Pages

Pages - Menu

Tuesday, July 16, 2013

ယူကေမွတ်စလင်မ်များ အိမ်ခြေမဲ့သူများနှင့် ရမဿွာန်လမြတ်ကို မျှဝေခံစား



ဇူလိုင်-၁၅၊ ၂၀၁၃

လန်ဒန်- လူမှုအကျိုးပြုဆောင်ရွက်မှုများတွင် လန်ဒန်မြို့တော်သူမြို့တော်သားများ ချိတ်ဆက်မိကာ မွတ်စလင်မ်ပရဟိတအဖွဲ့တစ်ဖွဲ့သည် အစ္စလာမ်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများကို ပြုပြင်ရန်နှင့် ကြားအတားအဆီးများကို ချေဖျက်ရန် အိမ်ရာမဲ့များနှင့် အခြားလူမှု အသိုင်းအ၀န်းများအတွက် အထူးဝါဖြေပွဲများကို စီစဉ်ကျင်းပလိုက်သည်။

“ကျွန်တော်တို့ ဒီရမဿွာန်လှုပ်ရှားမှုကို အစ္စလာမ်နဲ့ပတ်သက်ပြီး လူတွေမှာ ရှိနေတဲ့ အထင်အမြင်လွဲမှားမှုများကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ပါတယ်”ဟု လန်ဒန်တက္ကသိုလ်၏ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာလေ့လာမှု ကျောင်း(SOAS)မှ ကျောင်းသားဟောင်း အိုမရ်စလ်ဟ က ဇူလိုင်လ၊ ၁၁ရက်နေ့က ဘီဘီစီ (BBC) သတင်းဌာနကို ပြောကြားခဲ့ပါသည်။

“ဒါပေမယ့် ဒါက လူ့အသိုင်းအ၀န်းတွေအားလုံးကို ပိုပြီး လူသားဆန်တဲ့ မျှချေတစ်ခုမှာ ချိတ်ဆက်မိစေတာလည်းပဲ ဖြစ်ပါတယ်။
ဒါဟာ မွတ်စလင်မ်တွေနဲ့ လန်ဒန်မြို့သားတွေဖြစ်ကြတဲ့ ကျွန်တော်တို့ ရမသွာန်လမြတ်ရဲ့ စိတ်ဝိညာဉ်နဲ့ ပိုပြီးကျယ်ပြန်တဲ့ လန်ဒန်မြို့ လူ့အသိုင်းအ၀န်းတွေကို ကျွေးမွေးပြုစုဖို့ အခွင့်အရေးသာလျှင် ဖြစ်ပါတယ်” ဟု သူက ထပ်ပြောခဲ့သည်။

လန်ဒန်မြို့အလယ်ပိုင်း Bloomsburyမှ SOAS ကျောင်းရှိ ရမဿွာန်ရွက်ဖျင်တဲတွင် ကျင်းပခဲ့သော အထူးဝါဖြေပွဲများကို ဗြိတိန်နိုင်ငံအ၀န်းရှိ မွတ်စလင်မ်လူမှုရေးလှုပ်ရှားသူများမှ လူမှုရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ စလ်ဟ က ပထမဦးဆုံး အကြံပေးခဲ့ခြင်းဖြစ်ပါသည်။
ဝါဖြေပွဲကို ဦးစီးကျင်းပသော သူ၏ အတွေ့အကြုံမှာ SOAS ကျောင်းသားများအတွက် သူဦးစီကျင်းပပေးခဲ့သော ၂၀၁၁ခုနှစ်မှ စသည်။

ဤ၀ါဖြေပွဲတွင် ပါဝင်ဆင်နွဲသူများသည် အစားအစာများကို လန်ဒန်မြို့လယ် Holbornရှိ ပြည်သူ့ရင်ပြင်ကြီးရှိ လင်ကွန်း Inn ကွင်းပြင်များမှ အိမ်ရာမဲ့များကို ကျွေးမွေးခဲ့ကြသည်။

ဤအတွေ့အကြုံက စလ်ဟ ကို St Mungo’s အိမ်ရာမဲ့များကို လှူဒါန်းမှုမျိုးကဲ့သို့ စားသောက်ဆိုင်များနှင့် တစ်ဦးချင်းအလှူရှင်များ၏ အကူအညီဖြင့် ယခုနှစ် ရမသွာန်တစ်လလုံး ပိုပြီး စနစ်တကျဖြစ်သော လှုပ်ရှားမှုများကို ဖန်တီးရန် တွန်းအားဖြစ်စေပါသည်။

သူ့အတွက် ဤ၀ါဖြေပွဲများသည် အစ္စလာမ်ကို အဆိုးမြင်ပုံဖော်မှုများကို ဖယ်ရှားရန်နှင့် မွတ်စလင်မ်များအ
တွက် လန်ဒန်မြို့တော် ကောင်းခြင်းအတွက် မည်သို့ပါဝင်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးပါလှပါသည်။

“St Mungo’sက နေထိုင်တဲ့သူအချို့ သူတို့အိမ်တွေမှာ ကျွန်တော်တို့ ကြော်ငြာတွေကို တွေ့မြင်ခဲ့ကြပြီး လာရောက်ခဲ့ကြပါတယ်” ဟု စလ်ဟ က ပြောပြခဲ့ပါသည်။

“အစပိုင်းမှာ သူတို့ ဘယ်သူတွေဆိုတာကို ပြောဖို့ တုန့်နှေးနေကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ အိမ်ရာမဲ့တွေကို ကူညီပေးကမ်းရတာကို ပြောရွှင်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။”အစ္စလာမ့်ပြက္ခဒိန်၏ အမြင့်
မြတ်ဆုံး ရမဿွာန်လမြတ်သည် ဗြိတိန်တွင် ဇူလိုင် ၁၀ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပါသည်။

ရမသွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စလင်မ်များသည် စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်သောက်ခြ
င်းနှင့် သံဝါသတို့ကို အရုဏ်ဦးမှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြပါသည်။

ဥပုတ်သီလစောင့်ထိန်းခြင်းသည် မွတ်စလင်မ်တို့ကို သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် နာမ်ပိုင်း
ဆိုင်ရာ အဆင့်မြှင့်တင်ခြင်းစသည်တို့ကို သင်ကြားပေးသည်မည်ပါသည်။ဝတ်ပြုခြင်း၊ကျမ်းတော်မြတ် ကုရ်
အာန်ကို ရွတ်ဖတ်သရဇ္ဇယ်ခြင်းနှင့် ကောင်းမှုများကျင့်ဆောင်ခြင်းတို့ဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရ
ရှိရန် နှစ်မြှုပ်ထားသော လမြတ်အချိန်ခါလည်းဖြစ်ပါသည်။လမြတ်ကာလအတွင်း မွတ်စလင်မ်အများစုကြီး
သည် ဆင်းရဲသားများနှင့် လိုအပ်နေသူများကို ဇကားသ်ဆင်းရဲသားဒါနကြေး ပေးရန် အခြားလများထက် ပို
မိုနှစ်သက်ကြပါသည်။

ရှင်သန်သက်ဝင်စေသော အတွေ့အကြုံ

ဝါဖြေပွဲကို တက်ရောက်ခြင်းဖြင့် များစွာသော မွတ်စလင်မ်မဟုတ်သူများကို ရမဿွာန်လမြတ်မှ မွတ်စလင်
မ်တို့၏ အထူး ထုံးတမ်းစဉ်လာများ၏ နွေးထွေးမှုကို ထိတွေ့ခွင့် ရရှိစေခဲ့ပါသည်။

“ဒီအခမ်းအနားက သူတို့နဲ့ မတူကွဲပြားတဲ့ ယုံကြည်သက်ဝင်မှုနဲ့ ယဉ်ကျေးမှုကို လူတွေအနေနဲ့ ထိတွေ့
လေ့လာခွင့် ရရှိစေပါတယ်” ဟု ဆွစ်ဇလန်မှ ဒေးဗစ်မူလာက ပြောပြခဲ့ပါသည်။“ပိုမိုများပြာတဲ့လူတွေက ဒီ
ဟာကို နှစ်သက်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင်းလည်း ဒီစုစည်းတွေ့ဆုံးမှုက တန်ဖိုးရှိပါ
တယ်။”

အမေရိကားမှ Alyna Rogow က ဤအတွေ့အကြုံသည် ပညာရကြောင်း သိခဲ့ရသည်။“စွန်ပလွံသီးစားခြင်း
ဟာ အရေးကြီးတယ်ဆိုတာကို သိခဲ့ရပါပြီ”ဟု Rogow က ပြောပြခဲ့ပါသည်။“ဒါပေမယ့် ရမဿွာန်ရဲ့ အခေါ်
အဝေါ်တွေနဲ့ပတ်သက်ပြီး ပိုမို သင်ယူပြီးပါပြီ။ ဒီနေ့ ဒီနေရာလေးက အသိုက်အ၀န်းလေးကို တကယ့်ကို နှစ်
သက်မိပါတယ်။ ပြီးတော့ ဘယ်လို လုပ်အားပေးခဲ့တယ်၊ ဘယ်လိုလှူဒါန်းခဲ့တယ်ဆိုတာကို လူတွေကို ပြောပြ
ဖြစ်ခဲ့ပါတယ်။”

သူတို့ရဲ့ အောင်မြင်မှု အတွေ့အကြုံကို တွေ့မြင်ခဲ့ပြီး လှုပ်ရှားမှုသည် ပိုမိုကြီးထွားလာမည်ဖြစ်ပြီး လန်ဒန်၏ အရေးကြီးသော အမှတ်အသားများတွင် ပါဝင်လာမည်ကို မျှော်လင့်ခဲ့ကြောင်း စလ်ဟ က ပြောပြခဲ့ပါသည်။
“လူနေမှုဘ၀ပေါင်းစုံမှ လူအများနဲ့ လူမှုအသိုင်းအ၀န်းအားလုံးတို့နဲ့ Trafalgar ရင်ပြင်မှာ ၀ါဖြေကြဖို့ ကျွန်
တော်တို့ မျှော်လင့်ချက် ထားထားပါတယ်။”

“အဲ့ဒါဟာ လန်ဒန်မြို့ရဲ့ အသွင်မတူကွဲပြားမှုတွေပေါ်မှာ ကြီးမားတဲ့ ပြန်လှန်လေးစားမှုကို ဖော်ဆောင်ရာ ဖြစ်
လာပါလိမ့်မယ်။”ဗြိတိန်နိုင်ငံသည် လူသန်းပေါင်း ၂.၇ သန်းခန်ရှိ များပြားသော မွတ်စလင်မ် လူနည်းစု၏ အမိမြေ ဖြစ်ပါသည်။

M-Media , RangonNewsDaily
kolatt (Pabedan): 15.7.2013

No comments:

Post a Comment