ကားကြိတ်ခံရအမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင်
ဇူလိုင် ၆ ရက်က Asiana လေ
ကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်းပျက်ကျမှုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကျောင်းသူတစ်ဦးသည်အသက်
ရှင်လျက်ကျန်ရစ်ခဲ့သော်လည်းအရေးပေါ်ယာဉ်တစ်စီး၏ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟုအရာ
ရှိ များကဇူလိုင် ၁၉ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသူ ကျောင်းသူ၏ အမည်မှာယီမန်ယွမ်ဖြစ်ပြီးလေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံး
ဦးအနက်မှ တစ်ဦးဖြစ်ကြောင်းနှင့်သူမ၏ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သူမသည်
လေယာဉ်ပျက်ကျမှုမှရရှိခဲ့သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်းမဟုတ်ဘဲအရေးပေါ်ယာဉ်တစ်စီး၏ မတော်
တဆ ဖြတ်ကြိတ်မှုကြောင့်သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့
သည်။
မြ၀တီသတင်း , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၁.၇.၂၀၁၃

No comments:
Post a Comment