Pages

Pages - Menu

Tuesday, August 13, 2013

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်စစ်ဒုဝန်ကြီး ပြောကြား

RangonNewsDaily:: Aug 13, 2013

တစ်ယူနစ်လျှင် ၂၂ ကျပ် အရှုံးခံ ရောင်းချပေးနေရ၍ မီတာခများ လျှော့ချမည့် အစီအစဉ် မရှိကြောင်း လျှပ်
စစ်စွမ်းအားဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်
တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ညောင်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကြိုင် မေးမြန်းသည့်''ပုဂံညောင်ဦး မြို့နယ်
တွင်လျှပ်စစ်မြစ်ရေတင်ငါးခု၏မီတာထိန်းသိမ်း စောင့်ရှောက်ခနှင့်မီတာခများကိုရာခိုင်နှုန်း ၅၀ အထိ လျှော့
ချပေးနိုင်ခြင်း ရှိမရှိ'' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားခများကို တစ်ယူနစ်လျှင် အိမ်သုံး ၃၅ ကျပ်နှင့် စက်မှုလုပ်
ငန်းသုံး ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် မီတာထိန်းသိမ်း စောင့်ရှောက်ခများကို အိမ်သုံး
မီတာ ကျပ် ၁၀၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း၊ မီတာထိန်း
သိမ်း စောင့်ရှောက်ခကို ၁၉၄၈ ခုနှစ်၊ လျှပ်စစ်ဓာတ်အားပေးရေး အက်ဥပဒေအရ ၁၉၅၁ ခုနှစ် ကတည်းက စည်းကြပ်ကောက်ခံ ခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက ပြောကြားခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်မှာ ၇၈ ကျပ်
ခန့်ရှိပြီး တစ်ယူနစ် ပျမ်းမျရောင်းဈေးမှာ ၅၆ ကျပ် ဖြစ်သဖြင့် တစ်ယူနစ်လျှင် ၂၂ ကျပ်အရှုံးခံကာ ဓာတ်အား
သုံးစွဲ သူများထံ ရောင်းချပေးလျက် ရှိသည်ဟု ဒုတိယ၀န်ကြီးက ဆိုသည်။

ထို့ကြောင့် မီတာထိန်းသိမ်း စောင့်ရှောက်ခ၊ မြင်းကောင်ရေကြေးနှင့် မီတာခများကို တစ်နိုင်ငံလုံး တစ်ပြေး
ညီ ကောက်ခံလျက်ရှိကြောင်း၊လက်ရှိတွင် အရှုံးပေါ်နေပါ၍ ရာခိုင်နှုန်း ၅၀ အထိ လျော့ချပေးရန် အစီအစဉ်
 မရှိသေးကြောင်း ဦးအောင်သန်းဦးက ဆက်လက် ပြောကြားသည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 13.8.2013

No comments:

Post a Comment