Pages

Pages - Menu

Friday, October 11, 2013

" ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ဟု မာလာလာက ပြောကြား"

Photo: " ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် 
လိုအပ်ဟု မာလာလာက ပြောကြား"
Friday, October 11, 2013

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက ”ပြဿနာတွေ၊ စစ်ပွဲတွေ ကို ဖြေရှင်းနိုင်ဖို့က အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းပါပဲ၊ ဒါဟာ ကျွန်မရဲ့ အလုပ် မဟုတ်ပါဘူး၊ အမေရိကန် အပါအဝင် သက်ဆိုင်ရာ အစိုးရက လုပ်ရမှာပါ၊ လူသတ် တာတွေ၊ ဖမ်းဆီးနှိပ်စက် တာတွေ၊ ကြိမ်ဒဏ်ပေး တာတွေဟာ ကျွန်မတို့ ဘာသာတရား နဲ့ လည်း ဆန့်ကျင်နေပါတယ်၊ နှစ်ဖက် တွေ့ဆုံပြီး ဘာလိုချင်တယ်၊ ဘာဖြစ်ချင် တယ် ဆိုတာကို ဆွေးနွေးတာက အ ကောင်းဆုံး နည်းလမ်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည် ဇူလိုင်လက ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြားခဲ့ဖူးသည့် မာလာလာက ”ကျွန်မ အနေနဲ့ အနာ ဂတ်မှာ နိုင်ငံရေး သမား ဖြစ်ချင်ပါတယ်၊ အမိနိုင်ငံရဲ့ အနာဂတ် နဲ့ ပညာရေး ကဏ္ဍကို ပြောင်းလဲချင်ပါတယ်၊ တစ်နေ့နေ့ မှာတော့ ပါကစ္စတန် နိုင်ငံသူ /နိုင်ငံ သားတွေ လွတ်လပ် ငြိမ်းချမ်းစွာ နေ ထိုင်ခွင့် ရပြီး ငြိမ်းချမ်းစွာ ပညာသင် ကြားနိုင်မယ့် အခွင့် အရေး ရရှိနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

မာလာလာသည် ၂ဝ၁၃ RAW in WAR Anna Politkovskaya (အန်နာပိုလစ်ကော့ဖ် စကဲယား) ဆုကို အောက်တိုဘာ ၄ ရက်နေ့တွင် လက်ခံရ ယူခဲ့သည်။ သူမ၏ ရဲစွမ်း သတ္တိ၊ မိန်း ကလေး ငယ်များနှင့် လူတိုင်း ပညာသင် ကြားခွင့် ရရှိရန် လှုံ့ဆော် အားပေးမှုများ ကို ဂုဏ်ပြုပြီး ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်ဟု RAW in WAR မှ တာဝန် ရှိ သူက ပြောကြားသည်။

၎င်းဆုသည် လူ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ခြင်းကြောင့် အသတ်ခံ ခဲ့ရသော ရုရှား ဂျာနယ်လစ် တစ်ဦးကို ဂုဏ်ပြုကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။ ဆုကို Sir Nicholas Winton (ဆာနီကိုလတ်စ်ဝင်တန်) က ပေးအပ် ချီးမြှင့်ခဲ့သည်။

Ref:BBC
Popular Myanmar News Journal

RangonNewsDaily:: October. 11 .2013
မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက ”ပြဿနာတွေ၊ စစ်ပွဲတွေ ကို ဖြေရှင်းနိုင်ဖို့က အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းပါပဲ၊ ဒါဟာ ကျွန်မရဲ့ အလုပ် မဟုတ်ပါဘူး၊ အမေရိကန် အပါအဝင် သက်ဆိုင်ရာ အစိုးရက လုပ်ရမှာပါ၊ လူသတ် တာတွေ၊ ဖမ်းဆီးနှိပ်စက် တာတွေ၊ ကြိမ်ဒဏ်ပေး တာတွေဟာ ကျွန်မတို့ ဘာသာတရား နဲ့ လည်း ဆန့်ကျင်နေပါတယ်၊ နှစ်ဖက် တွေ့ဆုံပြီး ဘာလိုချင်တယ်၊ ဘာဖြစ်ချင် တယ် ဆိုတာကို ဆွေးနွေးတာက အ ကောင်းဆုံး နည်းလမ်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည် ဇူလိုင်လက ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြားခဲ့ဖူးသည့် မာလာလာက ”ကျွန်မ အနေနဲ့ အနာ ဂတ်မှာ နိုင်ငံရေး သမား ဖြစ်ချင်ပါတယ်၊ အမိနိုင်ငံရဲ့ အနာဂတ် နဲ့ ပညာရေး ကဏ္ဍကို ပြောင်းလဲချင်ပါတယ်၊ တစ်နေ့နေ့ မှာတော့ ပါကစ္စတန် နိုင်ငံသူ /နိုင်ငံ သားတွေ လွတ်လပ် ငြိမ်းချမ်းစွာ နေ ထိုင်ခွင့် ရပြီး ငြိမ်းချမ်းစွာ ပညာသင် ကြားနိုင်မယ့် အခွင့် အရေး ရရှိနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

မာလာလာသည် ၂ဝ၁၃ RAW in WAR Anna Politkovskaya (အန်နာပိုလစ်ကော့ဖ် စကဲယား) ဆုကို အောက်တိုဘာ ၄ ရက်နေ့တွင် လက်ခံရ ယူခဲ့သည်။ သူမ၏ ရဲစွမ်း သတ္တိ၊ မိန်း ကလေး ငယ်များနှင့် လူတိုင်း ပညာသင် ကြားခွင့် ရရှိရန် လှုံ့ဆော် အားပေးမှုများ ကို ဂုဏ်ပြုပြီး ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်ဟု RAW in WAR မှ တာဝန် ရှိ သူက ပြောကြားသည်။

၎င်းဆုသည် လူ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ခြင်းကြောင့် အသတ်ခံ ခဲ့ရသော ရုရှား ဂျာနယ်လစ် တစ်ဦးကို ဂုဏ်ပြုကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။ ဆုကို Sir Nicholas Winton (ဆာနီကိုလတ်စ်ဝင်တန်) က ပေးအပ် ချီးမြှင့်ခဲ့သည်။

Ref:BBC
Popular Myanmar News, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment