Pages

Pages - Menu

Tuesday, July 16, 2013

၁၉၉ ဖုန်း မကိုင်တာ ဘာကြောင့်လဲ

Photo: ၁၉၉ ဖုန်း မကိုင်တာ ဘာကြောင့်လဲ
Tuesday, July 16, 2013

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးပေါ်ခေါ်ဆိုဖို့ တရားဝင် ထုတ်ပြန်ထားတဲ့ ၁၉၉ ဖုန်းနံပတ်ဟာ လက်တွေ့ အရေးကြုံလာတဲ့ အချိန် မှာ ခေါ်ဆိုလို့ မရကြဘူးလို့ မြို့ပြလူထုတွေအကြားမှာ ပြောဆိုနေကြသလို ဖုန်းဝင်ပြီး ဖုန်းမကိုင်တဲ့အတွက် ဝေဖန် ပြစ်တင်သံတွေလည်း ထွက်ပေါ်နေပါတယ်။

ပြစ်တင်ဝေဖန်ခံနေရတဲ့ ရဲတပ်ဖွဲ့ဘက်ကလည်း သူတို့မှာ ဆက်သွယ်ရေးလိုင်း အားနည်းချက်တွေရှိနေသလို ၁၉၉ အရေးပေါ် ဖုန်းကို ဆက်ပြီးတော့ ရဲတွေကို ဆဲဆိုကြိမ်းမောင်းသူတွေ၊ စနောက်သူတွေကြောင့် ဖုန်းမကိုင်တာတွေလို့ ရန်ကုန်တိုင်း ရဲမှူး ဦးသိန်းလွင်က ဧရာဝတီကို ပြောပါတယ်။

“တခါတလေ ဖုန်းကိုကောက်ကိုင်လိုက်ရင် ကလေးတွေ ဖြစ်နေတယ်။ ကလေးတွေက လိုက်နှောက်ယှက်နေကြတာ။ ပြန်ချလိုက်၊ လှမ်းနောက်လိုက်နဲ့ အဲလိုအခက်အခဲ ရှိတာပေါ့။ အပုပ်ချိန် ညနေ ၉ နာရီ ၁၀ ရီလောက်ဆိုရင် သောက်စားတဲ့ လူတွေက ဖုန်းလှမ်းဆက်တာမျိုးလည်း ရှိတယ်။ ဖုန်းကိုင်လိုက်တဲ့ ရဲတွေကို မင်းညီမပေးမလား၊ မင်းအမပေးမလား၊ မင်းအဒေါ်ပေးမလား၊ အဲလိုတွေ နှောင့်ယှက်တာ။ ကျနော်တို့က ဖုန်းပြန်ချလိုက်လို့ရှိရင် ခဏနေ ပြန်ခေါ်လိုက်နဲ့ အဲလိုမျိုးတွေနှောက်ယှက်တာ” လို့ ရဲမှူး ဦးသိန်းလွင်က ရှင်းပြပါတယ်။

ဒီ့အပြင် “ည ၁၂ နာရီကျော် ၂ နာရီ ၃ နာရီလောက် KTV တို့ ဘာတို့ သွားပြီးတော့ သူတို့မှာ လိုအပ်ချက်တွေ ရှိရင်ရှိမှာပေါ့၊ အဲဒါမျိုး အဆင်မပြေတာလည်း ခဏခဏ တိုင်တာ၊ တစ်ကြိမ်တိုင် ကျနော်တို့က ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ဖုန်းချလိုက်၊ နောက်ထပ် အကြိမ်ပေါင်းများစွာ ခေါ်လိုက် တိုင်နေတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေမှာလည်း အိပ်ချင်လည်း မအိပ်ရတော့ဘူး၊ အဲလိုမျိုးတွေ ကြုံတွေ့ရတာ” လို့ ရဲမှူးက ဆက်ပြောပြပါတယ်။

နှောင့်ယှက်သူတွေ ဖုန်းဆက်နေချိန် အရေးကြီးဖုန်းတွေဝင်လာရင် ဖုန်းမအားတာတွေဖြစ်နိုင်သလို ၁၉၉ ဖုန်း လိုင်းတွေဟာလည်း ဆက်သွယ်ရေးလိုင်း ချို့ယွင်းချက်တွေရှိနေတဲ့ အတွက် ဖုန်းမကိုင်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၁၉၉ နံပတ် ဖုန်းမကိုင်ကြောင်း ပြောဆိုသံတွေ ထွက်ပေါ်လာတဲ့အတွက် သူကိုယ်တိုင် ဖုန်းခေါ်ဆိုကြည့်ခဲ့ရာမှာလည်း ခေါ်ဆိုသည့်ဖက်မှ ဖုန်းဝင်ပေမယ့် လက်ခံတဲ့ဘက်က ဖုန်းဝင်သံမကြားတဲ့ အဖြစ်ပျက်မျိုးတွေရှိကြောင်း သိရပါတယ်။

အခုတော့ ဆက်သွယ်ရေးလိုင်းအား ချို့ယွင်းမှုတွေကိုတော့ ပြင်ဆင်ပြီးဖြစ်လို့ ၁၉၉ ဖုန်းနံပတ်တွေကို ဆက်သွယ်လို့ရရှိနေပြီဖြစ်ကြောင်း ဖုန်းလိုင်းတွေကိုလည်း စိစစ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပြီဖြစ်ကြောင်း ရဲမှူး ဦးသိန်းလွင်က ပြောပါတယ်။

၁၉၉ ဖုန်းနံပတ်ကို ဒီနေ့ ဧရာဝတီက ဆက်သွယ်ကြည့်ရာမှာ ဖုန်းကိုင်ဖြေကြားမှုရှိခဲ့ပြီး အရေးပေါ်အကြောင်းအရာတခု ဖုန်းဆက်အကြောင်း ကြားလာရင် ဆောင်ရွက်မယ့် အခြေအနေကို မေးမြန်းကြည့်ရာမှာ “အရေးပေါ် အကြောင်းကြားလာရင်တော့ နီးစပ်ရာ ရဲစခန်း ဖုန်းနံပတ်တွေကိုပေးတယ်၊ အရေးပိုကြီးရင် ကြီးသလို ဒီကနေပြီးတော့ တိုက်ရိုက်ဆောင်ရွက်တာတွေ ရှိပါတယ် ခင်ဗျ” လို့ အနောက်ပိုင်း ခရိုင် ရဲအရာရှိ တစ်ဦးက ဧရာဝတီကိုပြောပါတယ်။

လုယက်မှု၊ ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲဝန်ထမ်းတွေ အဂတိလိုက်စားမှု စတဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ ပတ်သက်ပြီး ရဲစခန်းကို အကူအညီတောင်းခံဖို့ ၁၉၉ နံပတ်ကို ဆက်သွယ်တဲ့အခါ မရရှိတဲ့ လူတွေများသလို ရရှိတဲ့လူ အချို့မှာလည်း အကူအညီ မရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ နေသူ အစ္စလာမ် ဘာသာဝင် တစ်ဦးက“မိတ္ထီလာမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ ပြဿနာ တက်နေတုန်းက ဒီ မအူကုန်းဘက်ကို လူတချို့က လာလုပ်ဖို့ရှိတယ်ဆိုပြီး လာပြောတယ်၊ အဲဒါနဲ့ ကျနော် ချက်ချင်းပဲ ၁၉၉ ကို ဖုန်းဆက်တယ်၊ စိုးရိမ်စိတ်နဲ့ အကြိမ်ကြိမ် ဆက်တယ်၊ လုံးဝ မကိုင်ဘူး၊ အဲဒီကိစ္စသာ တကယ် ဖြစ်ခဲ့ရင် ကျနော်တို့က ဘယ်သူ့ကို သွားအားကိုးရမလဲ” လို့ ဧရာဝတီကို ပြောပါတယ်။

လှိုင်မြို့နယ်မှာ နေထိုင်သူ တစ်ဦးကလည်း “ဟိုတလောက အင်းစိန်လမ်းမပေါ်မှာ လူငယ်တွေချင်း အုပ်စုလိုက် ရိုက်ကြတယ်၊ ခဲတွေနဲ့ ပေါက်ကြတယ်၊ ကျနော်က ၁၉၉ ကိုဆက်တယ်၊ လုံးဝ ဖုန်းမကိုင်ဘူး၊ ရန်ပွဲက ကွဲပြဲပြီး နောက်ဆုံး သူတို့ဘာသာ သူတို့ ထွက်ပြေး သွားကြတယ်၊ ရဲက မလာဘူး၊ ဖုန်းလည်းခေါ်လို့မရဘူး” လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့ရဲ့ လုံခြုံရေးအား ကူညီဆောင်ရွက်ရန်နဲ့ လူထုက ပူးပေါင်း ကူညီရန် အတွက် ထူးခြားဖြစ်စဉ် သတင်းများ၊ လူထု နစ်နာချက်၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့ ဆောင်ရွက်ချက်၊ လုပ်ပိုင်ခွင့် အလွဲသုံးစား လုပ်မှု၊ အဂတိလိုက်စားမှု စတာတွေကို ဆက်သွယ် အကြောင်းကြား နိုင်ဖို့ အတွက် အရေးပေါ် ၁၉၉ ဖုန်းနံပတ်နဲ့ အော်တိုတယ်လီဖုန်း နံပတ်တွေကို တပ်ဆင်ပေးထားတာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီ
ချို့ယွင်းမှုတွေကိုတော့ ပြင်ဆင်ပြီးဖြစ်လို့ ၁၉၉ ဖုန်းနံပတ်တွေကို ဆက်သွယ်လို့ရရှိနေပြီ (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
ချို့ယွင်းမှုတွေကိုတော့ ပြင်ဆင်ပြီးဖြစ်လို့ ၁၉၉ ဖုန်းနံပတ်တွေကို ဆက်သွယ်လို့ရရှိနေပြီ (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)
Tuesday, July 16, 2013

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးပေါ်ခေါ်ဆိုဖို့ တရားဝင် ထုတ်ပြန်ထားတဲ့ ၁၉၉ ဖုန်းနံပတ်ဟာ လက်တွေ့ အရေးကြုံလာတဲ့ အချိန် မှာ ခေါ်ဆိုလို့ မရကြဘူးလို့ မြို့ပြလူထုတွေအကြားမှာ ပြောဆိုနေကြသလို ဖုန်းဝင်ပြီး ဖုန်းမကိုင်တဲ့အတွက် ဝေဖန် ပြစ်တင်သံတွေလည်း ထွက်ပေါ်နေပါတယ်။

ကရာတေး အားကစားနည်း နဲ့ နန်းခင်ဇေယျာ

Photo: ကရာတေး အားကစားနည်း နဲ့ နန်းခင်ဇေယျာ 
Tuesday, July 16, 2013

မကြာမီ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတော့မယ့် ၂၇ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကတော့ တဖြည်း ဖြည်း နီးကပ်လာပါပြီ။ ဒီဇင်ဘာ ၁၁ ကနေ ၂၂အထိ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင်တို့မှာ ကျင်းပ သွားမယ့် ဆီးဂိမ်းအတွက် အားကစား ပရိသတ်တွေက တက် တက်ကြွကြွ အားပေးကြဖို့ ပြင်ဆင် နေကြသလို ပြိုင်ပွဲ ဝင်မယ့် အား ကစားသမားတွေ လည်း ပြင်းပြင်း ထန်ထန် လေ့ကျင့်နေကြပါတယ်။ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ အထင်ကရ ပြိုင်ပွဲကြီးမှာ အားကစား နည်း ၃၃မျိုး ထည့်သွင်း ကျင်းပမှာ ဖြစ်ပြီး ဒီတစ်ပတ် ပေါ်ပြူလာဂျာနယ် ရဲ့ အားကစား ကဏ္ဍ အတွက်တော့ ကရာတေး အားကစားနည်း ကို အနုပညာရှင် နန်းခင်ဇေယျာ နဲ့ စီစဉ် ရိုက်ကူး တင်ဆက်လိုက်ပါတယ်။

ကရာတေး အားကစားနည်းအ တွက် ပါဝင် ကူညီသရုပ် ဆောင်ပေးခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ဆီးဂိမ်း မျှော်လင့်ချက်ကတော့ “ဆီးဂိမ်းပြိုင်ပွဲကို ပြည်သူ တစ်ယောက် အနေနဲ့ တအား aမျှာ်လင့်မိတယ်။ ဒီပြိုင်ပွဲ ကို၄၄နှစ် ကြာမှ ပြန်ကျင်းပခွင့်ရ ခဲ့တယ်။ အိမ်ရှင် အဖြစ် ကျင်းပ ခွင့်ရမှာ ကိုလည်း ဂုဏ်ယူမိတယ်” လို့ နန်းခင်ဇေယျာ က ပြောပါတယ်။ နန်းခင်ဇေယျာက ဆီးဂိမ်း လှုံ့ ဆော်ရေး ဇာတ်လမ်းတိုတွေ မှာလည်း ပါဝင် သရုပ်ဆောင်ထားပြီး တိုက်ကွမ်ဒို အားကစားနည်း အတွက် မြင့်မြတ် နဲ့ တွဲပြီး ပါဝင်ထား ပါတယ်။ ဆီးဂိမ်း လှုံ့ဆော်ရေး အတွက် အမှတ်တရတွေ နဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက

“အမှတ်တရ တစ်ခုကတော့ ဒီဇာတ်လမ်းတို က ပထမဆုံး ရိုက်ခဲ့တာ ပါ။ ကြော်ငြာတွေ ပဲ ရိုက်တာများပြီး ဒီဟာက ပထမဆုံးပေါ့။ ဒီဇာတ်လမ်း တိုလေး ထွက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အားပေးကြတာ တအား ပျော်ရတယ်။ သရုပ်ဆောင် လုပ် ရတာတော့ ခက်ခဲပါတယ်” လို့ ပြောပြပါတယ်။ ဆီးဂိမ်း အတွက် လေ့ကျင့်နေကြတဲ့ အားကစား သမား တွေကို မြင်တွေ့ခဲ့ ရပြီး ဒီလို အပြင်း အ ထန်လေ့ ကျင့်နေကြတဲ့ အတွက် ဝမ်းသာမိကြောင်း ဆီးဂိမ်းတွင် ရွှေ များ ရယူပြီး မြန်မာ့ အရည်အချင်း ပြရမည် ဖြစ်ကြောင်း နန်းခင်ဇေယျာ က ဆိုပါတယ်။

အားကစား လေ့ကျင့်တာက ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲလို့ နန်းခင်ဇေယျာကို မေးကြည့်တော့

“ငယ်ငယ် ကတည်းက လမ်းလျှောက် တာတို့၊ ယောဂ ကျင့်တာတို့၊ ကိုယ် လက် အားကစား လေ့ကျင့်တာတို့ လေ့ကျင့်ဖြစ်ခဲ့တယ်။ အားကစား လုပ်တာက ကောင်းတယ်။ ကြံ့ခိုင်မှု၊ ဖွံ့ဖြိုးမှု၊ သက်လုံတွေလည်း ကောင်းစေတယ်။ အားကစား လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ နဲ့ က ကျန်းမာရေးချင်း ကွာတယ်။ အရင် တုန်းက ကရာတေး အကြောင်းကို နည်းနည်းပဲ သိခဲ့တယ်။ အခု ရိုက်တဲ့ အချိန် မှာတော့ ကရာတေး အားကစား သမားတွေကို တအား ချီးကျူးတယ်။ ညီမအနေနဲ့ ဓာတ်ပုံ ရိုက်ဖို့ ဟန်လုပ် တာတောင် တော်တော် ခက်ခဲတယ်။ ကရာတေး ကစားသမားတွေက တအား တော်ပြီး ကရာတေး အား ကစားနည်း ကလည်းတအား ကောင်းပါတယ်”လို့ ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ ကိုယ်တတ် နိုင်တဲ့ဘက်ကနေ တက်တက်ကြွကြွ ပါဝင်သွားမယ် ဆိုတဲ့ နန်းခင်ဇေယျာ က ဆီးဂိမ်းဝင်မယ့် အားကစား သမား တွေအတွက် အားပေး စကားကို

“အားလုံးကို ဆုရစေချင်တယ်။ အိမ် ရှင် လုပ်မှာဖြစ်တဲ့ အတွက် ဘာအား ကစားနည်း ပဲဖြစ်ဖြစ် ဆုရစေချင် တယ်။ ဒီက အားကစား သမားတွေ လည်းတော်တော် ကြိုးစားနေတဲ့ အတွက် ကြိုးစားမှု ရလဒ်ကို ခံစားရ မယ်လို့ မျှော်လင့် မိပါတယ်” လို့ နန်း ခင်ဇေယျာကပြော ပြခဲ့ပါတယ်။

ဒီဇင်ဘာ မှာ ကျင်းပမယ့် ဆီးဂိမ်း မှာတော့ ကရာတေး အားကစား နည်းကနေရွှေ ၁၇ခု၊ ငွေ ၁၇ခု၊ ကြေး၃၄ခု ချီးမြှင့်သွားမှာ ဖြစ်ပြီး (Kata) ခတနဲ့ (Kumite) ကုမိ ဆိုပြီး ပြိုင်ပွဲနှစ်မျိုး ပါဝင် မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ၂မျိုးမှာ အမျိုးသား တစ်ဦးချင်း၊ အမျိုး သမီး တစ်ဦးချင်း ပြိုင်ပွဲတွေ၊ အသင်း လိုက် ပြိုင်ပွဲတွေ ပါဝင် မှာဖြစ်ပြီး (Kata) ပြိုင်ပွဲ အတွက် အားကစားသမား (၉)ဦး၊ (Kumite) ပြိုင်ပွဲ အတွက် အား ကစားသမား ၂၃ ဦး စခန်းဝင် လေ့ကျင့်နေကြောင်း ကရာတေး အဖွဲ့ချုပ်ကနေ သိရပါတယ်။

သီဟ
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Journal

Tuesday, July 16, 2013

မကြာမီ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတော့မယ့် ၂၇ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီး ကတော့ တဖြည်း ဖြည်း နီးကပ်လာပါပြီ။ ဒီဇင်ဘာ ၁၁ ကနေ ၂၂အထိ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင်တို့မှာ ကျင်းပ သွားမယ့် ဆီးဂိမ်းအတွက် အားကစား ပရိသတ်တွေက တက်တက်ကြွကြွ အားပေးကြဖို့ ပြင်ဆင် နေကြသလို
 ပြိုင်ပွဲ ဝင်မယ့် အား ကစားသမားတွေ လည်း ပြင်းပြင်း ထန်ထန် လေ့ကျင့်နေကြပါတယ်။

ရန်ကုန်ကလေးဆေးရုံကြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ခုနစ်ဦးရှိ

Tuesday, July 16, 2013

လတ်တလော ကလေးငယ်များတွင် အဖြစ်အများဆုံး ရော ဂါဖြစ်သော သွေးလွန်တုပ်ကွေးကြောင့် ရန်ကုန် ကလေးဆေး ရုံကြီးတွင် သေဆုံးသူ ခုနစ်ဦးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါဆေးရုံ အုပ်ကြီး ဒေါက်တာသန်းထိုက်က The Voice သို့ ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဇွန်လကုန်ထိ သွေးလွန်တုပ်ကွေးကြောင့် လာရောက်ကုသသူ ၁၇၂၇ ဦးတွင် ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲကို ပြန်လည် တရားစွဲမည်

Photo: မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲကို ပြန်လည် တရားစွဲမည်
Tuesday, July 16, 2013

မန္တလေးမြို့တွင် ဇူလိုင်လ ပထမနှင့် ဒုတိယပတ်အတွင်းက မိန်းမလျာများကို ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည့် ရဲများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးစဉ်မှာ လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်တာတွေကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာတွေ ကျူးလွန်နှိပ်စက်တဲ့အတွက် ဒီအပိုင်းကို အဓိကထားပြီး တရားစွဲဆိုသွားမှာပါ။ တရားဥပဒေပိုင်းဆိုင်ရာ နားလည်တဲ့သူတွေ လိုအပ်တာတွေ ပြင် ဆင်နေပါနေပြီ” ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီသို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့နှင့် ၉  ရက်နေ့များတွင် မန္တလေးမြို့ ကျုံးအနီး၌ ညဘက်သွားလာနေသည့် မိန်းမလျာများအား အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဖမ်းဆီး စစ်ဆေးစဉ် အချုပ်ခန်းသို့ မသွင်းမီ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကို ချွတ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားသော စကားလုံးများ ပြောဆိုခြင်း၊ ရိုက်နှက်ကန်ကြောက်ခြင်း၊ မော်ဒယ် ရှိုး လျှောက်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသည့် မိန်းမလျာတဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီး စစ်ဆေးခြင်းကို ရှုတ်ချသည့် အနေဖြင့် မြန်မာလိင်တူချစ်သူ များ အခွင့် အရေး ကွန်ရက်က မန္တလေးမြို့တွင် ဇူလိုင်လ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဖမ်းခံရရာတွင် ပါဝင်သည့် မိန်းမလျာ ၄ ဦး တက်ရောက်ကာ ဖြစ်စဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းသို့ ဖမ်းဆီးစစ်ဆေးစဉ် မဖွယ်မရာပြုမူ ဆက်ဆံမှုများအတွက် တရားဥ ပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့သို့ လည်းကောင်း၊ ပြည် နယ်ဝန်ကြီး ရုံးသို့လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်များသို့ လည်းကောင်း၊ သံရုံးများသို့လည်းကောင်း တိုင်ကြားစာများ ပေးပို့ ထားကြောင်း သိရသည်။

“ကျနော်တို့ အချုပ်ခန်းမှာ အမျိုးသမီး အချုပ်ခန်းနဲ့ အမျိုးသား အချုပ်ခန်းဆိုတာပဲ ရှိသေးတယ်။ မိန်းမလျာတွေအတွက် အချုပ်ခန်းဆိုတာ မရှိသေးဘူး။ အချုပ်သားတဦး အချုပ်ထဲ ၀င်မယ်ဆိုရင် သူ့ရဲ့ကိုယ်ခန္ဓာအနှံ့ကို လက်နက်ဖွက်ပြီး သယ်ဆောင်လာခြင်း ရှိ၊ မရှိဆိုတာမျိုးတွေ ရှာဖွေရတယ်။ နောက်ပြီး မိန်းမလျာတွေ ဖမ်းဆီးတဲ့အချိန်တုန်းက ကျနော်တို့က သူတို့ဝတ်လာတဲ့ အတွင်းခံအင်္ကျီတွေ၊ အတုတွေနဲ့ ဆံပင်အတုတွေကို ချွတ်ခိုင်းတယ်။ မဖွယ်မရာ ပုံစံမျိုးတွေကို ပြင်ဆင် ခိုင်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို အမျိုးသားတွေနေတဲ့ အချုပ်ခန်းမှာပဲ ထားမှာလေ။ ဒီလို ရှာဖွေတယ် ဆိုတာကလည်း ရဲလုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ သူတို့ကို စော်ကားတဲ့အပြုမူ မဟုတ်ပါဘူး” ဟု မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းက ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့ညက အဖမ်းခံခဲ့ရသည့် မိန်းမလျာတဦးက “ကျမတို့ဖာသာ ကျမတို့ ကျုံးဘေးမှာ ပျော်ရွှင်နေတာ။ မိန်းမလျာဆိုတော့ သဘာဝအတိုင်း အချင်းချင်းတွေ့ရင် စကြတယ်၊ နောက်ကြတယ်။ ဒါဟာ အများကို စိတ်အနှောင့်အယှက် ပေးတာမျိုးလို့ ပြောလို့ရပါ့မလား။ နောက်ပြီး မိန်းမလျာ မြင်တာနဲ့ စီးနေတဲ့ ဆိုင်ကယ်နောက်ကို အတင်းလိုက်ပြီး လက်ထိပ်ခတ်တာကတော့ သိပ်လွန်သွားတာပေါ့။ ကျမတို့မှာလည်း ကျမတို့ အခွင့်အရေး ရှိတယ်လေ။ အဲလောက်အထိ ကျမတို့ကို စော်ကားတာတော့ လက်မခံနိုင်ပါဘူး” ဟု ပြောသည်။

မန္တလေးတိုင်းရဲမှူး ဦးစိုးငြိမ်းကမူ မိန်းမလျာများကို ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ အများသူငါ သွားလာအပန်းဖြေနေသည့် နေရာများတွင် လိင်ကိစ္စနှင့် ပတ်သက်ပြီး မြူဆွယ်မှုများ ဆိုးရွားနေသည့်အတွက်နှင့် အမျိုးသမီးကဲ့သို့ ဝတ်စားဆင်ယင်ပြီး အကြမ်းဖမ်းမှုများနှင့် လုယက်မှုများ လုပ်ဆောင်နေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

ရဲမှူး ဦးစိုးငြိမ်းက “ပြီးခဲ့တဲ့ ၃ လလောက်ကကို မိန်းမလျာတယောက်က အမျိုးသားတဦးရဲ့ ရွှေထည်နဲ့ လက်ဝက်လက်စားတွေ လုပြီး ထွက်ပြေးသွားခဲ့တဲ့အမှု ဖြစ်ခဲ့သေးတယ်။ အမျိုးသားက မိန်းကလေးထင်ပြီး ခေါ်သွားတာ။ နောက်မှ မိန်းမလျာဆိုတာ သိရတယ်။ တကယ့်တကယ် သူတို့လုပ်နေတာတွေက ပြည့်တန်ဆာလိုမျိုး လုပ်နေတာ။ ခက်တာက သူတို့က ယောက်ျားတွေ၊ အဲဒီတော့ သူတို့ကို ပြည့်တန်ဆာအမှုနဲ့ ဖမ်းလို့ မရတဲ့တွက် ရဲဥပဒေဖြစ်တဲ့ ၃၅ (က) မှောင်ရိပ်ခိုမှုတို့၊ အယောင်ဆောင်မှု ဆိုတာတွေ တပ်ပြီး ဖမ်းရတာပါ” ဟု ပြောသည်။

ယမန်နေ့ညကလည်း မန္တလေးမြို့ ၁၉  လမ်းနှင့် ၆၆ လမ်းထောင့်တွင် လိင်ကိစ္စအတွက် မြှူဆွယ်နေသည်ဟု စွပ်စွဲကာ မိန်းမလျာ ၄ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မိန်းမလျာ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းအထဲမှ ၅ ဦးကို ရဲအက်ဥပဒေဖြင့် အရေးယူခဲ့ပြီး ကျန် ၉  ဦးကို ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် လိင်တူချစ်သူများပွဲ တခုတွင် တွေ့ရသည့် မိန်းမလျာများ (ဓာတ်ပုံ – ဂျေပိုင်)
ဧရာဝတီ
ရန်ကုန်မြို့တွင် ပြုလုပ်သည့် လိင်တူချစ်သူများပွဲ တခုတွင် တွေ့ရသည့် မိန်းမလျာများ (ဓာတ်ပုံ – ဂျေပိုင်)
ဧရာဝတီ
Tuesday, July 16, 2013

မန္တလေးမြို့တွင် ဇူလိုင်လ ပထမနှင့် ဒုတိယပတ်အတွင်းက မိန်းမလျာများကို ဖမ်းဆီး စစ်ဆေးစဉ် မဖွယ်မရာ ပြုမူဆက်ဆံမှုများအတွက် တာဝန်ရှိသည့် ရဲများကို တရားစွဲမည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင်အဆိုတော် ဆိုတေး နှစ်ရက်အတွင်း သတိပြန်မရပါက ဘန်ကောက်တွင် ကုသမည်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ဆိုတေးအားနှစ်ရက်အတွင်း သတိပြန်လည်
လာခြင်းမရှိပါက ဘန်ကောက်တွင် ဆက်လက်ကုသမှုခံယူနိုင်ရန် မိသားစုများနှင့် မိတ်ဆွေများက စီစဉ်နေ
ကြကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ လူရှင်းမောင်က မဇ္ဈိမသို့ ဇူလိုင် ၁၅ရက်က ပြောကြားလိုက်သည်။

ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး ကမိလို့ တရားစွဲခံရသူ အာမခံရပြီ

Photo: ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး ကမိလို့ တရားစွဲခံရသူ အာမခံရပြီ
Tuesday, July 16, 2013

အင်တာနက် စာမျက်နှာတွေပေါ်မှာ သရုပ်ဆောင် မင်းမင်းထွဏ်း ပါဝင်တဲ့ “ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း” ဆိုတဲ့ ဗီဒီယိုဖိုင်ကို ပြည်သူတဦးက တင်ခဲ့ရာကနေ စတင်ပြီး မင်းမင်းထွဏ်း၊ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ကြော်ငြာကုမ္ပဏီတို့ တရားစွဲဆို ခံရပေမယ့် အခု တရားရုံးက အာမခံပေးလိုက်ပြီလို့ သိရပါတယ်။

မင်းမင်းထွဏ်း၊ ဒါရိုက်တာ ဇော်ကိုကိုနဲ့ Mango ကြော်ငြာ ကုမ္ပဏီကို ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ရဲဝတ်စုံ သုံးစွဲမှု၊ တပ်ဖွဲ့ဂုဏ် ညှိုးနွမ်းစေမှုတို့အတွက် ပုဒ်မ (ပ) ၂၄၄/ ၁၃၊ ပုဒ်မ ၁၇၁/ ၅၀၀/ ၁၁၄ တို့နဲ့ တရားစွဲဆို အမှုဖွင့်ထားခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲ အမှတ် ၆ ဒုတိယတပ်ခွဲမှူး ဦးသာဌေးက ဧရာဝတီကို ပြောပါတယ်။

ရန်ကုန် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်၊ ဆူးလေမီးပွိုင့်မှာ Life and Dance အကအဖွဲ့ ခေါင်းဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲ ဝတ်စုံဝတ်ပြီး Vi Cee ဆေးပြား ကြော်ငြာကို ရိုက်ကူးနေစဉ်မှာ ပြည်သူတဦးက အမှတ်တရ ဗီဒီယို ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ တင်ခဲ့ရာက ပျံ့နှံ့ သွားခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမင်းထွဏ်းက ယာဉ်ထိန်းရဲဝတ်စုံကို ဝတ်ဆင်ပြီး Vi Cee ဆေးပြား ကြော်ငြာအတွက် သရုပ်ဆောင်ခဲ့တာကို ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးပြီး Mango ကြော်ငြာကုမ္ပဏီအတွက် ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ရဲမှူးကြီး ဦးသာဌေးက “ကျနော်တို့ဘက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇၁၊ ၅၀၀၊ ၁၁၄ တို့နဲ့ ဖွင့်ထားတာပါ။ ပြစ်မှုဆိုင်ရာ ၁၇၁ က ခွင့်ပြုချက် တစုံတရာ မရရှိဘဲနဲ့ ရဲဝတ်စုံကို ဝတ်ဆင်သုံးစွဲလို့၊ ပုဒ်မ ၅၀၀ ကတော့ တပ်ဖွဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုပါ။ အမှုဖွင့်ထားတာက ကတဲ့ မင်းမင်းထွဏ်းရယ်၊ ဒါရိုက်တာ လုပ်တဲ့ သူရယ်၊ ကြော်ငြာ ကုမ္ပဏီရယ်ပါ။ ကျောက်တံတား ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ဖွင့်ထားတာပါ” လို့ ရှင်းပြပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က အမှုဖွင့်ထားခဲ့ပေမယ့် အဲဒီအမှုမျိုးက ကိုယ်တိုင်ဝန်ခံချက်နဲ့ တောင်းရင်တောင် အာမခံပေးလို့ရတဲ့ အမှု ဖြစ်တာကြောင့် တရားစွဲဆိုတဲ့ ဇူလိုင် ၁၃ ရက်နေ့ကပဲ ရဲစခန်းက အာမခံပေးလိုက်ကြောင်း၊ ဒီနေ့ ဇူလိုင် ၁၆ ရက်နေ့မှာတော့ တရားရုံးကနေ အာမခံပေးလိုက်တာ ဖြစ်တဲ့အကြောင်း ကျောက်တံတားရဲစခန်းက ရဲအရာရှိတဦးက ဆိုပါတယ်။

သရုပ်ဆောင် မင်းမင်းထွဏ်းကို ဧရာဝတီက ဆက်သွယ်ခဲ့ပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်း ပိတ်ထားပါတယ်။

အဲဒီ ကြော်ငြာရိုက်ကူးမှုနဲ့ ပတ်သက်ပြီး Mango ကြော်ငြာကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးကတော့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“အခုတော့ အမှုရင်ဆိုင် နေတုန်းပါပဲ။ ဘယ်သူကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ အားလုံး ပြေလည်သွားအောင် ကြိုးစား နေပါတယ်။ အားလုံး အဆင်ပြေသွားရင် အကောင်းဆုံးဖြစ်မှာပါ” လို့ သူက ဆိုပါတယ်။

Vi Cee ဆေးပြားကြော်ငြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မော်ဒယ်လ် အမ်ဆိုင်းလူကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူ ဘာမှ မပြောချင်ဘူး၊ ကြော်ငြာမှာ သရုပ်ဆောင်အဖြစ် ခေါ်ရိုက်လို့ ရိုက်ခဲ့တာပါလို့ ပြောပါတယ်။

ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း ဆိုတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ဖူးတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးက “အဲဒီ ဗီဒီယိုကို ကြည့်တော့ ကြော်ငြာမှန်း မသိဘူး။ ဒါဟာ ကြော်ငြာပဲ ဖြစ်ဖြစ်၊ တကယ်ပဲ ဖြစ်ဖြစ် ယာဉ်ထိန်းရဲတွေကို မုန်းမသွားပါဘူး။ အဲဒီ ဖိုင်ကို ကြည့်ပြီး ချစ်ခင်စိတ်တောင် ဖြစ်သွားပါတယ်။ စိတ်အမောတောင် ပြေသေးတယ်” လို့ ဆိုပါတယ်။

Vi Cee ကြော်ငြာကို ဒါရိုက်တာဇော်ကိုကိုက ရိုက်ကူးခဲ့ပြီး ယာဉ်ထိန်းရဲ အဖြစ် မင်းမင်းထွန်းက သရုပ်ဆောင်ကာ၊ မော်ဒယ်လ် ဆန်းတိုးနိုင်၊ ရှိုင်းဝေယံ၊ Bobby Soxer၊ M ဆိုင်းလူ တို့က သရုပ်ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆိုရင် ယာဉ်ထိန်းရဲတွေ ကိုယ်တိုင်က ယာဉ်ကျောပိတ်ဆို့မှုကို ဖြေရှင်းရင်း ကျပ်ညပ်နေတဲ့ ကားတွေပေါ်က လူတွေ စိတ်မညစ်ရအောင်၊ စိတ်အပန်းပြေအောင် ကပြတာမျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ညဈေးတန်းမှာ ယာဉ်ထိန်းရဲတွေ ဂစ်တာတီး သီချင်းဆိုပြနေတာမျိုးလည်း ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာပြည်က အကဝိဇ္ဇာကတော့ ယာဉ်ထိန်းရဲဝတ်စုံ ဝတ်ပြီး ကမိလို့ တရားစွဲခံနေရပါပြီ။ အကမတော် တမှုလို့ပဲ ဆိုရလေမလား …။

ဧရာဝတီ

Tuesday, July 16, 2013

အင်တာနက် စာမျက်နှာတွေပေါ်မှာ သရုပ်ဆောင်မင်းမင်းထွဏ်းပါဝင်တဲ့ “ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း” ဆို
တဲ့ဗီဒီယိုဖိုင်ကို ပြည်သူတဦးကတင်ခဲ့ရာကနေစတင်ပြီး မင်းမင်းထွဏ်း၊ ရိုက်ကူးသူ ဒါရိုက်တာနဲ့ ကြော်ငြာ
ကုမ္ပဏီတို့ တရားစွဲဆို ခံရပေမယ့် အခု တရားရုံးက အာမခံပေးလိုက်ပြီလို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း သီယာဂို အယ်ကန်တာယာကို ခေါ်ယူခွင့်ရ

Photo: ဘိုင်ယန်မြူးနစ်အသင်း သီယာဂို အယ်ကန်တာယာကို ခေါ်ယူခွင့်ရ
Tuesday, July 16, 2013

ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းတို့သည် ကွင်းလယ် ကစားသမား သီယာဂိုအယ်ကန်တာယာ အတွက် ပေါင် ၂၁ ဒသမ ၆ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့သဖြင့် ထို စပိန် ကစားသမားသည် ဘွန်ဒက်လီဂါ ချန်ပီယံအသင်းထံသို့ သွားရောက် ပူးပေါင်းရတော့မည်ဖြစ်ကြောင်း The Sun ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ကလပ်အသင်း နှစ်သင်းကြား သဘောတူညီမှုတွင် ထိုကစားသမားကို လေးနှစ်အတွင်း ကစားရမည့် ချစ်ကြည်ရေး ပြိုင်ပွဲတွင် ထည့်သွင်း ကစားစေရမည်ဟု ထည့်သွင်း ချုပ်ဆိုထားကြောင်း ထပ်မံ ဖော်ပြထားသည်။

ဘိုင်ယန် ဒါရိုက်တာ မာသီးယပ်စ် ဆမ်းမားသည် ထိုကစားသမားကို အသင်းနှင့် အမြန်ဆုံး အထိုင်ကျမည်ဟု ယုံကြည်ထားပြီး ဥရောပ ချန်ပီယံ အသင်းအတွက် နည်းပြသစ် ဂွါဒီယိုလာ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သဖြင့် ဂုဏ်ယူမိကြောင်း ထပ်မံ ဖော်ပြခဲ့သည်။ 

ဘာကာ လူငယ် ကစားသမားသည် ရက်ပိုင်းအတွင်း အီရီနာကွင်းသို့ လာရောက်ကာ ဆေးစစ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ် ဇွန်လအထိ လေးနှစ်ကြာ သက်တမ်းရှိ စာချုပ်ကိုလည်း လာရောက် ချုပ်ဆိုတော့မည်ဖြစ်ကြောင်း ဘိုင်ယန်အသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ဘိုင်ယန် ဥက္ကဋ္ဌ ရွမ်မင်နစ်က “နည်းပြ သစ်ဂွါဒီယိုလာက သူ့တပည့်ဟောင်းကို ခေါ်ယူချင်တယ်လို့ ဆိုတဲ့ သူ့ရဲ့ အကြီးမားဆုံး ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ သဘောပါ” ဟု ဆိုခဲ့သည်။

သီယာဂိုကို မန်ယူအသင်း အပါအဝင် ဥရောပ အသင်းများက အသည်းအသန် ခေါ်ယူရန် ကြိုးစားနေမှုကို လက်ဦးမှု ရယူကာ ဘိုင်ယန် အသင်းက ကြားဖြတ် အမြန် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အီတလီနိုင်ငံ၌ မွေးဖွားခဲ့သူ သီယာဂိုသည် ၂၀၁၃ ခုနှစ် ဥရောပ ယူ ၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်း ခေါင်းဆောင်အဖြစ် အီတလီ အသင်းကို တစ်ဦးတည်း သုံးဂိုးသွင်းကာ ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့သည့် အသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

The Voice Weekly

Tuesday, July 16, 2013

ဘိုင်ယန်မြူးနစ်နှင့်ဘာစီလိုနာအသင်းတို့သည် ကွင်းလယ် ကစားသမား သီယာဂိုအယ်ကန်တာယာ အတွက်
 ပေါင်၂၁ ဒသမ ၆ သန်းဖြင့် သဘောတူညီမှု ရရှိခဲ့သဖြင့် ထို စပိန် ကစားသမားသည် ဘွန်ဒက်လီဂါ ချန်ပီယံ
အသင်းထံသို့ သွားရောက် ပူးပေါင်းရတော့မည်ဖြစ်ကြောင်း The Sun ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ဒေးဗစ်ဗီလာကိုချစ်တဲ့ အက်သလက်တီကို ပရိသတ်များ

Photo

အက်သလက်တီကို မက်ဒရစ် အသင်းက ၎င်းတို့၏ ကစားသမားသစ် ဒေးဗစ်ဗီလာကို တနင်္ဂနွေနေ့တွင် ပရိသတ်များနှင့် မိတ်ဆက်ခဲ့ရာ ပျော်ရွှင်နေသော ပရိသတ်များ ကွင်းထဲ ပြေးဝင်လာသဖြင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရကြောင်း သိရသည်။

မန္တလေးမြို့ ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် စကားများရာမှ ကိုရင်တပါးဓားထိုးခံရ

16-7-2013

စကားများရာမှ ကိုရင်တပါးအား ဓားဖြင့် ထိုးမှု ယနေ့နံနက်က ဘုရားကြီးအနောက်မုခ် ၈၄လမ်းပေါ်တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ကိုရင်အား ဓါးဖြင့်ထိုးသူကို---- ဗမာ/ဗုဒ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူမှာ မဟာမြတ်မုနိဘုရားကြီးအနောက်မုခ်
၈၄လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော 3D အင်တာနက်နှင့် နက်ဂိမ်းဆိုင်တွင် ညကတည်းက မူးပြီးအိပ်နေကြောင်း၊ မနက် ၆နာရီခွဲခန့်တွင် အဆိုပါမြို့နယ် ဓမ္မာစရိယအေးကျောင်းတိုက်မှ ကိုရင်ရှင်တိက္ခမှာ ဆွမ်းခံရင်း အပြန်တွင် ဂိမ်းဆိုသို့ဝင်ရာ ကို--နှင့်တွေ့ပြီး အရက်စော်နံကြောင်း ပြောရာမှ

ပဲခူးမြို့တွင် ယနေ့မနက်ပိုင်းက လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမိ

ပဲခူးမြို့ တောင်ငူလမ်း အလယ်တန်းကျောင်းရှေ့မှာရှိတဲ့ မြို့နယ် တရားရုံးဝန်းအတွင်းမှာ လက်ပစ်ဗုံးတစ်လုံးကို ဇူလိုင် ၁၆ရက် မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ပဲခူးမြို့ အမှတ်(၁)ရဲစခန်း တာဝန်ရှိသူတစ်ဦးကDVB ကိုပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားကျင်းပစဉ် လမ်းအချို့ကို ခေတ္တပိတ်ထားမည်..

Tuesday, July 16, 2013

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၆၆)နှစ်မြောက်၊ အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့
နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ် မည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့်နံနက်(၄)နာရီအချိန်မှအခမ်း
အနားပြီးဆုံးသည်အထိ လမ်းအချို့ကို ခေတ္တပိတ်ထားမည်ဟုရန်ကုန်တိုင်းဒေသ ကြီးယာဉ်စည်းကမ်းထိန်း
သိမ်းရေးကြီးကြပ်မှုကော်မတီက သတိပေးနှိုးဆော်ထားသည်။

" တိမ်မင်းသမီးရဲ့ဒဏ္ဍာရီရုပ်ရှင်ကားကြီး အထူးပွဲမှာ ငိုခဲ့ရတဲ့ နဝရတ်"

" တိမ်မင်းသမီးရဲ့ဒဏ္ဍာရီရုပ်ရှင်ကားကြီး အထူးပွဲမှာ ငိုခဲ့ရတဲ့ နဝရတ်"

“တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင် ဇာတ်ကားအထူးပွဲကို ဇူလိုင်လ ၇ ရက်နေ့ က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ငွေလမင်းထုတ်လုပ်ရေး ကရိုက်ကူးပြီးဝတ္ထု ရှင်မ၊ ငြိမ်းမင်းရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရဲအောင်၊ နေအောင်၊ ထွန်းထွန်း ဝင်း၊ ဟိန်းဝေယံ၊ မေ သဉ္ဇာဦး၊ ခင်မို့မို့အေး၊ ထွန်းအိန္ဒြာဗို၊ နဝရတ်တို့နဲ့ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းတို့ကရှုခင်းတွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နှစ်ကိုယ် ခွဲသရုပ် ဆောင်ရသလို စရိုက်နှစ်မျိုးကို ပီပြင်စွာသရုပ် ဆောင်ခဲ့တဲ့ နဝရတ်က..

“တအား လည်းပျော် ပြီးစိတ်လှုပ်ရှားတယ်။ အခုအထူးပွဲ ပြတော့လာကြည့်ကြတဲ့သူ တွေလည်းတအားကြိုက်တယ်ဆိုတော့နဝရတ်ပိုပြီး ခံစားရတယ်။ မျက်ရည် တောင် ကျရတယ်။ဝမ်းသာပီတိ ပေါ့။ ဒီကားကိုခဏ ခဏကြည့်ဖြစ်နေခဲ့တာ။ ဇာတ်ကားရိုက်တော့နောက်ဆုံးမှာ သီလရှင် ဝတ်တာကတကယ်ဝတ် လိုက်ပြီးဇာတ်ကား ပြီးတာနဲ့
လုံးဝအရုပ်ကြိုးပြတ်လိုပဲ နေ မကောင်းဖြစ်သွားတာ။

ဒီကားရိုက်ပြီး ၂ နှစ်လောက် အထိဘာဇာတ်ကားမှ မရိုက် နိုင်တော့ဘူးဖြစ်သွားတာ။ ကောင်းတယ်လို့ချီးကျူးတဲ့ အတွက်ဝမ်းသာတယ်။ ဒရာမာကားကလည်း ရှားလာပြီ ဆိုတော့ပရိသတ်ရင်ထဲ အနက်ရှိုင်းဆုံးကနေ အသိ အမှတ်ပြုရင် ကျေနပ်ပါပြီ။ ပရိသတ်မမြင်ရတာ ကြာပြီ ဖြစ်တဲ့ဒီလိုကားမျိုးကို ရိုက် ရတော့ကျေနပ်မိတယ်။ရိုက် ကူးမှုစရိတ်ကလည်းနှစ်ဆ ကုန်တယ်” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်မှာ လည်း ထူးခြားတဲ့ အဖြစ် အပျက်တွေနဲ့ တွေ့ကြုံခဲ့ရ တယ်လို့ အမှတ်တရပြောပြ တဲ့ နဝရတ်က” ဒီကားကို မိုးတွင်းကြီးရိုက်ရတာဆို တော့ မိုးညို့နေပြီဆို စက်အဖွဲ့တွေက တိမ်မင်းသ မီးရေလို့ အော်လိုက် တာနဲ့ ချက်ချင်း တိမ် တွေကအလိပ်အ လိပ်တွေဖြစ်ပြီး တအားလှသွား တယ်။ဇာတ်ကား နာမည်ကလည်း တအားစီးတယ်လေ။

ရိုက်နေ တုန်း မြေတွေဖြတ်သွားတာ၊ မခိုင်ကြီးရဲ့ခေါင်း အပေါ်မှာမြေတွေတွေ့တာ။ နောက်အိမ်ကို နဂါးပေါက် လေးတွေရောက်လာတယ်။ မြေက မီးခိုးရော င်သေးသေးလေး။ ညကျတော့ အမေက အိပ်မက်မက်တာ မြေမဟုတ် ဘူး။

နဂါးပါ။ နဝရတ်ကို နဂါးလက်စွပ် စွပ်ပေးလိုက်ပါဆိုပြီးမက်တာ။ နောက်အိမ်က Water Cooler ကြီးက ဝုန်းဆိုပေါက်ထွက်ပြီး ရေတွေအကုန်တစ်အိမ်လုံး စိုရွှဲကုန်တာ။ ဒါပေမဲ့ရေပြန် ထည့်တော့ ဘာမှမဖြစ်ဘူး။ အကောင်းကြီးပဲ။ စပြီးကန် တော့ပွဲပေးကတည်းကပေါ့။ ဒီလိုထူးထူးဆန်းဆန်းတွေနဲ့အဲဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးကို အကယ်ဒမီရစေ ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

အေးချမ်းမွန် Copy & Credit To >Popular Journal < Thank
Re-post By ACM 15-7-2013

“တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင် ဇာတ်ကားအထူးပွဲကို ဇူလိုင်လ ၇ ရက်နေ့ က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါ
တယ်။ ငွေလမင်းထုတ်လုပ်ရေး ကရိုက်ကူးပြီးဝတ္ထု ရှင်မ၊ ငြိမ်းမင်းရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရဲ
အောင်၊ နေအောင်၊ထွန်းထွန်းဝင်း၊ဟိန်းဝေယံ၊ မေ သဉ္ဇာဦး၊ ခင်မို့မို့အေး၊ ထွန်းအိန္ဒြာဗို၊ နဝရတ်တို့နဲ့ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

လူမည်း လူငယ်အား သတ်ခဲ့သူကို လွှတ်ပေး၍ အမေရိကတွင် ဆန္ဒပြပွဲ များဖြစ်၊ စိတ်အေးအေး ထားရန် သမ္မတ တိုက်တွန်း

လူမည်း လူငယ်အား သတ်ခဲ့သူကို လွှတ်ပေး၍ အမေရိကတွင် ဆန္ဒပြပွဲ
များဖြစ်၊ စိတ်အေးအေး ထားရန် သမ္မတ တိုက်တွန်း
Tuesday, July 16, 2013

လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော လူမည်း သွေးနှောသည့် ထရေဗန်မာတင်ကို သတ်ခဲ့သည့် ဂျော့ခ်ျဇင်မာမန်းကို အပြစ်မရှိကြောင်း အမေရိကန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည့်အတွက် တစ်တိုင်းပြည်လုံး အံ့အားသင့် စိတ်ဆိုးသွားခဲ့ပြီး လူမျိုးရေး မကျေနပ်မှုများကြောင့် ဆန္ဒပြပွဲ များ ဖြစ်ခဲ့ရာ သမ္မတ ဘားရက် အိုဘားမားက စိတ်အေးအေး ထားကြရန် တိုက်တွန်းသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။

စေတနာ့ ဝန်ထမ်း ညကင်းစောင့်ပေးသူ ဇင်မာမန်းသည် လူဖြူ-ပီရူး ဗီးယန်း သွေးနှောသူ တစ်ဦးဖြစ်ပြီး မာတင်ကို ရန်မူ သတ်ဖြတ်ခဲ့ခြင်းသည် လူမျိုးရေးအရ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်မိပါသည် ဟု ဂျော့ခ်ျဇင်မာမန်းက ယင်းသို့ ဆိုသည်။

ထောက်ခံသူများသည်လည်း လူမျိုးရေး ခွဲခြားသူများ ဖြစ်သည်ဟု ယူဆသူများက တရားခွင်ကို ကန့်ကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

အမေရိကန် မြို့တော်ကြီးများ ဖြစ်သည့် ဆန်ဖရန်စစ္စကို၊ ဖီလာဒယ်ဖီးယား၊ ချီကာဂို၊ ဝါရှင်တန်နှင့် အတ္တလန္တာတို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ကယ်လီဖိုးနီးယား အော့ကလန်တွင် ဆန္ဒပြသူများက ပြတင်းပေါက်များကို ရိုက်ခွဲခြင်း၊ ကားများကို ဓာတ်ငွေ့ဘူးများဖြင့် ပက်ဖျန်းခြင်း ပြုလုပ်ကြသည် များ ရှိခဲ့သော်လည်း ဆန္ဒပြသူ အများစုမှာ ငြိမ်းချမ်းစွာ ပြုကြခြင်းဖြစ်ပြီး ရဲကလည်း စောင့်ကြည့်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်း မိုးသည်းထန်နေစဉ်က ခြံဝင်း ကာထားသော ဖလော်ရီဒါ ဆန်ဖို့ဒ် လူနေ ရပ်ကွက်တွင် လုံခြုံရေး လုပ်ပေးနေသည့် အသက် ၂၉ နှစ် အရွယ် ဇင်မာမန်းက အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ် မာတင်နှင့် စကားများ ရန်ဖြစ်ကြပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းက ဖလော်ရီဒါ ရဲသည် ဇင်မာမန်းကို အရေးယူရန် ငြင်းဆန် ခဲ့သည့်အတွက် ဆန္ဒပြပွဲကြီးများ အမေရိကန် မြို့ကြီးများတွင် ဖြစ်ခဲ့ပြီးမှ ၂၀၁၂ ဧပြီလတွင် ဂျော့ဇင်မာမန်း အဖမ်းခံခဲ့ရပြီး လူသတ်မှုဖြင့် တရားစွဲဆို ခံရခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်ကလည်း အလားတူ လူမျိုးရေးနွယ်သည်ဟု ယူဆကြသော လူသတ်မှု တစ်ခုကြောင့် လော့အိန်ဂျလိစ်တွင် အဓိကရုဏ်း တစ်ရပ် ဖြစ်ခဲ့ဖူးသောကြောင့် တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းများက ယင်းသို့ ဖြစ်ပွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်ပေသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြည်သူများအနေနှင့် တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်းခဲ့ပြီး မာတင် သေဆုံးရခြင်းသည် အမေရိကအတွက် ဝမ်းနည်းဖွယ်ဖြစ်ရပ် ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စုသည် တရားဥပဒေ စိုးမိုးသည့် နိုင်ငံဖြစ်ကာ တရားသူကြီး တစ်ဦးက ဆုံးဖြတ်ပေးပြီးသားဖြစ်ကြောင်း သမ္မတက ဆိုသည်။

တရားစီရင်ချက် အမိန့်ထွက်လာပြီးနောက် အကြမ်းဖက်မှုများ ဖြစ်လာမည် ကို စိုးရိမ်သောကြောင့် တက်ကြွ လှုပ်ရှားသူများနှင့် ဒေသဆိုင်ရာ
 ခေါင်းဆောင်များကလည်း တည်ငြိမ်စွာ တုံ့ပြန်ကြပါရန် တိုက်တွန်း ထားကြသည်။

အခင်းဖြစ်ပွားရာ ဆန်ဖို့ဒ်တွင် တရားရုံးရှေ့၌ ရာပေါင်းများစွာသော လူအုပ်က ဆူညံစွာ ဆန္ဒပြနေကြပြီး အကြမ်းဖက်မှု မရှိပေ။

“ထွက်လာတဲ့ စီရင်ချက်ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဂျော့ဇင်မာမန်း ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာ ဖြစ်တဲ့အတွက် အပြစ် မရှိပါဘူး” ဟု ၎င်း၏ ရှေ့နေ မာ့ခ်အိုမာရာက ဆိုသည်။

“သေသွားတဲ့သူက လူဖြူဖြစ်ပြီးတော့၊ သတ်လိုက်တဲ့လူက လူမည်းဆိုရင် သူတို့ ဒီလို တရားသေ လွှတ်ပေးပါ့မလား” ဟု ဆန္ဒပြသူ တစ်ဦးက မေးခွန်း ထုတ်သည်။

The Voice Weekly

Tuesday, July 16, 2013
လက်နက် ကိုင်ဆောင်ထားခြင်း မရှိသော လူမည်း သွေးနှောသည့် ထရေဗန်မာတင်ကို သတ်ခဲ့သည့် ဂျော့ခ်ျ
ဇင်မာမန်းကို အပြစ်မရှိကြောင်း အမေရိကန် တရားသူကြီးက ဆုံးဖြတ်ခဲ့သည့်အတွက် တစ်တိုင်းပြည်လုံး အံ့
အားသင့်စိတ်ဆိုးသွားခဲ့ပြီးလူမျိုးရေးမကျေနပ်မှုများကြောင့်ဆန္ဒပြပွဲများ ဖြစ်ခဲ့ရာသမ္မတဘားရက်အိုဘားမား
က စိတ်အေးအေး ထားကြရန် တိုက်တွန်းသွားခဲ့ကြောင်းAFPသတင်း တစ်ရပ်က ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲတွင်း ပြစ်မှု ကျူးလွန်ခဲ့သူ အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်နှစ် ၉၀ ချ

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး စစ်ပွဲတွင်း ပြစ်မှု ကျူးလွန်ခဲ့သူ အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်နှစ် ၉၀ ချ
Tuesday, July 16, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သော ပြစ်မှု ငါးခုဖြင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိက အစ္စလာမ်မ္မစ်ပါတီ တစ်ခုဖြစ်သော Islamist Jamaat-e-lslami ပါတီခေါင်းဆောင်အဖြစ်၁၉၆၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်ထိ တာဝန်ယူခဲ့သူ ဂူလန် အာဇန်ကို စစ်ပွဲ ကာလအတွင်း လူအစုလိုက် အပြုံလိုက် သတ်မှု၊ မုဒိမ်းမှုများဖြင့် ဘင်္ဂလားဒေ့ရှ် စစ် ရာဇဝတ်မှု တရားရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်လိုက်ခြင်း ဖြစ်သည်။

၎င်းအပေါ် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ Islamist Jamaat-e-lslami ပါတီကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဂူလန်အာဇန်ကို ပြစ်ဒဏ် မချမှတ်ခင် ပဋိပက္ခဖြစ်ခဲ့ကြ သည်။

အသက် ၉၀ အရွယ် ရှိပြီဖြစ်သော ဂူလန်အာဇန်သည် လူသား မျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်မှုပေါင်း ၆၀ ကျော်ဖြင့် အမှု ရင်ဆိုင်ခဲ့ရပြီး အဆိုပါ စစ်ပွဲ ကာလအတွင်း ရက်စက်မှုများ ဖြစ်ပွားစေခဲ့သည့် ပြည်သူ့စစ် များ ထူထောင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့မှုနှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက် ပြည်သူ့စစ် အဖွဲ့ များ ထူထောင်ခဲ့မှုတွင် ဂူလန်အာဇန် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကြောင့် ၎င်းကို သေဒဏ် ပြစ်ဒဏ် ချမှတ် သင့်ကြောင်း အစိုးရ ရှေ့နေများက ပြောကြားသည်။

သို့သော် ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများသည် သတင်းစာများတွင် ပါဝင်သည့် ယင်းအချိန်က ၎င်းပြောကြားခဲ့သည့် မိန့်ခွန်းများ အပေါ်တွင်သာ မူတည်၍ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်တွေ့ သက်သေပြနိုင်ခြင်း မရှိကြောင်း ဂူလန်အာဇန်၏ ရှေ့နေများက ပြောကြားသည်။

ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အထွေထွေသပိတ် ဆင်နွှဲရန် Islamist Jamaat-e-lslami ပါတီက လှုံ့ဆော်ထားသည်။

ဂူလန်အာဇန်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှု တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ သည့် ဇန်နဝါရီလမှ စ၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၀၀ ကျော် ခန့် သေဆုံးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၁၉၇၁ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုးလကြာ စစ်ပွဲတွင် လူပေါင်း သုံးသန်းခန့် သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် တရားဝင် မီဒီယာများက ဖော်ပြကြပြီး သီးခြား လွတ်လပ်သော သုတေသီများကမူ လူ ငါးသိန်းခန့်သာ သေဆုံးသည်ဟု ဆိုကြသည်။

The Voice Weekly

Tuesday, July 16, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၇၁ ခုနှစ်က ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးစစ်ပွဲ ကာလအတွင်း ကျူးလွန်ခဲ့သော
 ပြစ်မှုငါးခုဖြင့်ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ကို ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ကြောင်း ဘီဘီစီ
 သတင်းတွင် ဖော်ပြထားသည်။

ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား



ဇူလိုင်-၁၅၊ ၂၀၁၃

လန်ဒန်- လူမှုအကျိုးပြုဆောင်ရွက်မှုများတွင် လန်ဒန်မြို့တော်သူမြို့တော်သားများ ချိတ်ဆက်မိကာ မွတ်စလင်မ်ပရဟိတအဖွဲ့တစ်ဖွဲ့သည် အစ္စလာမ်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများကို ပြုပြင်ရန်နှင့် ကြားအတားအဆီးများကို ချေဖျက်ရန် အိမ်ရာမဲ့များနှင့် အခြားလူမှု အသိုင်းအ၀န်းများအတွက် အထူးဝါဖြေပွဲများကို စီစဉ်ကျင်းပလိုက်သည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံသို့ ရောက်ရှိ


UK Trip1
သမ္မတဦးသိန်းစိန်အား ဆန္ဒပြရန် ပြင်ဆင်နေသူများ
ဇူလိုင် ၁၅၊ ၂၀၁၃

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ ၁၄ ရက်နေ့ ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီခွဲမှာ အင်္ဂလန်နိုင်ငံ Heathrow လေဆိပ်ကို ဆိုက်ရောက်လာခဲ့ကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ဦးဘရန်ရှောင်အမှု ၁၀ ကြိမ်မြောက် ရုံးချိန်း

16.7.2013

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့ တရားရုံးတွင် သမီးသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး ပေးပါရန် နိုင်ငံတော်သမ္မတနှင့် လူ့အခွင့်အရေး ကော်မရှင်သို့ တင်ပြခဲ့သည့် ဖခင်ဦးဘရန်ရှောင်သည် ဇူလိုင် ၁၅ ရက်တွင် ၁၀ ကြိမ်မြောက် တရားရင်ဆိုင် ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀ ကျော် သောင်တင်နေ

Tuesday, July 16, 2013

မြ၀တီမြို့တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၄၅၀၀ ကျော် သောင်တင်နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ကရင်ပြည်နယ် ဦးစီးမှူး ဦးအောင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

ငါဘာကိုပူပင်နေတာလဲ?


I keep six honest serving-men(They taught me all I knew)Their names are What and Why and When
And How and Where and Who.(Rudyard Kipling)
ကျတော်တို့ဟာ ဘ၀မှာ အမျိုးမျိုးသော ပူပင်သောကတွေ၊ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းကြရပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ အဲဒီနည်းလမ်းလေးကတော့ အဆင့်သုံးဆင့်ပါဝင်ပါတယ်။

အရည်အသွေးပိုင်း စိတ်ချရတယ်ဆိုတဲ့ Samsung Original Battery Dock

Photo: အရည်အသွေးပိုင်း စိတ်ချရတယ်ဆိုတဲ့ Samsung Original Battery Dock
Monday, July 15, 2013

Samsung ဖုန်းတွေထဲမှာ လူကြိုက်များတဲ့ ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Samsung Note 2 နဲ့ Samsung Galaxy S3 အတွက် ဈေးနှုန်း သင့်တင့်တဲ့ Samsung Original Battery Dock တွေကို ညွှန်ပေးချင်ပါတယ်။ ဘက်ထရီ နှစ်လုံး ဆောင်ထားတဲ့ သူတွေအတွက် အားသွင်းရတာ အဆင်ပြေသလို အလွယ်တကူ သယ်ဆောင်သွားနိုင်မှာပါ။ 

ဘက်ထရီဖြုတ်ပြီး အားမသွင်းချင်သူတွေ အတွက် ဖုန်းကို Dock လေးမှာ ထောင်ပြီး အားသွင်းနိုင် Battery Dock နဲ့ ဘက်ထရီဖြုတ် အားသွင်းရတဲ့ Battery Dock နှစ်မျိုးရှိပြီး ဘက်ထရီ မဖြုတ်ဘဲ အားသွင်းလို့ရတဲ့ Battery Dock လေးက ဈေး အနည်းငယ် ပိုတာ တွေ့ရပါတယ်။ ဒီ Samsung Original Battery Dock လေးက ဟောင်ကောင်ထုတ်ဖြစ်ပြီး အရည်အသွေးပိုင်း စိတ်ချရတယ် ဆိုတဲ့အတွက် ညွှန်ပေးလိုက်တာပါ။ ဝယ်ယူချင်တယ်ဆိုရင် ဖုန်းအမျိုးအစားနဲ့ Battery Dock ပေါ် မူတည်လို့ ကျပ် ၁၀,၀၀၀ ကနေ ၁၃,၀၀၀ ကျပ်အထိ ရှိပြီး Accessories Time အမှတ် ၁၃၈၊ ၃၄ လမ်း(အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉-၇၃၀၅၄၁၉၅ မှာ ဝယ်ယူနိုင်ပါလိမ့်မယ်။

The Voice Weekly

Monday, July 15, 2013

Samsung ဖုန်းတွေထဲမှာ လူကြိုက်များတဲ့ ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Samsung Note 2 နဲ့ Samsung Galaxy S3 အတွက် ဈေးနှုန်း သင့်တင့်တဲ့ Samsung Original Battery Dock တွေကို ညွှန်ပေးချင်ပါတယ်။ ဘက်ထရီ နှစ်လုံး ဆောင်ထားတဲ့ သူတွေအတွက် အားသွင်းရတာ အဆင်ပြေသလို အလွယ်တကူ သယ်ဆောင်သွားနိုင်မှာပါ။

iDevice တွေမှာ အသုံးပြုနိုင်မယ့် Headphone

Photo: iDevice တွေမှာ အသုံးပြုနိုင်မယ့် Headphone
Monday, July 15, 2013

iDevice တွေဖြစ်တဲ့ iPod, iPhone, iPad စတဲ့ Apple ပစ္စည်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် UE 900 headphone လေးကို ညွှန်ပေးချင်ပါတယ်။ Quad-armature design နဲ့ ပြုလုပ်ထားပြီး Custom-Turned Driver လေးခု ပါဝင်တာ တွေ့ရပါတယ်။ ဒီ Headphones လေးက အသံ အရည်အသွေး ကောင်းမွန်တာ တွေ့ရပြီး ကြိုးနှစ်ခု ပါဝင်ပါတယ်။ Volume/Track Control ပါဝင်ပြီး ဖုန်းနဲ့ အသုံးပြုတဲ့အခါ Answer/End Calls တွေကို ဖုန်းကိုင်စရာ မလိုဘဲ ပြုလုပ်နိုင်မယ့် ကြိုး တစ်ကြိုးနဲ့ သီချင်း နားထောင်ဖို့အတွက်ပဲ သီးသန့် ပြုလုပ်နိုင်တဲ့ ကြိုး တစ်ကြိုး ပါရှိတဲ့အတွက် iPhone အတွက်နဲ့ တခြား iDevice တွေအတွက် ကြိုး နှစ်ကြိုး သီးသန့်ခွဲ အသုံးပြုနိုင်မှာပါ။ ထူးခြားချက်က Headphone တွေနဲ့ သီချင်း နားထောင်တဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ နား နာကျင်မှုကို မဖြစ်စေဘဲ သက်သောင့် သက်သာ အသုံးပြုနိုင်ဖို့ နားအရွယ်အစား အမျိုးမျိုးအတွက် အဆင်ပြေပြေ လည်း သုံးနိုင်မယ့် Ear Cushions ရှစ်ခု ပါဝင်တာပါ။ ခရီးထွက်တဲ့အခါ မှာလည်း အလွယ်တကူ သယ်ဆောင် သွားနိုင်ဖို့ Travel Pouch လည်း ပါဝင်ပါသေးတယ်။ ဒီ Headphones လေးအတွက် အာမခံ တစ်နှစ် ပေး ထားပြီး ကျပ် ၁၀၀,၀၀၀ ဝန်းကျင်နဲ့ e-city အမှတ် ၈၀၉၊ မဟာဗန္ဓုလလမ်း (၁၁ လမ်းထောင့်) လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၁-၂၂၄၃၆၀ နဲ့ e-city ဖုန်းဆိုင် တော်တော်များများမှာ ဝယ်ယူနိုင်ပါလိမ့်မယ်။

The Voice Weekly

Monday, July 15, 2013

iDevice တွေဖြစ်တဲ့ iPod, iPhone, iPad စတဲ့ Apple ပစ္စည်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် UE 900 headphone လေးကို ညွှန်ပေးချင်ပါတယ်။ Quad-armature design နဲ့ ပြုလုပ်ထားပြီး Custom-Turned Driver လေးခု ပါဝင်တာ တွေ့ရပါတယ်။

Privacy ရှိရှိ ဖုန်းအသုံးပြုချင်သူတွေအတွက် Privacy Screen Protector

Photo: Privacy ရှိရှိ ဖုန်းအသုံးပြုချင်သူတွေအတွက် Privacy Screen Protector
Monday, July 15, 2013

ဖုန်းနဲ့ပတ်သက်တဲ့ Accessories တွေ မျိုးစုံ ထွက်ရှိလာတဲ့အထဲက အခု ညွှန်ပေးချင်တာကတော့ h Privacy Screen Protector လေးတွေကိုပါ။ Privacy လို့ ဆိုထားတဲ့အတိုင်း ကားစီးနေရင်းပဲဖြစ်ဖြစ် တခြား Public နေရာမှာ ဖုန်းအသုံးပြုတဲ့အခါမှာ ကိုယ်ဘာသုံးနေတယ် ဆိုတာကို ဘေးကနေ ကြည့်တဲ့အခါ ဖုန်းမျက်နှာပြင်ကို မမြင်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီ Privacy Screen Protector လေးကို အသုံးပြုထားမယ်ဆိုရင် ဖုန်းကို အတည့် အနေအထားကနေ ကြည့်မှသာ မြင်ရပြီး ဘေးကလူက တစ်စောင်း အနေအထား ကြည့်မယ်ဆိုရင် အမည်းရောင်ကိုပဲ မြင်ရမှာပါ။ ဒီ Privacy Screen Protector လေးတွေက i Phone 5/ 4/4s၊ Samsung Galaxy S4/S3/S2၊ Note 2၊ i Pad 2/3/4 နဲ့ i Pad Mini တွေအတွက် ဝယ်ယူနိုင် မှာပါ။ဝယ်ယူချင်တယ်ဆိုရင် ဖုန်းအမျိုးအစားပေါ် လိုက်လို့ ကျပ် ၅၀၀၀ ကနေ ကျပ် ၈၀၀၀ အထိ ကျသင့်မှာဖြစ်ပြီး Accessories Time အမှတ် ၁၃၈၊ ၃၄လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၉-၇၃၀၅၄၁၉၅ မှာ ဝယ်ယူနိုင်ပါလိမ့်မယ်။

The Voice Weekly

Monday, July 15, 2013

ဖုန်းနဲ့ပတ်သက်တဲ့ Accessories တွေ မျိုးစုံ ထွက်ရှိလာတဲ့အထဲက အခု ညွှန်ပေးချင်တာကတော့ h Privacy Screen Protector လေးတွေကိုပါ။ Privacy လို့ ဆိုထားတဲ့အတိုင်း ကားစီးနေရင်းပဲဖြစ်ဖြစ် တခြား Public နေ
ရာမှာ ဖုန်းအသုံးပြုတဲ့အခါမှာ ကိုယ်ဘာသုံးနေတယ် ဆိုတာကို ဘေးကနေ ကြည့်တဲ့အခါ ဖုန်းမျက်နှာပြင်ကို မမြင်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

"ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ ဗီဒီယိုအကယ်ဒမီအပေါ် သဘောထား"

Photo: "ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ ဗီဒီယိုအကယ်ဒမီအပေါ် သဘောထား"
Monday, July 15, 2013

" ၁၈နှစ်အောက်မကြည့်ရ" လို့ အမည်ပေးထားတဲ့ ဗီဒီိယိုဇာတ်ကားကို ဒါရိုက်တာဦးညီညီထွန်းလွင်က ဇူလိုင်လမကုန်မီသရုပ် ဆောင်နေတိုး၊ သဉ္ဇာနွယ်ဝင်းတို့ နဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

" ၁၈နှစ်အောက် မကြည့်ရ" ဗီဒီယိုဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာ ဖြစ်တဲ့ ဒါရိုက်တာဦးညီညီထွန်းလွင်ကို ဗီဒိယိုဇာတ်ကားတွေကို အကယ်ဒမီ ပေးသွားမယ့် အပေါ်ဘယ်လိုသဘော ထားရှိပါသလဲလို့ မေးကြည့်တော့" ကျွန်တော်ကတော့ အဲဒါလေးကို သဘောကျပါတယ်။ ဘာပဲပြောပြောဗီဒီယိုအတွက် အသစ်အဆန်းလေးတစ်ခုဖြစ်တာပေါ့။

ပရိသတ်တွေအတွက် ဗီဒီယိုကားတွေအပေါ်မှာ စိတ်ဝင်စားမှုတစ်ခု တိုးလာတာပေါ့။ ပေးတာတွေတော့ မှား သလား၊မှန်သလားဆိုတာတော့
မပြောတတ်ဘူးပေါ့။ အပြုသ ဘောဆောင်တာကိုတော့ သဘောကျတယ်။ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ပေးပုံ၊ပေးနည်းနဲ့ ပတ်သက်ရင်တော့ မပြောတတ်ဘူး။ ရုပ်ရှင်အကယ်ဒမီတောင်မှ အတော်လေးကို ဝိဝါဒကွဲပြီးတော့ သဘောမကျတာတွေက များနေတယ်လေ" လို့ ပြောပြလာပါတယ်။

ဗီဒီယို အကယ်ဒမီကို ပရိသတ်ရွေးချယ်ပေးမှုပုံစံနဲ့လုပ်ထားတာ ရှိတဲ့အပေါ်ကို ကောဘယ်လိုမြင်မိပါသလဲလို့ ဒါရိုက်တာ ညီညီထွန်းလွင်ကို ဆက်မေးတော့ " ပရိသတ် ရွေးချယ်ပေးတယ် ဆိုရင် ပိုတောင်မှ ကောင်းသေးတယ်။ ပရိသတ်တွေက ဇာတ်ကားတိုင်းလည်း ကြည့်တယ်။ ဝါသနာရှင်တွေပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက ပရိသတ်နဲ့
အနုပညာပိုင်းဆိုင်ရာကျတော့ ရာခိုင်နှုန်းလေးတော့ ခွဲထားရင် ကောင်းတာပေါ့။ တစ်ခါတလေပရိသတ် ကြိုက် တာတော့ မှန်တယ်။ အနုပညာ အရည်အသွေးကိုပေတံနဲ့တိုင်း
မယ်ဆိုရင်တော့ သိပ်မမှန် တတ်ဘူး။

ပရိသတ်က ကြိုက် ချင်ကြိုက်မှာပဲ။ အနုပညာ အရည်အသွေး မမြင်ဘူး။ အဲဒီ အပေါ်မှာတော့ခွဲထားပြီး ပရိသတ်အကြိုက် ပရိသတ်ဆန္ဒဆိုတဲ့ရာခိုင် နှုန်း ဆိုပြီးတော့ပေါ့။ အဲဒါဆိုရင်တော့ ပိုကောင်းလာမယ်။ ပရိသတ်နဲ့ အကဲဖြတ်ရာခိုင်နှုန်းခွဲထားဖို့ လိုအပ်မယ်" လို့ အကြံပြု ပြောကြားသွားခဲ့ပါတယ်။

ထက်လူလူ
Popular Journal

Monday, July 15, 2013

" ၁၈နှစ်အောက်မကြည့်ရ" လို့ အမည်ပေးထားတဲ့ ဗီဒီိယိုဇာတ်ကားကို ဒါရိုက်တာဦးညီညီထွန်းလွင်က ဇူလိုင်လမကုန်မီသရုပ် ဆောင်နေတိုး၊ သဉ္ဇာနွယ်ဝင်းတို့ နဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"ဒီမိုကရေစီနဲ့ ပရိသတ်တွေရဲ့ရွေးချယ်ကြည့် ရှုနိုင်မှုအပေါ် ဒါရိုက်တာ ညိုမင်းလွင်သုံးသပ်"

Photo: "ဒီမိုကရေစီနဲ့ ပရိသတ်တွေရဲ့ရွေးချယ်ကြည့် ရှုနိုင်မှုအပေါ်
ဒါရိုက်တာ ညိုမင်းလွင်သုံးသပ်"
Monday, July 15, 2013

ဗီဒီယိုဇာတ်ကားတွေရိုက်ကူး တိုင်း ဇာတ်ကားတစ်ကားနဲ့တစ် ကားမတူအောင် ဇာတ်လမ်း အဆန်းတွေ အမြဲတမ်းတင် ဆက်ပြသနေသလိုပဲ ဇာတ်ကား ကိုကြည့်လိုက်တဲ့
ပရိသတ်တွေ ကိုလည်း အမြဲတမ်း ပဟေဠိဖွက် တတ်တဲ့ ဒါရိုက်တာကတော့ ညိုမင်းလွင်ပဲ ဖြစ်ပါတယ်။ ဇာတ်ကားတွေရိုက်တိုင်း ပဟေ ဠိဝှက်တတ်တဲ့ ဒါရိုက်တာ ညို မင်းလွင်ကို ဘယ်လိုစိတ်ကူး လေးတွေနဲ့ လုပ်ဖြစ်သွားလဲ ဆိုတာ မေးကြည့်တော့..

" အဓိကကတော့ ကျွန် တော့် ဇာတ်လမ်းကို ကြည့်တဲ့ပရိသတ်တွေ အမှတ်တရဖြစ် အောင်လို့ စိတ်ကူးမိတာပါ။ ပရိသတ်တွေနဲ့လည်း ရင်းရင်း နှီးနှီးတွေ့ဆုံချင် တာလည်းပါတဲ့ အတွက်ကြောင့် ဒီလိုပဟေဠိ လေးတွေ လုပ်ဖြစ်ခဲ့တာပါ" လို့ ပြောပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကို ဇာတ်ကားတစ်ကားကောင်းဖို့အတွက် ဘာ တွေ အဓိကလိုအပ်မလဲဆိုတာနဲ့ပတ်သက်ပြီး မေးတော့

" ဇာတ်ကားတစ်ကားရိုက်ရင် ဘာတွေလိုအပ်မလဲ ဆိုတာကိုတော့ ခြုံပြီးပြောလို့မရပါဘူး။ လိုအပ်တာကတော့ အများကြီးပါ။ သူ့နေရာနဲ့ သူလိုအပ်ကြ တာပဲ"လို့ပြော ပါတယ်။ အခုခေတ်ရဲ့ တိုးတက်လာမှုတွေနဲ့အတူ ဇာတ်ကားတွေမှာလည်း ဇာတ်လမ်း၊ ဇာတ်ကောင် စရိုက်အရလိုအပ်လို့ပြတယ်ဆိုရင် ဒီထက်မ က ပြသင့်ရင်ပြရမှာပဲလို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

 " ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ ဒါ ဒီမိုကရေစီဆိုရင် ဖန်တီးတဲ့သူကလည်း လွတ်လပ်စွာ ဖန်တီးတယ်။ ကြည့်တဲ့သူ ကလည်း လွတ်လပ်စွာ ဆုံးဖြတ် ပြီးကြည့်နိုင်တယ်။ မကြိုက်ရင် မကြည့်ကြဘူးပေါ့။ ဇာတ်ကောင်အရ ပြဖို့လိုအပ်တယ် ဆိုရင်တော့ ဒီထက်မ ကတောင် ပြရမှာပဲ။ ကျွန်တော်က ပရိသတ်တွေအတွက် အမြဲတမ်း စဉ်းစားပြီးရိုက်ဖြစ်ပါတယ်" လို့ ခေတ်နဲ့လိုက်လျောညီထွေစွာ ရိုက်ကူးသင့်ကြောင်း ဒါရိုက်တာ ညိုမင်းလွင် က ပြောပါ တယ်။ Password ဇာတ်ကားက ပရိသတ်ကြားမှာ အောင် မြင်မှုရရှိထားတဲ့ကားလေးဖြစ် တဲ့အတွက်ကြောင့် Password ကို ဆက်ရိုက် သွားဖို့ ရှိကြောင်း လည်း ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal

Monday, July 15, 2013

ဗီဒီယိုဇာတ်ကားတွေရိုက်ကူး တိုင်း ဇာတ်ကားတစ်ကားနဲ့တစ် ကားမတူအောင် ဇာတ်လမ်း အဆန်းတွေ အမြဲတမ်းတင် ဆက်ပြသနေသလိုပဲ ဇာတ်ကား ကိုကြည့်လိုက်တဲ့
ပရိသတ်တွေ ကိုလည်း အမြဲတမ်း ပဟေဠိဖွက် တတ်တဲ့ ဒါရိုက်တာကတော့ ညိုမင်းလွင်ပဲ ဖြစ်ပါတယ်။

Windows RT တက်ဘလက် ဒေါ်လာ ၁၅၀ လျှော့ရောင်း

Photo: Windows RT တက်ဘလက် ဒေါ်လာ ၁၅၀ လျှော့ရောင်း
Monday, July 15, 2013

Windows RT OS များကို ထည့်သွင်းထားသည့် Microsoft Surface တက်ဘလက်များကို တစ်လုံးလျှင် ယခင် သတ်မှတ်ဈေးအောက် ဒေါ်လာ ၁၅၀ ခန့် ထပ်မံ လျှော့ချကာ အွန်လိုင်းက တစ်ဆင့် ရောင်းချနေကြောင်း Latinos Post သတင်းတွင် ဖော်ပြထားသည်။

Surface တက်ဘလက် 32GB တစ်လုံးလျှင် ယခင် ဒေါ်လာ ၅၀၀ ခန့်ဖြင့် ရောင်းချနေရာမှ ယခုရောင်ဈေး ၃၄၉ ဒသမ ၉၉ ဒေါ်လာ ဟု ပြင်ဆင် ရောင်းချနေခြင်း ဖြစ်သည်။

ဈေးလျှော့ရောင်းမည့် ကာလသည် ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အတွင်းဖြစ်ပြီး http://weeklyad.staples.com/ တွင် မှာယူ ရရှိနိုင်မည် ဖြစ်သည်။

Surface တက်ဘလက်များတွင် ကီးဘုတ်နှင့် တွဲသုံးပါက တက်ဘလက် ပုံစံ ဖြစ်သွားပြီး၊ ယခုရောင်းချမည့် တက်ဘလက်တွင် ကီးဘုတ် မပါဝင်ကြောင်း ထည့်သွင်း ကြော်ငြာထားသည်။

Surface တက်ဘလက်များကို နှစ်မျိုး ထုတ်ထားပြီး 32GB ကို ၃၄၉ ဒသမ ၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ 62GB ကို ၄၄၉ ဒသမ ၉၉ ဒေါ်လာဖြင့် လည်းကောင်း ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

မြင်ကွင်း ၁၁ လက်မခွဲရှိသည့် Surface တက်ဘလက်များသည် resolution အနေဖြင့် 1,366 x 768 pixel အထိ တင်နိုင်ပြီး၊ ပရိုဆက်ဆာမှာ quad-core Nvidia Tegra 3 ကို အသုံးပြုထားသည်။RAM 2GB နှင့် Wi-Fi 802.11 a/b/g/n ဆက်သွယ်ရေး စနစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။

The Voice Weekly

Monday, July 15, 2013

Windows RT OS များကို ထည့်သွင်းထားသည့် Microsoft Surface တက်ဘလက်များကို တစ်လုံးလျှင် ယခင် သတ်မှတ်ဈေးအောက် ဒေါ်လာ ၁၅၀ ခန့် ထပ်မံ လျှော့ချကာ အွန်လိုင်းက တစ်ဆင့် ရောင်းချနေကြောင်း Latinos Post သတင်းတွင် ဖော်ပြထားသည်။

မြန်မာဖက်သို့ ပို့ဆောင်နေသော လက်နက်မှောင်ခိုအဖွဲ့ ထိုင်းဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်မြို့နယ်၌ လက်နက်မှောင်ခိုမှု တစ်ခုကို ယနေ့ မနက်ပိုင်းမှာ ဖမ်းဆည်း ရမိသည်ဟု ခရိုင် အုပ်ချုပ်ရေးမှူးများက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ထုတ်ဖေါ်ပြသခဲ့ပါသည်။

မိတ္ထီလာတွင် ကျောင်းသားငယ် တစ်ဦးအား မွတ်စလင်ဖြစ်ကြောင်း သိရှိသွားသဖြင့် ကျောင်းအပြန်တွင် ဒုတ်ဖြင့်ရိုက်နှက်မှု့ဖြစ်ပွား

မိတ္ထိလာမြို့ ခရိုင်အားကစားကွင်း ဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦးအား ဇူလိုင်လ ၁၀ ရက်နေ့ ကျောင်း အပြန်တွင် မွတ်စ်လင်မ်ဖြစ်ကြောင်း သိရှိ သွားသဖြင့် ရိုက်နှက်တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော ကြောင့် ယနေ့တွင် အဆိုပါ စခန်းမှ အစ္စလာမ် ဘာသာဝင်ကျောင်းသား တစ်ရာကျော် ကျောင်း မတက်ကြောင်း မိတ္ထီလာမြို့ခံ တစ်ဦးက မြန်မာမွတ်စ်လင်မ်မီဒီယာ သို့ ပြောသည်။

အဆိုတော် ဆိုတေး ကျန်းမာရေး စိုးရိမ်နေရဆဲ

ဆိုတေး ကျန်းမာရေး စိုးရိမ်နေရဆဲ
Author: 
သက်စုအောင်၊ အေးမွန်ရာပြည့်

မန္တလေး၊ ဇူလိုင် ၁၅ - ကားမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အဆိုတော် ဆိုတေးရဲ့ ကျန်းမာရေးဟာ ယခုချိန်အထိ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေပြီး စိတ်ချရတဲ့ အခြေအနေ မရောက်သေးဘူးလို့ မန္တလေးဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ယနေ့ နေ့လယ် ၁း၃၀ နာရီမှာ ပြောပါတယ်။
“လောလောဆယ်တော့ အထူးကြပ်မတ်ကုသဆောင်ထဲမှာ အသက်ရှူ ကိရိယာ အကူအညီနဲ့ ထားထားတယ်၊ ခေါင်းထဲမှာ ထိခိုက်ဒဏ်ရာများတယ်၊ ဒဏ်ရာပြင်းထန်တော့ ဆေးနဲ့မှိန်းနေတုန်းပဲ၊ နောက်နှစ်ရက် သုံးရက်လောက် အခြေအနေကြည့်ပြီးမှ အတိအကျ ထပ်ပြောနိုင်မယ်၊ အခု အခြေအနေက ကောင်းတဲ့ဘက်က ၃၀ ရာခိုင်နှုန်း၊ ဆိုးတဲ့ဘက်က ၇၀ ရာခိုင်နှုန်း ရှိတယ်၊ သတိပြန်ရလာမယ်၊ အသိတရားပြန်ရလာမယ်ဆိုရင် ကောင်းတဲ့အခြေအနေ ရပြီ ပြောနိုင်တယ်” လို့ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ပြောပါတယ်။
အဆိုတော်ဆိုတေး လိုက်ပါလာတဲ့ ကားဟာ ယခုလ ၁၄ ရက်နေ့ နေ့လယ် ၁၂း၃၀ နာရီက ရန်ကုန်- မန္တလေးအမြန်လမ်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆိုတေးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။
ဆိုတေးရဲ့ အဖေဘက်မှ ဆွေမျိုးတော်စပ်သူ ဆိုတေးရဲ့ ဦးလေး ဦးရဲမြင့်အောင်က “စဖြစ်တဲ့နေ့ကထက်စာရင်တော့ ဆိုတေးအခြေအနေ အများကြီး တိုးတက်လာပါတယ်”လို့ ယနေ့ နေ့လယ်က ဆက်သွယ်မေးမြန်းရာမှာ ပြောကြားပါတယ်။
Date: 
Monday, July 15, 2013

အေးချမ်းမွန် Copy & Credit To >Kumudra< Thank
Re-post By ACM 15-7-2013

မန္တလေး၊ ဇူလိုင် ၁၅ - ကားမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အဆိုတော် ဆိုတေးရဲ့ ကျန်းမာရေးဟာ ယခုချိန်အထိ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေပြီး စိတ်ချရတဲ့ အခြေအနေ မရောက်သေးဘူးလို့ မန္တလေးဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ယနေ့ နေ့လယ် ၁း၃၀ နာရီမှာ ပြောပါတယ်။

ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေသူ စစ်တွေမြို့မှ ရှေ့နေ ဦးကျော်လှအောင်ကို ဖမ်းဆီးခံရ

15.7.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့နေ အသက် ၇၄ နှစ် အရွယ်ရှိ ရှေ့နေ ဦးကျော်လှအောင် အားယနေ့ နေ့လည် ၁၂ နာရီ ခန့်တွင် လာရောက် ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

ကံကြမ္မာအပေါ်မူတည်နေသည့် မီးအိမ်ရှင်

ကံကြမ္မာအပေါ်မူတည်နေသည့် မီးအိမ်ရှင်

မီးအိမ်ရှင်သီချင်းဖြင့် လူသိများအောင်မြင်လာသည့် တေးသံရှင် ဆိုတေး၏ကျန်းမာရေးအခြေအနေမှာ ၎င်း၏ကုသိုလ်ကံ ပေါ်တွင် မှီခိုနေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးကဆိုသည်။

“ သူ့ခေါင်းကကြေသွားတာမဟုတ်တဲ့အတွက် ခွဲစရာတော့မလိုဘူး ၊နောက်ပြီးခေါင်းထဲမှာ ရှိတဲ့သွေးကြောတွေ ပေါက်ခြင်းပြုခြင်း မရှိတဲ့အတွက် တော်သေးတယ်ပြောရမယ် ၊ဦးနှောက်အဆံချောင် သွားတာပေါ့ ” ဟု အဆိုပါခွဲစိတ်ဆရာဝန်ကြီးက ပြောသည်။

အဆိုပါရောဂါသည် အိပ်ရာထဲတွင် ၄၅ရက်နေပြီးမှ ဒုတိယ ၄၅ရက်အတွင်းသက်သာလာမည်ဖြစ်ပြီး ကျန်းမာရေးပြန် လည်ကောင်းမွန်ရန်မှာ ကာယကံရှင်၏ ကုသိုလ်ကံသာဖြစ်သည်ဟု အဆိုပါ ဆရာဝန်က ဆက်ပြောသည်။

“ ပုံမှန်အတိုင်းဆေးထိုးဆေးသွင်းပဲ လုပ်လို့ရမယ် ၊အသက်ရှုစက်တပ် ထားတယ်ဆိုပေမယ့် နှစ်လုံးခုန်နှုန်းတို့ ဘာတို့ ကောင်းနေတယ် ၊ကျွန်တော်တို့အတွေ့အကြုံအရ ဆိုရင် ကောင်းလာဖို့ မျှော်လင့်ပါတယ် ” ဟုဆရာဝန်ကြီးက ဆက်ပြောသည်။

တေးသံရှင်ဆိုတေးအား မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကု သဆောင်တွင် ကုသနေခိုက်ဆိုတေး၏ ပရိတ်သတ်များက လာရောက်စောင့် ဆိုင်းလျှက်ရှိကြောင်းသိရပြီးလူနာအား တွေ့ခွင့်တောင်းခံနေကြကြောင်း
ဆေးရုံကြီးမှကျန်းမာရေးဝန်ထမ်းများက ဆိုသည်။

“ မနက်ကတည်းက တောက်လျှောက်လာနေတာပဲ ၊ Facebook မှာသေပြီဆိုပြီးသတင်းတွေတက်လာတော့ ပိုဆိုးသွားတယ် ” ဟု အဆိုပါ အမျိုသမီးကျန်းမာရေးဝန်ထမ်းကပြောသည်။

ဆိုတေး၏ကျန်းမာရေးအတွက် ပိုမိုသိရှိရန် ကာယကံရှင်၏မိသားစုဝင်များနှင့် ဆက်သွယ်ခဲ့ပြီး ကြတ်မပ်ဆောင်အတွင်း လူနာစောင့်နေသော တေးသံရှင် ဆိုတေး၏ အကိုဖြစ်သူက ဖြစ်စဉ် အကျဉ်းကိုယခုလို ပြောကြားခဲ့သည်။

“ တောင်သာမှာလုပ်တဲ့ ဖိုးချစ်ပွဲမှာ သီချင်းဆိုဖို့သွားတာပါ ၊ရန်ကုန်ကထွက်သွားတော့ သူကိုယ်တိုင်မောင်း သွားတယ် ၊ လမ်းတစ်ဝက်ကျမှ လူလဲပြီးမောင်းသွားတာပါ ၊ ကားက အာမခံထားထားပါတယ် ၊ ဒါတွေကိုတော့ကျွန်တော်တို့ အတိအကျမသိသေးပါဘူး သူသတိပြန်လည်လာမှပဲ ကားအာမခံကိစ္စဆက်လုပ် ဖြစ်မယ်ထင်တယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး Facebook စာမျက်နှာတွင်ပျံ့နှံ့နေသော ဆိုတေး၏ဇနီးဖြစ်သူချောချောမှာ ကွယ်လွန်သွားပြီးဟု ဖေါ်ပြနေမှု အပေါ်တေးသံရှင်ဆိုတေး၏မိသားစုဝင်များက ငြင်းဆိုခဲ့ပြီး ဆိုတေးမှာအိမ်ထောင်မရှိသေးကြောင်း ပြောဆိုခဲ့သည်။

“ ဆုံးသွားတဲ့ချောချောက ဆိုတေးရဲ့အမျိုးသမီးမိတ်ဆွေဖြစ်တယ် Facebook မှာအများရေးနေကြသလို ဆိုတေးရဲ့ ဇနီးဆိုတာမဟုတ်ပါဘူး ” ဟု ကာယကံရှင်ဆိုတေး၏မိသားစုဝင်များက ပြောကြားခဲ့သည်။

မြစ်မခမီဒီယာ


မီးအိမ်ရှင်သီချင်းဖြင့် လူသိများအောင်မြင်လာသည့် တေးသံရှင် ဆိုတေး၏ကျန်းမာရေးအခြေအနေမှာ ၎င်း
၏ကုသိုလ်ကံ ပေါ်တွင် မှီခိုနေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး
ကဆိုသည်။

သင်္ဃန်းကျွန်း မိချောင်းကန်ကနေ ပြောင်းရွှေ့ခံရသူများကို နေရာသစ်မှာ ၆ လသာနေခွင့်ပေးမည်

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်ကနေ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်ကို ပြောင်းရွှေ့ခံလိုက်ကြရသူတွေဟာ အဲဒီနေရာသစ်မှာ ခြောက်လကြာပဲ နေထိုင်ကြရမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အကြောင်းကြားတယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော မိတ္ထီလာကန်စပ် ဘုရားအနီးတွင် သေနတ်များရှာတွေ့ ယမန်နေ့ကလည်း ရှာဖွေမှု ဖြစ်ပွား

အစ္စလာမ်ဘာသာဝင်များအပေါ်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သောမိတ္ထီလာမြို့တွင်တရုတ်နိုင်ငံထုတ် သေနတ်
တစ်လက် အပါအ၀င် ပိုင်ရှင်မဲ့ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။