Pages
▼
Pages - Menu
▼
Sunday, July 21, 2013
ကေအိုင်အိုဆက်ဆံရေးရုံးဟောင်းကို ကေအိုင်အို Technical Team ရုံးဖွင့်မည်
Sunday, July 21, 2013
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ၂ နှစ်ကျော် ပိတ်ပင်ထားသော ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းကို ကေအိုင်အို ငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့ (Technical Team ) ရုံးအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၂၁
၂၀.၇.၂၀၁၃ရက်နေ့၀၇၁၅အချိန်လှည်းကူးမြို့နယ်၊ရန်ကုန်-ပဲခူးလမ်းအတိုင်းအနောက်မှအရှေ့သို့ ယာဉ်
မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော၈င/ ---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပို င်
ယာဉ်သည်
လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂
အနီးအရောက်အရှိန်မထိန်းနိုင်
ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

ဒူဘိုင်းတွင် မွတ်စလင်မဟုတ်သော အခြားဘာသာဝင်များ ဂျူလိုင်လ ၂၈ ရက်နေ့ ရိုဇာ ဥပုဒ် စောင့်တည်ကြမည်
21.7.2013
ဒူဘိုင်း ဝေါးလ်ထရိတ်ဆန်တာတွင် ရိုဇာ ဥပုဒ် ၏ ထူးမြတ်မင်္ဂလာရှိမူ့များကို
အခြားသော ဘာသာဝင်များ အား သိစိမ့်သောငှာ မိတ်ဆက်သဘောအဖြစ် အိဖ်သာရီ
စားသောက်ပွဲတစ်ခုကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ထို စားသောက်ပွဲတွင် မည်သ...ူမဆို တက်ရောက် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပေသည်။ထူးဆန်းသည့်အချ က်ကတော့
မွတ်စလင်မဟုတ်သူများကို ရိုဇာ ဥပုဒ် စောင့်ထိန်းခြင်း၏ အကျိုး ခံစားမူ့
အပြည့်အဝ ရရှိရန် ရိုဇာ ဥပုဒ် စောင့်ထိန်း၍ တက်ရောက် ပါဝင်ကြရန်
တိုက်တွန်းထားပေသည်။
ကံကောင်းလို့လေယာဉ်ပျက်ကျပေမဲ့ အသက်ရှင်သော်လည်း ကံဆိုးတော့ အရေးပေါ်ယာဉ်ကြိတ်မိလို့သေသွားသော ကျောင်းသူလေး
ကားကြိတ်ခံရအမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင်
ဇူလိုင် ၆ ရက်က Asiana လေ
ကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်းပျက်ကျမှုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကျောင်းသူတစ်ဦးသည်အသက်
ရှင်လျက်ကျန်ရစ်ခဲ့သော်လည်းအရေးပေါ်ယာဉ်တစ်စီး၏ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟုအရာ
ရှိ များကဇူလိုင် ၁၉ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သင်္ဘောသားများ၏ သင်္ဘောသားလက်မှတ် (စီဒီစီ)အား စက်တင်ဘာလ ကုန်ပိုင်းထိသာ ထုတ်ပေးတော့မည်
Sunday, 21 July 2013
မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ
သင်္ဘောသားများအား သင်္ဘောသားလက်မှတ် (စီဒီစီ)စာအုပ်အား ပြန်လည်ထုတ်ယူရန်
ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြား
မှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။