Pages

Pages - Menu

Friday, January 3, 2014

ဖုန်းဈေးကွက် အလဲအထပ် ရောင်းဝယ်မှု စနစ်ဖြင့်သာသွက်နေ

RangonNewsDaily:: January . 3 .2014
မိုဘိုင်းဖုန်းပြင်ပဈေးကွက် ဝယ်ရောင်းစနစ် ထက် အလဲအလှယ် လုပ်သည့်စနစ် ပိုသွက်နေ သည်ဟု ဖုန်းအကျိုးဆောင်များမှ သိရသည်။ အဆိုပါ အခြေအနေဖြစ်ပေါ်မှုသည် ကျပ်တစ်ထောင့်ငါးရာတန် CDMA 800 MHz ဖုန်းများ ချထားပေးခြင်းမရှိသည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းမှ စ၍ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ပြီး ကျပ်ငါးသိန်း 800 MHz ဖုန်းနှင့် ထောင့်ငါးရာ တန် ဂျီဖုန်းများသာအလဲအလှယ်လုပ်မှု အများ ဆုံးဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။

”တိုက်ရိုက်အရောင်းအဝယ်ဖြစ်တာ အရင် လို မများတော့ဘူး။ ရောင်းတဲ့လူပဲ များတယ်။ ဝယ်တဲ့သူ သိပ်မရှိဘူး။ ဒီတော့ ဖုန်းချင်းအလဲ အထပ်လုပ်၊ အလိုက်ယူ၊ အ လိုက်ပေးစနစ်တွေပဲ များလာပါတယ်”ဟု အလုံမြို့နယ် ဆက်သွယ် ရေးဝင်းအတွင်းမှဖုန်းအကျိုးဆောင်တစ်ဦးက ပြောသည်။

အလဲအထပ်ပြုရာတွင်လည်း လှဲလှယ် သည့် ဖုန်းများမှာ အင်တာနက်စနစ် ပါရှိပါက ဈေးနှုန်းပိုရပြီး အင်တာနက်စနစ်မရှိပါက ပေါက် ဈေး အတိုင်းသာရကြောင်း ကျပ် တစ်ထောင့် ငါးရာတန် CDMA 800 MEC ဖုန်းများဈေး နှုန်းမြင့်တက်လာကြောင်း ရွှေဂုံတိုင်ဆက်သွယ် ရေးရုံးအတွင်းမှ ဖုန်းပွဲစားတစ်ဦးက ပြောသည်။

”ထောင့်ငါးရာတန်က ငါးသိန်း၊ နှစ်သိန်း ဖုန်းကိုလဲတာ မရှိဘူး။ ငါးသိန်း၊ နှစ်သိန်းဖုန်း တွေကပဲ အလိုက်ယူလဲလှယ်ဖို့ အပ်တာပဲ ရှိ ပါတယ်”ဟု ပန်း ဆိုးတန်းဆက် သွယ်ရေးရုံးအနီးမှ ဖုန်းပွဲစားတစ်ဦး က ပြောသည်။

လက်ရှိ ဖုန်းဈေးကွက်အတွင်းရှိ ပေါက်ဈေး များမှာ ကျပ်ငါးသိန်း CDMA 800 MHz ၊ ကျပ်ငါးသိန်း ၊ GSMနှင့် ကျပ်နှစ်သိန်း GSM ဖုန်းများ၏ ဝယ်ဈေးမှာ အင်တာနက် စနစ်ပါဝင် ပါက ကျပ်နှစ်သိန်းတစ်သောင်းရှိပြီး အင်တာ နက် မပါဝင်ပါကတစ်သိန်းကိုးသောင်း ရှိ ကြောင်း သိရသည်။

ယင်းအပြင် ကျပ်တစ်ထောင့်ငါး ရာတန် ဖုန်းဈေးကွက်တွင်CDMA 800 MEC ဖုန်းမှာ အင်တာနက် ပါဝင်ပါက တစ်သိန်းအထိ ဝယ် ယူပြီး အင်တာနက် မပါဝင်ပါက ကျပ်ရှစ်သောင်း ပေါက်ဈေးရှိကြောင်း GSM နှင့် WCDMA ဖုန်းမှာ ဝယ်ဈေးရှစ်သောင်းခွဲ၊ရောင်းဈေး တစ်သိန်းတစ်သောင်း ခွဲဖြစ်ကြောင်း ဈေးကွက်မှ သိရသည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment