Pages

Pages - Menu

Sunday, March 23, 2014

တာတိုပစ် ဒုံးကျည် အစင်း ၃၀ ပင်လယ်ပြင်သို့ မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်

RangonNewsDaily: March . 23 .2014
မြောက်ကိုရီးယားသည် စနေနေ့တွင် တာတိုပစ် ဒုံးကျည် အစင်း ၃၀ စမ်းသပ် ပစ် ခတ်ခဲ့မှုကြောင့် အမေရိကန်နှင့် တောင်ကိုရီး ယားတို့က ပြစ်တင် ဝေဖန် ခဲ့ကြကြောင်း သိရ သည်။ မြောက်ကိုရီးယား အရှေ့ဘက် ကမ်း ရိုးတန်းမှ ဂျပန် ပင်လယ်ပြင် ထဲသို့ ပစ်လွှတ် စမ်းသပ် ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ဖော်ပြသည်။ ဒုံး ကျည်များသည် ကီလိုမီတာ ၆၀ ခန့်ထိ ရောက်သည်ဟု ခန့်မှန်းရ ကြောင်းဖြင့် ယွန် ဟပ် သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့် အပတ်က လည်း ဒုံးကျည် ၂၅ စင်း စမ်းသပ် ပစ်လွှတ် ခဲ့မှုကြောင့် ရန်စ ခြိမ်းခြောက်သည့် အပြုအမူမျိုး မလုပ်ဆောင် ရန် တောင်ကိုရီးယားက မြောက်ကိုရီးယား ကို သတိပေး ပြောကြားခဲ့ သော်လည်း မြောက် ကိုရီးယားက နောက်ထပ် တစ်ကြိမ် စမ်းသပ် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်နေခြင်းကို ကန့်ကွက် ကြောင်း နှင့် မြောက်ကိုရီးယား၏ အင်အားကို ပြသရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ တာတိုပစ်ဒုံး ကျည်များ စမ်းသပ် ပစ်ခတ်ခြင်း ဖြစ်သည်ဟု သုံးသပ် ထားကြသည်။

Messenger News, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment