Pages

Pages - Menu

Sunday, March 23, 2014

မာဖီးယားများ မကောင်းမှု လုပ်ငန်း စွန့်လွှတ်ရန် ပုပ်ရဟန်းမင်းပြော


RangonNewsDaily: March . 23 .2014
လက်ရှိ ခရစ်ယာန် သာသနာ အကြီး အကဲဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မာဖီးယား များသည် မကောင်းမှု လုပ်ခြင်းများ ကို ရပ်တန့်ရန်နှင့် နောင်တရခြင်း မရှိပါက ငရဲသို့ ကျရောက်မည် ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။
““သွေးနဲ့ လွှမ်းမိုးထားတဲ့ ငွေကြေး၊ သွေးစွန်းတဲ့ အာဏာတွေနဲ့ သင်တို့ဟာ အဲဒါ တွေကို နောက်ဘ၀ကို ယူသွားလို့ မရပါဘူး။ နောင်တပဲ ပါသွားမှာပါ”” ဟု ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မာဖီးယားများ သတ်ဖြတ် မှုကြောင့် သေဆုံးခဲ့ ရသူများ အတွက် ကျန်ရစ် သူမိသားစု များက ပြုလုပ်သော ဆုတောင်း ပွဲတွင် ဟောကြားသည်။ ပုပ်ဖရန်စစ်သည် ၎င်း ဗျူုနိုအေးရိစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဖြစ်စဉ် ဘ၀၂၀၀၅ ကပင် အကျင့်ပျက် ခြစားမှု အကြောင်း စာအုပ်ငယ် တစ်အုပ် ရေးသား ထုတ်ဝေ ခဲ့ဖူးသည်။

ပုပ်ဖရန်စစ်သည် ဗာတီကန်မြို့တော် အနီး ဘုရားကျောင်း တစ်ခုတွင် ပြုလုပ်သော ထိုဆုတောင်းပွဲတွင် မာဖီးယားများ အား ပွင့်လင်းစွာ ဝေဖန်ခဲ့ပြီး မာဖီးယားတို့လက် ချက်ကြောင့် သေဆုံး ရသူများ၏ ကျန်ရစ်သူ ဆွေမျိုးသားချင်း တစ်ထောင်ကျော်မှာ ထို ဆုတောင်းပွဲသို့ တက်ရောက် ခဲ့သည်။

၎င်းက မာဖီးယားများအား ““သင်တို့ ယခုရှင်သန် နေထိုင်နေတဲ့ ဘ၀က ပျော်ရွှင်မှု ကို မပေးနိုင် ပါဘူး။ သင်တို့ ဒီလမ်းအတိုင်း ဆက်လျှောက်မယ် ဆိုရင် ငရဲက စောင့်ဆိုင်း နေပြီး ရပ်တန့်မယ့် အချိန် မရှိပါဘူး”” ဟု မိန့် ကြားသည်။ လက်ရှိတွင် အီတလီ၌ တည်ရှိ နေသော ဗာတီကန် သာသနာသည် မာဖီးယား များအား ထိပ်တိုက်ရင်ဆိုင်ကာ လုံလောက် သည့် အပြစ်တင် မှုများ မလုပ်သည့်အတွက် ပြစ်တင် ဝေဖန်မှုများ ခံနေရသည်။ သို့သော် ပုပ်ဖရန်စစ်၏ နှုတ်ထွက် စကားများမှာ ၎င်း တို့ဘက်မှ မားမား ရပ်ကာ ထောက်ခံပေး လိုက်ခြင်းဖြစ်ကြောင်း မာဖီးယား ဆန့်ကျင် ရေး သမားများက မှတ်ယူ နေကြသည်။

Messenger News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment