Pages

Pages - Menu

Monday, June 10, 2013

ပုသိမ် ကညန ကွင်းဆင်း၍ ယာဉ်သက်တမ်းတိုးပေးမည်

ပုသိမ်၊ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ယခုလ တတိယပတ်အတွင်း ကျုံပျော် မြို့နယ်နှင့် ရေကြည် မြို့နယ်တို့သို့ ကွင်းဆင်း၍ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာန ဦးစီးမှူး ဦးဝင်းတင်က The Voice သို့ ပြောကြားသည်။ ယင်းနှစ်မြို့နယ်အတွက် သက်တမ်းတိုးခြင်းများကို ကျုံပျော်မြို့တွင် သွားရောက် ကွင်းဆင်း၍ ဆောင်ရွက်မည်ဖြစ်ပြီး ယခင်က ယာဉ်ပိုင်ရှင် ၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူတင်ပြရသော်လည်း ယခုဖြေလျှော့၍ ယာဉ်ပိုင်ရှင်ဓာတ်ပုံပါ အထောက်အထားကတ် တစ်ခုခု တင်ပြရုံဖြင့် ယာဉ်သက်တမ်း တိုးခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မော်တော်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးရန် မိုင် ၆၀ ခန့်ဝေးသည့် ပုသိမ်သို့ သွားရသည်ထက် ကွင်းဆင်း ပြုလုပ်ပေးသည့်အတွက် အဆင်ပြေကြောင်း ကျုံပျော်မြို့မှ ကျောင်းဆရာ ဦးမြင့်စိုးက ဆိုသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပုံမှန် နှုန်းထားများအတိုင်း ဆောင်ရွက်ပေး ပါက ပြည်သူများ ပိုမိုကျေနပ်မည်ဖြစ်ကြောင်း ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက အကြံပြုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် ခြောက်ခရိုင်ရှိပြီး ကညနခရိုင်ရုံးများမှာ ပုသိမ်၊ ဟင်္သာတနှင့် မအူပင်မြို့ တို့တွင်သာ ရှိသည်။
The Voice ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃

No comments:

Post a Comment