Pages

Pages - Menu

Tuesday, October 1, 2013

ဖိလစ်ပိုင်မှ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်

Photo: ဖိလစ်ပိုင်မှ အဆုံးအစမဲ့ နက်သော ထူးဆန်းမြစ်ငယ်
Tuesday, October 1, 2013

ဖိလစ်ပိုင်နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။

သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေကစားသူ များပါတယ်။

ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
-
Ref: knoledge
Aung Kham (International news for myanmar)

RangonNewsDaily:: October. 1.2013
ဖိလစ်ပိုင်နိုင်ငံ အရှေ့ မြောက်ပိုင်းက Hinatuan မြို့ ငယ်မှာ ရှိတဲ့ မြစ်တစ်ခု ရဲ့  တစ်နေရာမှာပါ။ Enchanted River လို့ခေါ်ပါတယ်။ ချောင်း အရွယ်လောက် ပဲ ရှိပါတယ်။

တောင်အမေရိကမှ ထူးဆန်း ခြေတံရှည် သတ္တဝါ

Photo: တောင်အမေရိကမှ ထူးဆန်း ခြေတံရှည် သတ္တဝါ
Tuesday, October 1, 2013

ပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တောင်အမေရိကန်မှာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာ ကတည်းက အသက်ရှင် နေထိုင်နေတဲ့ အကောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက် မြင်လိုက်ရရင် ဘာကောင်မှန်း မသိအောင်ကို ထူးဆန်း နေမှာပါ။ အကောင်အရေအတွက် နည်းပြီး တောင် အမေရိက တောနက်တွေထဲမှာ နေထိုင်ကျက်စားပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ဝံပုလွေတို့လို Canidae မျိုးစိတ်ဝင်မို့လို ခြေတံရှည် ဝံပုလွေလို့ အမည်မဲ့ခေါ်ပါသေးတယ်။ Maned Wolf လို့ လည်း ခေါ်ဆို ပါတယ်။ Maned Wolf ဟာ ကမ္ဘာဦး တိရစ္ဆာန်များ စာရင်းမှာ ပါဝင်ပြီး ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်များ မျိုးစိတ်များထဲမှာ တစ်ခုအဖြစ် မှတ်တမ်း တင်ထားကြောင်း သိရပါတယ်။

Ref: wdc
Aung Kham ( International news for myanmar )

RangonNewsDaily:: October. 1.2013
ပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တရားမ၀င်ကုန်နှင့်ယာဉ်ဝင်ရောက်မှု မွန်ပြည်နယ်၌ Mobile Team ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူနေ

RangonNewsDaily:: October. 1.2013
မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ထိုင်းနိုင်ငံမှတရားမ၀င်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များ တင်သွင်းခြင်း တင်ပို့ခြင်းများကိုမွန်ပြည်နယ်အတွင်းMobile Team ဖွဲ့စည်း၍ ၂၄နာရီ စစ်ဆေးကာ ဖမ်းဆီးအရေးယူဆောင်

ရွက်လျက်ရှိသည်။

ပေါင်ကြွက်သားဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရတော့မည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ

Photo: ပေါင်ကြွက်သားဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရတော့မည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ
Tuesday, October 1, 2013

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် အယ်မာရီးယားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ညာဘက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့သောကြောင့် အနည်းဆုံး ရက် သတ္တပတ် နှစ်ပတ်မှသုံးပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့သည်။

မက်ဆီသည် ယင်းဒဏ်ရာအား စနေနေ့က ကစားခဲ့သည့် အယ်လ်မာရီးယားအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီးနောက် လူစားလဲမှုခံခဲ့ရသည်။ ၎င်း၏ ဒဏ်ရာအား တနင်္ဂနွေနေ့ က စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒဏ်ရာအခြေအနေအရ အနားယူရတော့မည်ဖြစ်ရာ ယနေ့တွင် ကစားမည့် ဆဲလ်တစ်အသင်းနှင့် ပွဲစဉ်အားပါဝင်နိုင်တော့မည်မဟုတ်သကဲ့သို့ သုံးပတ်ခန့်အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မက်ဆီသည် လာလီဂါပွဲစဉ်ဖြစ်သည့် ဗယ်လာဒိုးလစ်အ သင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း အောက်တိုဘာ ၂၆ ရက်တွင် ရီးယဲလ်နှင့်ကစားရမည့် အက်ကလက်စီကိုပွဲစဉ်တွင်မူ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ထို့အပြင် ဘာစီလိုနာအသင်းသည် နောက်တန်းပြဿနာနှင့်လည်း ရင်ဆိုင်နေရပြီး အသင်း၏ နောက်ခံလူ မာရှေယာနိုမှာလည်း ဒဏ်ရာကြောင့် ဆဲလ်တစ်နှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။ အသင်း၏ အခြားနောက်တန်းလူများဖြစ်သည့် ဂျော်ဒီအယ်လ်ဘာနှင့် ပူယိုးလ်တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။

အောင်သုတ
Mizzima - News in Burmese

RangonNewsDaily:: October. 1.2013
ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် အယ်မာရီးယားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ညာဘက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့သောကြောင့် အနည်းဆုံး ရက် သတ္တပတ် နှစ်ပတ်မှသုံးပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသား လူမျိုးစု များကိုပင် မကာကွယ်နိုင်သော ဥပဒေ

RangonNewsDaily:: October. 1.2013
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေအနေများမှာ ငြိမ်သက်မှု မရှိဘဲ ပိုမို ဆိုးရွားလာနေခြင်းမှာ သံတွဲမြို့နေ အာဏာပိုင်များ၏ လျစ်လျူရှူနေမှုမှာ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။::
သံတွဲမြို့တွင် နေထိုင်သော ကမန်တိုင်းရင်းသားများအတွက် များစွာ စိုးရိမ်ရသော်လည်း မည်သည့် အကူအညီမှ ပေးခွင့် မရှိ ဖြစ်နေပါသည်။

သံတွဲ ယနေ့ည (၁၀း၁၅) နာရီ..... အတည်ပြုသတင်း...

RangonNewsDaily:: October. 1.2013

(၁) သံတွဲမြို့နယ်၊ ရွှေလှေ-သပြုခြိုင်...တွင် နံနက်(၁၀)နာရီအချိန်လြုံခုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှု
ကြောင့် ရခိုင်အကြမ်းဖက် သောင်းကြမ်းသူ ၃ယောက်သေဆုံးပြီး ၃ဦးဒဏ်ရာရကာယခုည (၉း၃၀)
နာရီတွင်..... သံတွဲဆေးရုံသို့ ရောက်ရှိလာကြောင်း အတည်ပြုပေးသည်။

သမ္မတ ဦးသိန်းစိန် မောင်တောနယ်စပ်မြို့ကို ပထမဆုံးအကြိမ် သွားရောက်

Photo: သမ္မတ ဦးသိန်းစိန် မောင်တောနယ်စပ်မြို့ကို ပထမဆုံးအကြိမ် သွားရောက်
Tuesday, October 1, 2013

ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်မြတ်စွာအတူနေထိုင်ကြဖို့ ဒီနေ့မနက် မောင်တောမြို့နယ်က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန် ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မောင်တောမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က RFA ကို အခုလိုပြောပါတယ်။

"သမ္မတကြီးက မောင်တောမှာရှိတဲ့ လူမှုအဖွဲ့အစည်းနှစ်ခု အရင်တုန်းကလည်း အတူတူနေလာခဲ့သလို အခုလည်းပဲ ပြဿနာမဖြစ်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ ပြောတယ်"

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မြောက်ဦး၊ ကျောက်တော်မြို့တို့ကိုသွားပြီး ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်ကိုယ်စားလှယ် တစ်ဘက် ၁၅ ဦးစီနဲ့ စစ်တွေမြို့ ဗန္ဓုလရိပ်သာမှာ သီးသန့်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိသလို နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေဘက်ကို သွားရောက်ဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

RFA

RangonNewsDaily:: October. 1.2013
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ ရခိုင်
တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား နှစ်ဦးနှစ်ဘက် သင့်မြတ်စွာအတူနေထိုင်ကြဖို့ ဒီနေ့
မနက် မောင်တောမြို့နယ်က နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Breaking News သံတွဲ အရေးပေါ်သတင်း ( အောက်တိုဘာ ၁ရက် ည ၉း၁၅)

RangonNewsDaily:: October. 1.2013
အခု သံတွဲမြို့နှင့် ဆက်သွယ်မေးမြန်းမှုအရသံတွဲမြို့နဲအနီးတဝိုက် ရွာများဖြစ်ကြသော မဲကျွန်းရွာ နဲ သပြုချိုင်
ရွာများတွင် ဗလီများ လူနေအိမ်များမီးတင်ရှိုးခဲ့ပြီးဖြစ်ပါသည်။လူအသေအပျောက် ၃၀ ဦးခန့် ရှိနေကြောင်း သံတွဲဒေသခံများမှ အတည်ပြုပြောပြပါသည်။

သပြုချိုင်တွင် ရှဟီးဒ် ဖြစ်ခဲ့ရသော ရှဟီဒီများစာရင်း

RangonNewsDaily:: October. 1.2013သပြုချိုင်တွင်အကြမ်းဖက်များရက်စက်စွာသတ်ဖြတ်မှုကြောင့်ရှဟီးဒ်ဖြစ်ခဲ့ရသူများအနက်မှ(၅)ဦး
စာရင်းထဲမှ အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁ ဒေါ်အေးကြည်

၂ ဦးအဒူမီယာ

၃ ဦးအဒူစမတ်

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ  ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

"တပ်မတော်ရဲ့  အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိနြေ္ဒရရနေနိုင်မှာ"

တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

RangonNewsDaily:: October. 1.2013 တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

မျက်နှာပြင်ကျယ် စတ်ဖုန်းသစ် Oppo N1

မျက်နှာပြင်ကျယ် စတ်ဖုန်းသစ် Oppo N1


ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် တရုတ် စမတ်ဖုန်း ကုမ္မဏီ Oppo မှ ခြေလှမ်းစတင်လိုက်ပါပြီ။ Oppo N1 လို့ အမည်ရတဲ့ မျက်နှာပြင်ကျယ် စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 

အရွယ်အစားအားဖြင့် ၅.၉ လက်မ တောင်ရှိတာမို့ လက်ရှိ အရွယ်ကြီးဖုန်းစာရင်းတွေထဲမှာ သူ့ထက် ကြီးတာ Samsung Galaxy Mega တို့လောက်ပဲ ရှိပါတော့မယ်။ အရွယ်ကြီးသလို မျက်နှာပြင် Resolution လည်း ကောင်းပါတယ်။ 1028p အရည်အသွေး ပေးနိုင်ပါတယ်။ ကင်မရာက 13 Megapixel မှာ LED flash ပါဝင်ပြီး သူ့ရဲ့  အထူးခြားဆုံး Feature တစ်ခုက ယင်းကင်မရာကို အရှေ့ သို့ လှည့်ယူနိုင်ခြင်း ဖြစ်ပါတယ်။ 

RAM 2GB, Snapdragpon S600 processor အစရှိသဖြင့်တို့ကတော့ အခြား အမြင့်ဖုန်း များနဲ့ သိပ် ကွဲပြား မသွားပါဘူး။ Wi-Fi, NFC, gyrpscopce နဲ့ အခြားသော Special Feature များလည်း ပါဝင်ပါသေးတယ်။ အမေရိကန်ဒေါ်လာ ၅၆၈ တန်ဖိုးရှိတာမို့ မြန်မာငွေနဲ့ တွက်ရင် ၅သိန်းခွဲ ဝန်းကျင်ပါ။ ဒီတော့ နောက်ဆုံးထွက် Phablet တွေနဲ့ယှဉ်ရင်ဈေးနှုန်း ပိုက်သာတဲ့အနေအထားမှာ ရှိပါတယ်။ လာမယ့် ဒီဇင်ဘာလက စလို့ ကမ္ဘာအနှံ့ ဖြန့်ချိမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
Aung Kham ( TSJ Team )

http://blog.techspace.com.mm/2013/10/oppo-n1.html

.

RangonNewsDaily:: October. 1.2013 ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် တရုတ် စမတ်ဖုန်း ကုမ္မဏီ Oppo မှ ခြေလှမ်းစတင်လိုက်ပါပြီ။ Oppo N1 လို့ အမည်ရတဲ့ မျက်နှာပြင်ကျယ် စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

မြန်မာ့ရုပ်မြင်သံကြားဝင်းရှိ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

RangonNewsDaily:: October. 1.2013
ကမာရွတ်မြို့နယ် ဟံသာဝတီအ၀ိုင်းအနီးရှိ မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်း တည်ဆောက်ဆဲ တာဝါတိုင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့မှု တစ်ခု စက်တင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။

ဆူပှုအကြမ်းဖက်မှုများကို အမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၄ဖွဲ့မှ သဘောထားကြေငြာချက် ထုတ်ပြန်

ဆူပှုအကြမ်းဖက်မှုများကို အမြန်ဆုံးထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၄ဖွဲ့မှ သဘောထားကြေငြာချက် ထုတ်ပြန်

kolatt(PBDN): October. 1.2013

(၁)နိုင်ငံတစ်ဝန်း ဘာသာရေးကိုအကြောင်းပြပြီး ဆှုပှုအကြမ်းဖက်မှုများသည် စဉ်ဆက်မပြတ်ဆိုသလို
ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သံတွဲမြို့ဝန်းကျင်တွင် ဖြစ်ပေါ်လျှက်ရှိသော ဆှုပှုအကြမ်းဖက်မှုများကြောင့်
အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များနှင့် အသက်အိုးအိမ် ဆုံးရှုံးလျှက်ရှိပါသည်။
ထို့အတွက် နိုင်ငံတစ်ဝန်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၀မ်းနည်းကြေကွဲလျှက်
လုံခြုံမှုကင်းမဲ့စွာ စိတ်ခံစားရပြီး စိုးရိမ်မဥ အထွတ်ထိတ်ကိုရောက်ရှိနေပြီဖြစ်ပါသည်။

(၂) နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုပေးရန်မှာ နိုင်ငံတော်အစိုးရအဖွဲ့တွင် တာဝန်အပြည့်အ၀၇ှိသည်ဖြစ်ရာ တရားဥပဒေစိုးမိုးရေးကို အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်ပေးပါရန် အလေးအနက်ပန်ကြားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့::--

RangonNewsDaily:: October. 1.2013 (၁)နိုင်ငံတစ်ဝန်း ဘာသာရေးကိုအကြောင်းပြပြီး ဆှုပှုအကြမ်းဖက်မှုများသည် စဉ်ဆက်မပြတ်ဆိုသလို
ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သံတွဲမြို့ဝန်းကျင်တွင် ဖြစ်ပေါ်လျှက်ရှိသော ဆှုပှုအကြမ်းဖက်မှုများကြောင့်
အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်များနှင့် အသက်အိုးအိမ် ဆုံးရှုံးလျှက်ရှိပါသည်။

သံတွဲမြို့ လင်းသီရွာကို အကြမ်းဖက်သမားများ ပစ္စည်းလု၊ မီးရှို့နေ (ညနေ ၃း၄၀-နာရီ)

RangonNewsDaily:: October. 1.2013

သံတွဲမြို့ လင်းသီရွာကို လွန်ခဲ့သော ၁၀-မိနစ်ခန့်ကပဲ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရွာအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။လင်းသီရွာတွင် အိမ်ခြေ ၂၀၀-ကျော်ရှိပြီး ၀င်ရောက်လာသော အကြမ်းဖက်သမားများမှာ အင်အားများလွန်းတာကြောင့် လင်းသီရွာသားများလည်း ပြန်လည် ခုခံမှု မပြုနိုင်ပဲ ရှိနေပါတယ်။

သံတွဲမြို့ သဗြုချိုင်တွင် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ဓါးဒဏ်ရာဖြင့် ဒေသခံ ရွာသား မွတ်စလင်မ် တစ်ဦးသေဆုံး

RangonNewsDaily:: October. 1.2013
သဗြုချိုင်မှာ ရခိုင်လူမျိုး အကြမ်းဖက်သူတွေ ဓါးနဲ့ခုတ်လို့ မွတ်စလင်မ် ၁-ယောက်သေဆုံးကြောင်း
သိရှိရပါသည်။ သဗြုချိုင်ရွာကို ယနေ့ မနက် လင်းအားကြီးတွင်ရခိုင်လူမျိုးအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒေသခံရွာသားများ ပြန်လည်ခုခံမှု့ကြောင့် ဆုတ်ခွာသွားပြီး နေလည်တွင် အင်အားအများအပြားဖြင့် ထပ်မံအကြမ်းဖက် မီးရှို့တိုက်ခိုက်မှုများ ထပ်မံပြုလုပ်တာဖြစ်ကြောင်း သတင်းရ
ရှိပါသည်။

အဓမ္မကျင့် လူသတ်မှုဖြင့် တပ်မတော်သားတစ်ဦးကို သေဒဏ်ချမှတ်

RangonNewsDaily:: October. 1.2013
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာနေ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ကာ ဓားဖြင့်ခုတ်သတ်ခဲ့သူ တပ်မတော်သား တစ်ဦးကို တောင်ငူခရိုင် တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီမိနစ် ၃၀ က ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၄၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ် ချမှတ်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံးထံမှ သိရှိရသည်။

နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသားတစ်ဦး တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃၂၀၀ အထိရှိလာနိုင်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်ခန့်မှန်း

RangonNewsDaily:: October. 1.2013 
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ GDP တစ်ဦး ကျဝင်ငွေတိုးတက်မှုမှာ ဒေါ်လာ ၃၂ဝဝကျော်အထိမြင့် တက်လာ နိုင်ကြောင်း အာရှဖွံ့ဖြိုး ရေးဘဏ်အဖွဲ့အစည်းဖြစ်သည့် ADBI (Asian Development Bank Institute) ၏ထုတ်ပြန် ချက်များအရသိရသည်။

"လက်ပန်းတောင်းတောင်မြေယာလျှော်ကြေးထုတ်ယူရန် (၁၅၀၀)ကျပ်တန် CDMA-800 ဖုန်းမဲနှိုက်လွတ်ပေး၍ မဲဆွယ်စည်းရုံး"

RangonNewsDaily:: October. 1.2013
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဧရိယာနှင့် မလွတ်ကင်သည်ဟု ဆိုကာ သိမ်းယူထားသော မြေယာများကို 30-9-2013 နေ့တွင်နောက်ဆုံး ထုတ်ယူရန် ကြေငြာချက်တစ်ရပ်ထုတ်ပြန်ပြီး 30-9-2013 နေ့ မြေယာ
လျှော်ကြေးထုတ်ယူသူများအား ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေး ဦးကျော်သောင်း မှ CDMA-800 တယ်လီဖုန်းများအား မဲအနှိုက်လွတ် ချပေးခဲ့ကြောင်း ဆည်တဲရွာဟောင်းနေ ယာမြေပိုင်ရှင်များထံမှသိရသည်။

မိခင်အရင်းကို သားဖြစ်သူက ရဲတင်းဖြင့် ခုတ်သတ်

RangonNewsDaily:: October. 1.2013
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က အသက် ၁၉ နှစ်အရွယ်ရှိ သားဖြစ်သူက မိခင်အရင်းကို ရဲတင်းဖြင့် ခုတ်သတ်သည် ဟုယူဆရသည့် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေ ရဲစခန်းမှ ရဲအရာတစ်ဦးက The Voice သို့ ပြောကြားသည်။

ဆူးလေတွင် သပိတ်စခန်းဖွင့်သည့် ဟုန်ရှင်း အလုပ် သမား ခေါင်းဆောင်လေးဦး ကို ကျောက်တံတား ရဲစခန်းက အမှုဖွင့်

RangonNewsDaily:: October. 1.2013
မဟာ ဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စ ခန်းဖွင့်ခဲ့သည့် ဟုန်ရှင်းအအေး ခန်းစက်ရုံမှ အလုပ်သမားခေါင်း ဆောင်လေး ဦး ကို ကျောက်တံ တားရဲစခန်းမှ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာစီ တန်းလှည့် လည်ခွင့် ဥပဒေပုဒ်မ ၁၈ဖြင့်အ မှုဖွင့်ထားကြောင်း သိရသည်။

သံတွဲ မရောက်ဖြစ်သော်လည်း စစ်တွေ၌ ရခိုင်အရေး ဆွေးနွေးနေသည့် သမ္မတဦးသိန်းစိန်

RangonNewsDaily:: October. 1.2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ ရခိုင်ပြည်နယ်မှ ရခိုင်လူထုနှင့်တွေ့ဆုံရန်ယနေ့နံနက် ၉နာရီ ၁၅မိနစ် အချိန်က အစိုးရ ပိုင်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်လာသည်။ သမ္မတဦးသိန်းစိန်မှာ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်တွေ့ဆုံပြီးနောက် ရဟတ်ယာဉ်ဖြင့် မြောက်ဦး မင်းပြား၊ ကျောက်တော်သို့ သွားရောက်နေသည်ဟု သိရသည်။

သံတွဲ မရောက်ဖြစ်သော်လည်း စစ်တွေ၌ ရခိုင်အရေး ဆွေးနွေးနေသည့် သမ္မတဦးသိန်းစိန်

RangonNewsDaily:: October. 1.2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ ရခိုင်ပြည်နယ်မှ ရခိုင်လူထုနှင့်တွေ့ဆုံရန်ယနေ့နံနက် ၉နာရီ ၁၅မိနစ် အချိန်က အစိုးရ ပိုင်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်လာသည်။ သမ္မတဦးသိန်းစိန်မှာ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်တွေ့ဆုံပြီးနောက် ရဟတ်ယာဉ်ဖြင့် မြောက်ဦး မင်းပြား၊ ကျောက်တော်သို့ သွားရောက်နေသည်ဟု သိရသည်။

သံတွဲမြို့တွင် ရခိုင်အကြမ်းဖက်သမား၏ အကြမ်းဖက်မှုကို ခုခံရေးအတွက် ဂျေပာာ့ဒ် အမိန့်ထုတ်ပြီ

RangonNewsDaily:: October. 1.2013
သံတွဲမြို့တွင် ရခိုင်အကြမ်းဖက်သမား၏ အကြမ်းဖက်မှုကို ခုခံရေးအတွက် ဂျေပာာ့ဒ် အမိန်ကို့  ၃၀ ရက်နေ့ ညကိုးနာရီ တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။"မိမိအသက်အန္တရာယ်ကို ထိပါးလာချိန်တွင် ပြန်လည်ခုခံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်သည်"ပာူသော အစ္စလာမ့်သြ၀ါဒတော်တစ်ရပ်ကိုကိုးကားကာ သံတွဲမြို့မှ တသီးပုဂ္ဂလအာလင်မ်များက "ခုခံစစ်ဂျေပာာ့ဒ် အမိန့်ထုတ်"ပြီဖြစ်ကြောင်း သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ ယနေ့ည ၉း၀၀ အချိန်တွင် အတည်ပြုပြောကြားလိုက်သည်။

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု 

(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်) 

သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။ 

ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ 

ယင်း အသုံးပြုခဲ့တဲ့ စမတ်ဖုန်းကတော့ HTC One ဖြစ်ပြီး BBC သတင်းဌာနနဲ့ ဆက်သွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

Daniel အနေနဲ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းမှာ ယင်း၏ လူမှုရေး လုပ်ငန်းများအတွက် ရန်ပုံငွေ ရရှိရန်ဖြစ်ပြီး ဤကဲ့သို့ ပထမဆုံးအကြိမ် စမတ်ဖုန်းဖြင့် ဗီဒီယိုဖုန်း ခေါ်ဆိုမှု ပြုလုပ်ခဲ့ခြင်းဖြင့် ယင်း၏ ရည်ရွယ်ချက်အား လူသိများစေရန် ရည်ရွယ်ကြောင်း သိရှိရသည်။ 

Daniel ၏ ရန်ပုံငွေမှာအဖွဲ့မှာ ဗြိတိန်အခြေစိုက် Comic Relief အဖွဲ့ဖြစ်ပြီး ယင်းတို့အနေဖြင့် ယခု ခရီးစဉ်နှင့် ဆက်စပ်ပြီါ် ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရသည်။ Comic Relief အဖွဲ့သည် ဗြိတိန်နိုင်ငံမှာ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအား ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။ 

ဗီဒီယိုကြည့်ရှုရန်လင့်ခ် - http://www.youtube.com/watch?feature=player_embedded&v=j7grH7EOMfA


RangonNewsDaily:: October. 1.2013
(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်)

သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။
ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။

အင်ဂျင်နီယာများလည်း ကျမ်းကျိန်ရတော့မည်

RangonNewsDaily:: October. 1.2013
မှတ်ပုံ တင်အင်ဂျင်နီယာ လက်မှတ်ထုတ် ပေးရာ တွင် ကျမ်းကျိန်စေပြီးမှသာ ထုတ်ပေး မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင်က ပြောကြားလိုက် သည်။
လက်ရှိအချိန်တွင် မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ထုတ် ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေကို ပြည်သူ့လွှတ် တော် တွင် တင်ထားပြီဖြစ်ကာ အဆိုပါဥပဒေအတည်ပြုပြီးပါ က ယင်းသို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

တပ်မတော်သားသုံးဦးမှ ချစ်သူစုံတွဲနှစ်ဦးကို ပစ္စည်းလုကာလူသတ် ရိုက်နှက်မှု လူသတ်တရားခံကိုအရေးယူခြင်းမ၇ှိသေး

RangonNewsDaily:: October. 1.2013
ဧပြီလ၂၃ ရက်က ပြည်မြို့ န၀ဒေးတံတားအနီး View Point ကမ်းနားသောင်ပြင်တွင် တပ်မတော်သားသုံးဦးမှ ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ် ရိုက်နှက်ကာ သတိ လစ်နေစဉ် လက်စွပ်ချွတ်ယူ ခဲ့သည့် ပစ္စည်းလုကာလူသတ် ရိုက်နှက်မှုတွင် စွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးအား အရေးယူနိုင်ခြင်း မရှိသေး၍ ဒေသခံများ က လက်မှတ်ရေး ထိုးကာ အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးဦးစီးချုပ်များထံ ပန်ကြားလွှာပို့မည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု ငါးဆကျော်အထိ တိုးတက်လာမည်ဟု တယ်လီနောခန့်မှန်း

RangonNewsDaily:: October. 1.2013
တယ်လီနောကုမ္ပဏီ အတွက် ဈေးကွက် သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံးစွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက်ခ် ဆတ်စ်က ပြောကြားခဲ့သည်။