Pages

Pages - Menu

Friday, October 11, 2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုင်ဇာမြို့မှာ ဆွေးနွေးမည်

Photo: တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး လိုင်ဇာမြို့မှာ ဆွေးနွေးမည်
Friday, October 11, 2013

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃ဝရက်နေ့အထိ ကေအိုင်အိုအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ကေအိုင်အို ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာလည်း အဲဒီကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို တွေ့ဆုံဖို့သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က RFAကို အခုလိုပြောပါတယ်။

“လကုန်ပိုင်း ၂၉၊ ၃ဝ လောက်ဖြစ်မှာပါ၊ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံးပါဝင်လိမ့်မယ်၊ အခုဒီမှာပါတဲ့ လူတွေအားလုံးခေါ်လိုက်ပြီပေါ့၊ သူတို့ကလည်း သက်ဆိုင်ရာဌာနချုပ်မှာ ညှိနှိုင်းပြီးတော့မှ အစီရင်ခံစာရေးပြီး ခေါင်းဆောင်ကိုယ်တိုင် မတက်နိုင်ခဲ့ရင် ဒုတိယခေါင်းဆောင်တွေ ဘာတွေတက်မှာပေါ့၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ခေါင်းစဉ်ကိုပဲ ဆွေးနွေးကြမှာ၊ အဲဒါနဲ့ပတ်သက်ပြီးတော့မှ လက်မှတ်ရေးထိုးမယ့်ဟာ၊ သူတို့ကဖြစ်နိုင်ရင် နှစ်ခါလုပ်ချင်တဲ့သဘောတော့ရှိတယ်”

လိုင်ဇာမြို့မှာတွေ့ဆုံဖို့ စီစဉ်နိုင်တာဟာ မနေ့ကမြစ်ကြီးနားမြို့မှာ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သဘောတူညီခဲ့တဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၁ ခုနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက အရေးပေါ်အစည်းအဝေးတစ်ခုကို ပြီးခဲ့တဲ့ ၇ ရက်နေ့ကနေ ၁ဝ ရက်နေ့ထိ ထိုင်းနိုင်ငံမှာချင်းမိုင်မြို့မှာ ကျင်းပခဲ့ပြီး အပစ်အခတ်ရပ်စဲရေး၊ အစိုးရနဲ့  နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးရဲ့ ဘုံသဘောတူ ဆုံးဖြတ်ချက်တချို့ ချမှတ်ခဲ့ပါတယ်။

RFA

RangonNewsDaily:: October. 11 .2013
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အိုဌာန
ချုပ် လိုင်ဇာမြို့မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ၃ဝရက်နေ့အထိ ကေအိုင်အိုအဖွဲ့နဲ့ အပစ်အခတ်ရပ်
စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး

Photo: ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး
Friday, October 11, 2013

ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။

ဂျပန်နိုင်ငံတွင် ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၀ ဦးသေဆုံး
ဂျပန်နိုင်ငံရှိ ဆေးရုံတစ်ရုံတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။ မီးလောင်ကျွမ်းမှုကြောင့် အခြား လူ ၈ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကို အတိအကျ မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိက ပြောကြားသည်။

NHK သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုအရ မီးသတ်သမား များက ဆေးရုံတစ်ဝိုက်တွင် မီးသတ်သမားများ ရှိနေပြီး ဆေးရုံ ၏ရှေ့ဘက်ဝင်ပေါက်မှ မီးခိုးလုံးများ ထွက်ပေါ်လျက်ရှိသည်။ အထပ်လေးထပ်ရှိ ဆေးရုံအဆောက်အအုံ၏ အစိတ်အပိုင်းများမှာ မီးစွဲလောင်ကျွမ်းနေသည်ကို တွေ့ရသည်။ မီးလောင်ကျွမ်းမှု မှာ ဒေသစံတော်ချိန် ယနေ့ နံနက် ၂း၂၀ ဝန်းကျင်တွင် စတင်ဖြစ် ပွားခဲ့ပြီး နောက်ထပ် ၂ နာရီကျော်ကြာ ဆက်လက် လောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့အရာရှိက ပြောကြားသည်။

၁၉၇၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အရိုးအကြောအထူးကု ဆေးရုံသည် ဖူကူအိုကာ၏ ဆိတ်ငြိမ်အရပ်ဒေသတွင် တည်ရှိပြီး ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသည့် လူနားအများအပြားမှာ သက်ကြီးရွယ်အို များဖြစ်ကြ သည်။ မီးသတ်သမားတစ်ဦး၏ အဆိုအရ မီးသတ်ကားများ ရောက် ရှိသွားချိန် တွင် ဆေးရုံအဆောက်အအုံမှာ မီးညွန့်များထွက်ပေါ် ကာ လောင်ကျွမ်းမှုအားကောင်းနေပြီဟု သိရသည်။ ဆေးရုံအဆောက်အအုံမှ ထွက်လာသည့် မီးခိုးများမှာ ၎င်း၏အိမ်ရှေ့တံခါးအထိပင် ရောက်ရှိလာကြောင်း၊ အကူအညီ အော်ဟစ်တောင်းခံသည့် အသံများကိုလည်း ကြားခဲ့ရကြောင်း ဆေးရုံအနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

Planet Myanmar Network

RangonNewsDaily:: October. 11 .2013
ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာတွင် ဖြစ်ပွားသော ဆေးရုံ မီးလောင်မှုအတွင်း လူနာ ၈ ဦးနှင့် ဆေးရုံဝန်
ထမ်း ၂ ဦးသေဆုံးကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုသည်။

ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ

Photo: ဝနယ်မြေ သန်းခေါင်စာရင်း ကောက်ယူရေး ဝခေါင်းဆောင်များ သဘောတူ
Friday, October 11, 2013

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘောတူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို ပြောပါတယ်။

လာမယ့် ၂ဝ၁၄ နှစ်ဆန်းပိုင်းကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူတော့မှာဖြစ်ပြီး အဲဒီနယ်မြေအတွင်းမှာ လူမျိုးပေါင်း ၁၆မျိုးထိရှိတယ်လို့ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် စိုင်းဆမ်က အခုလိုပြောပါတယ်။

“အစိုးရနဲ့ သဘောတူထားတာ ဒီတခေါက်က လူဦးရေကောက်ဖို့ဘာညာနဲ့ မှတ်ပုံတင်လုပ်ဖို့ အဲဒါပဲ၊ ဝဒေသမှာ ၁၆ မျိုးရှိတယ်၊ လူမျိုးစုံတယ်၊ ၄ သိန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်၊ အများစုက ဝများတာပေါ့၊ ရှမ်းရှိတယ်၊ တရုတ်ရှိတယ်၊ ပလောင်ရှိတယ်၊ အမျိုးမျိုးပဲ လူမျိုးစုံရှိတယ်၊”

ပြီးခဲ့တဲ့ သတင်းပတ်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဝ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရခဲ့တာလို့ သိရပါတယ်။

အစိုးရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို လာမယ့် ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ၁၂ ရက်ကြာကောက်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA

RangonNewsDaily:: October. 11 .2013

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSA နယ်မြေမှာ နေထိုင်ကြတဲ့ ဒေသခံ ပြည်သူတွေအားလုံး
နိုင်ငံသားမှတ်ပုံတင်ရဖို့အတွက် အိမ်ထောင်စုသန်းခေါင်စာရင်း ကွင်းဆင်းကောက်ခံနိုင်ဖို့ အစိုးရနဲ့ သဘော
တူလိုက်တယ်လို့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဦးစိုင်းဆမ်က RFA ကို
 ပြောပါတယ်။

တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ

RangonNewsDaily:: October. 11 .2013

တောင်ငူမြို့ ၁၇ ရပ်ကွက် ချမ်းမြေ့ တည်းခိုခန်း အခန်းအမှတ် (၆) တွင် ယနေ့ည ၈နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် ဦနေမျိုးကျော် မှာ ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၂ အရွယ်ီအမျိုးသမီးတစ်ဦး အပါအဝင် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်းသတင်း
ရရှိသည်။

" ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"

Photo: " ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး
ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"
Friday, October 11, 2013

၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည် မြန်မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယုသည် အသက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ် ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ်သည်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။

အသက်ရှင်စဉ်က ယခင်ရုင်ရှင်လောက ၏ ဖလင်များ ရိုက်ကူးရေး စက်များ စသည် တို့ကို အမှတ်တရထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဝင်းအတွင်း ရှိ ရုပ်ရှင် ပြတိုက်ဖွင့် လှစ်သည့် နေရက်များတွင် အမြဲရှိ တတ်ပြီး နောင်လာ နောက်သား လူငယ်များ အတွက် ရုပ်ရှင်နှင့် ပတ်သက်သည့် အတွေ့ အကြုံ များကို မ မောနိုင် မပန်းနိုင် ပြောပြခဲ့သည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ က နေအိမ်တွင် ကွယ်လွန်ခဲ့ရာ ရုပ်ရှင် လောက အတွက် ကြီးစွာသော ဆုံးရှုံး နစ်နာမှု တစ်ခုဖြစ်ခဲ့သည်။ ယခု နှစ်မှာ ကျင်းပမည့် ၉၃နှစ် ပြည့် မြန်မာ ရုပ်ရှင်နေ့တွင် ရုပ်ရှင် တစ်သက် တာဆု ကို မြန်မာနိုင်ငံ ရုပ်ရှင် အ စည်း အရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင် အား ချီးမြှင့်မည် ဟု သိရ သည်။

ထွဋ်မြတ်
Popular Journal

RangonNewsDaily:: October. 11 .2013
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။

" ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ဟု မာလာလာက ပြောကြား"

Photo: " ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် 
လိုအပ်ဟု မာလာလာက ပြောကြား"
Friday, October 11, 2013

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက ”ပြဿနာတွေ၊ စစ်ပွဲတွေ ကို ဖြေရှင်းနိုင်ဖို့က အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းပါပဲ၊ ဒါဟာ ကျွန်မရဲ့ အလုပ် မဟုတ်ပါဘူး၊ အမေရိကန် အပါအဝင် သက်ဆိုင်ရာ အစိုးရက လုပ်ရမှာပါ၊ လူသတ် တာတွေ၊ ဖမ်းဆီးနှိပ်စက် တာတွေ၊ ကြိမ်ဒဏ်ပေး တာတွေဟာ ကျွန်မတို့ ဘာသာတရား နဲ့ လည်း ဆန့်ကျင်နေပါတယ်၊ နှစ်ဖက် တွေ့ဆုံပြီး ဘာလိုချင်တယ်၊ ဘာဖြစ်ချင် တယ် ဆိုတာကို ဆွေးနွေးတာက အ ကောင်းဆုံး နည်းလမ်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည် ဇူလိုင်လက ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြားခဲ့ဖူးသည့် မာလာလာက ”ကျွန်မ အနေနဲ့ အနာ ဂတ်မှာ နိုင်ငံရေး သမား ဖြစ်ချင်ပါတယ်၊ အမိနိုင်ငံရဲ့ အနာဂတ် နဲ့ ပညာရေး ကဏ္ဍကို ပြောင်းလဲချင်ပါတယ်၊ တစ်နေ့နေ့ မှာတော့ ပါကစ္စတန် နိုင်ငံသူ /နိုင်ငံ သားတွေ လွတ်လပ် ငြိမ်းချမ်းစွာ နေ ထိုင်ခွင့် ရပြီး ငြိမ်းချမ်းစွာ ပညာသင် ကြားနိုင်မယ့် အခွင့် အရေး ရရှိနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

မာလာလာသည် ၂ဝ၁၃ RAW in WAR Anna Politkovskaya (အန်နာပိုလစ်ကော့ဖ် စကဲယား) ဆုကို အောက်တိုဘာ ၄ ရက်နေ့တွင် လက်ခံရ ယူခဲ့သည်။ သူမ၏ ရဲစွမ်း သတ္တိ၊ မိန်း ကလေး ငယ်များနှင့် လူတိုင်း ပညာသင် ကြားခွင့် ရရှိရန် လှုံ့ဆော် အားပေးမှုများ ကို ဂုဏ်ပြုပြီး ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်ဟု RAW in WAR မှ တာဝန် ရှိ သူက ပြောကြားသည်။

၎င်းဆုသည် လူ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ခြင်းကြောင့် အသတ်ခံ ခဲ့ရသော ရုရှား ဂျာနယ်လစ် တစ်ဦးကို ဂုဏ်ပြုကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။ ဆုကို Sir Nicholas Winton (ဆာနီကိုလတ်စ်ဝင်တန်) က ပေးအပ် ချီးမြှင့်ခဲ့သည်။

Ref:BBC
Popular Myanmar News Journal

RangonNewsDaily:: October. 11 .2013
မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း အငှားယာဉ်ပွဲစားနှင့် လက်မှတ်ပွဲစား များအားစီမံချက်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို

Photo: အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း အငှားယာဉ်ပွဲစားနှင့် လက်မှတ်ပွဲစား များအားစီမံချက်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးဟုဆို
Friday, October 11, 2013

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။

အဝေးပြေးဝင်းအတွင်း၌ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်စေသည် အထိ ကားအငှားပွဲစားလုပ်ခြင်း၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများဖြင့် လက်မှတ်ရောင်းချခြင်းများအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်လျက်ရှိပြီး ယင်းအတွက် ၀င်းအတွင်းရှိ မြို့တော်စည်ပင် အခွန်ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးကာလများ သတ်မှတ်ကာ အရေးယူ ဆောင်ရွက်ခြင်းများကို လျှပ်တစ်ပြက် ပြုလုပ်ခြင်းများ ရှိသော်လည်း ပွဲစားများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

“စီမံချက်ကာလအတွင်းမှာ ဖမ်းမိတဲ့လူတွေဆိုရင်တော့ ဒဏ်ရိုက်ပြီး ပြန် လွှတ်လိုက်တာပဲ၊ သူတို့ရဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်၊ သူတို့လည်း ဒီအတွက်ကြောင့် အလုပ်လုပ်နေရတာလေ၊ ဒါပေမဲ့ ခရီးသည်က ကျေနပ်မှုမရှိလို့ တိုင်ကြားရင်တော့ ချက်ချင်းဆောင် ရွက်ပေးတယ်၊ အဓိကကတော့ ယာဉ်လိုင်းတွေက လုပ်ဆောင်ခွင့်ပေးနေလို့ လက်မှတ်ပွဲစားတွေ ရှိနေတာပါ”ဟု ‘မြို့တော်စည်ပင်၊ အခွန်ဌာန(အောင် မင်္ဂလာ)’ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်များနှင့် ကားငှားပွဲစားများ၊ လက်မှတ်အရောင်း လူခေါ်ပွဲစားများ အကြားရှိ ပြဿနာအများစုမှာ ကားတစ်စီးတည်းတွင် ခရီးစဉ် သုံးလေးကြောင်း အတွက် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ခရီးသည်များအား ပြောဆိုဆက်ဆံမှု မပြေပြစ်ခြင်း၊ ခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်အောင် လက်မှတ်အရောင်း လူခေါ်ပွဲစားများ က ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းပြဿနာအများစုမှာ အောင်မင်္ဂလာအငှား ယာဉ်အသင်း မ၀င်ထားသော အငှားယာဉ်များနှင့် ခရီးသည်စီးနင်းမှုနည်းသော အဝေးပြေး ယာဉ်လိုင်းများ တွင် အဖြစ်များကြောင်း သိရသည်။အောင်မင်္ဂလာ အဝေးပြေးဝင်းအ တွင်း လက်မှတ်ပွဲစားများထက် အငှားယာဉ်ပွဲစားများနှင့် ပြဿနာဖြစ်မှု ပိုမိုများပြားနေပြီး အငှားယာဉ်ပွဲစားများမှာ ကားတစ်စီးတည်းတွင် ခရီးသည်များ ပူးတွဲတင်ဆောင်ခြင်း၊ ပြောဆိုဆက်ဆံ မှု မပြေပြစ်ခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူခေါ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း မြို့တော်စည်ပင်၊ အခွန်ဌာန(အောင်မင်္ဂလာ) သို့ ရောက်ရှိလာသည့် တိုင်ကြားစာများအရ သိရသည်။

Automobile Journal

RangonNewsDaily:: October. 11 .2013
အောင်မင်္ဂလာ အဝေးပြေးကားဝင်းအတွင်းရှိ အငှားယာဉ်ပွဲစားများနှင့် လက်မှတ်အရောင်းပွဲစားများအား စီမံချက်ဖြင့် ဖမ်းဆီးသည့်ကာလမှလွဲ၍ အရေးယူရန် အစီအစဉ်များ မရှိသေးကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန(အောင်မင်္ဂလာ)’မှ သတင်းရရှိသည်။

Samsung Galaxy J တရားဝင် ကြေညာပြီ

Photo: Samsung Galaxy J တရားဝင် ကြေညာပြီ 
Friday, October 11, 2013

ဂျပန်နိုင်ငံမှာ Samsung ရဲ့  Galaxy J ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ် ပါတယ်။ သို့ပေမယ့် ဝမ်းနည်း စရာပဲလား၊ ဝမ်းသာစရာပဲလားတော့မသိဘူး။ ဂျပန်နိုင်ငံအတွက်ပဲ သီးသန့်ရည်ရွယ်ပြီး ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 

မျက်နှာပြင် အရွယ်က ၅ လက်မ ရှိပြီး Full HD Super AMOLED Display ကို အသုံးပြု ထားပါတယ်။ 2.3 GHz quad core processor ကို အသုံးပြု ထားပါတယ်။ RAM က 3GB ပါ။ 150Mbps Xi LTE Support ပါဝင်ပါတယ်။ နောက်ကင်မရာ 13 megapixel, ရှေ့ ကင်မရာ 2 megapixel ပါဝင်ပြီး ဘက်ထရီက 2600 mAh ဖြစ်ပါတယ်။ NFC ပါဝင် ပါတယ်။ အပြင်ပုံပန်းသဏ္ဍာန် အရွယ်အစားက Samsung Galaxy S4 က ယူထားပြီး အတွင်းက နည်းပညာ ပစ္စည်းများကတော့ Samsung Galaxy Note 3 က ယူထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးနှုန်းကလည်း သူတို့ နှစ်ခုကြားမှာ ရှိနေမှာပါ။ 

Samsung Galaxy J လို့ အမည်ပေးရတဲ့ အကြောင်းအရင်းကလည်း ဂျပန်နိုင်ငံ အတွက်ပဲ သီးသန့် ရည်ရွယ်တာမို့ J လို့ တပ်ရခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

Ref: pocketlint
Aung Kham (TSJ Team)

RangonNewsDaily:: October. 11 .2013
ဂျပန်နိုင်ငံမှာ Samsung ရဲ့  Galaxy J ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ် ပါတယ်။ သို့ပေမယ့် ဝမ်းနည်း စရာပဲလား၊ ဝမ်းသာစရာပဲလားတော့မသိဘူး။ ဂျပန်နိုင်ငံအတွက်ပဲ သီးသန့်ရည်ရွယ်ပြီး ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခု ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်

Photo: အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း နှစ်ခု ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်
Friday, October 11, 2013

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည် မဂ္ဂါဝပ် ၂၀၈၀ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏ ဖော်ပြချက်အရ သိရသည်ဟု ဆိုသည်။ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ဓါတ်အားပေး စက်ရုံနှစ်ခုမှာ မဂ္ဂါဝပ် ၁၂၀၀ထွက်ရှိမည့် ထမံသီ ဓါတ်အားပေးစက်ရုံနှင့် မဂ္ဂါဝပ် ၈၈၀ထွက်ရှိမည့် ရွေစာရံ ဓါတ်အားပေး စက်ရုံတို့ ဖြစ်ကြသည်။

“စီးပွားရေးအရလည်း တွက်ခြေမကိုက်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် ဒီစီမံကိန်းနှစ်ခုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံ အမျိုးသားရေအားလျှပ်စစ်ကော်ပိုရေးရှင်း (NHPC)မှ အကြီးတန်း အမှုဆောင်တစ်ဦးကလည်း ယခုသတင်းကိုအတည်ပြုခဲ့ပြီး ယခုစီမံကိန်းများသည် NHPC၏ အကျိုးအမြတ် တစ်စုံတစ်ရာထက် နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ ဒေလီမြို့ရှိ မြန်မာသံရုံးမှ အရာရှိ တစ်ဦးကလည်း စီမံကိန်းရွေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ အတည်ပြု ပြောကြားခဲ့ပါသည်။

NHPCနှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ ရေအားလျှပ် စစ်ဌာနတို့သည် နားလည်မှုစာချွန်လွှာကို ၂၀၀၈ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းဖြစ်မြောက်အောင် ပြုလုပ်နိုင်ရန်အတွက် လေ့ လာမှုများ ပြုလုပ်ရန် သဘောတူညီထားခဲ့သည်။ ထမံသီ စီမံကိန်းကို ဆွစ်ဇာလန်နိုင်ငံမှ Colenco Power Engineeringကုမ္ပဏီမှ တည်ဆောက် ရန် ပြင်ဆင်နေခြင်း ဖြစ်ပြီး ရွေစာရံ စီမံကိန်းကိုမူ ဂျပန်နိုင်ငံမှ Kansai Electric Powerကုမ္ပဏီမှ တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာမှာ မဂ္ဂါဝပ် တစ်သိန်းကျော်ရှိပြီး မဂ္ဂါဝပ်၃၉၀၀၀ထုတ်လုပ်နိုင်ရန်အတွက် လေ့လာပြင် ဆင် လျက် ရှိသည်။ ယခု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုမှာ ချင်းတွင်းမြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများ ဖြစ်ကြောင်း သိရသည်။

Myanmar ICT

RangonNewsDaily:: October. 11 .2013
အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်း တည်ဆောက်ရန် စီစဉ်ထားသည် မဂ္ဂါဝပ် ၂၀၈၀ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအား ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်ဟု Business Standard သတင်းစာ၏ ဖော်ပြချက်အရ သိရသည်ဟု ဆိုသည်။

ကိုရီးယားရုပ်ရှင်ပွဲတော် သမ္မတရုံတွင် အောက်တိုဘာ ၂၄မှ ၂၇အထိ ကျင်းပမည်

Photo: ကိုရီးယားရုပ်ရှင်ပွဲတော် သမ္မတရုံတွင် အောက်တိုဘာ ၂၄မှ ၂၇အထိ ကျင်းပမည်
Friday, October 11, 2013

မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည့် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၄ရက်မှ ၂၇ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

“ဒီနှစ် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂၄ရက်ကနေ ၂၇ရက်နေ့အထိ သုံးရက် ကျင်းပမှာပါ။ ပွဲတော်ဖွင့်ပွဲမှာ လာမည့် အနုပညာရှင်တွေကို ဖိတ်ကြားထားတာတော့ ရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်သူလာဖြစ်မယ်ဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး”ဟု ကိုရီးယားသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ ကိုရီးယား နိုင်ငံမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်လေ့ရှိသည်။ ၂၀၀၅ခုနှစ်တွင် မင်းသား ချွဲခွာနူး၊ Baby Voxနှင့် Wah Wah၊ ၂၀၀၉ခုနှစ်တွင်  Lee Young Eun ၊ ဒါရိုက်တာ Kim Eun Ju ၊ ကင်မရာ ဒါရိုက်တာ Suh Ki Wonနှင့် ရုပ်ရှင် အကဲဖြတ် Park Bo Youngတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ်တွင် မင်းသား ဆောင်ဂီဂွတ် (ဂျူမုံ)၊ လီဟားနာ၊ ၂၀၁၁ခုနှစ်တွင် မင်းသား ချွဲဆူဂျောင်း (ဒယ်ဂျိုယောင်း)နှင့် မင်းသမီး ဆိုရီယွန်တို့ တက်ရောက်ခဲ့ကြပြီး ၂၀၁၂ခုနှစ်က ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်တွင် မင်းသား Choung Kyung Hoနှင့် မင်းသမီး Chae Jung Anတို့ တက်ရောက်ခဲ့ကြကြောင်း သိရပြီး ယခုနှစ်တွင်မူ တက်ရောက်မည့် အနုပညာရှင်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

(၈)ကြိမ်မြောက် ကျင်းပမည့် ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် ကိုရီးယားနိုင်ငံ၌ အောင်မြင်မှုရရှိထားသည့် ဒရာမာ၊ ဟာသနှင့် အက်ရှင် ဇတ်ကားလေးကားကို ပြသသွားမည်ဟု သိရပြီး ရုပ်ရှင်ကားများအတွက် လက်မှတ်များကို ပွဲတော်ရက်မတိုင်မီ ကိုရီးယား သံရုံး၌ ထုတ်ယူနိုင်ရန် စီစဉ်ပေးသွားမည်ဟု သိရပါသည်။

Myanmar ICT

RangonNewsDaily:: October. 11 .2013
မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပနေကျ ဖြစ်သည့် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၄ရက်မှ ၂၇ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

အဓိဋ္ဌာန် စေတီတော်သို့ လှူဒါန်းခဲ့သော ရတနာပစ္စည်းများမှာ အတုသာဖြစ်ဟုဆို

RangonNewsDaily:: October. 11 .2013
မျက်နှာစိမ်း အမျိုးသမီးနှစ်ဦးက အိပ်မက်အရ အဓိဋ္ဌာန် စေတီတော်အတွက်ဟုဆိုကာ အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီခန့်က လာရောက် လှူဒါန်းခဲ့သည့် လက်ဝတ်ရတနာ ပစ္စည်းများကို ကျွမ်းကျင် ပန်းထိမ်ပညာရှင်ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါ ရတနာပစ္စည်းများသည် အတုများသာ ဖြစ်ကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

Super Cyclone Phailin မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို အဖျားခတ်နှိုင်

RangonNewsDaily:: October. 11 .2013
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မုန်တိုင်း သတင်းအရေးကြီး အခြေအနေပါ။ ရခိုင်ကမ်းရိုးတန်းရှိ မိဘပြည်သူများ အားလုံးအထူးသတိထားမိစေဖို့ပါ ခင်ဗျာ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

သံတွဲမြို့ အကြမ်းဖက်သမားများ၏ ခေါင်းဆောင် ရဲအောင်လံ ကျော်ကျော်အား မသမာနည်းဖြင့် လွတ်မြောက်ရန်ကြိုးစားနေ

သံတွဲမြို့ အကြမ်းဖက်သမားများ၏ ခေါင်းဆောင် ရဲအောင်လံ ကျော်ကျော်အား မသမာနည်းဖြင့် လွတ်မြောက်ရန်ကြိုးစားနေ 


kolatt(PBDN): October. 11 .2013

သံတွဲမြို့ အကြမ်းဖက်သမားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲအောင်လံကျော်ကျော်အား သူ၏ ကတော် မအိအိဝင်းမှ မသမာနည်းဖြင့် ကယ်ထုတ်ရန် ကြိုးစားနေကြောင်းသတင်းရရှိသည်။ ရဲအောင်လံကျော်ကျော်၏ ကတော်မှာ ယခု ပြည်မြို့၌ ရှိနေသည်။ 

နပခ တိုင်းမှူး ကိုကိုနိုင်သည် ပြည်မြို့သား တစ်ဦးဖြစ်ပြီး ရဲအောင်လံကျော်ကျော် ၏ မိန်းမ သည် နပခ တိုင်းမှူးကိုကိုနိုင်နဲ့ပူုးပေါင်းကာ သူ မ၏ ခင်ပွန်း ရဲအောင်လံ ကျော်ကျော်အား ကယ်ထုတ်နိုင်
ရန်ကြိုးစားနေကြပါသည်။ ရဲအောင်လံကျော်ကျော်၏ လက်ချက်ဖြင့် တောင်ကုတ်မြို့၌ မွတ်ဆလင်မ် ခရီးသွား ဆယ်ဦး သေဆုံးခဲ့ရပါသည်။ 

သံတွဲမြို့၌လည်း မြင်မကောင်း ရှုမကောင်းစရာ အကြမ်းဖက်မှု အနိဌာရုံများ ပေါ်ပေါက်ခဲ့ရပါသည်။ အဆိုပါ ရာဇဝတ်ကောင်အား အပြစ်မရှိ သံသယဖြင့် ဖမ်းဆီးခံရသည်သာဖြစ်ကြောင်း အကြောင့်း
ပြချက်ဖြင့် ကယ်ထုတ်ရန်ကြိုးစားနေခြင်းမှာ သံတဲင်္မြို့၌ အကြမ်းဖက်မှုများထပ်မံ ပေါ်ပေါက်
လာစေရန် ကြိုးစားနေခြင်းသာဖြစ်သည်။ 

ရဲအောင်လံကျော်ကျော်နဲအဖွဲ့အား ဖမ်းဆီးအရေးယူရသည်မှာ နိုင်ငံတော်သမ္မတ အမိန်ဖြင့်သာ ဖမ်းဆီးခြင်းဖြစ် ယခုကဲ့သို့ ကယ်ထုတ်နိုင်ရန် ကြိုးစားနေခြင်းမှာ နိုင်ငံတော် သမ္မတအမိန့်အား ဖိဆန်နေခြင်းသာဖြစ်ပေသည်။ 

နိုင်ငံတော် သမ္မတကြီးခင်ဗျား ယခု ကိစ္စအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါ
သည်။ 

လူကြီးမင်း၏ အမိန့်သည် တည်စေမည်ဟု ကျွန်တော်ယုံကြည်ပါသည်။ 

အပုချေ ( မာန်အောင်ကျွန်း )ူ::--

RangonNewsDaily:: October. 11 .2013 သံတွဲမြို့ အကြမ်းဖက်သမားများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲအောင်လံကျော်ကျော်အား သူ၏ ကတော် မအိအိဝင်းမှ မသမာနည်းဖြင့် ကယ်ထုတ်ရန် ကြိုးစားနေကြောင်းသတင်းရရှိသည်။ ရဲအောင်လံကျော်ကျော်၏ ကတော်မှာ ယခု ပြည်မြို့၌ ရှိနေသည်။

ကြို့ထိုးခြင်းနှင့် သိပ္ပံနည်းကျကုထုံး

RangonNewsDaily:: October. 11 .2013
နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အား ဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။

ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

RangonNewsDaily:: October. 11 .2013
ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။

Breaking News-::၂၀၁၃ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကိုကြေငြာပြီ

 RangonNewsDaily:: October. 11 .2013
၂၀၁၃ ခုနှစ်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကို ယနေ့ နေ့လည် ၃း၃၀ ခန့် က ကြေငြာပေးလိုက်ပြီဖြစ်
ကြောင်းသတင်းရရှိပါသည်။

ရန်ကုန်မြို့ရှိ အောက်ခံမြေသား ပျော့သည့် မြို့နယ် အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်းမှု ဖြစ်ပေါ်

ရန်ကုန်မြို့ရှိ အောက်ခံမြေသား ပျော့သည့် မြို့နယ် အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်းမှု ဖြစ်ပေါ်

ရန်ကုန်မြို့ရှိ အောက်ခံမြေသားပျော့သည့် မြို့နယ်အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

လတ်တလောတွင် ပုဇွန်တောင်မြို့နယ်၌ ခြောက်ထပ် အဆောက်အအုံ တစ်လုံးနှင့် သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်)ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ခုနစ်ထပ် အဆောက်အအုံတစ်လုံး တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

''ဦးတို့ငှားနေတဲ့ တိုက်က ဟိုဘက်တိုက်ဘက်ကို စောင်းနေတယ်။ အဲဒါကို တိုက်ဆောက်တဲ့သူနဲ့ အိမ်ရှင်တွေ ပေါင်းပြီးတော့ ဟိုဘက်တိုက်ဘက်ကို ထပ်မစောင်းအောင် တိုက်နှစ်လုံးကြားမှာ သံဒေါက်တွေ လာထောက်သွားပါတယ်။ ဦးတို့က ဒီတိုက်မှာ ငှားနေတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ တိုက်ကတော့ သက်တမ်း သိပ်မကြာသေးဘူး'' ဟု သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ တိမ်းစောင်းနေသည့် တိုက်တွင် ငှားရမ်းနေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။

ထိုကဲ့သို့ တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သည့် တိုက်အချို့မှာ သက်တမ်း မကြာသေးသော အဆောက်အအုံများဖြစ်ပြီး ထပ်မံတိမ်းစောင်းမှု မဖြစ်ပေါ်စေရန် အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိ စောင့်ကြည့်လျက် ရှိကြောင်းနှင့် ယင်းသို့ တိမ်းစောင်းခြင်းမှာလည်း အဆောက်အအုံ မဆောက်လုပ်မီ အောက်ခံမြေ အရည်အသွေး စစ်ဆေးခြင်း (Soil Test) ကို သေချာ မလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

''Soil Test သေချာမလုပ်တာပေါ့။ soil Test မလုပ်လည်း soil Test အဖြေ ထွက်လာတဲ့ အတိုင်း ဒီဇိုင်းလုပ်မှ ရမှာလေ။ အခု စောင်းတဲ့ တိုက်တွေကို ထပ်မဆောင်းအောင် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဟိုအရင်တုန်းက ဗဟန်း(၃)လမ်းမှာ ဆောက်လက်စ တိုက်ပြိုတယ်။ မြောက်ဥက္ကလာပမှာ တိုက်တုံးလုံး လဲကျတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း စည်ပင်သာယာမှာ အဆောက်အအုံတွေကို Structure စစ်တဲ့ စစ်ဆေးရေး အင်ဂျင်နီယာ ဆိုတာ ပေါ်လာတယ်။ ပြီးတော့ အခုနောက်ပိုင်း သုံးထပ်နဲ့အထက် ဆောက်မယ်ဆိုရင် Soil Test အလုပ်ရမယ်။ Soil Test က ထွက်လာတဲ့ ဒီဇိုင်းအတိုင်း ကြီးကြပ်ရမယ်ဆိုပြီး ညွှန်ကြားမှုတွေ ရှိလာတာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ တာမွေ (နတ်ချောင်း၊ မေတ္တာညွန့်၊ ပုသိမ်ညွန့်)၊ သင်္ဃန်းကျွန်း (ငမိုးရိပ်)နှင့် စမ်းချောင်း၊ အင်းစိန်၊ ကမာရွတ်၊ လှိုင်စသည့် မြို့နယ်များကို ဖြတ်သန်းဖောက်လုပ် ထားသည့် ဗဟိုလမ်း တစ်လျှောက်တို့သည် အောက်ခံမြေသား ပျော့သည့် မြေနေရာများ ဖြစ်သောကြောင့် ယင်းနေရာများတွင် အဆောက်အအုံ ဆောက်မည် ဆိုပါက ခြောက်ထပ်ထက် ပိုမိုဆောက်လုပ်ခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

သို့သော်ယခင်က ပုဇွန်တောင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အဆောက်အအုံအချို့ တိမ်းစောင်းမှုများ ရှိခဲ့သည်။

(သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံး (ညာ)မှာ (၀ဲ)ဘက်သို့ တိမ်းစောင်းနေမှုအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်)
(သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံး (ညာ)မှာ (၀ဲ)ဘက်သို့ တိမ်းစောင်းနေမှုအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်)
RangonNewsDaily:: October. 11 .2013
ရန်ကုန်မြို့ရှိ အောက်ခံမြေသားပျော့သည့် မြို့နယ်အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

၁၀ လပိုင်း ၁၀ ရက်တွင် ဆရာဝန် ၁၀၁၀ အား အမည်ပျက်စာရင်းမှ ပယ်ဖျက်

RangonNewsDaily:: October. 11 .2013
ယခင် အစိုးရ လက်ထက် အတွင်း အမည်ပျက် စာရင်း Black List အထည့်သွင်း ခံထားရသည့် ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဆရာဝန် ၁၀၁၀ ဦးအား ယင်းစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ လ ၁၀ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်၌ ထုတ်ပြန်ကြေညာထားသည်။

သရက်ထောင်တွင်အကျဉ်းကျနေသည့် KIA မှ ဒု-အရာခံဗိုလ် ကိုနော်ဆန်း (ခ)လဘန်နော်ဆိုင်း ကွယ်လွန်

RangonNewsDaily:: October. 11 .2013
သရက်အကျဉ်းထောင်တွင် အကျဉ်းကျနေသော KIA မှ "ဒု-အရာခံဗိုလ် နော်ဆန်း(ခ)လဘန်နော်ဆိုင်း (ဘ) ဦးဘရန်အောင်" ကိုယ်ပိုင်နံပါတ် (A/48728) ၊ အသက် (၃၀)သည် ယနေ့ နံနက် ၄း၁၅ နာရီတွင် သရက်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က သတင်းထုတ်ပြန်သည်။

အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်အပြီး ကိုးရက်အတွင်းလူ ၉၀ ကျော် အခွန်ဆောင်

RangonNewsDaily:: October. 11 .2013
ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေ အခွန်စံနှုန်းများ သတ်မှတ်အပြီး ကိုးရက်အတွင်း အခွန်ပေးဆောင်ရန် တင်သွင်းသူ ၉၃ ဦး ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အထက်ပါ ဦးရေသည် အခွန်စံနှုန်း စတင်သတ်မှတ်သည့် အောက်တိုဘာလ ၁ ရက်နေ့မှ ၉ ရက် နေ့ထိ အခွန်ပေးဆောင်ရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး (ရန်ကုန်) သို့ လာရောက် တင်သွင်းသူများ ဖြစ်ကြောင်း၊

Breaking News:: ဆိုက်ကလုန်းမုန်တိုင်း Phailin အင်းအားပြင်းထန်သော မုန်တိုင်းအဆင့်သို ရောက်ပြီ

Breaking News:: ဆိုက်ကလုန်းမုန်တိုင်း Phailin အင်းအားပြင်းထန်သော မုန်တိုင်းအဆင့်သို
ရောက်ပြီ


kolatt(PBDN): October. 11 .2013

Cyclone Phailin News Update 11-11-2013 3:10 am 

မုန်တိုင်းတစ်လုံးမှာ မုန်တိုင်းမျက်စိ(Eye)ပေါ်လာပါက မုန်တိုင်းကို အားကောင်သော ဆိုင်ကလုန်းမုန်တိုင်းကြီး(Severe Cyclonic Storm)လို့ သတ်မှတ်ပါ တယ်။
::
 လေတိုက်နှုန်းမှာ အနည်းဆုံး (၁)နာရီ (၇၅)မိုင်နဲ့အထက် ဖြစ်ပါတယ်။ JTWC ကတော့ ဒိနေ့ညပိုင်းလောက်မှာ လေတိုက်နှုန်း တစ်နာရီမိုင်(၁၂၀)လောက် အထိရှိလာမယ်လို့ခန့်မှန်းထားတယ်။ 

မုန်တိုင်းဒီရေအန္တရာယ် ရှိလာတော့မယ်။ 
::
၁၉၇၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ ဒီလိုဆိုင်ကလုန်းမျိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုဝင်တော့ ပေ(၅၀)ကျော် လောက်မြင့်တဲ့ မုန်တိုင်း ဒီရေလှိုင်းတွေ တက်လာလို့ တစ်ညတည်း နဲ့ လူ(၅)သိန်းကျော် သေခဲ့ရဘူးပါတယ်။ 

၁၉၉၁ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်မှာ လူ (၁၃၆ ၀၀၀)၊ ၂၀၀၈ ခုနှစ်၊ နာဂစ်၊ မြန်မာနိုင်ငံမှာ လူပေါင်း (၁၃၈ ၀၀၀) အသက်ဆုံးရှုံးခဲ့ရဘူးတဲ့ သာဓကတွေဟာ ဒီလို .. ဆိုင်ကလုန်းမုန်တိုင်းတစ်ခုရဲ့ မုန်တိုင်းဒီရေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ အသေအပျောက်တွေဖြစ်ပါတယ်။ မိုးလွန်မုန်တိုင်းတွေဟာ မိုးကြိုမုန်တိုင်းတွေထက် ပိုပြင်းထန်တတ်ပါတယ်။ 
::
မုန်တိုင်းရဲ့ အဆုံးသတ်ခရီးစဉ်ကတော့ ဖြစ်နှိုင်မှုအရ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ အစဉ်လိုက် အရေးကြီးနေ ပါတယ်။ လောလောဆယ်တော့မုန်တိုင်းဟာ အိန္ဒိယကိုဘဲ ၀င်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဟာ ပိုပိုအားကောင်းလာနေပါတယ်။ 

ကျွန်တော်ပြောခဲ့သလို မုန်တိုင်းဟာလည်း လူတွေလိုဘဲ အိတ်ဖေါင်းတော့ စိတ်ပြောင်းသွားမှာကို သတိထားရပါလိမ့်မယ်။ ရခိုင်ကမ်းရိုးတန်းက မိတ်ဆွေတွေ သတိနဲ့နေကြစေ လိုပါတယ်။

 ဒေါက်တာထွန်းလွင်::--

RangonNewsDaily:: October. 11 .2013
Cyclone Phailin News Update 11-11-2013 3:10 am
မုန်တိုင်းတစ်လုံးမှာ မုန်တိုင်းမျက်စိ(Eye)ပေါ်လာပါက မုန်တိုင်းကို အားကောင်သော ဆိုင်ကလုန်းမုန်တိုင်းကြီး(Severe Cyclonic Storm)လို့ သတ်မှတ်ပါ တယ်။

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

RangonNewsDaily:: October. 11 .2013
ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်း အနီးတွင် (၁၀.၁၀.၂၀၁၃)နေ့ နံနက်(၄း၀၀)အချိန်ခန့်ကမုဒိန်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ဖြစ်စဉ်မှာ ထက်ထက်လှိုင် ထမင်းဆိုင်တွင် အလုပ်နေသော မxxxxx(၁၇)နှစ်သည် အလုပ်လုပ်နေစဉ် ဘုရားတောင်ဘက်မုဒ်ရှိ အိမ်သာသို့ သွားစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။