Pages

Pages - Menu

Monday, June 10, 2013

ဧရာဝတီတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား (၁၀)ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ်မည် ..

ဧရာဝတီတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား (၁၀)ဦးကိုဂျပန်နိုင်ငံကို စေလွှတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံမှ ဇွန်လ (၉)ရက်နေ့က သိရသည်။ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ပြည်သူ့ဆက်ဆံရေး အလုပ်ရုံ
ဆွေးနွေးပွဲ (Public Relation Work Shop)၌ မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မှာ သမီးပြေသုဒြာနဲ့အတူ မိသားစုအတွက် အချိန်ပေး အနားယူဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်

ပြင်ဦးလွင်မှာ သမီးပြေသုဒြာနဲ့အတူ မိသားစုအတွက် အချိန်ပေး အနားယူဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်

====================================
 အနုပညာအလုပ်တွေကို ခေတ္တရပ်နားလိုက်ပြီဖြစ်တဲ့ အိန္ဒြာ ကျော်ဇင် ကခင်ပွန်းဖြစ်သူ ပြေတီဦး ဇာတ်ကားသွားရိုက်တဲ့ ပြင်ဦးလွင် မြို့ကို   ပြေသုဒြာလေးနဲ့အတူ လိုက် သွားခဲ့ပါတယ်။ သမီးလေးအတွက် အချိန်ပေးရင်း အနားယူဖြစ်ကြောင်း ကို အိန္ဒြာကျော်ဇင်က..

 ”သမီးလေးနဲ့အတူ အနား လည်း ယူဖြစ်တယ်။ သွားတာလာ တာကအစ သမီးနဲ့အတူတူပဲ။ ကိုပြေတီဦးက ရှုတင်သွားတယ်။ သူပြန်ရောက် လာလို့ ရှိရင် သူတင်း နစ်ရိုက်တာကိုလိုက်သွားဖြစ်တယ်။တင်းနစ်ရိုက်ပြီးပြန်လာရင် ညဘက် မုန့်တွေထွက်စားကြတယ်။ ဒါမှ မဟုတ်လည်းအူဝဲတို့တည်း တဲ့ နေရာ မှာပဲချက်စားကြတယ်။ ရန်ကုန်မှာ ဆိုရင် တခြားအလုပ်တွေ နည်းနည်း ရှုပ်တယ်။ ဒီမှာက ပိုပြီး လွတ်လပ် တယ်။ အူဝဲကလည်း သမီးနား မှာပဲ အချိန် ပြည့်နေချင်တာဆိုတော့ ကိုယ်နေချင်သလို၊ကိုယ်ဖြစ်ချင် သလို နေလို့ရတယ်” လို့ ပြောပြီး သမီးလေး က အခုဆိုရင်စကားတွေ လည်း တော် တော်လေးတတ်နေပြီဖြစ်ပြီး အားလုံး ကို သင်ယူနေတဲ့ အရွယ်ဖြစ်တာ ကြောင့် အနီးကပ်ပြုစုစောင့်ရှော က် ပေးနေရကြောင်းပြော ပါတယ်။ မိခင် တစ်ယောက်ရဲ့ တာဝန်၊အိမ်ထောင် ရှင်မ တစ်ယောက်ရဲ့ တာဝန်တွေကို ပို ပြီးဆောင်ရွက်ဖြစ်နေပြီး ခင်ပွန်း ဖြစ်သူပြေတီဦးအ တွက် ဖက်ရှင်ပိုင်း ကိုလည်း ပံ့ပိုးပေးဖြစ်တယ်လို့ အိန္ဒြာ ကျော်ဇင်က ပြောပါတယ်။

Read More >>> http://popularmyanmar.com/mpaper/?p=70908


အနုပညာအလုပ်တွေကို ခေတ္တရပ်နားလိုက်ပြီဖြစ်တဲ့ အိန္ဒြာ ကျော်ဇင် ကခင်ပွန်းဖြစ်သူ ပြေတီဦး ဇာတ်ကား
သွားရိုက်တဲ့ ပြင်ဦးလွင် မြို့ကို ပြေသုဒြာလေးနဲ့အတူ လိုက်သွားခဲ့ပါတယ်။သမီးလေးအတွက် အချိန်ပေးရင်း
 အနားယူဖြစ်ကြောင်း ကို အိန္ဒြာကျော်ဇင်က.. ”သမီးလေးနဲ့အတူ အနား လည်း ယူဖြစ်တယ်။ သွားတာလာ တာကအစ သမီးနဲ့အတူတူပဲ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရည်ရွယ်ချက်ခြင်းတူ၍ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ရန်ကုန်၊ ဇွန်- ၉
ရည်ရွယ်ချက်ခြင်း၊ လုပ်ဆောင်ချက်ခြင်းတူညီသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်
သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောသည်။

အများပြည်သူဝန်ဆောင်မှု မီဒီယာအသွင်ပြောင်းမည့် မြန်မာ့မီဒီယာလောက

Photo: အများပြည်သူဝန်ဆောင်မှု မီဒီယာအသွင်ပြောင်းမည့် မြန်မာ့မီဒီယာလောက
Monday, June 10, 2013

ပြီးခဲ့တဲ့ မေလ၊ ဟောင်ကောင်တက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Media Forum တက်ရောက်ဖို့ ခရီးသွားတုန်းက မေလ ၂၅ ရက်နေ့ညမှာ ဟောင်ကောင် FCC မှာ AAJA (ASIAN AMERICAN JOURNALISTS ASSOCIATION) က သတင်းစာဆရာအချို့နဲ့ ညစာ စားရင်း စကားလက်ဆုံကြ ဖြစ်ခဲ့ပါတယ်။ 

အဲဒီမှာမြန်မာပြည်ရဲ့ အပြောင်းအလဲတွေနဲ့ အစိုးရပိုင်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မေးမြန်းကြတယ်။ 

ကျွန်မအနေနဲ့ တွေ့ကြုံနေရတဲ့ ပြောင်းလဲမှုတွေအကြောင်း၊ ရှေ့ဆက်ဖြစ်နိုင်တာတွေနဲ့ မြန်မာပြည်မီဒီယာ လောက အခြေအနေတွေကို ပြောပြဖြစ်ပါတယ်။ 

အဲဒီမှာ မေလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို   ဖော်ပြထားတာတွေ့ရတော့ မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အစိုးရပိုင် မီဒီယာကနေ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းတော့မယ်ဆိုတာ ၀မ်းသာအားရ   ပြောဖြစ်လိုက်ပါသေးတယ်။ 

အားလုံးကလည်း သတင်းကောင်းတစ်ခုလို တကယ့်ကို အံ့သြတဲ့အကြောင်း ပြောကြတယ်။ ဘာဖြစ်လို့လဲလို့   မေးကြည့်တော့ အစိုးရပိုင် မီဒီယာကနေ PSM( Public Services Media) လို့ ခေါ်တဲ့ပြည်သူ့ဝန်ဆောင်မှု မီဒီယာကို မြန်မာပြည်က တကယ်ပဲ ပြောင်းလဲမယ်ဆိုတာ အံ့သြလိုက်တာလို့ ထိုင်းအခြေစိုက် AP သတင်း ထောက်တစ်ဦးက ပြောပါတယ်။ 

သူတို့ကျင်လည်နေတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံတော်တော်များများမှာတောင် မဆောင်ရွက် နိုင်သေးတာ၊ ဒီမိုကရေစီ ၂ နှစ်သား ပဲ ရှိသေးတဲ့ မြန်မာပြည်အနေနဲ့ ဖြစ်ပါ့မလားလို့ ပြောပြီး သူက ရယ် ပါတယ် ။ သူပြောတဲ့ လေသံနဲ့ရယ်သံက မြန်မာပြည်ကို အထင်သေးတာလည်းပါတယ်၊ ပြီးတော့ မဖြစ် နိုင်ဘူးလို့ ယုံကြည်နေပုံလည်း ရပါတယ်။ 

ပြီးတော့ သူက စစ်အစိုးရလက်ထပ်တုန်းက သတင်းစာတွေကို ၀ါဒဖြန့်ချိရေးအတွက် အသုံးချခဲ့တာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ ဖြစ်နိုင်ပါ့မလား၊ သူက မြန်မာပြည် သတင်းတွေကို တစိုက်မတ်မတ်ရေးသားလာခဲ့တဲ့ သူလို့ ပြောပါတယ်။ 

ကျွန်မအနေနဲ့ ဥပဒေကြမ်းတောင် ထွက်ပါပြီလို့ အစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ သတင်းစာပုံနှိပ်လုပ်ငန်းတွေနဲ့ အသံလွှင့်၊ ရုပ်သံလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား စတာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအနေနဲ့ ပြောင်းလဲတော့မယ့် အကြောင်း၊ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးတာနဲ့ တစ်နှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်းပြောတော့ သတင်းစာဆရာအများစုက အံ့သြနေကြပါတယ်။ 

သူတို့နဲ့ အဲဒီလို ပြောနေတုန်း VOA အင်္ဂလိပ်ပိုင်းက၊ ဟောင်ကောင်မှာ နေထိုင်တဲ့ သတင်းစာ ဆရာ တစ်ယောက် ၀င်ပြောပါတယ်။ မြန်မာပြည်ရဲ့ အပြောင်းအလဲက နှစ်နှစ်အတွင်းမှာ သွေးမြေမကျဘဲ   ပြောင်းလဲခဲ့တာကို   တွေ့ရတဲ့အတွက် အံ့သြ၀မ်းသာရကြောင်းနဲ့ ၊လက်ရှိ မြန်မာအစိုးရအနေနဲ့ မီဒီယာပိုင်းမှာ အပြောင်းအလဲတွေလုပ်နေတာကို တွေ့ရကြောင်း၊ မီဒီယာပိုင်းမှာလည်း စာပေစီစစ်ရေး ဖြုတ်လိုက်ခြင်းနဲ့ ပုဂ္ဂိုလ်က သတင်းစာတွေ ထုတ်ဝေခွင့်ပြုခြင်းတွေအပြင် ပြည်ပအခြေစိုက်မီဒီယာတွေဖြစ်တဲ့ DVB၊ RFA လို မီဒီယာတွေကိုလည်း ပြည်တွင်း ၀င်ခွင့်ပေးပြီး လုပ်ကိုင်ခွင့်ပြုထားတာ တွေ့ရတဲ့အတွက် နိုင်ငံတော်ပိုင် မီဒီယာတွေကို PSM လို့ ခေါ်တဲ့ Public Service Media အဖြစ် ပြောင်းလဲမယ်ဆိုတာကို ယုံကြည်ကြောင်း၊ အားပေးကြောင်း ပြောပါတယ်။

အများစုကလည်း စိတ်ဝင်စားလာချိန်မှာ ဂျပန်သတင်းစာဆရာတစ်ယောက်ကလည်း ကျွန်မတို့ တိုင်းပြည်လို တိုင်းရင်းသားတွေအများကြီး ရှိတဲ့ တိုင်းပြည်အတွက်ဆိုရင် ပိုပြီး လိုအပ်ကြောင်း၊ အဲလို ပြောင်းလဲမှုကို မြန်မြန် လုပ်သင့်ကြောင်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မက သူတို့ဆီက PSM ရဲ့ အားသာချက်တွေကို မေးမြန်းတော့ သူက ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်း အနေနဲ့ ဆောင်ရွက်လေ့ရှိကြောင်း၊ မြန်မာပြည်အနေနဲ့လည်း   နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှု အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် တကယ်ကောင်းမွန်ကြောင်း ပြောပါတယ်။ 

ဘာကြောင့်လဲလို့ ကျမကမေးတော့ သူက ဆက်ပြီး ပြောပါတယ်။ စီးပွားဖြစ်မီဒီယာတွေက အများပြည်သူ သိချင်တဲ့ သတင်းအပေါ်မှာ ဈေးကွက်မှီတည်ရတာဖြစ်ကြောင်း၊ အဲဒါကြောင့် နာမည်ကြီးတွေနဲ့ လူကြိုက် များတဲ့ သတင်းတွေကိုပဲ ဦးစားပေးဖော်ပြတဲ့အတွက် လူတိုင်းဟာမီဒီယာနဲ့ ထိတွေ့ခွင့်ရရှိဖို့ နည်းပါးကြောင်း ပြောပါတယ်။

အထူးသဖြင့်လူနည်းစုသာ ရှိတဲ့ တိုင်းရင်းသားတွေက သူတို့ ပြောချင်တာတွေ သူတို့ရဲ့ လိုအပ်ချက်တွေကို   ပြောချင်ပေမဲ့လည်း   စီးပွားဖြစ် မီဒီယာတွေမှာ ရောင်းတန်းမလှဖြစ်တတ်တဲ့အတွက် သူတို့လို လူနည်းစုတွေကို မီဒီယာကြီးတွေက စိတ်ဝင်စားမှုနည်းပါးတတ်ကြောင်း၊ PSM ကတော့ လူတွေစိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ လူနည်းစုတွေရဲ့ အကြောင်းကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြနိုင်ရင် လူနည်းစုတွေ အတွက်ကောင်းမွန်ကြောင်း၊ PSM အနေနဲ့ဒီလိုကိစ္စတွေမှာ အားသာချက်ရှိကြောင်း ပြောပြပါတယ်။ 

အဲဒီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အားသာချက်က ပြည်သူကို ဦးတည်ပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း ထိန်းချုပ်လို့မရတဲ့အပြင် အခြား အဖွဲ့အစည်းတွေ ၊ အသင်းတွေ၊ နိုင်ငံရေးပါတီတွေ ကလည်း ထိန်းချုပ်မှု မရှိရအောင် မျှမျှတတဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာတွေ ထက်စာလျှင်တော့   ပြည်သူ့မီဒီယာက ပိုကောင်းကြောင်း သတင်းစာ ဆရာက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ အမေရိကန်သတင်းစာဆရာကတော့ PSM စနစ်ရဲ့ အခြားအားသာချက် တစ်ခုကတော့ သတင်းရင်းမြစ် အစုံအလင်ရရှိနိုင်သလို၊ မီဒီယာလောကထဲက မကြီးထွားသေးတဲ့ မီဒီယာ လုပ်ငန်းလေးတွေ ပိုအားကောင်းလာနိုင်တဲ့အကြောင်း၊ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍအားကောင်းလာတဲ့အတွက် ကြော်ငြာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ချယ်လှယ်မှုနဲ့ မီဒီယာကြီးတွေရဲ့ ဈေးကွက်နဲ့ လူထုအပေါ်မှာ လက်ဝါးကြီးအုပ်မှုကို ကာကွယ်နိုင်ကြောင်း ပြောပါတယ်။ 

အဲဒီညက အာရှ-အမေရိကန်သတင်းစာဆရာတွေနဲ့ ပြောဆိုဆွေးနွေးဖြစ်တာတွေ သူတို့ရဲ့ အမြင်တွေကို ရေးသားမယ်လို့ စိတ်ကူးထားပြီး မှတ်စုထဲမှာ တို့ထားခဲ့ပေမဲ့ ရန်ကုန်ပြန်ရောက်တော့ သတင်းလုပ်ငန်းထဲက အခြားဆောင်ရွက်စရာတွေ လုပ်နေရင်းနဲ့ မရေးဖြစ်ခဲ့ပါဘူး။ 

မနေ့ကတော့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု ဥပဒေကြမ်း ဆွေးနွေးပွဲ ဖိတ်ကြားတော့မှ မှတ်ထားခဲ့တဲ့ မှတ်စုတွေကို ပြန်ကြည့်ဖြစ်ပြီး ဆွေးနွေးပွဲ ပြီးမှပဲ ရေးတော့မယ် လို့ ဆုံးဖြတ်ဖြစ်ပါတယ်။ 

ဇွန်လ ၈ ရက်နေ့မှာတော့ရန်ကုန်မြို့က ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ပုံနှိပ်လုပ်ငန်းရှိရာ သိမ်ဖြူလမ်းမှာ အများ ပြည်သူ့ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပတဲ့   ဆွေးနွေးပွဲကို စိတ်ဝင်စားစွာနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မီဒီယာလွတ်လပ်မှု အတွက် ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့သလို၊ မီဒီယာ ဗဟုဝါဒတွင် ကွဲပြားခြားနားသော သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက် ဘယ်လိုမီဒီယာအမျိုးအစားကို ဖော်ထုတ်ဖို့ လိုအပ်သလဲဆိုတာ စဉ်းစားတဲ့အခါမှာ ယူနက် စကိုအပါအ၀င် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက PSM အဖြစ် နိုင်ငံပိုင် မီဒီယာတွေကို   ပြောင်းလဲသင့်တယ်လို့ အကြံပြုခဲ့ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။ 

အဲဒီအကြံပေးချက်ကို လက်ခံခဲ့ပြီး အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို နိုင်ငံတကာ စံနှုန်းများ ဖြစ်ကြတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး ကြေငြာစာတမ်း အပိုဒ် ၁၉၊ ၁၉၈၉ ခုနှစ် ယူနက်စကို အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၁၀၄၊ ၁၉၉၀ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၄၅/၇၆၊ ဥရောပသမဂ္ဂ ၀န်ကြီးများ အစည်းဝေး (၁၉၉၄) နဲ့ ဥရောပကောင်စီ(၂၀၀၄) ဆုံးဖြတ်ချက်များ၊ အာရှ-ပစိဖိတ် ပြန်ကြားရေး နှင့် ရုပ်သံလွှင့်ဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေး (၂၀၀၃) ဘန်ကောက်ကြေညာချက် တို့ကို အခြေခံပြီး ယူနက်စကိုနဲ့ ဂျာမဏီနိုင်ငံ စတဲ့ဥရောပနိုင်ငံတို့ရဲ့ ကူညီမှုတွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ PSM ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံမှာလည်း PSM ပြောင်းလဲဖို့အတွက် စီစဉ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ရှေ့ဆက်ဖော်ပြပေးပါမယ်။

 မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

မြစ်မခမီဒီယာ

Monday, June 10, 2013

ပြီးခဲ့တဲ့ မေလ၊ ဟောင်ကောင်တက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Media Forum တက်ရောက်ဖို့ ခရီးသွား
တုန်းက မေလ ၂၅ ရက်နေ့ညမှာ ဟောင်ကောင် FCC မှာ AAJA (ASIAN AMERICAN JOURNALISTS ASSOCIATION) က သတင်းစာဆရာအချို့နဲ့ ညစာ စားရင်း စကားလက်ဆုံကြ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio

Photo: ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio
Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကို ထုတ်လုပ်သူကလည်း အင်္ဂလန်ကပဲ ဖြစ်ပါတယ်။ Luvaglio အမည်ရ ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။

တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါတယ်။ Start up Buttom ကို စိန်နဲ့ဖွင့်
ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်
ပါတယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့် Laptop ဖြစ်ပါတယ်။ စိန်ကို ကြိုက်နှစ်သက်ရာ အမျိုးအစား ရွေးချယ်ခွင့်ပေး
ထားပါတယ်။ သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာ ကမ္ဘာ့
ရှားပါးဈေးကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Case သတ္တုအမျိုး
အစားနဲ့ သားရေ အရောင်ကိုလည်း စိတ်ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါ
တယ်။ သေချာချုပ်လုပ်ပေးထားတဲ့ Hand made –Case ဖြစ်ပါတယ်။ အတွင်းက Hardware များကတော့ ပုံသေမရှိပါ ဘူး။ ပြောင်းလဲသွားတဲ့
နည်းပညာအလိုက် Up grade လုပ်ပေးမှာ ဖြစ်တဲ့အတွက် အသုံးပြုမယ့် Hard disk က အစ နောက်ဆုံပေါ် ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

ကြိမ်းသေပါမှာကတော့ 128 solid State drive, USB stick, MP3 Player တို့ဖြစ်ပြီး အခြား Graphic Card တို့ကတော့ ခေတ်အလိုက် တပ်ဆင်ပေး
မှာ ဖြစ်ပါတယ်။ ၁၄ လက်မ အလင်းမပြန် Anti-reflective glare coating သုပ် LED ဖန်သား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ယင်း Laptop ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများသာ ဇိမ်ခံပစ္စည်း
အဖြစ် ဝယ်ယူပါတယ်။ ကြိုတင်ပြုလုပ်ထားခြင်း မရှိပဲမှာယူသူ ရှိမှသာ Luvaglio ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Sample အနေနဲ့ ဖန်တီးပေး
ထားတဲ့ Luvaglio ရဲ့Laptop တစ်လုံးရဲ့ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ သန်းရှိတဲ့အတွက် ကမ္ဘာ့ဈေးကြီးဆုံး Laptop အဖြစ် သတ်မှတ်ထားကြ
ပါတယ်။

Ref:www.Luvaglio.com
YoYarLay

Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံးLaptopကိုထုတ်လုပ်သူကလည်းအင်္ဂလန်ကပဲ ဖြစ်ပါတယ်။Luvaglioအမည်ရ ဇိမ်ခံပစ္စည်း
ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် လျော့ကျလာသည့် ရခိုင်ပြည်နယ်

Photo: တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် လျော့ကျလာသည့် ရခိုင်ပြည်နယ်
Monday, June 10, 2013 

ရခိုင်ပြည်နယ်၌ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ရလဒ်မှာ ၂၁.၇၂ ရာခိုင်နှုန်းသာ ရှိခြင်းကြောင့် ယမန်နှစ်ကထက် လျော့ကျသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်နည်းရခြင်းမှာ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် သင်ခန်းစာမကြေညက်ခြင်း ၊ မိဘများအနေဖြင့် ကလေး၏ ပညာရေးစနစ်အား ပြုပြင်အားပေးမှု မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးဟန်စိန်က ဆိုသည်။ 

ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်စာမေးပွဲ ၂၀၁၁ခုနှစ်တွင်  ၂၆.၈၁ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၂၃.၈၈ ရာခိုင်နှုန်း ၂၀၁၃ခုနှစ်တွင် ၂၁.၇၂ ရာခိုင်နှုန်း ရှိခြင်းဖြစ်သည်။ 

စစ်တွေမြို့ရှိ အထက(၁)တွင် ဖြေဆိုသူ (၂၉၆)ဦီးရေခန့်ရှိပြီး အောင်မြင်သူ (၆၉) ဦးသာရှိခဲ့ကြောင်း ၊ အထက(၂)တွင် ဖြေဆိုသူ (၆၃၂)ဦးရှိသည့်အနက် အောင်မြင်သူ(၂၆၁) ဦးသာရှိကြောင်း သိရှိရသည်။ 

“ကျွန်တော်က အောင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတွေထဲမှာ မအောင်တဲ့သူတွေများတယ်၊ ကျွန်တော်က ရိုးရိုးအောင်တာပါ၊ စာမေးပွဲအောင်တော့ ပျော်တာပေါ့၊ တခြားလူတွေကိုလည်း အောင်စေ ချင်တယ်”ဟု အထက(၁)မှ ကျောင်းသားတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင်  ၆ ဘာသာဂုဏ်ထူး  (၅)ဦး ၊ ၅ဘာသာဂုဏ်ထူး (၉) ဦး၊ ၄ ဘာသာဂုဏ်ထူး (၁၂ )ဦး၊ ၃ဘာသာ ဂုဏ်ထူး (၁၁) ဦး ၊ ၂ဘာသာဂုဏ်ထူး (၁၅) ဦးနှင့် ၁ဘာသာဂုဏ်ထူး (၅၀) ဦး အောင်မြင်သည်ဟု သိရသည်။ 

ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းနည်းပါးပြီး  ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အလိုက် အောင်ချက် အမြင့်မြို့နယ်မှာ အမ်း၌ (၂၇.၉၈)ရာခိုင်နှုန်း ဂွ၌ (၂၇.၂၉)ရာခိုင်နှုန်း၊ သံတွဲတွင် (၂၇.၁၀) ရာခိုင်နှုန်း  ပေါက်တောမြို့တွင်  (၂၆.၅၇)ရခိုင်နှုန်း အသီးအသီးရှိပြီး ပြည်နယ်၏မြို့တော် စစ်တွေတွင် (၂၃.၂၅) ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ 

“ ဒီနှစ်က အောင်ချက် နည်းတဲ့ နှစ်လို့လည်း ပြောလို့ရတယ်၊ ဘာလို့ဆိုတော့ တစ်နှစ်လုံးနီးပါး ရခိုင်ပြည်နယ် မှာ ပဋိပက္ခတွေနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတော ကလေးတွေအတွက် ကံဆိုးခဲ့တဲ့နှစ်ပဲ၊  ကျွန်တော့်သားလည်း ဒီနှစ်မအောင်ဘူး၊သူတို့မကြိုးစားတာကိုလဲ အပြစ်ပြောလို့မရဘူး၊ တစ်နှစ်လုံးနီးပါး စိုးရိမ်မှုတွေနဲ့ဘဲ ဖြတ်သန်းခဲ့ရတာ”ဟုစစ်တွေမြို့မှကျောင်းသား မိဘတစ်ဦးက ပြောသည်။

မြစ်မခမီဒီယာ

Monday, June 10, 2013

ရခိုင်ပြည်နယ်၌ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ရလဒ်မှာ ၂၁.၇၂ ရာခိုင်နှုန်းသာ ရှိခြင်း
ကြောင့် ယမန်နှစ်ကထက် လျော့ကျသည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များဖွဲ့ရန် လူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ တိုက်တွန်း

Photo: အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များဖွဲ့ရန် လူမှုအဖွဲ့အစည်း ၂၈ ဖွဲ့ တိုက်တွန်း
Monday, June 10, 2013 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ပြန်လည်ဖြစ်ပွားခြင်း မရှိစေရန် အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်အဖွဲ့ ဖွဲ့သင့်ကြောင်း ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက The Voice သို့ ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းနှင့် ဒေသခံကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင်စောင့်ကြည့်အဖွဲ့ကို ဖွဲ့စည်း ရန် ပြည်တွင်းပြည်ပမြန်မာလူမှုအဖွဲ့အစည်း ၂၈ ဖွဲ့က ထောက်ခံ ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

"တိုက်ပွဲတွေ ပြန်ဖြစ်တိုင်း သူလွန်တယ်၊ ကိုယ်လွန်တယ် နှစ်ဖက်ဝါဒဖြန့် ကြတယ်။ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ထားရင် ဘယ်သူလွန်တယ်ဆိုတာ ထင်ရှားသွားမယ်" ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဆိုသည်။

ယင်းစောင့်ကြည့်အဖွဲ့ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်မည့် ရန်ပုံငွေကို ငြိမ်းချမ်းရေးဆောင်ရွက်ရန် ပေးအပ်ထားသော နိုင်ငံတကာထောက်ပံ့ငွေများမှ ရယူသုံးစွဲစေသင့်ကြောင်း ဒေါ်မေစပယ်ဖြူက အကြံပြုသည်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ ဖွဲ့ရန် ရှမ်းပြည်နယ် လွှတ်တော်တွင် တင်သွင်းဖူးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြည်နယ်ဥပဒေ ပြဋ္ဌာန်းခွင့်တွင် မပါဝင်သဖြင့် ယင်းအဆိုကို မေးခွန်း အဖြစ် ပြောင်းလဲ တင်ပြခဲ့ရကြောင်း ဒေါ်နန်းခမ်းအေးက ရှင်းလင်းပြောကြား သည်။

အပစ်အခတ်ရပ်စဲရေး သဘောတူထားသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် အစိုးရတပ်တို့ မေလ ၉ ရက်နေ့က စတင်ပြီး နှစ်ဖက် စစ်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။

မေလ ၂၈ ရက်နေ့ က မြစ်ကြီးနားမြို့ တွင်ပြုလုပ်သောပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်လည်း အပစ်အခတ်ရပ်စဲရေး စောင့်ကြည့် အဖွဲ့များ ဖွဲ့ရန် သဘောတူညီခဲ့ကြသည်။

The Voice Weekly

Monday, June 10, 2013

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ
နှင့်စစ်ပြန်လည်ဖြစ်ပွားခြင်းမရှိစေရန်အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့ဖွဲသင့်ကြောင်းကချင် ငြိမ်းချမ်း
ရေးကွန်ရက်မှ ဒေါ်မေစပယ်ဖြူက The Voice သို့ ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်စက်ရုံပြိုကျမှု စစ်ဆေးရေးအရာရှိများအား ရာထူးမှဆိုင်းငံ”

Photo: “ဘင်္ဂလားဒေ့ရှ်စက်ရုံပြိုကျမှု စစ်ဆေးရေးအရာရှိများအား ရာထူးမှဆိုင်းငံ”
Monday, June 10, 2013 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဖြစ်ပွားခဲ့သည့် စက်ရုံ ပြိုကျမှုများအတွက် စီစစ်မှုတွင် တာဝန်ပေါ့လျော့သော စုံစမ်းစစ်ဆေးရေး အရာရှိ (၇)ဦးကို ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။ ဧပြီလက လူပေါင်း(၁၁၀၀)ကျော် သေဆုံးသည့် အထည်ချုပ်စက်ရုံ ပြိုကျမှု တစ်ခုအတွင်း အဆိုပါ အဆောက်အအုံတွင် လုပ်ငန်းလိုင်စင် တိုးမြှင့်ခြင်း မရှိသည်ကို မျက်ကွယ် ပြုခဲ့ခြင်းအတွက် တာဝန်ရှိသော အရာရှိများကို ယခုလို ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ထိပ်တန်း တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။

ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးဖြစ်သော မီကာလီ ရှီပါက မိမိတို့ ဝန်ကြီးဌာန၏ စစ်ဆေးမှုများအရ အဆိုပါ အရာရှိများသည် (၂၀၀၈)ခုနှစ်မှ (၂၀၁၃)ခုနှစ်ထိ မိမိတို့ တာဝန်ယူ စစ်ဆေးရမည့် စက်ရုံများသို့ လုံးဝ သွားရောက်ခဲ့ခြင်း မရှိသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။ ဧပြီလ (၂၄)ရက်နေ့က ဒါကာမြို့တော် ဆင်ခြေဖုံးရှိ ဆာဗားတွင် အဆောက်အအုံ ပြိုကျမှုကြီးတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း (၁၁၂၉) ဦး သေဆုံးခဲ့သည်။ 

Planet.com.mm

Monday, June 10, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဖြစ်ပွားခဲ့သည့် စက်ရုံ ပြိုကျမှုများအတွက် စီစစ်မှုတွင် တာဝန်ပေါ့လျော့သော စုံ
စမ်းစစ်ဆေးရေး အရာရှိ (၇)ဦးကို ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။

မြန်မာ့လေကြောင်းမှလေယာဉ် ကော့သောင်းလေဆိပ်တွင်ပြေးလမ်းချော်၍ တောင်ပံနှစ်ဘက်ရှိပန်ကာများ ကျိုးပဲ့ပျက်စီး

Photo: မြန်မာ့လေကြောင်းမှလေယာဉ် ကော့သောင်းလေဆိပ်တွင်ပြေးလမ်းချော်၍
တောင်ပံနှစ်ဘက်ရှိပန်ကာများ ကျိုးပဲ့ပျက်စီး
Monday, June 10, 2013 

ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့်
မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UB-309၊ လေယာဉ်အမှတ် XY-AIP၊
လေယာဉ်အမျိုးအစား MA-60 လေယာဉ်သည် Capt.မောင်မောင်လွင်ပါ
လေယာဉ်အမှုထမ်း(၄)ဦး လိုက်ပါမောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန်
မော်လမြိုင်မှ ခရီးသည်(၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာလာခဲ့သည်။

၁၃၀၅ အချိန် ကော့သောင်းသို့ရောက်ရှိပြီး ကော့သောင်းလေဆိပ်သို့
မြောက်မှတောင်ဘက်လေယာဉ်ပြေးလမ်းအတိုင်းဆင်းသက်စဉ် လေယာဉ်
ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏အနောက်ဘက် ပေ ၂၀၀ ခန့်အကွာရှိ ခြုံပုတ်အတွင်းသို့ ရောက်ရှိခဲ့သည်။

လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည်များနှင့်
လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊
လေယာဉ်၏ဘယ်ဘက်တောင်ပံအင်ဂျင်မှ
မီးခိုးများ ထွက်လာ၍ လေယာဉ်ပေါ်တွင်ပါရှိသည့် မီးသတ်ဆေးဗူးများဖြင့် ငြှိမ်းသတ်ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိ
ပန်ကာ(၂)လုံး၏ဒလက်များ ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။


ရဲဇာနည်

Monday, June 10, 2013

ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့် မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် 
UB-309၊ လေယာဉ်အမှတ် XY-AIP၊လေယာဉ်အမျိုးအစား MA-60 လေယာဉ်သည် Capt.မောင်မောင်လွင်
ပါလေယာဉ်အမှုထမ်း(၄)ဦး လိုက်ပါမောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန်မော်လမြိုင်မှခရီးသည်
(၅၅)ဦး၊ ရင်ခွင်ပိုက်ကလေးငယ်(၅)ဦးတို့အား တင်ဆောင်၍ ကော့သောင်းသို့ ခရီးစဉ်အတိုင်း ဆက်လက်
ထွက်ခွာလာခဲ့သည်။

ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ဝင်ရောက်လာသော်လည်း ထားဝယ် အိမ်၊ ခြံ၊ မြေ အေး

Photo: ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ဝင်ရောက်လာသော်လည်း ထားဝယ် အိမ်၊ ခြံ၊ မြေ အေး
Monday, June 10, 2013

ထားဝယ်စီမံကိန်းနှင့် ဆက်နွှယ်ပြီး ထိုင်းနှင့် ဂျပန် စသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ အပါအဝင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ ဝင်ရောက်လာကြသော်လည်း ထားဝယ်အိမ်၊ ခြံ၊ မြေ ဈေးကွက် မှာ အေးနေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ သိရ သည်။

ယခင်က ထားဝယ်စီမံကိန်းကိစ္စ သတင်းတစ်ခုခုထူးပါက ဂယက်ရိုက်ခတ် မှု ဖြစ်လေ့ရှိသည့် ထားဝယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ထားဝယ်စီမံကိန်းကို ဂျပန်က စိတ်ဝင်စားသည်ဟု သတင်းထွက်လာသော်လည်း ငြိမ်သက်လျက် ရှိကြောင်း ယင်းအသိုင်းအဝိုင်းက ဆိုသည်။

ဂျပန်အဝင်ကို နားစွင့်နေကြသော်လည်း ဈေးကွက်မှာ တည်ငြိမ်ဆဲဖြစ်ပြီး မြို့အပြင်ဘက် လမ်းမဘေး လယ်မြေများသာ အရောင်းအဝယ် အနည်းငယ် ရှိလာကြောင်း ထားဝယ်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးစိုးသိန်းက ပြောဆိုသည်။

"မြို့ထဲမှာ အရောင်းအဝယ်မဖြစ်ဘဲ မြို့ပြင်မှာပဲ ဈေးနည်းနည်းနဲ့ အရောင်း အဝယ်ဖြစ်နေတယ်" ဟု ၎င်းက ဆိုသည်။

မိုးရာသီရောက်တိုင်း ရေကြီးလေ့ရှိပြီး ထားဝယ်မြို့ အထွက်တွင်ရှိသည့် လမ်းမသစ်နံဘေး လယ်ကွက်များကို စိတ်ဝင်စားသူများရှိပြီး တစ်ဧက ကျပ်သိန်း ၅၀ မှ ၇၀ အထိဈေးပေါက်ကြောင်း၊ ပြီးခဲ့သည့် နှစ်ဝန်းကျင်က အဆိုပါနေရာများသည် တစ်ဧက ကျပ် ၁၀ သိန်းခန့်သာ ပေါက်ဈေး ရှိကြောင်း ထားဝယ်မြို့ရှိ အိမ်၊ခြံ၊မြေအကျိုးဆောင်များထံမှ သိရသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချူပ် ယင်းလတ်ရှင်နာဝပ်၏ ဂျပန်ခရီးစဉ်တွင် ဂျပန်လုပ်ငန်းရှင်များက ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား သည်ဆိုသော်လည်း လက်တွေ့ကျသည့် ကတိကဝတ်များ ထုတ်ဖော်ပြော သည်ကိုမူ မတွေ့ရသေးပေ။

အိမ်၊ ခြံ၊ မြေဈေးကွက် ငြိမ်နေသော်လည်း အိမ်၊ ခြံ၊ မြေအကျိုးဆောင် ကုမ္ပဏီများနှင့် အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများမှာ ထားဝယ်စီမံကိန်းနှင့် ထားဝယ်ဒေသတွင်းရှိ ဖွံ့ဖြိုးလာနိုင်သည့် နေရာ များကို စိတ်ဝင်စားလာကြကာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင် ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာကြသည်။

The Voice Weekly

Monday, June 10, 2013

ထားဝယ်စီမံကိန်းနှင့် ဆက်နွှယ်ပြီး ထိုင်းနှင့် ဂျပန် စသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ အပါအဝင် ပြည်
တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များဝင်ရောက်လာကြသော်လည်းထားဝယ်အိမ်၊ခြံ၊ မြေ ဈေးကွက် မှာ အေး
နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ သိရ သည်။

ပုသိမ် ကညန ကွင်းဆင်း၍ ယာဉ်သက်တမ်းတိုးပေးမည်

ပုသိမ်၊ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ယခုလ တတိယပတ်အတွင်း ကျုံပျော် မြို့နယ်နှင့် ရေကြည် မြို့နယ်တို့သို့ ကွင်းဆင်း၍ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာန ဦးစီးမှူး ဦးဝင်းတင်က The Voice သို့ ပြောကြားသည်။

ထားဝယ်စီမံကိန်း ရွာရှစ်ရွာမပြောင်းရန် မြန်မာအစိုးရ သဘောတူ

ထားဝယ်၊ ဇွန် ၉
ဧရိယာစတုရန်းမိုင် ၂၀၀ ကျော်ရှိသော ထားဝယ် စီမံကိန်းဧရိယာအတွင်းရှိ ရွာရှစ်ရွာကို ပြောင်းရမည့်စာရင်းမှ ပယ်ဖျက်ရန် တိုင်းဒေသကြီးအစိုးရ၏ တင်ပြချက်ကို ပြည်ထောင်စုအစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

ဇာတ်ညွှန်းရေးနေသူများ အနုပညာသင်တန်း အခမဲ့တက်ရောက်နိုင်

ဇွန် ၁၀ ရက်၊ ၂၀၁၃ ခုနှစ်။

မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ British Council နှင့် Yangon Film School (YFS) တို့ပူးပေါင်းကာ ဇာတ်ညွှန်းရေး သားခြင်း အနုပညာသင်တန်းများ အခမဲ့သင်ကြားပေးရန် အစီအစဉ် ရှိကြောင်း သိရှိရသည်။

ဟင်္သာတမြို့ မဲဇလီကုန်းတိုက်နယ်ဆေးရုံတွင် ဗိုက်ခွဲကလေးမွေးပြီး ခွဲစိတ်ခန်းသုံးချုပ်ကြိုးကျန်ခဲ့သည့်ဖြစ်စဉ် စုံစမ်းစစ်ဆေးမည်

ရန်ကုန်၊ ဇွန်-၉
တိုက်နယ်ဆေးရုံတွင် ဗိုက်ခွဲ၍ ကလေးမွေးဖွားခဲ့ပြီး မိခင်ဝမ်းဗိုက်၌ ခွဲစိတ်ခန်းသုံးချုပ်ကြိုးကျန်ခဲ့သည့် ဖြစ်စဉ်ကို အလွတ်သဘော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဟင်္သာတမြို့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောသည်။

ပထမဆုံး ဆင်ဆေးရုံ တည်ဆောက်မည်

Monday, June 10, 2013

တောင်ငူမြို့နယ်အတွင်း အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းအနီး မြေနေရာ တွင် ဆင်ကောင်ရေ ၃၀ ကျော်ခန့် ထားရှိပြီး ဆေးကုသပေးနိုင် မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဆေးရုံတစ်ရုံကို ယခုနှစ်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်ကုသရေး ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။

'ဝ' ဒေသရှိ စိုက်ခင်းများ ဘိန်းခင်းဟု စွပ်စွဲမှု စားတော်ပဲပင်သာဖြစ်ဟု ငြင်းဆို

Monday, June 10, 2013

'ဝ' ဒေသကို ဂြိုဟ်တုမှ ရိုက်ကူးကာ ဘိန်းခင်းအဖြစ် ဖေါ်ပြနေသည်မှာ မှားယွင်းနေသည်ဟု ဆိုလိုက်ပြီး အဆိုပါ စိုက်ခင်းများမှာ စားတော်ပဲပင်များသာ ဖြစ်သည်ဟု 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ပြင်ပ ဆက်ဆံရး တာဝန်ခံ ဒုဌာနမှူး ဦးဆမ်ခွန်း က မဇ္ဈိမကို ပြောသည်။

ကော့သောင်းတွင် လေယာဉ်ဘီးပေါက် လမ်းချော်မှုဖြစ်

ဇွန်လ ၁၀ ရက် ၂၀၁၃ ခုနှစ်
 မြန်မာ့လေကြောင်း လေယာဉ်တစင်း မော်လမြိုင်-ကော့သောင်း ခရီးစဉ်အတွင်း ကော့သောင်းမြို့သို့ ဆင်းသက်ရာတွင် လေယာဉ်ဘီးပေါက်ပြီး လမ်းချော်မှုတခု ဇွန်လ ၁၀ ရက် နေ့လည်က ဖြစ်ပွားခဲ့သည်။
လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းပေါ်တွင် လမ်းချော်မှုဖြစ်ပွားကာ လေယာဉ်သည် ပြေးလမ်းဘေးသို့ တိမ်းစောင်းသွားသည်မှလွဲပြီး တစုံတရာ ထိခိုက်မှုမရှိဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကော့သောင်းမြို့ခံ ကိုမင်းလွင် က ပြောသည်။

တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားများ ပြန်လွတ်မြောက်ရေး ဆုတောင်း

Photo: တော်ဝင်သစ်အချောထည် စက်ရုံလုပ်သားများ ပြန်လွတ်မြောက်ရေး ဆုတောင်း
Monday, June 10, 2013

ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ခံထားရသည့် တော်ဝင် သစ်အချောထည် စက်ရုံအလုပ်သမား ၁၄ ဦးပြန်လွတ်မြောက်ရေး 
အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် စက်မှုဇုန်သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာ စုပေါင်းတောင်းဆိုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည်။


ဖမ်းဆီးခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမား ၁၄ ဦး ပြန်လွတ်မြောက်ရေးအတွက် မဟာဗန္ဓုလပန်းခြံလွတ်လပ်ရေး
 ကျောက်တိုင်ရှေ့တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ၊ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ စက်မှုဇုန်သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာခန့် စုပေါင်းတောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆုတောင်းပွဲတွင် ဖမ်းဆီးခံထားရသည့် တော်ဝင်အလုပ်သမားများ
 ပြန်လွှတ်ပေးရေး၊ အလုပ်သမားများကို ဖိနှိပ်မှုများရုတ်သိမ်းပေးရေး၊
 အလုပ်သမားများကို တရားစွဲဆိုမှုများ ရုတ်သိမ်းပေးရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး၊ ခုံသမာဓိ ဆုံးဖြတ်ချက် အကောင်အထည်ဖော်ပေးရေး စသည့် ကြွေးကြော်သံများဖြင့် ဆူးလေဘုရား အနီးမှ စတင်၍ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန် သုံးခုမှ စက်ရုံအလုပ်သမာနှစ်ရာနှင့်အတူ ဖမ်းဆီးခံထားရသည့် တော်ဝင် စက်ရုံ အလုပ်သမားများ၏ မိဘများ၊ စက်မှုဇုန်သုံးခုမှ အလုပ်သမား သမဂ္ဂခေါင်းဆောင်းများလည်း ပါဝင်ဆုတောင်း ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်မှ ကိုကျော်ကျော်မင်းက ''စက်ရုံထဲမှာရှိတဲ့ အလုပ်သမားတွေကို
ပိုင်နက်ကျုးလွန်မှုနဲ့ တရားစွဲဆိုတာ ဒီနိုင်ငံတစ်ခုပဲရှိပါတယ်၊ တရားစွဲဆိုခံထားရတဲ့ တော်ဝင်အလုပ်သမားတွေပြန်လွတ်မြောက်ဖို့ 
အလုပ်သမားထု တစ်ရပ်လုံးက ဆက်လက်တောင်းဆို သွားမှာပါ'' ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားမမေသူနှင်း၏ မိခင် ဒေါ်ချိုစမ်းက ''ကျွန်မသမီးကို မေ ၁၄ ရက်က အိမ်မှာ လာဖမ်းတာ၊ မနက်မှလာမပို့ရင် ဝရမ်းထုတ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ကပြောလို့ ကျွန်မသမီးလေး ကို စခန်းကို သွားပို့ပေးခဲ့ရတယ်၊ အခု တရားစွဲဆိုခံထားရပါတယ်''ဟု ဆိုသည်။

ယခုပြုလုပ်ခဲ့သည့် စုပေါင်းတောင်းဆိုမှုအတွက် ကျောက်တံတားရဲစခန်းတွင် ကြိုတင်ခွင့်ပြုချက် ယူထားပြီးဖြစ်သည်ဟုသရဖူ သံမဏိသံရည်ကျိုစက်ရုံမှ
 ကိုနော်အောင်က ပြောသည်။

တရားစွဲဆိုခြင်းခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားကိုနိုင်အောင်သူ၏ မိခင် ဒေါ်သန်းဌေးက ''ကျွန်မ သားလေးကိုစက်ရုံထဲမှာ ချောင်ပိတ် ဖမ်းဆီးခဲ့ကြတာပါ၊ ကျွန်မမှာ ကလေးခုနစ်ယောက်ရှိပါတယ်၊ ခင်ပွန်းက လေဖြတ်ရောဂါသည်မို့စားဝတ်နေရေး အခက်အခဲကြုံတွေ့ နေရချိန်မှာ ကျွန်မသား နိုင်အောင်သူကို ဖမ်းဆီးခံခဲ့ ရတာပါ'' ဟု ပြောသည်။

တော်ဝင်ဆောင်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုထွေးက ''အလုပ်သမားတွေကလည်း ရာဇဝတ်မှု ကျုးလွန်ခွင့်
ရှိသလား၊ ဒါလေးကို ဆုံးဖြတ်စစ်ဆေးဖို့လိုတာပေါ့၊ သူတို့ကတော့ အဖမ်းခံရရင် လွှတ်ပေးပါဆိုတော့ ရာဇဝတ်မှု ကျုးလွန်တာ ဆန္ဒပြတိုင်း လွှတ်ပေးရမလား . . .၊ အခုက ဆန္ဒပြရင် အကုန်လွှတ်ပေး ရမယ်လို့ပဲ စိတ်ထဲထင်နေ ကြသလားတော့ မသိဘူး၊ အဲလိုဆို လူတွေအကုန်လုံးလုပ်သမျှ အစိုးရက ဘာမှလုပ်ခွင့်မရှိဘူး၊ တရားဥပဒေစိုးမိုးလို့ မရဘူးလို့မြင်တယ်၊ တရားဥပဒေကတော့ တရားဥပဒေအတိုင်းပဲ သွားမှာပေါ့'' ဟု တောင်းဆိုမှုအပေါ်တွင် ၎င်း၏ အမြင်ကို ပြောသည်။

Mizzima

Monday, June 10, 2013

ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ခံထားရသည့် တော်ဝင် သစ်အချောထည် စက်ရုံအလုပ်သမား၁၄ ဦး
ပြန်လွတ်မြောက်ရေး အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင်စက်မှုဇုန်
သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာ စုပေါင်းတောင်းဆိုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည်။

“ဓာတ်ဆီအင်ဂျင်မဟုတ်သည့် ကမ္ဘာ့ပထမဆုံး ပြိုင်ကား တီထွင်လျှက်ရှိ”

Photo: “ဓာတ်ဆီအင်ဂျင်မဟုတ်သည့် ကမ္ဘာ့ပထမဆုံး ပြိုင်ကား တီထွင်လျှက်ရှိ”
Monday, June 10, 2013

ကမ္ဘာပေါ်တွင် ဓာတ်ဆီအင်ဂျင် မဟုတ်သည့် ပထမဆုံး ပြိုင်ကား တစ်မျိုးကို တီထွင် ဖန်တီးလျှက် ရှိနေကြောင်း သိရှိရသည်။ GreenGT H2ဟု အမည်ပေးထားသည့် မျိုးစပ်နည်းပညာသုံး ပြိုင်ကားသည် Le Mans 24 Hour ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

(၂၄)နာရီပတ်လုံး မရပ်မနား မောင်းနှင်ရသည့် အဆိုပါ ပြိုင်ပွဲတွင် ဟိုက်ဒရိုဂျင်ဆဲလ် လောင်စာကို အသုံးပြုသည့် ပြိုင်ကားတစ်စင်းအဖြစ် Green GTက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည့် သဘောဖြစ်သည်။

အဆိုပါ ပြိုင်ကားသည် ဟိုက်ဒရိုဂျင် လောင်စာကို လျှပ်စစ်စွမ်းအင် ထုတ်ရန် သုံးစွဲပြီး အားကောင်းသော ကားအင်ဂျင်ကို ထောက်ပံ့အောင် တီထွင်ထားသည်။ ပြိုင်ကားသည် တစ်နာရီ မိုင်(၂၀၀)နှုန်းထိ အမြန်ဆုံး မောင်းနှင်နိုင်စွမ်း ရှိနေသည်။

Planet Myanmar Network

Monday, June 10, 2013

ကမ္ဘာပေါ်တွင်ဓာတ်ဆီအင်ဂျင်မဟုတ်သည့်ပထမဆုံး ပြိုင်ကားတစ်မျိုးကိုတီထွင်ဖန်တီးလျှက် ရှိနေကြောင်း
သိရှိရသည်။ GreenGT H2ဟု အမည်ပေးထားသည့် မျိုးစပ်နည်းပညာသုံး ပြိုင်ကားသည် Le Mans 24 Hour ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

Photo: ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ
Monday, June 10, 2013

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စုများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် အမေရိကန် အခြေစိုက် Marriott International Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း Bloomberg သတင်းတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်လာရောက် ဖွင့်လှစ်ရန်အတွက် လာမည့်ခြောက်လအတွင်း သဘောတူညီမှုများ ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ ဟိုတယ်ဖွင့်လှစ် နိုင်ရန်အတွက် ရန်ကုန်နှင့် ပုဂံအပါအ၀င် နေရာဒေသများအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ Marriott ရဲ့ ပထမဆုံးဟိုတယ် ဖြစ်လာမှာပါ။ ဟိုတယ် အမည်ကတော့ Marriott ဒါမှမဟုတ် Courtyard ဆိုပြီး ဖြစ်နိုင်ပါတယ်" ဟု Marriott ၏ အာရှ-ပစိဖိတ်ဒေသ ဥက္ကဋ္ဌနှင့် မန်နေဂျင်းဒါရိုက်တာ Simon Cooper က ပြောကြားခဲ့သည်။

Marriott သည် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးအတွက် ဖြေလျော့ပေးမှုများ လုပ်ဆောင်ပြီး ကတည်းက ရှာဖွေနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Marriott International Inc. ကို ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ရုံးချုပ်ကို အမေရိကန် ပြည်ထောင်စု မေရီလန်းတွင် အခြေစိုက်ထားကြောင်း သိရသည်။ Marriott International Inc. သည် နယူးယောက် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။                

ကမ္ဘာ့အကြီးဆုံး ဟိုတယ်အုပ်စု တစ်ခုဖြစ်သည့် Best Western International Inc ဟိုတယ်အုပ်စုသည်လည်း မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံရှိ Green Hill ဟိုတယ်နှင့် သဘောတူညီပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ဟိုတယ် ၈၀၈ လုံး အခန်းပေါင်း ၂၉၄၁၉ ရှိပြီး ရန်ကုန်နှင့် မန္တလေးတွင် ဟိုတယ်အများစု တည်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၃၀ ကျော်ရှိကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ရှိပြီး စင်ကာပူနိုင်ငံမှ အများဆုံး မြှုပ်နှံထားကြောင်း သတင်းရရှိသည်။

ဟိုတယ်များနှင့် ဟိုတယ်စီမံကိန်းများကို လက်ရှိအချိန်အထိ စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နှင့် ဗီယက်နမ် နိုင်ငံတို့က ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား နိုင်ငံတို့မှဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။

EMG
အမေရိကန် ပြည်ထောင်စု မေရီလန်း အခြေစိုက် Marriott ကုမ္ပဏီ ရုံးချုပ်ကို တွေ့ရစဉ် (Photo - Marriott.com)
အမေရိကန် ပြည်ထောင်စု မေရီလန်း အခြေစိုက် Marriott ကုမ္ပဏီ ရုံးချုပ်ကို တွေ့ရစဉ် (Photo - Marriott.com)

Monday, June 10, 2013

ကမ္ဘာ့အကြီးဆုံးဟိုတယ်အုပ်စုများတွင်တစ်ခုအပါအ၀င်ဖြစ်သည့်အမေရိကန်အခြေစိုက်MarriottInternational
Inc. မှ မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း Bloomberg သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်

Photo: ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စတင်ရောင်းချရန် စီစဉ်
Monday, June 10, 2013

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွား မည်ဟုလည်း သိရသည်။

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့များကို ခေါ်ယူကာ စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦး (သို့မဟုတ်) ကုမ္ပဏီတစ်ခု (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုအနေဖြင့် အများဆုံး ၀ယ်ယူနိုင်မည့် ရှယ်ယာပမာဏမှာ ကျပ်သိန်းတစ်သောင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀၀ ဖိုး ရှယ်ယာဝယ်ယူသူ အနေဖြင့် ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် BOD အဖွဲ့ဝင်များကို မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီးနောက်တွင် မိုဘိုင်းဖုန်းလုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၊ ဂြိုဟ်တုဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု သိရသည်။

လက်ရှိတွင် ရတနာပုံ တယ်လီပို့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိတွင် ဒေါ်လာ ၅၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း သိရသည်။

ဖုန်းအော်ပရေတာ ကုမ္ပဏီ တစ်ခုအနေဖြင့် အပြိုင်လုပ်ကိုင်နေသော အခြားအော်ပရေတာ ကုမ္ပဏီတစ်ခုတွင် ရှယ်ယာပါဝင် နေခြင်းမျိုးမှာ မဖြစ်နိုင်ကြောင်း၊ ရတနာပုံ တယ်လီပို့မှာ အများပိုင် ကုမ္ပဏီ တစ်ခုအနေဖြင့်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန်လ ၁ ရက်က ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှု ကိစ္စရပ်များ ဆောင်ရွက်ရန် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီလေးခု ရှိမည်ဖြစ်ပြီး လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့မှာ လုပ်ကိုင်ခွင့်ရ ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအဖြစ် တည်ရှိနေကာ သီးခြားပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။


EMG
ရတနာပုံ တယ်လီပို့တွင် ဖုန်းဝယ်ယူရန် စောင့်ဆိုင်းနေကြ သူများကို တွေ့ရစဉ်
ရတနာပုံ တယ်လီပို့တွင် ဖုန်းဝယ်ယူရန် စောင့်ဆိုင်းနေကြ သူများကို တွေ့ရစဉ်
Monday, June 10, 2013

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာ
တွင်ရှယ်ယာတစ်စုလျှင်ကျပ်တစ်သောင်းနှုန်းဖြင့်မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးသွား
မည် ဖြစ်ကြောင်းသတင်း ရရှိသည်။ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွား မည်ဟုလည်း သိရ
သည်။

စက်မှုဇုန်များ၌ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေဟု ဆိုသော်လည်း အပြည့်အ၀ မရရှိ

Monday, June 10, 2013

ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသည် ဆိုသော်လည်း အဆိုပါ အချိန်ပိုင်း မီးပေးနေသည့် ကာလအတွင်း၌ပင် အပြည့်အ၀ မရရှိကြောင်း စက်မှုဇုန်များရှိ လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

မျက်နှာပြင်တင်းရင်းစေဖို့ လေ့ကျင့်ခန်းများ



Monday, June 10, 2013

မျက်လုံး မျက်စေ့မှိတ်ပြီးထိုင်ပါ။မျက်နှာကို ဖြေလျော့ထားပါ။ မျက်စေ့မှိတ်ထားပြီးမျက်လုံးကိုအပေါ် အောက်
ဝေးနိုင်သမျှ ဝေးဝေး ကြည့်ပါ။ (၁၅) ကြိမ် ထပ်ခါ ထပ်ခါလုပ်ပါ။ ဤလေ့ကျင့်ခန်းက သင်၏မျက်လုံးပတ်ဝန်း
ကျင်မှ အရေပြားကို တင်း ရင်းစေပါသည်။

မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ပြည်သူတွေအပေါ် မူတည်တယ်လို့ ကိုကိုကြီးပြော

Photo: မြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ပြည်သူတွေအပေါ် မူတည်တယ်လို့ ကိုကိုကြီးပြော
Monday, June 10, 2013

မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်း ပြောင်းလဲ မူတွေဖြစ်လာဖို့ဆိုတာ ပြည်သူတွေပေါ်မှာ မူတည်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ မေရီိလင်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွားပါတယ်။

မနေ့ကကျင်းပတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ပြောင်းလဲမူတွေနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက

"ပြောင်းတာတော့ ပြောင်းနေပါပြီ၊ အခုပြောင်းနေတဲ့ အပြောင်းတွေဟာ အရှိန်အဟုန်ကောင်းလာဖို့ အာမခံချက်ရှိတဲ့ပြောင်းလဲမှုတွေ ဖြစ်ဖို့ကတော့ အခုအချိန်အထိ ကျနော်တို့အားလုံးအပေါ်မှာပဲ တည်တယ်၊ တကယ်က ပြီးခဲ့တဲ့ခေတ်တစ်လျှောက်လုံးမှာ အာဏာရှင်တွေရဲ့ နိုင်ငံရေးစိတ်ကောင်းရှိမှု ဆိုတာအပေါ်မှာသာ အားကိုးနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အပြောင်းအလဲအားလုံးဟာ အချက်အလက်ပေါ်မှာပဲ တည်တယ်လို့ ကျနော်တို့မြင်တယ်၊ ဘာကြောင့်လဲဆိုတော့ ပြောင်းတာဖြစ်မယ်လို့ သူတို့ယုံကြည်လာအောင် လက်ခံလာအောင်လုပ်နိုင်ရင် ပြောင်းမယ်၊ မပြောင်းရင် ခင်ဗျားဒီလိုအန္တရာယ်တွေ ကြုံရလိမ့်မယ်၊ ဒီပြဿနာတွေ ရင်ဆိုင်ရလိမ့်မယ်လို့ ကျနော်တို့ကပြောပြနိုင်တယ်၊ အဲဒီလိုဖြစ်အောင်လုပ်နိုင်ရင် ပြောင်းမယ်၊ အဲဒါကျနော်တို့က အပြောင်းအလဲကို အာမခံချက်ရှိဖို့ဆိုတာ ကျနော်တို့အခြေအနေတွေကို ဘယ်လောက်ဖန်တီးနိုင်တဲ့အခြေအနေအပေါ်မှာပဲတည်တယ်"

တဆက်တည်း ကိုမင်းကိုနိုင်ကလည်း အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအရ မြန်မာတွေသင်ခန်းစာယူသင့်တဲ့ အချက်များအပြင် ပြည်သူကရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကိုပြောသွားပြီး တက်ရောက်လာသူတွေက မေးမြန်းတာတွေကိုလည်း ဖြေဆိုသွားပါတယ်။

အခမ်းအနားကို မေရီလင်းပြည်နယ် Twinbrook မူလတန်းကျောင်းမှာ ပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံသား ၂၅ဝ ကျော် တက်ရောက်ပါတယ်။ တက်ရောက်သူတွေ များပြားတာကြောင့် ခန်းမပြည့်လျှံသွားတယ်လို့ သိရပါတယ်။

RFA Burmese

Monday, June 10, 2013

မြန်မာနိုင်ငံက အပြောင်းအလဲတွေအနေနဲ့ တကယ်တမ်း ပြောင်းလဲ မူတွေဖြစ်လာဖို့ဆိုတာ ပြည်သူတွေပေါ်
မှာ မူတည်တယ်လို့အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီ၊ မေရီိလင်းနဲ့ ဗာဂျီးနီးယားပြည်နယ်က မြန်မာနိုင်
ငံသား တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောသွားပါတယ်။

ဂျက်စတင် ဘီဘာနှင့် ပြန်လည် လက်တွဲမည် မဟုတ်ဟု ဆလီနာဂိုမက်ဇ် အခိုင်အမာ ပြောကြား

ဂျက်စတင် ဘီဘာနှင့် ပြန်လည် လက်တွဲမည် မဟုတ်ဟု ဆလီနာဂိုမက်ဇ် အခိုင်အမာ ပြောကြား 
Monday, June 10, 2013

ဒစ်စနေး ရုပ်သံ မင်းသမီးချော ဆလီနာဂိုမက်ဇ်က သူမ၏ချစ်သူ ဆယ်ကျော်သက် အဆိုတော် ဂျက်စတင်ဘီဘာနှင့် မည်သည့်အခါမျှ ထပ်မံလက်တွဲ သွားမည် မဟုတ်ဟု မကြာသေးမီက

ပြောကြားခဲ့ကြောင်း သိရသည်။ ကနေဒါ အဆိုတော် ဂျက်စတင် ဘီဘာနှင့် ဆလီနာ ဂိုမက်ဇ်တို့ ချစ်သူစုံတွဲသည် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်း ကတည်းက ၎င်းတို့၏ ချစ်ခရီးကို ပြတ်လိုက်ဆက် လိုက်ဖြင့် လျှောက်လှမ်းခဲ့သည်။ ၎င်းတို့နှစ်ဦး ပြန်လည် လက်တွဲနေပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆလီနာကမူ ထပ်မံ၍ လက်တွဲတော့မည် မဟုတ်ဟု အခိုင်အမာ ပြောကြား လိုက်သည်။

ဆလီနာသည် သူမကိုယ်သူမ နတ်မိမယ်တစ်ပါးဟု မယူဆသော်လည်း ဂျက်စတင် ဘီဘာသည် သူမ၏ စံထားလောက်သော ချစ်သူတစ်ယောက် မဟုတ်ကြောင်း၊ ဆလီနာ၏ သူငယ်ချင်းများ ကလည်း ၎င်းတို့နှစ်ဦးကို အပြီးတိုင် လမ်းခွဲကြရန် တိုက်တွန်းကြကြောင်း ဆလီနာ၏ အတွင်းသိ တစ်ဦးက ပြောကြားခဲ့သည်။ ဂျက်စတင်ဘီဘာသည် ယခုအခါ နာမည်ကျော်ကြားမှု အနည်းငယ် ကျဆင်းနေသဖြင့် ဆလီနာ အနေဖြင့် အားပေးရမည် ဖြစ်သော်လည်း ဂျက်စတင်ဘီဘာ၏ ကလေးဆန်သော အပြုအမူများကို ဆလီနာက သည်းခံနိုင်တော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Monday, June 10, 2013

ဒစ်စနေး ရုပ်သံ မင်းသမီးချော ဆလီနာဂိုမက်ဇ်က သူမ၏ချစ်သူ ဆယ်ကျော်သက် အဆိုတော် ဂျက်စတင်
ဘီဘာနှင့် မည်သည့်အခါမျှ ထပ်မံလက်တွဲ သွားမည် မဟုတ်ဟု မကြာသေးမီက ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးလိုင်စင် အိန္ဒိယကုမ္ပဏီကို စဉ်းစားပေးရန် အိန္ဒိယဝန်ကြီး တောင်းဆို

Monday, June 10, 2013

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် 
အိန္ဒိယ ကုမ္ပဏီ Bharti Airtel ကို လိုင်စင် တစ်နေရာ စဉ်းစားပေးရန် ဆက်သွယ်ရေး နှင့် သတင်းအချက်အ
လက်နည်းပညာဝန်ကြီးဌာနဦးမြတ်ဟိန်းထံအိန္ဒိယနိုင်ငံစီးပွားရေးနှင့်စက်မှုဝန်ကြီးနန်းရှရ်မားက တောင်းဆို
ခဲ့ကြောင်း India Times သတင်းစာ တွင် ဖော်ပြထားသည်။

ထိုင်ဝမ်က ထုတ်မည့် မှန်၁ ချပ် အလား စမတ်ဖုန်းများ

ထိုင်ဝမ်က ထုတ်မည့် မှန်၁ ချပ် အလား စမတ်ဖုန်းများ
Monday, June 10, 2013

တကယ်မှန်အတိုင်း ထိုးဖောက်မြင်နေရမယ့် စမတ်ဖုန်း Prototype ကို ထိုင်ဝမ် ပိုလီထရွန် ကုမ္မဏီက ပြသခဲ့ တာ ဖြစ် ပါတယ်။

စပီကာ၊ ဆင်းကဒ်၊ meomry ကဒ် တို့ကို အထင်းသားကြီး မြင်နေရပြီး မျက်နှာပြင်မှာ အရောင် လက်လက်၊ လက်လက် နဲ့ ယခုလို မြင်တွေ့ရ ပါတယ်။ အင်တာဗျူး မှာတော့ ကုမ္မဏီရဲ့  ပြောဆိုချက်ရ ၂၀၁၄ မှာ အမှန် တကယ် ထုတ်လုပ် လာ နိုင်မယ့် ဟန်းဆက်ဖြစ်လာအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ သူတို့က ဟာ့ဒ်ဝဲ အသားပေး ထုတ်တဲ့ ကုမ္မဏီ ဖြစ်တဲ့အတွက် ယင်းနည်းပညာကို အခြားကုမ္မဏီများအား ရောင်းချ မှာ ဖြစ်ပါတယ်။

နည်းပညာ ရောင်းနိုင်ပေမယ့် ကုန်ကြမ်းကျတော့ တော်တော်လေး ရှာယူကြိုးစား ရမှာပါ။ ဖန်သားလို မြင်နေရတဲ့ သတ္တုပေါ်မှာ ရောင်စုံ ပုံရိပ်တွေ ပေါ်အောင် လုပ်ထားတဲ့ နည်းပညာဆိုတော့ ကမ္ဘာ့ အိုင်တီ Gadgets လောကကို တုန်လှုပ်စေအုံးမယ့် တီထွင်ဆန်းသစ်မှု တစ်ခုလည်း ဖြစ်ပါတယ်။
--
Ref: techgad

Monday, June 10, 2013

တကယ်မှန်အတိုင်း ထိုးဖောက်မြင်နေရမယ့် စမတ်ဖုန်း Prototype ကို ထိုင်ဝမ် ပိုလီထရွန် ကုမ္မဏီက ပြသခဲ့ တာ ဖြစ် ပါတယ်။

ပညာရေးညီလာခံ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခြင်းမရှိ

ရန်ကုန် ၊ ဇွန် ၉
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြင်ပ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့သော နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံတွင် ကြိုတင် ဖိတ်ကြားထားသော ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ တက်ရောက်မှု မရှိခဲ့ကြောင်း ညီလာခံစီစဉ်သူ ဒေါက်တာ သိန်းလွင်က The Voice သို့ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတတာဝန်ယူဖို့ ဆန္ဒရှိ

ဇွန်လ ၁၀ ရက် ၂၀၁၃

အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိလာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။ 

၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ သမ္မတအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ လက်ရှိ အခြေခံဥပဒေအရ ကန့်သတ်ခံထားရတာပါ။ 

ဒါပေမဲ့လည်း အများသဘောတူ လက်ခံတယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်တွေကို သူ့အနေနဲ့ ကန့်ကွက်မှ မဟုတ်တဲ့အကြောင်းလည်း ဦးရွှေမန်း ကပြောပါတယ်။ သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန် ခရီးစဉ်အတွင်းမှာတော့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေနဲ့အတူ ဦးရွှေမန်းဟာ အမေရိကန် လွှတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မြန်မာနိုင်ငံက လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖို့ ရည်ရွယ်ထားတာပါ။ လတ်တလောခရီးစဉ် အစနေ့အဖြစ် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ ၀ါရှင်တန် မြန်မာသံရုံးမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

VOA

ဇွန်လ ၁၀ ရက် ၂၀၁၃

အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိလာတဲ့
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိ
တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၈ရက်နေ့က ရာဇာမင်း ခရီးသည်တင်ယာဉ် ဓာပြတိုက်ခံရမှုတွင် လူနှစ်ဦးသေဆုံးခဲ့ရ

Monday, 10 June 2013 မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်မှ ရန်ကုန်သို့ ပြေးဆွဲသည့် ခရီးသည်တင် မှန်လုံဖူဆို လေအိတ်ကားသည် မော်လမြိုင်မြို့မှ ည ၇နာရီတွင် ရန်ကုန်သို့ ဆက်လက်ထွက်ခွာရာ သံလွင်တံတားအကျော် မုတ္တမမှ တက်ရောက်သည့် ခရီးသည် ငါးဦးက တောင်စွန်းအထွက် ရထားလမ်း အဖြတ်၌ ပါရှိလာသော လက်နက်တို့ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ခရီးသည်များထံမှ လက်ဝတ်တန်ဆာ၊ ငွေများ၊ လက်ကိုင်ဖုန်းများ ယူဆောင်ပြီး ကားကိုရပ်ခိုင်း၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ခေါ်ဆင်းကာ ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါယာဉ်ဖြင့် လိုက်ပါဓားပြ တိုက်ခံရသည့် သံဖြူဇရပ် မြို့နယ်နေ ခရီးသည် တစ်ဦးက ဇွန် ၉ ရက်နေ့တွင် ပြောကြားသည်။

တစ်ကျော့ပြန် ကချင်စစ်ပွဲ(၂) နှစ် ပြည့်သည့်နေတွင် တိုက်ပွဲဖြစ်

တစ်ကျော့ပြန် ကချင်စစ်ပွဲ(၂) နှစ် ပြည့်သည့်နေတွင် တိုက်ပွဲဖြစ်

Jun 9,2013 by eedy news

တစ်ကျော့ပြန် ကချင် စစ်ပွဲ (၂) နှစ် ပြည့် သည့်နေ့ (၉.၆.၂၀၁၃) ရက်နေ့ တွင် မြန်မာ အစိုးရ
စစ်တပ်နှင့် KIA, တို့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းသိရသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ
KIA, တပ်ရင်း (၃၆)ဒေသ သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာ အစိုးရစစ်တပ် (ခ.လ.ရ-၁၂၈)တပ် နှင့် KIA, တပ်ရင်း (၃၆)တပ် လက်အောက်ခံ ဒေသခံ KIA ,ပြည်သူ့ စစ် တပ်ဖွဲ့ ၀င်တို့ နမ့်ဟူးရွာ အနီးတွင် (၉.၆.၂၀၁၃)ရက်နေ့ မွန်းလွှဲ (၂)နာရီ အချိန်ခန့်တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်းသတင်းရရှိပါသည်။

2013 ning June 9 ya shana maga hkying 2:00 pm aten hta KIA Masat (4) Dap Ba npu, Dap Dung (36) ginra na, Mungshawa Hpyen Hpung (MHH) ni shara la nga ai de, Myen hpyen Hk.L.Y (128) Dap ni shamu shamawt shang chyinglau hkawm wa ai majaw, Nam Hu mare makau kaw, (MHH) hpyen hpung ni hkap shingla gasat poi byin ai lam na chye lu ai.
Gasat poi byin ai kaw, lahkawng maga na hpyen si hkala lam hpe atsawm nchye lu ai.

Jun 9,2013 by eedy news
တစ်ကျော့ပြန် ကချင် စစ်ပွဲ (၂) နှစ် ပြည့် သည့်နေ့ (၉.၆.၂၀၁၃) ရက်နေ့တွင် မြန်မာ အစိုးရစစ်တပ်နှင့် KIA
, တို့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျ

၉.၆.၂၀၁၃ ရက်နေ့ ၁၄;၃၀ အချိန် မိုးရွာသွန်းမှုကြောင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်အောင်
ကျော်လမ်း (အောက်ဘလောက်)၊ အာမေးနီးယား၊ ခရစ်ယာန်ဘုရားကျောင်းရှေ့ရှိ လုံးပတ်(၆)ပေခန့်ရှိ ကု
က္ကိုပင်သည် အမြစ်မှကျွတ်၍ ဗိုလ်အောင်ကျော်လမ်းပေါ်သို့ ကန့်လန့်ဖြတ် လဲကျခဲ့ရာ ကားတစ်စီးပိမိသွား
 ကြောင်းသတင်းရရှိသည်။

မန္တလေးမှ ဗလီအတွင်းသို့ အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ကာ မသင်္ကာဖွယ်လူစိမ်း တစ်ဦး ၀င်ရောက်


ဇွန် ၉၊ ၂၀၁၃

မန္တလေး ။ ။ မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဗလီအတွင်းသို့ မသင်္ကာဖွယ် လူစိမ်းတစ်ဦး ယနေ့ည ၈-နာရီဝန်းကျင်က ၀င်ရောက်လာသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။