Pages

Pages - Menu

Friday, May 24, 2013

အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ်ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီသွားရောက်ကြည့်စဉ် မိခင်မှာနေအိမ်သို့တစ်ဦးတည်းပြန်သွားခဲ့ပြီး ညနေ ၅ နာရီအချိန်ခန့်တွင် မိခင်မှာ တစ်လမ်းတည်းနေမ------- ၏နေအိမ်သို့ ရောက်ရှိနေကြောင်းသိရ၍ သွား ရောက်ခေါ်ယူရာ

နေအိမ်ရှေ့မှာ ကားရပ်လို့ လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး


Friday, May 24, 2013 
 နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့အခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင်က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊ထိုးကြိတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီးမှာ ဒီက
နေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။

Samsung Galaxy S4 တစ်လမပြည့်မီ အလုံးရေ ၁၀ သန်းကျော် ရောင်းချရ

Samsung Galaxy S4 တစ်လမပြည့်မီ အလုံးရေ ၁၀ သန်းကျော် ရောင်းချရ

Samsung အနေဖြင့် ၎င်းတို့၏ နောက်ဆုံးမျိုးဆက် အဆင့်မြင့် စမတ်ဖုန်း Galaxy S4ကို ထုတ်လုပ်ရောင်းချရာ တစ်လမပြည့်မီ အလုံးရေ (၁၀)သန်းကျော် ရောင်းထွက်ခဲ့ကြောင်း သိရှိရသည်။

" အီမရိတ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေရောက်ရှိလာပြီဖြစ်တဲ့ ဆွမ်ဆီး ခံစစ်မှုး ၀ီလီယံ "

" အီမရိတ်ကို ရောက်ရှိဖို့ အနီးစပ်ဆုံး အခြေအနေရောက်ရှိလာပြီဖြစ်တဲ့ ဆွမ်ဆီး ခံစစ်မှုး ၀ီလီယံ "

အာဆင်နယ်အသင်းဟာ ၀ီလီယံ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ သိရပြီး တစ်ပတ်လုပ်ခ ပေါင် ၆သောင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အသက်၂၈နှစ်အရွယ်ရှိ ဝေးလက်ရွေးစင်ကစားသမားအတွက် ပေါင် ၈သန်းမှ ၁၀သန်းခန့်အထိ ကုန်ကျမှာဖြစ်ကာ နှစ်ဘက်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဆွေးနွေးနေဆဲပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကြောင့် အသင်းခေါင်းဆောင် ဗာမေးလန်းရဲ့ အသင်းမှ ထွက်ခွာဖို့သတင်းတွေဟာ ပိုလို့ပင် လှုပ်ခတ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း လပိုင်းသာကျန်တော့တဲ့ စကွီလာစီကိုလည်း အသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်တော့မှာဖြစ်သလို ဂျိုရူးကိုလည်း ကစားသမားရဲ့ဆန္ဒအရ ဟန်နိုဗာအသင်းမှာ ဆက်လက်ပြီး အဌားချထားမယ်လို့လည်း ဆိုပါတယ်။

ဝီလီယံဟာ ဆွမ်ဆီးအသင်းသို့ ၂၀၀၈ခုနှစ်ကတည်းက ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ဆွမ်ဆီးအသင်းနှင့်အတူ ၂၂၉ပွဲ ပွဲထွက်ကစားခဲ့ပြီးပြီဖြစ်ကာ ၂၀၁၁ခုနှစ်က ပရီးမီးယားလိဒ်သို့ တန်းတက်ကစားခွင့်ရရာနှင့် ပြီးခဲ့တဲ့ရာသီက Capital one Cup ဖလားရရှိရာမှာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

source :  http://bit.ly/11hDSE6

-Cloud-

အာဆင်နယ်အသင်းဟာ ၀ီလီယံ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီလို့ သိရပြီး တစ်ပတ်လုပ်
ခ ပေါင် ၆သောင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးကို ယှဉ်ပြိင်ဖို့ သတ် မှတ်ထား

မြန်မာနိုင်ငံက အိမ်ရှင်လုပ်မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးကို ယှဉ်ပြိင်ဖို့ သတ် မှတ်ထားပြီး ဆုတံဆိပ်ပေါင်း ၁၅၅၇ ခု ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် လိုက်ပါတယ်။ ပြေးခုန်ပစ်နဲ့ ရေကူး အားကစား ၂ မျိုးကနေ ဆုတံဆိပ်အရေအတွက် အများဆုံး ပေးအပ်မှာ ဖြစ်ပါ တယ်။

မလေးရှားနိုင်ငံတွင်မြန်မာနိုင်ငံတွင်းရှိအစ္စလာမ်ဘာသာဝင်များရဲ့အသက်အိုးအိမ်စည်းစိမ်များ ဆုံး ရှုံးနစ်နာရခြင်းအပေါ်ဆန္ဒထုတ်ဖော်မှုမြင့်ကွင်း

မလေးနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ မြန်မာအစိုးရ သမ္မတဦးသိန်းအပေါ် သဘေားထား လုပ်ရပ်။

ယနေ့မလေးရှားနိုင်ငံတွင်မြန်မာနိုင်ငံတွင်းရှိအစ္စလာမ်ဘာသာဝင်များရဲ့အသက်အိုးအိမ်စည်းစိမ်များ ဆုံး
ရှုံးနစ်နာရခြင်းအပေါ်ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည် ။

ဟင်္သာတတက္ကသိုလ်ဝန်ထမ်းများအတွက် ခွဲတမ်းရရှိသော ၁၅၀၀/တန် ဖုန်းဆင်းကဒ်များအား ရာထူးကြီးသူများ လက်ဝါးကြီးအုပ်

ဟင်္သာတ၊ မေ ၂၄။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဟင်္သာတတက္ကသိုလ်ဝန်ထမ်းများအတွက် မြို့နယ်ထွေအုပ်မှ ခွဲတမ်းချထားပေးသော ၁၅၀၀/တန်ဖုန်းဆင်းကဒ် (၆၂)ကဒ်အား တက္ကသိုလ်အတွင်းရှိ ရာထူးကြီးသူများမှ ရာထူးအလိုက် ကဒ်အားလုံးနီးပါးအား လက်ဝါးကြီးအုပ်ရယူထားပြီး ကျန်ဆင်းကဒ်အနည်းငယ်ကိုသာ အောက်ခြေ၀န်ထမ်းများအတွက် မဲနှိုက်ရယူရန် စီစဉ်ထားကြောင်း သိရသည်။

အလ်အဇ်ဟရ် တက္ကသိုလ် အစ္စလာမ့် အဓိပတိကြီး မှ မြန်မာနိုင်ငံအရေး ထိပ်သီးအစည်းအဝေး ကျင်းပရန် တောင်းဆို

အလ်အဇ်ဟရ် တက္ကသိုလ် အစ္စလာမ့် အဓိပတိကြီး မှ မြန်မာနိုင်ငံအရေး ထိပ်သီးအစည်းအဝေး ကျင်းပရန် တောင်းဆို

သတင်း - ကိုချစ်ကောင်း - အီဂျစ် 
၂၀၁၃ မေလ ၂၃

မြန်မာနိုင်ငံတွင်း လူတည်းစု မွတ်စလင်မ်များ ကြုံတွေ့နေရသည့် ရင်ဆိုင်မှုများ၊ စိုးရိမ်မှုများမှ အမြန်ဆုံး ကယ်တင်နိုင်ရန် OIC အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် ထိပ်သီးအစည်းအဝေး ကျင်းပပြီး ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ကာ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့နှင့် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ရန် Egypt နိုင်ငံ Al Azhar တက္ကသိုလ် အဓိပတိရုံးမှ မေလ ၂၂ ရက်၊ ၂၀၁၃ နေ့က ထပ်မံ တောင်းဆို လိုက်သည်။
ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့်လည်း ဤလူနည်းစု၏ လူ့ အခွင့်အရေး ခြိမ်းခြောက်ခံရမှုများ၊ ရာဇ၀တ်မှု ကျူးလွန် ခံရမှုများနှင့် အမုန်းတရားကို အခြေခံကာ သတ်ဖြတ် ခံနေရမှုများကို တားဆီး ပိတ်ပင်သည့် ထုတ်ပြန်ချက် တစ်ရပ်အမြန်ဆုံး ချမှတ်ပေးရန်လည်း ထပ်မံ တောင်းဆိုလိုက်သည်။

ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းအားလုံးအနေနှင့်လည်း လူသားပဓါန၀ါဒကို အခြေခံကာ လူ့ဘောင်လောကကြီး တစ်ခုလုံးသည် လူ့ခန္ဓာကိုယ် တစ်ခု သဏ္ဍာန်အလား ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီတိုင်း၏ နာကျင်မှုသည် ခန္ဓာကိုယ် တစ်ခုလုံးအား ဤဝေဒနာ ကိုခံစားရကြောင်း တမန်တော်ကြီး၏ မိန့်မှာချက် အတိုင်း မေတ္တာတရားရှေ့ရှုရန် လိုကြောင်း၊ သို့မဟုတ် ပါက အမုန်းတရား၏ အကျိုးဆက်များကို လူ့ အသိုင်းအ၀ိုင်းတစ်ခုလုံး စိတ်မချမ်းမြေ့ ဖွယ်ရာ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

မြန်မာနိုင်ငံ အစိုးရအနေနှင့်လည်း အကြမ်းဖက်ခံခဲ့ရသော သူများအား စိတ်ဓါတ်ရေးရာ ကူညီမှုများပေးရန်နှင့် ဒေသတွင်း လုံခြုံမှု အမြန်ဆုံးတည်ဆောက်ပေးရန်၊ ဘာသာပေါင်းစုံ အချင်းချင်းကူးလူးဆက်ဆံပြီး အချင်းချင်းယုံကြည်မှုများ တည်ဆောက်နိုင်ရန်၊ အကြမ်းဖက်မီးရှို့ခံခဲ့ရသော နေအိမ်များကိုလည်း အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန်၊ ဒေသတွင်း၌ စီးပွားရေး ပုံမှန်ပြန်လည်ကောင်းမွန်စေရန် ရေရှည်စီမံကိန်းများချမှတ်ပေးရန် တိုက်တွန်းလိုက်သည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများ အတွက်လည်း လူ့အခွင့်အရေးစံနှုန်း၊ စံညွှန်းများနှင့်အညီ ထိုင်သင့်သော ရပိုင်ခွင့်များပေးရန်၊ အမုန်းတရားကို အခြေခံပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့သော သူများအားလည်း ရာဇ၀တ်မှုအတိုင်း အရေးယူပြီး ထပ်မံကျူးလွန်မှုမရှိစေရန် အတွက် ဥပဒေများဖေါ်ဆောင်ပေးရန်၊ ဒုက္ခသည်များအနေနှင့်လည်း မိမိတို့နေရပ်သို့ အမြန်ဆုံးပြန်နိုင်ရန် စီစဉ်မှုများပေးရန်၊ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရသော လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ပေးရန် မြန်မာနိုင်ငံတော် သမ္မတရုံးသို့ တိုက်တွန်းလိုက်သည်။ 

အဆိုပါထုတ်ပြန်ချက်ကို အစ္စလာမ့်လောကတွင် သြဇာတိက္ကမ္မ အကြီးဆုံးဖြစ်သော အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်အဇ်ဟရ် တက္ကသိုလ်မှ အစ္စလာမ့် အဓိပတိကြီး ဖြစ်သော ဒေါက်တာ အဟ်မဒ် သွိုက်ယိဗ် မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ 

Al-Azhar Al-Sharif renewed his call for the Organization of Islamic Cooperation to hold an emergency summit of foreign ministers of Islamic countries, to discuss the implications of what is happening to the Muslims in (Myanmar), and to take crucial decisions in order to put pressure on the government of Burma to save the Muslims there, and end their crisis.

He also renewed his call for the Security Council to convene an urgent meeting to pass a resolution to prevent violence and massacres committed daily against unarmed Muslims in Myanmar, and the criminalization of such violence.

The face of eminence message to the civilized world in which he said, "While silent المتحيزون who claim jealousy on human rights, and concerned only Western man or rotating in the orbit of the West, we appeal to the Muslim Ummah words Mr. apostles and prophets - peace be upon him: -" Believers in their mutual love, mercy and compassion like one body, if a member complained to falter, the other members ensuring fever "Vhbwa O Muslims to support the brothers, asking for God's mercy and escape severe punishment.

He called Al-Azhar said in a statement the Government of Myanmar to the need to begin the process of rehabilitation and reconciliation in the region, seeking to re-integrate the two communities separated, and the resettlement of displaced people in new homes and to take measures in order to achieve economic development in the long term in that region.

As the face of Al-Azhar message to the President of Myanmar (Burma), asked him where the need to address the issue of Muslim citizens (Rohingya), in his country, according to human rights standards accepted, and to take the necessary steps to start effective investigations about all forms of violence committed against the citizens of Muslim Rohingya and to bring those responsible for such acts to justice. And work to convince the refugees and help them return to their homeland, in order to create an atmosphere of trust.

မြန်မာနိုင်ငံတွင်း လူတည်းစု မွတ်စလင်မ်များ ကြုံတွေ့နေရသည့် ရင်ဆိုင်မှုများ၊ စိုးရိမ်မှုများမှ အမြန်ဆုံး ကယ်တင်နိုင်ရန် OIC အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် ထိပ်သီးအစည်းအဝေး ကျင်းပပြီး ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ကာ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့နှင့် လိုအပ်သော ဆောင်ရွက်မှုများ ပြုလုပ်ရန် Egypt နိုင်ငံ Al Azhar တက္ကသိုလ် အဓိပတိရုံးမှ မေလ ၂၂ ရက်၊ ၂၀၁၃ နေ့က ထပ်မံ တောင်းဆို လိုက်သည်။

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

လူ့ပြည်နေလာ တခဏတာ
“သုမေဓါ” ရသေ့ဘ၀မှာ
ဒီပင်္ကရာမြတ်စွာဘုရား
နိယတဗျာဒိတ် ခံယူသွား
စံနမူထားကာ  သြချလာ
ဂေါတမမြတ်စွာဖြစ်လိမ့်မှာ
ဟောရှာပါတဲ့ဒီတနေ့ ကဆုန်လပြည့်နေ့။

ဂေါတမဘုရား အလောင်းတော်
အကြောင်းလျှော်ကာ လူဝင်စား
သိဒ္ဒတ္တမင်းသား အဖြစ်နဲ့ဖွား
မှတ်သားရတဲ့ဒီတနေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့်နေ့)

ဂေါတမဘုရား ပရိနိဗ္ဗာန် စံသွား
မှတ်သားရပါပေ့
ကဆုန်လပြည့်နေ့…။
(မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့်နေ့)

ကောင်းမြတ်ပါပေ့ ကဆုန်လပြည့်နေ့
မမေ့ဖို့ကွယ် ညောင်ရေသွန်းကြတယ်
လွယ်လွယ်ခေါ်ပြု ဗုဒ္ဓနေ့ဟု
ခေါ်စမှတ်ပြုကြတယ်…။

ပါဠိအလာ “ကုဆုန်”ပါ
ကုဆိုတာက အမှန်မသွေ
ရေ-လို့ခေါ်ဆိုပေ
“ဆုန်” ဆိုတာက- လောင်း
နှစ်လုံးပေါင်းတော့ ရေလောင်းဖြစ်
ခေါ်ရစ်နောင်အမြဲ
ညောင်ရေသွန်းတဲ့ပွဲ…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၂၃ ၁၃)

မှတ်ချက် Po Po Chit တင်လာတဲ့
Myanmar New Update ဆောင်းပါးကို
ကဗျာဖွဲ့ဆိုလိုက်ပါတယ်…။

လူ့ပြည်နေလာ တခဏတာ
“သုမေဓါ” ရသေ့ဘ၀မှာ
ဒီပင်္ကရာမြတ်စွာဘုရား
နိယတဗျာဒိတ် ခံယူသွား
စံနမူထားကာ သြချလာ
ဂေါတမမြတ်စွာဖြစ်လိမ့်မှာ
ဟောရှာပါတဲ့ဒီတနေ့ ကဆုန်လပြည့်နေ့။

အကြိမ် ၃၀မြောက် ရွှေတိဂုံစေတီတော်ကဆုန်ညောင်ရေသွန်းပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ


ရွှေတိဂုံစေတီတော် ၃၀ ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကို မေလ ၂၄ ရက် မနက် ၇ နာရီခွဲက စည်ကားသိုက်မြိုက်စွာကျင်းပသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို အမေရိကန်နိုင်ငံ သို့ရောက်ရှိ


အမေရိကန်ခရီးစဉ်ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ နယူးယောက်မြို့ ဂျေအက်ဖ်ကေလေဆိပ်ကို မေလ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ည(၉)နာရီက ရောက်
ရှိလာကြပြီး နယူးယောက်မြန်မာများက ကြိုဆိုခဲ့ကြပါတယ်။

အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်င်္ကာပူကို မီစေ ရမယ်လို့ပြောတဲ့ နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ

အမိုက်ကောက်ခွင့်သာပြုရင် လေးလအတွင်း စင်င်္ကာပူကို မီစေ ရမယ် -

 ကျော်သူ


မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အမှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက အခုကျွန်တော်တို့ကို ပြောထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။

အင်အားက ငါး ထောင်ကျော်ပဲရှိတယ်။ ရန်ကုန်မြို့ မှာ လူဦးရေက အများကြီးရှိတယ်။ ဘယ်လိုမှ မမျှဘူး။ မမျှဘူးဆိုတာ ကျွန်တော်တို့က ဒါစည်ပင်လုပ်ရ မယ်ဆိုပြီး ဘေးထိုင်နေလို့ မရဘူး လေ။ ပြည်သူလူထုစိတ်ဝင်စား အောင် ကျွန်တော်တို့လို အသင်း အဖွဲ့တွေ ဂီတပညာရှင်တွေ စာပေ ပညာရှင်တွေက ပါလာတယ်ဆိုရင် ပြည်သူလူထုကလည်း ဒါတွေက ငါ တို့လုပ်ရမယ့် အလုပ်ပါလားဆိုတာ ကို ခေါင်းထဲရောက်သွားမယ်။ အ ရင်တုန်းကလို ဆေးလိပ်သောက်ပြီး လမ်းဘေး ပစ်တာမျိုး၊ အချဉ်ထုပ် စားပြီး လမ်းဘေးပစ်တာမျိုးတွေ မဖြစ်တော့ဘူး။ ပြန်သုံးလို့ ရမယ့် သံဘူးတွေ၊ ရေ့သန့်ဘူးတွေဆိုရင် တစ်မျိုး၊ မြေဆွေးဖြစ်မယ့်ဟာတွေ တစ်မျိုး၊ ဒါမျိုး အမှိုက်ပုံးတွေက သီးသန့်ထားသင့်တယ်။ ဈေးဆိုင် တွေကို မေးကြည့်တော့လည်း ဈေး ဆိုင်ဘေးက အမှိုက်ခြင်းတွေကို ပိုက်ဆံ ၂၀၀ ပေးမှ လာသိမ်း တယ်တဲ့။ အမှန်တော့ ကိုယ်လုပ်ရ မယ့် အလုပ်ကို တာဝန်ကျေအောင် လုပ်ရမယ်။

ဒီနေ့ကတော့ အမှိုက် ကောက်ခွင့်မှမရတာ၊ ခုနကပြောသ လို ကိုယ်လုပ်ပိုင်ခွင့်ရှိတဲ့ထဲကပဲ လုပ် သွားမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ ဆိုရင် နာရေးကူညီမှုအသင်းမြောက် ဒဂုံရုံးချုပ်ဆိုရင် အမှိုက်တစ်စမှ မရှိအောင်လောလောဆယ်လုပ်ရ မယ်။ သစ်ပင်ပန်းပင်တွေနဲ့ စိမ်းလန်း စိုပြည်နေရမယ်။ လာတဲ့အလှူရှင် တွေအားလုံး တအံ့တသြဖြစ်အောင် လုပ်ပြရမှာပဲ။

ကျွန်တော်တို့အခု အစီအစဉ်လုပ်တယ်ဆိုတာပြည်သူ ပါတယ်။ အရင်တစ်ခါ နိုင်ငံတော် အကြီးအကဲတစ်ယောက်ပြောဖူး တယ်မဟုတ်လား။ ကျွန်တော်တို့ လုပ်တဲ့ဟာကိုသာ ခွင့်ပြုလိုက်မယ် ဆိုရင် လေးလအတွင်း စင်္ကာပူနိုင်ငံ ကိုမီကိုမီစေရမယ်။ သန့်ရှင်းမှုကို ပြောတာ။ ကျန်တဲ့အပိုင်း ကျွန်တော် မပြောဘူး။

အမှိုက်ကောက်ဖို့ စာကို ရန်ကုန်တိုင်းဒေသကြီးကိုလည်း တင် ပြီးပြီ။ ဟိုအပတ်ကတည်းက ကြို တင်ထားတယ်။ ဘယ်မြို့နယ်မှာ အမှိုက်ကောက်ချင်တယ်။ ဗိုလ်တ ထောင်၊ မြောက်ဥက္ကလာမြို့နယ်ရုံး တွေလည်းတင်ထားပြီ။ အခုအပတ် လည်း တင်ထားတာကို မနက်ကမှ ဒါကို မလုပ်ပါနဲ့ဆိုပြီးပြောတာ။ သူ တို့ကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောတဲ့အတွက် ဒီဟာကို မလုပ်ပါ နဲ့ဆို ပြီးပြောတာ။ ပြည်ပမှာတောင် စည် ပင်နယ်နိမိတ်ကတော့ ကျွန် တော်တို့လုပ်ဖို့က မရဘူးလေ။ ဒါပေ မဲ့ ကျွန်တော်တို့က တရားဝင်စာ ထုတ်ပေးပါလို့ပြော ထားတယ်။ တရားဝင်စာထွက်လာ ပြီဆိုရင် တော့ ကျွန်တော်တို့စဉ်းစားမယ်။

8 DAYS A WEEK ENTERTAINMENT 
ဓါတ်ပုံ  မမကြီးမြင့်မြင့်ခင်ဖေ ( ရွှေဇီးကွက်)

ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်။
24.5.2013

မေလ ၁၈ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော် သာယာ လှပသန့်ရှင်းစင်ကြယ်ဖို့အတွက် အ မှိုက်
တွေ ကောက်ကြမယ်ဆိုပြီး နာ ရေးကူညီမှုအသင်းဥက္ကဌဦးကျော်သူ ခေါင်းဆောင်ကာ စီစဉ်ခဲ့ပါတယ်။ အ
မှိုက်ကောက်မယ့် ကိစ္စကို မလုပ် ဖို့ပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦး ကျော်သူက အခုကျွန်တော်တို့ကို ပြော
ထားတာ မနက်ကဖုန်းဆက် တာ။ ခင်ဗျားတို့ကို အသုဘတောင် ချပေးခွင့်ပြုထားတာပဲ။ သူတို့ဆီမှာ လည်း ဒီစည်ပင်ဝန်ထမ်းအင်အား ရှိပါတယ်တဲ့။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြောင်းလဲမှုကို သက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြောင်းလဲမှုကို သက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီးပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

"ပြောစကားတွေထက် အလုပ်ကို နည်းနည်းပြဖို့လိုလာပြီလို့ ထင်ပါတယ်၊ ဘာပဲပြောပြော ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတာ အခု ၃ နှစ်ပြည့်တော့မယ်၊ ၃ နှစ်ဆိုတာဟာ ရေတိုပဲ၊ အဲတော့ ရေတိုအကျိုးစီးပွားတွေကို မြင်ဖို့လိုလာပြီ၊ ရည်ရွယ်ချက်တို့ လုပ်ချင်တာတို့ ပြောတာကတော့ ဟုတ်ပါပြီ၊ အခုကျတော့ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ခဲ့လဲဆိုတာကို ပြဖို့အချိန် ရောက်လာပြီလို့ ထင်ပါတယ်"

အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ထပ်မံသက်တမ်းတိုးပို့ သူ့အနေနဲ့ ထောက်ခံပြောဆိုတော့မှာ မဟုတ်ဖူး၊ ပိတ်ဆို့မှုတွေကို ဆက်ထားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို အားပျက်စေမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က-

"ဒီကိစ္စလဲ မစ်ခ်ျ မက်ကောနယ်လ် တို့နဲ့လည်း ဆွေးနွေးပါတယ်၊ ပိတ်ဆို့မှုတွေကို ဖယ်ရှားတာလည်း ကောင်းပါတယ်၊ ဒါပေမယ့် တချိန်တည်းမှာလည်း တကယ့်ပြုပြင်ပြောင်းလဲရေးရဲ့ ရလဒ်တွေဆိုတာကိုတော့ ပြည်သူတွေ မခံစားရသေးပါဘူး၊ အဲဒီဟာတွေကတော့ ခံစားလို့ရအောင်လုပ်ဖို့ မြန်မာနိုင်ငံအစိုးရမှာ လိုနေသေးတာကို ကျမထောက်ပြပါတယ်"

တရုတ်ခါင်းဆောင်တွေက NLD ကိုယ်စားလှယ်အဖွဲ့ကို မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ချင်တဲ့အကြောင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့တော့ အဲဒီကိစ္စဟာ သူတို့ပါတီနဲ့ သက်ဆိုင်တဲ့အချက်မဟုတ်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဒီမြစ်ဆုံရေကာတာ စီမံကိန်းနဲ့ဆိုရင် အခုအစိုးရကနေ ပြောရမှာလို့၊ ဘာဖြစ်လို့ ကျမတို့ ကိုယ်စားလှယ်တွေကို ပြောတာလဲလို့၊ ကျမတို့ ကိုယ်စားလှယ်တွေက လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ၊ ဒါသမ္မတ ဦးသိန်းစိန်နဲ့ ဆိုင်တဲ့ကိစ္စပဲ၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြောပေါ့"

ဒါ့အပြင် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အခုအချိန်ထိ ပွင့်လင်းမှုမရှိဖူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

RFA 
23.5.2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာပြည်မှာ ဒီမိုကရေစီစံနစ်ကို ပြောင်းလဲကျင့်သုံးနေပြီဖြစ်တယ်။ အ
ခက်အခဲတွေကို ရင်ဆိုင်ရင်း ပြုပြင်ပြောင်းလဲရေးလမ်းကို ဆက်လျှောက်မယ်လို့ သမ္မတ အိုဘားမားနဲ့ တွေ
့ဆုံခဲ့ရာမှာ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကသမ္မတကြီးအနေနဲ့ ပြောဆိုနေရုံနဲ့မပြီး
ပဲ အလုပ်နဲ့ပါသက်သေပြဖို့သင့်ပြီလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

သမ္မတပြောကြားခဲ့သည့်စကားလုံးအပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်မြို့တွင် ၂၃.၅.၂၀၁၃ညနေ ၃နာရီခန့်က ဆန္ဒဖော်ထုတ်ပွဲများဖြစ်ပွား


ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့
သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန်စီတန်းလှည့်လည်ဆန
္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာအစိုးရမှ ဦးဆောင်ပြီး အစ္စလာမ်ဘာသာဝင်များအပေါ်လူမျိုးတုံးသတ်ဖြတ်မှုများနှင့်ပတ်သတ်ပြီး မလေးရှားနိုင်ငံတွင် ယနေ့နေ့လည်တွင် ဆန္ဒပြပွဲကျင်းပပြုလုပ်မည်

၂၄.၅.၂၀၁၃ သောကြာနေ့ ဂျွန်မာအ်ဆွလာသ် ၀တ်ပြုမှုအပြီးတွင် မလေးရှားနိုင်ငံ ကမ်ဘုံဘာရူး၊ (Kanbombaru) ဗလီကြီးတွင်၊ နေ့လည်၁၂နာရီမှစတင်၍ မလေးရှားနိုင်ငံသားများမှ ဦးဆောင်ပြီးဆန္ဒပြပွဲ အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အဆိုပါဆန္ဒပြပွဲကို ကျင်းပပြုလုပ်ရခြင်း၏ အဓိရည်ရွယ်ချက်မှာ