Pages

Pages - Menu

Tuesday, August 13, 2013

ဖိလစ်ပိုင်တွင် အားပြင်းသည့် မုန်တိုင်းတိုက်ခတ်၊ လူပေါင်းများ စွာ ပျောက်ဆုံးနေ

RangonNewsDaily:: Aug 13, 2013

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် အားပြင်းသည့်မုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့ရာ မြေပြိုခြင်း၊ လျှပ်စစ်ဓာတ်မီး တိုင်များ ပြိုလဲခြင်း များဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၁၂ ရက်က အေပီသတင်း ဌာနမှ ဖော်ပြထားသည်။ ထို့အပြင် နေရာအနှံ့မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် စိုက်ခင်းများ ပျက်ဆီးခဲ့ရပြီး ငါးဖမ်းသမား ၂၃ ဦးထက်မနည်းမှာလည်း ပျောက် ဆုံးနေသည်ဟုသိရသည်။

ယခုနှစ်အတွင်း ကမ္ဘာပေါ်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းများအနက် အပြင်းထန်ဆုံးဖြစ်သည့် အပ်တော်မုန် တိုင်း
မှာ တောင်များထူထပ်သည့် အာရိုရာပြည်နယ် အရှေ့ပိုင်းရှိကမ်းရိုးတန်းသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၇၅ နှင့် ၂၁၀ အကြားတိုက်ခိုက်နေသည်။
ဘီကိုဒေသအလယ်ပိုင်းရှိ ဒေသခံလူပေါင်း ၁၀၀၀ ခန့်မှာ ထို့နေ့ညတွင် အဆောက်အအုံများအတွင်း နေ နိုင်ခဲ့သော်လည်း၊ အာရိုရာ ပြည်နယ်တွင်မူ လျှပ်စစ်ဓာတ်အားများ ပြတ်တောက်သွားခဲ့ သည်ဟု အမျိုး သားဘေးဒုက္ခ စီမံရေးအေဂျင်စီမှ ပြောကြားလိုက်သည်။

ဒင်နယ်လန်ဂန်မြို့ရှိ အဆောက်အအုံ အမိုးအ ကာများမှာ ပွင့်ထွက်သွားခဲ့သည်။

သေဆုံးမှုတစ်စုံတစ်ရာ ရှိမရှိအား အလျင်အမြန် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း ကက် တန်ဂျူအန်ပြည်နယ်မှ ပင်လယ်ထဲသို့ ငါးဖမ်းထွက်သွားသည့် ငါးဖမ်းသမား ၂၃ ဦးမှာမူ ပြန်လာရောက်ရှိ လာခြင်းမရှိဟု မိသားစုများကဆိုသည်။ ၎င်းတို့မှာ အနီးအနားရှိကျွန်းများတွင် ၀င်ရောက်ခိုလှုံနေသည်ဟု အာဏာပိုင်များမှ ယူဆထားသည်ဟု ပြည်သူ့ကာကွယ်ရေးရုံး၏ ဒေသဆိုင်ရာ ဒါရိုက်တာ ဘာနန်ဒိုအယ် လ်ဂျန်ဒရိုက ပြောကြားလိုက်သည်။

“မုန်တိုင်းပြီးရင် မြန်မြန်ဆန်ဆန် ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ၎င်းကဆို သည်။

မုန်တိုင်းကြောင့် ခရီးသည်ပေါင်း ၈၀၀၀ ကျော်မှာလည်းပိတ်မိနေပြီး ကုန်တင်ကားများမှာလည်း ကမ်းခြေ တွင် ရပ်နားထားရသည်။

APNews , မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 13.8.2013

No comments:

Post a Comment