Pages

Pages - Menu

Sunday, March 23, 2014

အချိန် မည်မျှ ကြာကြာ MH370 လေယာဉ် တွေ့သည် အထိ ရှာဖွေမည်ဟု သြစတြေးလျ ပြော


RangonNewsDaily: March . 23 .2014
အိန္ဒိယ သမုဒ်္ဒရာ တောင်ပိုင်းခြမ်းတွင် သြစတြေးလျက ဦး ဆောင်ကာ မလေးရှား လေကြောင်း လိုင်းမှ ပျောက်ဆုံး နေသော MH370 လေယာဉ်ကို ရှာဖွေ လျက်ရှိရာ ယခုအထိ မထူးခြား သေးဘဲ ဖြစ်နေရာ အချိန် မည်မျှ ကြာပါစေ ရှာဖွေရေးများ မလျှော့တမ်း လုပ်ဆောင်သွားမည်ဟု သြစတြေးလျ ဒုတိယ ၀န်ကြီးချုပ်က စနေ နေ့တွင် အာမခံ ပြောကြားလိုက်သည်။
ယခု အပတ် အတွင်း အိန္ဒိယ သမုဒ္ဒရာ ပြင်၏ ခေါင်သီသော အပိုင်းတွင် လေယာဉ် အပျက်အစီး ဟု သံသယ ရှိရသော ရေမျော ပစ္စည်း နှစ်ခုကို ဂြိုဟ်တု ဓာတ်ပုံတွင် တွေ့ရရာ ထိုနေရာသို့ သွားရောက် ရှာဖွေ သော်လည်း ထိုရေမျော ပစ္စည်းကိုပါ တွေ့ရခြင်းမရှိဘဲ လေယာဉ်ပျောက် ပဟေဠိ သည် ပိုကြီးမား သထက် ကြီးမား လာခဲ့ရသည်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ပေကျင်း သို့ ပျံသန်းရန် ကွာလာလမ်ပူ လေဆိပ်မှ ထွက်ခွာပြီး တစ်နာရီခန့် အကြာတွင် လေယာဉ် ကို အဆက်အသွယ် ပြတ်သွားကာ ယခုထိ တိုင် တွေ့ရှိခြင်း မရှိသေး။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦး၊ အမှုထမ်း ၁၂ ဦး ပါဝင် သည်။ ခရီးသည် များထဲတွင် တရုတ် နိုင်ငံသား ၁၅၃ ဦးထိ ပါဝင်သည်။

မတ်လ ၁၆ ရက်နေ့က ရိုက်ကူးထား သော ဂြိုဟ်တု ဓာတ်ပုံတွင် တွေ့ရသော သံသယ ဖြစ်စရာ ရေမျော အပျက် အစီး နှစ်ခုသည် သြစတြေးလျ အနောက်တောင်ဘက် ကီလို မီတာ ၂၅၀၀ တွင်ဖြစ်ပြီး သြစတြေးလျတိုက် နှင့် အန္တာတိက တိုက်ကြား လမ်းတစ်ဝက် နေရာဖြစ်ရာ လွန်စွာ ဝေးလံ ခေါင်သီသည်။ သြ စတြေးလျမှ ရှာဖွေရေး လေယာဉ်များ ထို နေရာကို သွားရန် အသွား လေးနာရီ၊ အပြန် လေးနာရီ ကြာသည်။ ရှာဖွေရေး လုပ်ရန် အချိန် နှစ်နာရီသာ ရကြောင်း သိရသည်။

အိန်္ဒိယ သမုဒ္ဒရာ တောင်ပိုင်းခြမ်း ရှာဖွေရေးကို သြစတြေးလျ ရေကြောင်း လုံခြုံ ရေးအဖွဲ့ (AMSA) က ဦးစီး လုပ်ဆောင်နေ ခြင်း ဖြစ်သည်။ ရေမျော အပျက်အစီး နှစ်ခု တွေ့ရှိရာနေရာသို့ တရုတ်၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေတို့မှ စစ်သင်္ဘော များလည်း သွားရောက် လျက်ရှိသည်။ လေယာဉ် များနှင့် သွားရောက် ရှာဖွေသော်လည်း ရေမျော အပျက်အစီး ကို ရှာတွေ့ခြင်း မရှိသေးကြောင်း သိရသည်။

““မတွေ့အချင်း ရက်အကန့် အသတ်မရှိ ကျွန်တော်တို့ ရှာဖွေသွားမှာ ဖြစ်ပါတယ်။ လုံးဝ မတွေ့ဘူးဆိုတော့မှ နောက်တစ်ဆင့် ဘာဆက်လုပ် ရမယ်ဆိုတာ ကျွန်တော်တို့ ဆက်စဉ်းစား ပါမယ်”” ဟု သြစတြေးလျ ဒုတိယ ၀န်ကြီးချုပ် ၀ါရင်းထရပ်စ်က ပြော သည်။

လေယာဉ် ရှာဖွေရေးဧရိယာကို နှစ်ပိုင်း ခွဲထားသည်။ မလေးရှား မြောက်ပိုင်းခြမ်း အာရှတိုက် အလယ်ပိုင်း ကာဇက်စတန်နယ် စပ်ထိ တစ်ပိုင်းနှင့် မလေးရှား တောင်ပိုင်းခြမ်း အိန်္ဒိယ သမုဒ္ဒရာ တောင်ပိုင်း တစ်ခွင်တို့ ဖြစ်သည်။

Messenger News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment