Pages

Pages - Menu

Friday, January 3, 2014

ရန်ကုန်တွင် တစ်ရက်အတွင်း သေမှုသေခင်း ခုနစ်မှုဖြစ်

RangonNewsDaily:: January . 3 .2014
ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၃၁ ရက်အတွင်း သေမှုသေခင်းပေါင်း ခုနစ်ခုထိ အမှုဖွင့်စစ်ဆေးနေရပြီး မိမိကိုယ်ကို ဆွဲကြိုးချ၍ သတ်သေခဲ့မှု သုံးမှုထိပါဝင်နေသည်ကို တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ တွင် တွေ့ရှိရသည်။ ပထမဆုံး ဆွဲကြိုးချသေဆုံးမှုဖြစ်စဉ်တစ်ခုမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၁)ရပ်ကွက်၊ ပန်းခြံ (၂)လမ်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ မှာ

အိမ်အမှတ် (၆၀/ က)တွင် နေထိုင်ဖြစ်ပြီး နေအိမ်ရှေ့ ကုက္ကိုပင်တွင် အမြင့်ခုနစ်ပေခန့်ရှိ သစ်ပင်ခွ ဆံတွင် အရှည် ၁၀ ပေ၊ လုံးပတ်ငါးမူးလုံးခန့်ရှိ နှစ်ပင်လိမ်ပိုးကြိုးအား အသုံးပြုလျက် ဒူးထောက်ထိုင် အနေအထားဖြင့် ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် အရက်အလွန်အကျွံသောက်သုံးကာ စိတ်မူမမှန်သူအဖြစ် ရဲတပ်ဖွဲ့က ကနဦးအနေဖြင့် သိရှိထားရပြီး သေဆုံးမှုကိုလည်း ဓမ္မတာတိုင်း ဟုတ်မဟုတ် အမှုဖွင့်စစ်ဆေးနေသည်။

ဒုတိယမြောက် ဖြစ်စဉ်တစ်ခုမှာ ဗဟန်းမြို့နယ် ရွှေတောင်ကြား၊ (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်း၊ အမှတ် (၂၁)နေအိမ်တွင် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူမှာ ရွှေပြည်သာ မြို့နယ်၊ ဏ/၁၄ ရပ်ကွက်၊ အောင်သုခလမ်းတွင် နေထိုင်သည့် ဦးထွန်းဝင်း (ခ) ဖိုးထောင် (၅၃)နှစ် ဖြစ်ပြီး ရွှေတောင်ကြားရှိ ဦးလေးတော်စပ်သူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)၏ နေအိမ်တွင် လာရောက်နေ ထိုင်စဉ် ဆွဲကြိုးချသေဆုံးခဲ့ ခြင်းလည်း ဖြစ်သည်။

၎င်းသည်လည်း အရက်အလွန်အကျွံသောက်ပြီး တစ်ခါတစ်ရံတွင် စိတ်မူမမှန်သဖြင့် စိတ်ရောဂါအထူး ကုနှင့် ကုသနေရသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကနဦး စစ်ဆေးချက်များအရ သိရှိထားသည်။

၎င်းသည် နေအိမ်ဘေးရှိ ၀န်ထမ်းများနေထိုင်သည့် အပေါ်ထပ်တွင် အမြင့်ငါးပေ၊ ခုနစ်လက်မခန့်ရှိ ထုပ်တန်းတွင် သုံးလွန်းတင် အ၀တ်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးခဲ့ခြင်း ဖြစ်သည်။

တတိယဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်၊ မြိင်ဟေ၀န်လမ်း၊ လှိုင်ဟေ၀န် အိမ်ရာတိုက်သစ် (၅) လွှာ၊ အခန်း(ဗ ၅) တွင် ည ၁၁ နာရီ ၀န်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ကိုဇော်မင်းခိုင် (၃၅ )နှစ်ဖြစ်ပြီး တိုက်ခန်းမျက်နှာကြက်တွင် တပ်ဆင်ထားသည့် ပန်ကာ တွင် နှစ်ပင်လိမ်ဝိုင်ယာကြိုးဖြင့် ချည်နှောင်ကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်အတွင်း ဖြစ်ပွားခဲ့သော အခြားသေမှုသေခင်းများတွင် လည်း အမျိုးသမီးတစ်ဦး ရထား ကြိတ်ခံရပြီး ဆေးရုံသို့ တင်ပို့စဉ် သေဆုံးမှုတစ်ခု မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ဖြစ်ပွားပြီး အင်းစိန်မြို့ နယ်၊ တညင်းကုန်းဈေးအနီးတွင်လည်း ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဦး အားအင်ချည့်နဲ့၍ သေဆုံးခဲ့ရမှုတို့ ပါဝင်ခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ပင် လုပ်ငန်းခွင်ဝင် အမျိုးသားတစ်ဦး အမောဖောက် သေဆုံးမှု တစ်ခုနှင့် တောင်ဥက္ကလာတွင်လည်း အရက်အလွန်အကျွံသောက်သုံးထားသည့် အသက် (၃၀)အရွယ် အမျိုးသားတစ်ဦး တံတားပေါ်တွင် မှောက်လျက်လဲကျပြီး ဦးခေါင်းမှာရေထဲသို့ကျကာ ရေမွန်းသေဆုံးခဲ့ရ မှုတို့ ပါဝင်ခဲ့သည်။

Mizzima - News   , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment