Pages

Pages - Menu

Monday, June 10, 2013

မန္တလေးမှ ဗလီအတွင်းသို့ အစ္စလာမ်ဘာသာဝင် အယောင်ဆောင်ကာ မသင်္ကာဖွယ်လူစိမ်း တစ်ဦး ၀င်ရောက်


ဇွန် ၉၊ ၂၀၁၃

မန္တလေး ။ ။ မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဗလီအတွင်းသို့ မသင်္ကာဖွယ် လူစိမ်းတစ်ဦး ယနေ့ည ၈-နာရီဝန်းကျင်က ၀င်ရောက်လာသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂လမ်းနှင့် ၈၃လမ်းကြား ၂၃-လမ်းရှိ ကျောက်ဗလီအတွင်းသို့ မသင်္ကာဖွယ်လူတစ်ဦးတွေ့ရှိရသည်ဟု သိရသည်။ ယင်းသူမှာ ယနေ့ည အိရှာဟ်ဆွလာသ် (၈-နာရီ ၀တ်ပြုချိန်)တွင် ဗလီအတွင်းသို့ ၀င်ရောက်လာပြီး ၀တ်ပြုမှုပုံစံအတိုင်း လိုက်လံ ၀တ်ပြုနေသည်ကို တွေ့ရှိရပြီး သူကပုံစံမှာ မူမမှန်သဖြင့် ၀ိုင်းဝန်းစစ်ဆေးမေးမြန်းရာ သူထံမှ အရက်နံ့များရပြီး၊ စိတ်မနှံ့သူတစ်ဦး သဏ္ဍာန်ဖြစ်နေပြီး မွတ်စလင်မ်တစ်ဦး မဟုတ်ကြောင်း သိရသည်။ ထိုသူမှာ မိုးကုတ်မြို့တွင်နေသူ ဂေါ်ရခါး လူမျိုးတစ်ဦးဖြစ်ကြောင်းလည်း သိရသဖြင့် သက်ဆိုင်ရာသို့ အပ်နှံလိုက်တာကြောင့် သက်ဆိုင်ရာမှ သူ့အား အိမ်ပြန်ပို့မည်ဟုဆိုကာ ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မန္တလေးမြို့ခံတဦးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကို အောက်ပါ အတိုင်းရေးသားထားပါတယ်။

"နမားဇ်ဖတ်နေတဲ့အချိန် ဝင်လာတယ်၊ နမာဇ်ဖတ်တဲ့ပုံစံ လုပ်တယ်၊ လုပ်သာလုပ်တာ တလွဲ၊ လက်နှစ်ဖက်ကို မိုးပေါ်မြှောက်ပြီး ပါးစပ်က လျှောက်ရွတ်တယ်၊ ထိုင်ချပြီး မြေကြီးနဲ့ခေါင်း စိုက်လုပ်တယ်။ မင်္သကာလို့ ခေါ်မေးတော့ အနောက်ထဲဝင်ပြေးတယ်။ မိသွားတော့ မေးတော့ ဂေါ်ရခါး မုစ်လင်မ်လို့ ပြောတယ်ဗျာ။ အဲဒါနဲ့ထိုင်ခိုင်ထားပြီး လူကြီးတွေ ရောက်လာပြီး ထပ်မေးတယ်။ ဘာသာမဲ့ပါဆိုပြီးဖြေတယ်။ အရက်စော်လည်း နံလို့။

၁၀ မိနစ်လောက်နေတော့ ရဲတစ်ယောက်နဲ့ လူတစ်ယောက် ယောက်လာတယ်။ အဲဒီလူကိုလည်း မြင်ရော ဒီကောင့်မျက်ခွက် ပြောင်းသွားတယ်။ ရဲနဲ့ပါလာတဲ့ လူကပြောတယ်။ ဒီကောင် မနေ့ညကလည်း ၁၉ လမ်းဘက်မှ ပတ်မွှေပြီးပြီတဲ့။ ပိုက်ဆံ ၁၀၀၀ ပေးလိုက်ရင် ပြန်ထွက်သွားတယ်တဲ့။ အဲဒါ အခုလည်း ပိုက်ဆံ ၁၀၀၀ ပေးမယ်ဆိုပြီး ဆိုင်ကယ်ပေါ်တင်ပြီး ခေါ်သွားတယ်။ ရဲစခန်းတော့ မဟုတ်ဘူး။ ပြန်ပို့မယ်ဆိုပြီး ဘယ်ခေါ်သွားလည်းမသိ။

နောက်ရက်ကစပြီး ဘာသာပေါင်းစုံက မိတ်ဆွေများ ဒီကောင့်ကို အဲလိုမသင်္ကာဖွယ် လုပ်တာတွေ့ရင် အရင်ဆုံးမလွှတ်လိုက်ပါ။ ပြီးမှ ရဲလက်အပ်ပါ။ အရူး အရူးနဲ့ လားရှိုးလည်း ပြာကျပြီးပြီ။ "

ယခုကဲ့သို့ ဗလီများအတွင်း အစ္စလာမ်ဘာသာမဟုတ်သူများအနေနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦး အသွင်ဖြင့် ၀င်ရောက်လာပြီး ဘာသာရေးကို အကြောင်းပြပြီး ပဋိပက္ခဖြစ်စေမည့်အသွင် ဖန်တီးမှုများ ပေါ်ပေါက် လာမည်ကိုလည်း အစ္စလာမ်ဘာသာဝင်များအနေနှင့် စိုးရိမ်မှုများ ရှိနေကြောင်းနှင့် ဗလီများတွင် CCTV ကင်မရာများ အမြန်ဆုံးတပ်ဆင်ထားသင့်ကြောင်းလည်း တိုက်တွန်း အကြံပြု ပြောကြားလာကြပါတယ်။

M-Media , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) :၉.၆.၂၀၁၃

 

No comments:

Post a Comment