Pages

Pages - Menu

Friday, May 24, 2013

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို အမေရိကန်နိုင်ငံ သို့ရောက်ရှိ


အမေရိကန်ခရီးစဉ်ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ နယူးယောက်မြို့ ဂျေအက်ဖ်ကေလေဆိပ်ကို မေလ ၂၃ ရက်နေ့ ဒေသစံတော်ချိန် ည(၉)နာရီက ရောက်
ရှိလာကြပြီး နယူးယောက်မြန်မာများက ကြိုဆိုခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်အနေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက NED ဆုပေးပွဲကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် အဲဒိ့ဆုကို လာမယ့် ဇွန်လ ၃ ရက်နေ့မှာ လက်ခံယူဖို့ရှိနေပါတယ်။ 
 
သူတို့ဟာ ၀ါရှင်တန်ဒီစီနဲ့ လားစ့်ဗီးဂတ်စ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကြပြီး နယူယောက်မြို့  မြန်မာမိ
သားစုများနဲ့ တွေ့ဆုံပွဲကိုမနက်ဖြန်(မေလ ၂၅ရက်နေ့)မှာ ပြုလုပ်ဖို့ရှိပြီးသူတို့ရဲ့ လက်ရှိလုပ်ဆောင်ချက်တွေ
နဲ့ မြန်မာပြည်အခြေအနေအရပ်ရပ်ကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဂျေအက်ဖ်ကေလေ
ဆိပ်မှာ ပြောကြားသွားပါတယ်။
 
DVB TV News ,  Rangonnewsdaily
RND:  :24.5.2013

No comments:

Post a Comment