Monday, June 10, 2013
ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ခံထားရသည့် တော်ဝင် သစ်အချောထည် စက်ရုံအလုပ်သမား၁၄ ဦး
ပြန်လွတ်မြောက်ရေး အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင်စက်မှုဇုန်
သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာ စုပေါင်းတောင်းဆိုခြင်းကို ဇွန် ၉ ရက်တွင် ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံအလုပ်သမား ၁၄ ဦး ပြန်လွတ်မြောက်ရေးအတွက် မဟာဗန္ဓုလပန်းခြံလွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ၂၀၁၃ ခုနှစ်၊ ဇွန်လ၊ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ
စတင်ကာ စက်မှုဇုန်သုံးခုမှ စက်ရုံအလုပ်သမားနှစ်ရာခန့် စုပေါင်းတောင်းဆို
ဆန္ဒပြခဲ့ကြသည်။
ဆုတောင်းပွဲတွင် ဖမ်းဆီးခံထားရသည့် တော်ဝင်အလုပ်သမားများပြန်လွှတ်ပေးရေး၊ အလုပ်သမားများကိုဖိ
ဆုတောင်းပွဲတွင် ဖမ်းဆီးခံထားရသည့် တော်ဝင်အလုပ်သမားများပြန်လွှတ်ပေးရေး၊ အလုပ်သမားများကိုဖိ
နှိပ်မှုများရုတ်သိမ်းပေးရေး၊အလုပ်သမားများကို တရားစွဲဆိုမှုများ ရုတ်သိမ်းပေးရေး၊ ပုဒ်မ ၁၈
ဖျက်သိမ်းပေး
ရေး၊ ခုံသမာဓိ ဆုံးဖြတ်ချက် အကောင်အထည်ဖော်ပေးရေး စသည့်
ကြွေးကြော်သံများဖြင့် ဆူးလေဘုရား အနီးမှ စတင်၍ မဟာဗန္ဓုလပန်းခြံရှိလွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်
သာယာ
စက်မှုဇုန် သုံးခုမှ စက်ရုံအလုပ်သမာနှစ်ရာနှင့်အတူ ဖမ်းဆီးခံထားရသည့်
တော်ဝင် စက်ရုံ အလုပ်
သမားများ၏မိဘများ၊စက်မှုဇုန်သုံးခုမှအလုပ်သမားသမဂ္ဂခေါင်းဆောင်းများလည်း ပါဝင်ဆုတောင်း ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်မှ ကိုကျော်ကျော်မင်းက ''စက်ရုံထဲမှာရှိတဲ့ အလုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်မှ ကိုကျော်ကျော်မင်းက ''စက်ရုံထဲမှာရှိတဲ့ အလုပ်
သမားတွေကိုပိုင်နက်ကျုးလွန်မှုနဲ့ တရားစွဲဆိုတာ ဒီနိုင်ငံတစ်ခုပဲရှိပါတယ်၊ တရားစွဲဆိုခံထားရတဲ့ တော်ဝင်
အလုပ်သမားတွေပြန်လွတ်မြောက်ဖို့ အလုပ်သမားထု တစ်ရပ်လုံးက ဆက်လက်တောင်းဆို သွားမှာပါ'' ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် တော်ဝင်စက်ရုံအလုပ်သမားမမေသူနှင်း၏ မိခင် ဒေါ်ချိုစမ်းက ''ကျွန်မသမီးကို မေ ၁၄
ဖမ်းဆီးခံထားရသည့် တော်ဝင်စက်ရုံအလုပ်သမားမမေသူနှင်း၏ မိခင် ဒေါ်ချိုစမ်းက ''ကျွန်မသမီးကို မေ ၁၄
ရက်က အိမ်မှာ လာဖမ်းတာ၊ မနက်မှလာမပို့ရင်
ဝရမ်းထုတ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ကပြောလို့ ကျွန်မသမီးလေး ကို စခန်းကို
သွားပို့ပေးခဲ့ရတယ်၊ အခု တရားစွဲဆိုခံထားရပါတယ်''ဟု ဆိုသည်။
ယခုပြုလုပ်ခဲ့သည့် စုပေါင်းတောင်းဆိုမှုအတွက် ကျောက်တံတားရဲစခန်းတွင် ကြိုတင်ခွင့်ပြုချက် ယူထားပြီး
ယခုပြုလုပ်ခဲ့သည့် စုပေါင်းတောင်းဆိုမှုအတွက် ကျောက်တံတားရဲစခန်းတွင် ကြိုတင်ခွင့်ပြုချက် ယူထားပြီး
ဖြစ်သည်ဟုသရဖူ သံမဏိသံရည်ကျိုစက်ရုံမှကိုနော်အောင်က ပြောသည်။
တရားစွဲဆိုခြင်းခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားကိုနိုင်အောင်သူ၏ မိခင် ဒေါ်သန်းဌေးက ''ကျွန်မ သားလေးကိုစက်ရုံထဲမှာ ချောင်ပိတ် ဖမ်းဆီးခဲ့ကြတာပါ၊ ကျွန်မမှာ ကလေးခုနစ်ယောက်ရှိပါတယ်၊ ခင်ပွန်း
တရားစွဲဆိုခြင်းခံထားရသည့် တော်ဝင်စက်ရုံ အလုပ်သမားကိုနိုင်အောင်သူ၏ မိခင် ဒေါ်သန်းဌေးက ''ကျွန်မ သားလေးကိုစက်ရုံထဲမှာ ချောင်ပိတ် ဖမ်းဆီးခဲ့ကြတာပါ၊ ကျွန်မမှာ ကလေးခုနစ်ယောက်ရှိပါတယ်၊ ခင်ပွန်း
က
လေဖြတ်ရောဂါသည်မို့စားဝတ်နေရေးအခက်အခဲကြုံတွေ့ နေရချိန်မှာ ကျွန်မသား
နိုင်အောင်သူကို ဖမ်း
ဆီးခံခဲ့ ရတာပါ'' ဟု ပြောသည်။
တော်ဝင်ဆောင်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုထွေးက ''အလုပ်သမားတွေကလည်း ရာဇဝတ်မှု ကျုးလွန်ခွင့်ရှိသလား၊ ဒါလေးကို ဆုံးဖြတ်စစ်ဆေးဖို့လိုတာပေါ့၊ သူတို့ကတော့ အဖမ်းခံရရင် လွှတ်ပေးပါဆို
တော်ဝင်ဆောင်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုထွေးက ''အလုပ်သမားတွေကလည်း ရာဇဝတ်မှု ကျုးလွန်ခွင့်ရှိသလား၊ ဒါလေးကို ဆုံးဖြတ်စစ်ဆေးဖို့လိုတာပေါ့၊ သူတို့ကတော့ အဖမ်းခံရရင် လွှတ်ပေးပါဆို
တော့ ရာဇဝတ်မှု ကျုးလွန်တာ ဆန္ဒပြတိုင်း လွှတ်ပေးရမလား . . .၊
အခုက ဆန္ဒပြရင် အကုန်လွှတ်ပေး ရမယ်
လို့ပဲ စိတ်ထဲထင်နေ ကြသလားတော့ မသိဘူး၊
အဲလိုဆို လူတွေအကုန်လုံးလုပ်သမျှ အစိုးရက ဘာမှလုပ်ခွင့်
မရှိဘူး၊
တရားဥပဒေစိုးမိုးလို့ မရဘူးလို့မြင်တယ်၊ တရားဥပဒေကတော့ တရားဥပဒေအတိုင်းပဲ
သွားမှာပေါ့'' ဟု တောင်းဆိုမှုအပေါ်တွင် ၎င်း၏ အမြင်ကို ပြောသည်။
Mizzima , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၁၀.၆.၂၀၁၃
No comments:
Post a Comment