Pages

Pages - Menu

Friday, May 24, 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးကို ယှဉ်ပြိင်ဖို့ သတ် မှတ်ထား

မြန်မာနိုင်ငံက အိမ်ရှင်လုပ်မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးကို ယှဉ်ပြိင်ဖို့ သတ် မှတ်ထားပြီး ဆုတံဆိပ်ပေါင်း ၁၅၅၇ ခု ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန် လိုက်ပါတယ်။ ပြေးခုန်ပစ်နဲ့ ရေကူး အားကစား ၂ မျိုးကနေ ဆုတံဆိပ်အရေအတွက် အများဆုံး ပေးအပ်မှာ ဖြစ်ပါ တယ်။ ပြေးခုန်ပစ်မှာ ရွှေငွေကြေး တံဆိပ် ၄၆ ခုစီနဲ့ စုစုပေါင်း ၁၃၈ ခု ပေးအပ်မှာ ဖြစ်ပြီး ရေကူးကနေ ရွှေငွေကြေး ၄၁ ခုစီနဲ့ စုစုပေါင်း ၁၂၃ခု ချီးမြှင့် သွားဖို့ သတ်မှတ် ထားပါ တယ်။ တတိယအများဆုံး ဆုတံဆိပ်ပေးမယ့် အားကစား နည်း က ၀ူရှူး ဖြစ်ပြီး ရွှေငွေကြေး ၂၃ ခုစီနဲ့ စုစုပေါင်း ၆၉ ခု ပေးဖို့ စီစဉ်ထားပါတယ်။ 
ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊နေပြည်တော်နဲ့ ငွေဆောင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ , Rangonnewsdaily
RND:  :24.5.2013

No comments:

Post a Comment