Pages

Pages - Menu

Tuesday, October 1, 2013

ပေါင်ကြွက်သားဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရတော့မည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ

Photo: ပေါင်ကြွက်သားဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရတော့မည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ
Tuesday, October 1, 2013

ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် အယ်မာရီးယားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ညာဘက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့သောကြောင့် အနည်းဆုံး ရက် သတ္တပတ် နှစ်ပတ်မှသုံးပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့သည်။

မက်ဆီသည် ယင်းဒဏ်ရာအား စနေနေ့က ကစားခဲ့သည့် အယ်လ်မာရီးယားအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီးနောက် လူစားလဲမှုခံခဲ့ရသည်။ ၎င်း၏ ဒဏ်ရာအား တနင်္ဂနွေနေ့ က စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒဏ်ရာအခြေအနေအရ အနားယူရတော့မည်ဖြစ်ရာ ယနေ့တွင် ကစားမည့် ဆဲလ်တစ်အသင်းနှင့် ပွဲစဉ်အားပါဝင်နိုင်တော့မည်မဟုတ်သကဲ့သို့ သုံးပတ်ခန့်အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မက်ဆီသည် လာလီဂါပွဲစဉ်ဖြစ်သည့် ဗယ်လာဒိုးလစ်အ သင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း အောက်တိုဘာ ၂၆ ရက်တွင် ရီးယဲလ်နှင့်ကစားရမည့် အက်ကလက်စီကိုပွဲစဉ်တွင်မူ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ထို့အပြင် ဘာစီလိုနာအသင်းသည် နောက်တန်းပြဿနာနှင့်လည်း ရင်ဆိုင်နေရပြီး အသင်း၏ နောက်ခံလူ မာရှေယာနိုမှာလည်း ဒဏ်ရာကြောင့် ဆဲလ်တစ်နှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။ အသင်း၏ အခြားနောက်တန်းလူများဖြစ်သည့် ဂျော်ဒီအယ်လ်ဘာနှင့် ပူယိုးလ်တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။

အောင်သုတ
Mizzima - News in Burmese

RangonNewsDaily:: October. 1.2013
ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် အယ်မာရီးယားအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင် ညာဘက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့သောကြောင့် အနည်းဆုံး ရက် သတ္တပတ် နှစ်ပတ်မှသုံးပတ်ခန့်အထိ အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းမှ ထုတ်ပြန်ခဲ့သည်။ မက်ဆီသည် ယင်းဒဏ်ရာအား စနေနေ့က ကစားခဲ့သည့် အယ်လ်မာရီးယားအသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီးနောက် လူစားလဲမှုခံခဲ့ရသည်။ ၎င်း၏ ဒဏ်ရာအား တနင်္ဂနွေနေ့ က စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဒဏ်ရာအခြေအနေအရ အနားယူရတော့မည်ဖြစ်ရာ ယနေ့တွင် ကစားမည့် ဆဲလ်တစ်အသင်းနှင့် ပွဲစဉ်အားပါဝင်နိုင်တော့မည်မဟုတ်သကဲ့သို့ သုံးပတ်ခန့်အနားယူရတော့မည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မက်ဆီသည် လာလီဂါပွဲစဉ်ဖြစ်သည့် ဗယ်လာဒိုးလစ်အ သင်းနှင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သော်လည်း အောက်တိုဘာ ၂၆ ရက်တွင် ရီးယဲလ်နှင့်ကစားရမည့် အက်ကလက်စီကိုပွဲစဉ်တွင်မူ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ဘာစီလိုနာအသင်းသည် နောက်တန်းပြဿနာနှင့်လည်း ရင်ဆိုင်နေရပြီး အသင်း၏ နောက်ခံလူ မာရှေယာနိုမှာလည်း ဒဏ်ရာကြောင့် ဆဲလ်တစ်နှင့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။ အသင်း၏ အခြားနောက်တန်းလူများဖြစ်သည့် ဂျော်ဒီအယ်လ်ဘာနှင့် ပူယိုးလ်တို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။

အောင်သုတ
Mizzima - News, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment