Pages

Pages - Menu

Tuesday, August 13, 2013

အိုးရှင်းစူပါစင်တာ မော်လမြိုင်တွင်တည်ဆောက်မည်

အိုးရှင်းစူပါစင်တာ မော်လမြိုင်တွင်တည်ဆောက်မည်

Kolatt(PBDN) :: Aug 13, 2013

City Mart Holding Co., Ltd က တာဝန်ယူ၍ Ocean Super Center ကို မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက်လမ်းမကြီးရှိ သံလွင် ဥယျာဉ် ပန်းခြံအတွင်း မိုးရာသီ အကုန်တွင် စတင်တည်ဆောက် သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ
ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အလျားပေ ၃၅၀၊ အနံပေ ၂၅ဝရှိ နိုင်ငံတကာအဆင့်မီခေတ် မီလှပသော
နှစ်ထပ်အဆောက်အ အုံအဖြစ် သံလွင်ဥယျာဉ် ပန်းခြံ အတွင်းရှိ
မြေသုံးဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး@ ယခုတည်ဆောက်
မည့်Ocean Super Center တွင် စားသောက် ကုန်နှင့် လူသုံးကုန်၊ အိမ်သုံးကုန် ပစ္စည်းများ၊ ပရိဘောဂများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်
အထည်များ၊ ဖုန်းအရောင်းဆိုင်များ၊ အင် တာနက်ဆိုင်၊ ဖက်ရှင်ဆိုင်၊ အား ကစားပစ္စည်းဆိုင်၊ ကော်ဖီဆိုင်၊ @စားသောက်ဆိုင်၊ ခေတ်မီကစား ကွင်းနှင့် မီနီအဆင့်မြင့်ရုပ်ရှင်ရုံ တို့ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။
အဆောက်အအုံ ဒီဇိုင်းပုံ စံကို ထိုင်းနိုင်ငံမှ ဗိသုကာပညာ ရှင်တစ်ဦးက ဒီဇိုင်းပုံထုတ် ရေးဆွဲ ပေးထားပြီး@ တည်ဆောက်ချိန် တစ် နှစ်နှင့်လေးလ ကြာမြင့်မည် ဖြစ်ကာ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ရင်းနှီးမြှုပ်နှံ
သွားမည်ဖြစ် ကြောင်း သိရသည်။

Ocean Super Center ဖွင့် လှစ်ပြီးစီးပါက ဒေသခံလူငယ် များအတွက် အလုပ်အကိုင် ၅၀၀၊ ၆၀၀ ကျော် ခန့်ထားပေးနိုင်မည် ဖြစ်ကြောင်းသိရပြီး
City Mart Holding Co., Ltd အနေဖြင့်@Ocean Super Center များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့ရှိ မြို့နယ်များတွင် ဆိုင်ခွဲပေါင်း ငါးဆိုင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Yangon Media Group

RangonNewsDaily:: Aug 13, 2013
City Mart Holding Co., Ltd ကတာဝန်ယူ၍Ocean Super Centerကို မော်လမြိုင်မြို့ဘိုကုန်းရပ်ကွက်အထက်
လမ်းမကြီးရှိ သံလွင် ဥယျာဉ် ပန်းခြံအတွင်း မိုးရာသီ အကုန်တွင် စတင်တည်ဆောက် သွားမည်ဖြစ်ပြီး၂၀၁၅
ခုနှစ်တွင်ဖွင့်လှစ်နိုင်ရန်စီမံဆောင်ရွက်လျက်ရှိကြောင်းအဆိုပါကုမ္ပဏီမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်
အရ သိရသည်။

ရေနစ်သူအား ဆင်းကယ်ရာမှ (၂)ဦးစလုံးရေနစ်သေဆုံး

RangonNewsDaily:: Aug 13, 2013

၁၃.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ထောက်ကြန့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ရွာမရပ်ကွက်၊ ထောက်ကြန့်တိုးဂိတ်အနီး ဆည်ရေသွင်းမြောင်း၌ လူ(၂)ဦးရေနစ် သေဆုံးကြောင်းသတင်းအရသွားရောက် စစ်ဆေးရာ

HUAWEI (G510) (Y300) (C8813) တွေကို UNLOCK CODE မတောင်း ROOT မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း

RangonNewsDaily:: Aug 13, 2013
Huawei (G510) (Y300) (C8813) တွေကို Unlock code မတောင်း Root မလုပ်ပဲ မြန်မာဖောင့်ထည်
နည်းသူငယ်ချင်းတစ်ယောက်ပေးလို့ စမ်းကြည့်တာတော်တော်အဆင်ပြေပါတယ်

ကုလသမ္မဂအထူးကိုယ်စာလှယ် မစ္စတာကင်တာနားစစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်သို့ရောက်ရှိ


RangonNewsDaily:: Aug 13, 2013
ယနေ့ ၁၃.၈.၂၀၁၃ မနက်ပိုင်း ကုလသမ္မဂအထူးကိုယ်စာလှယ် မစ္စတာကင်တာနား အကြမ်းဖက်
တိုက်ခိုက်ခံခဲ့ရသော စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်သို့ရောက်ရှိလာပြီး ဒေသခံရိုဟင်ဂျာ
များနှင့် တွေဆုံခဲ့ကြောင်းသတင်းရရှိပါသည်

Breaking News: တိုင်ဖွန်း UTAR ရဲ့အကြွင်းအကျန် တိမ်တိုက်ကြီးများ သြဂုတ်လ (၁၇-၁၈)ရက်နေ့လောက် မှာ မြန်မာနိုင်ငံဖက်ဆီကို ချဉ်းကပ်လာနှို်င်

RangonNewsDaily:: Aug 13, 2013

Latest News တွေအနေနဲ့ကတော့

(၁) (၁၂-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် နာဆာဂြိုဟ်တုများရဲ့တိုင်းတာချက် အရ တိုင်ဖွန်း UTAR ဟာ လစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ခဲ့ပြီး တောင်တရုတ် ပင်လယ်မြောက်ပိုင်းအတွင်း ၀င်ရောက်နေပါတယ်။

ကျန်းမာရေးအတွက်အားကိုးအားထားပြုရမယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါတဲ့ ကြည့်ကြပါအုံး

ကျန်းမာရေးအတွက်အားကိုးအားထားပြုရမယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါတဲ့ ကြည့်ကြပါအုံး

Kolatt(PBDN) :: Aug 13, 2013

ဆေးရုံကို အဆင့်မြင့်တင်ပေးဖို့ တစ်စာစာ တောင်းဆိုနေကြတဲ့ ဆေးရုံက တာဝန်ရှိတဲ့သူတွေ...

ရှက်တတ်ရင် လဲသေလို့ရပါတယ်....သူရ ဦးရွှေမန်း မနက်ကပြောသလို ...

ဒါလေးမှ ဖြစ်မြောက်အောင် မလုပ်နိုင်ရင် တစ်နိုင်ငံလုံး ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု.မြှင့်တင်မှု ဘယ်ပုံဘယ်နည်းနဲ့ ဆက်လုပ်ကြမလဲမသိ....

Aungmyin Yezaw

RangonNewsDaily:: Aug 13, 2013
ဆေးရုံကို အဆင့်မြင့်တင်ပေးဖို့ တစ်စာစာ တောင်းဆိုနေကြတဲ့ ဆေးရုံက တာဝန်ရှိတဲ့သူတွေ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့တည်း သေမှုသေခင်းခြောက်ခု ဖြစ်ပွား

RangonNewsDaily:: Aug 13, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ သြဂုတ်လ(၁၁)ကတစ်နေ့တည်း သေမှုသေခင်း(၆) မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ယင်းနေ့ဖြစ်စဉ်များမှာ ကမာရွတ်မြို့နယ်(၉)ရပ်ကွက် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံရေစက်ဝင်းအတွင်း လူတစ်ဦးလဲကျသေဆုံးနေကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများသွားရောက်စစ်ဆေးရာ ရေစက်ဝင်းအတွင်း နေထိုင်သူ

ဖိလစ်ပိုင်တွင် အားပြင်းသည့် မုန်တိုင်းတိုက်ခတ်၊ လူပေါင်းများ စွာ ပျောက်ဆုံးနေ

RangonNewsDaily:: Aug 13, 2013

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် အားပြင်းသည့်မုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့ရာ မြေပြိုခြင်း၊ လျှပ်စစ်ဓာတ်မီး တိုင်များ ပြိုလဲခြင်း များဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၂ ရက်က အေပီသတင်း ဌာနမှ ဖော်ပြထားသည်။

ဆေးကုသမှုခံယူခဲ့ရသည့် ဟာသသရုပ်ဆောင် အရိုင်းအနုပညာလုပ်ငန်းအချို့ ပြန်လည်လုပ်ဆောင်

RangonNewsDaily:: Aug 13, 2013

ကြည့်မြင်တိုင်အရိုးအကြောအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည့် ဟာသသရုပ်ဆောင် အရိုင်းသည် လက်ရှိတွင် အနုပညာလုပ်ငန်းအချို့ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ၎င်းကမဇ္ဈိမသို့ ပြောကြားခဲ့သည်။

ဆာဖာရီဥယျာဉ် (နေပြည်တော်)မှ ရန်ကုန်၊ မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ကျားဖြူ အပါအ၀င် ရှားပါးသတ္တ၀ါများ ပြသရန် ပထမဦးဆုံးအကြိမ် ပို့ဆောင်

8.1.1
ဆာဖာရီဥယာဉ် (နေပြည်တော်)ရှိ ကျားဖြူတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-နေပြည်တော်သတင်းအဖွဲ့)

RangonNewsDaily:: Aug 13, 2013
ဆာဖာရီဥယျာဉ် (နေပြည်တော်)မှ ပထမဦးဆုံးအကြိမ် ရန်ကုန်-မန္တလေး တိရစ္ဆာန်ဥယျာဉ်သို့ ကျားဖြူ အပါအ၀င် ရှားပါးသတ္တ၀ါများ ပြသရန် ၂၀၁၃ ခုနှစ် သြဂုတ် ၁၂ ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆင့်မြင့်ဓာတ်ဆီ၊ အဆင့်မြင့် ဒီဇယ်ဆီနှင့် ဖုန်းဟန်းဆက်များ တရားမ၀င် တင်သွင်းမှု များပြားနေပြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ရပါက ဆိုင်များသို့ ၀င်ရောက်ဖမ်းဆီး စစ်ဆေးမည်

8.1.1
ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

RangonNewsDaily:: Aug 13, 2013
အဆင့်မြင့်ဓာတ်ဆီ (92 Ron & 95 Ron)၊ အဆင့်မြင့် ဒီဇယ်ဆီ (Premium Diesel) နှင့် ဖုန်းဟန်းဆက်များအား တရားဝင် လိုင်စင်လျှောက်ထား၍ တင်သွင်းခွင့် ပြုခဲ့သော်လည်း တရားဝင် လိုင်စင်ဖြင့် တင်သွင်းမှု မရှိဘဲ မှောင်ခိုလမ်းကြောင်းမှသာ တင်သွင်းနေသဖြင့် ထိုသို့ တင်သွင်းနေမှုများအား အစိုးရအဖွဲ့ ခွင့်ပြုချက် ရရှိပါက ဆိုင်များသို့ပင် ၀င်ရောက်ဖမ်းဆီးမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကော်မတီသို့ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာ ၁၁၂၅၉ စောင်ထဲတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ကြားစာ အများဆုံးဖြစ်

RangonNewsDaily:: Aug 13, 2013
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ အများပြည်သူမှ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာနှင့် တင်ပြချက် စာပေါင်း ၁၁၂၅၉ စောင်ကျော် ရှိကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

RangonNewsDaily:: Aug 13, 2013

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်
စစ်စွမ်းအားဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်
တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။