Pages

Pages - Menu

Tuesday, July 16, 2013

ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေသူ စစ်တွေမြို့မှ ရှေ့နေ ဦးကျော်လှအောင်ကို ဖမ်းဆီးခံရ

15.7.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့နေ အသက် ၇၄ နှစ် အရွယ်ရှိ ရှေ့နေ ဦးကျော်လှအောင် အားယနေ့ နေ့လည် ၁၂ နာရီ ခန့်တွင် လာရောက် ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။
ဦးကျော်လှအောင် သည် စစ်တွေမြို့ လောကနန္ဒာ စေတီရှေ့ တွင်နေထိုင် ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ဇွန်လက ၎င်း၏ အိမ်ကို အကြမ်းဖက် သမား များက မီးရှို့ ဖျက်ဆီး လိုက်၍ ယခု အခါ သက်ကယ်ပြင် ရွာတွင် နေထိုင် လျက် ရှိသည်။ နယ်သာလန် နိုင်ငံ အခြေစိုက် AZG တွင် အုပ်ချုပ်ရေး အရာရှိ အဖြစ် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် နှစ်က အကြမ်းဖက် မှုများ ဖြစ်ပွားပြီးနောက် မဟုတ် မမှန် စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင် ခံခဲ့ရ သေးသည်။

စစ်တွေမြို့တွင် ကျော်ကြားသည့် ရှေ့နေ တစ်ဦး ဖြစ်ပြီး နိုင်ငံတကာမှ အဖွဲ့ အစည်းများ၊ သံတမန် များလာလျှင် အမြဲတစေ တွေ့ဆုံ၍ မွတ်စလင် ဒုက္ခသည် များ၏ အခြေ အနေမှန်ကို ၎င်းထံမှ စုံစမ်း လေ့ရှိပြီး၊ ဧပြီလ ၂၆ ရက် နေ့တွင် ဖြစ်ပွား ခဲ့သော ရိုဟင်ဂျာ ဒုက္ခသည် များနှင့် နစက ၀န်ထမ်း များအကြား ပဋိပက္ခ နောက်ပိုင်းတွင် ၎င်းအား ဖမ်းဆီး ရန် လိုက်လံ ရှာဖွေ ခဲ့ကြောင်း သိရှိ ရသည်။

ဦးကျော်လှအောင်သည် ကျန်းမာရေး မကောင်းသောကြောင့် မိမိ၏ နေအိမ်တွင် အနားယူ လျက်ရှိသည့် အချိန်တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးနှင့် အရပ်သား နှစ်ဦးမှ ၉ဃ/ ၁၅၅၉ ဆာဗ် အပြာ ရောင် တစ်စီးဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။ ခေါ်ဆောင် သွားသည့် အချိန်တွင် ကျန်းမာရေး ချို့ယွင်း နေမှုကြောင့် လမ်းပင် လျှောက်၍ မရသည့် အခြေ အနေတွင် ရှိကြောင်း သတင်း ရရှိပါသည်။

(ဓါတ်ပုံ - IRIN)
RB News , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013

No comments:

Post a Comment