Pages

Pages - Menu

Friday, April 4, 2014

မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ အမေရိကန်ခရီး


RangonNewsDaily: April . 3 .2014
အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့တွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲကို မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်ကြောင်း ဗီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။ 
အမေရိကန် အစိုး ရ ၏ ဖိတ်ကြားချက်အရ တက်ရောက်ခြင်း ဖြစ်ပြီး မြန်မာကာကွယ်ရေး ၀န်ကြီး တဦးအနေဖြင့် နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံး အကြိမ် အမေရိကန်သို့ သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

၁၉၆၆ ခုနှစ်က မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန်သို့ ရောက်ရှိခဲ့ပြီး ယခု ဒု ဗိုလ်ချုပ်ကြီး ဝေလွင် သွားရောက်ခြင်း ဖြစ်သည်။

ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment