွေဟာ ပဲရစ်မြို့ လယ်ခေါင်မှာ အချိန်ကြာကြာ နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်ပွားခဲ့ပါတယ်။ အယောက် ၁၀၀ နီးပါးရှိတဲ့ ပီအက်စ်ဂျီအသင်းပရိတ်သတ်လူရမ်းကားတွေဟာ ချယ်လ်ဆီးပရိတ်သတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ အခုလို ရန်ပွဲတွေဖြစ်ပေါ်ခဲ့တာလို့  ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုပါတယ်။

ချယ်လ်ဆီးပရိတ်သတ်တွေဘက်ကလည်း နာဇီအလေးပြု ပုံစံတွေလုပ်ပြီး လူမျိုးရေးခွဲခြားတဲ့ စကားတွေ ဟစ်အော်ခဲ့ကြကာ ကဖေးဆိုင်နဲ့ ဈေးဆိုင်တော်တော်များများကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ချယ်ဆီးပရိတ်သတ်တွေဟာ နေ့ လည်လောက်ကတည်းက အရက်ဆိုင်တွေမှာ မထတမ်းသောက်နေခဲ့တာဖြစ်ပြီး The Thistle အရက်ဆိုင်ဘက် လမ်းအကူးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ချယ်ဆီးပရိတ်သတ် အချို့ ဟာ အစ္စလာမ်ဆန့် ကျင်ရေး အင်္ဂလိပ်သီချင်းတွေကို အသားမည်းပြင်သစ်လူမျိုးတွေရှေ့ မှာ ထပ်တလဲလဲ အော်ဆိုခဲ့ကြပါတယ်။

အဆိုးရွားဆုံးဖြစ်ပျက်ခဲ့တဲ့နေရာကတော့ ကမ္ဘာလှည့်ခရီးသွားတွေဆွဲဆောင်ရာဖြစ်တဲ့ နာမည်ကျော် Rue St Denis အရက်တန်း လမ်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြင်သစ်မြေမှာ သွားကစားခဲ့ရတဲ့ ပွဲအတွက် လက်မှတ် ၂၀၀၀ သာရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက အိမ်ရှင် ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Trend Myanmar , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment