![]() |
ဒိုက်ဦးမြို့နယ် ရန်ကုန်-နေပြည် တော်အမြန်လမ်းမကြီးပေါ်တွင် ဇူလိုင် ၁၆ ရက် နံနက် ၁ဝ နာရီ ၅ မိနစ်ခန့်
က ရန်ကုန်မှ နေပြည်တော်သို့ ယာဉ် မောင်း မျိုးအောင်(၃၃ နှစ်)မောင်းနှင် လာသော (မြန်မာမီနီဆလွန်း)
အမျိုးအစား ခဲရောင်ယာဉ်အမှတ် ၅ဃ/...သည်
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၄/ ၇ နှင့် ၇၅/ဝ ကြားတွင် လမ်းချော်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်
ကျွန်းရှိ အုတ်ခုံကို ဝင်တိုက်မိရာ မော်တော်ယာဉ် တိမ်း မှောက်သွားပြီး ယာဉ်မောင်းမျိုးအောင်၊ ယာဉ်ပေါ်
လိုက်ပါလာသူ ဒေါ်ခင်လေး မူ (၄၅ နှစ်)နှင့် မသဲစုအေး(၂၇နှစ်)တို့ ဒဏ်ရာများရရှိခဲ့သည့်အတွက် ဒိုက်ဦး
မြို့နယ်အုတ်ရှစ်ကုန်း အမြန် လမ်းရဲစခန်းအဖွဲ့ကဒဏ်ရာရရှိသူများအား ကျောက်တံခါးမြို့နယ်ဖဒိုကျေးရွာ
အုပ်စု တိုက်နယ်ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ယင်းဖြစ်စဉ် တွင် အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်း က ယာဉ်မောင်းမျိုး အောင်ကို အမှုဖွင့် အရေးယူထား
ကြောင်း သိရသည်။
သိန်းညွန့် - မြန်မာ့အလင်း
သစ်ထူးလွင်
RangonNewsDaily
kolatt (Pabedan): 20.7.2013

No comments:
Post a Comment