Pages

Pages - Menu

Thursday, May 2, 2013

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်
~~~~~~~~~~~~~~~~

ယင်းတို့ ကား
*********
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်
***************
၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း


စိတ်လက္ခဏာ ၆ ရပ်
*************
၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်
****************
၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်
**************
၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်
*****************
၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်
**************

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်
***************
၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်
*****************
၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

ဆရာကြီး ဦးထွန်းလှ

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်ဖြစ်ပါတယ်။
*********
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်

လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချမှုကြောင့် ရှမ်းပြည်တောင်ပိုင်း တွင်နေအိမ်ပျက်စီးမှုများနှင့် လူသေပျောက်မှုများဖြစ်ပေါ်

မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ညောင်ကုန်းရွာ(ပလောင်ရွာ)တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချသောကြောင့် လူနေအိမ် (၄၇)လုံးပျက်စီးပြီး တောင်ပါတ်ရွာတွင်လည်း အနည်းဆုံး လူ(၅၀)ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါ သည်။

မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်ပြီ

ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေ မှာ နေထိုင်နေကြရသူတချို့ကို နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွေက ဒေသခံတွေကို ပြည် သာယာ(တောင်)၊ ပြည်သာယာ(မြောက်)၊ ရတနာ မာန်အောင်၊ သာယာကုန်း ၁၊ သာယာကုန်း ၂ စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးတာဖြစ် ပါတယ်။

ရေကန်တူးဖေါ်စဉ် မြေကြီးအတွင်းမှ မီးတောက် ၁ ပေခန့်ရှိ မီးတောက်ထွက်ပေါ်လာ


 နေပြည်တော်၊ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ရွာလယ်ပိုင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နောက်ဘက်တွင်ရှိ
သည့် အကျယ်(၁၂၀)ပေ၊အနက်(၁၅)ပေခန့်ရှိအများသုံးရေကန်မှာ ရေခန်းခြောက်သွားသဖြင့်၃၀-၄-၂၀၁၃
ရက်နေ့မှစ၍ အလုပ်သမား(၉)ဦးဖြင့် ထပ်မံတူးဖော်ခြင်းများဆောင်ရွက်ခဲ့ရာ ၁-၅-၂၀၁၃ ရက်နေ့ ၁၀၃၀
အချိန် ကန်တူးဖော်စဉ်အနက်(၂)ပေခန့်အရာက်၌ မြေကြီးအတွင်းမှ(၁)ပေခန့်ရှိမီးတောက်(၁)ခု ရုတ်တရက်
ထွက်ပေါ်လာခဲ့ကြောင်းသတင်းရရှိသည်။

ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း

ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း
=========
မေလ ၂၊ ၂၀၁၃
M-Media
သုတ

ဆိုင်းတောင် ။          ။      ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

"ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။ မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀ လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။ သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊ တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ် ၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့ ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊ နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ မိနစ် ၂၀-လောက် လုပ်သွားကြတာ။ 

နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့ တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့ ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ် အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။ သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက် မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။ အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။  ခဏနေတော့ ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့ ၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့ ၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။ 

ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား ၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ ဘုန်းကြီးတွေ ပြန်သွားတယ်။  

အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊ မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ် အိမ်နဲ့တွဲလျက်ရှိတာပါ။ 

လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့ သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့ တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ် သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့ လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို ဗလီလို့ခေါ်ကြတာပါ။

အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့ ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့ မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။" ဆိုင်းတောင်မှ ဒေသခံမှ M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်။

မေလ ၂၊ ၂၀၁၃

ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံ

လိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

ရေဖြင့် ဖုန်းအားသွင်းစနစ် မကြာမီ လာမည်

ရေဖြင့် ဖုန်းအားသွင်းစနစ် မကြာမီ လာမည်

ဆွီဒင်နိုင်ငံက နည်းပညာ ကျောင်းတစ်ခုမှ စမ်းသပ်အောင်မြင်သွားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်းနည်းပညာအရ ရေရှိရုံနဲ့ ဖုန်းအားသွင်း နိုင် မှာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှာ ပြထားတဲ့ ပစ္စည်းလေးပါပဲ။ ဖုန်းကိုအပေါ်က အထပ်မှာ ထည့်၊ ရေ ကို အောက်က အထပ်မှာထည့်ပြီး ခဏကြာကြာ ထားရင် ဖုန်းကိုအလိုလို အားဖြည့်စေပါမယ်။ သို့ပေမယ့် USB ကြိုးပေါက်တော့ ထိုးထားဖို့လိုပါ အုံးမယ်။ Wireless Charging မဟုတ်သေး ပါဘူး။

သို့ပေမယ့် ပုံက ပြထားတဲ့အတိုင်းဆိုရင် အတော်လေး အဆင်ပြေ နေ ပါပြီ။ iPhone နဲ့ စမ်းသပ်ထားတာ အောင်မြင်တယ်လို့ ဆိုပါတယ်။ အထဲမှာ ထည့်ရမယ့်ရေကလည်း a spoonful တဲ့။ စားပွဲတင် ဆား ဇွန်းတော့ မဟုတ်လောက်ဘူး။ ရေအတော်လေး ပြည့်ပြည့် စာ လောက် ထည့်ပြီး အထဲမှာ ဓာတ်ပြုခိုင်းမှာပါ။ ရေထဲကနေ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ထုတ်မယ်။ အောက်ဆီဂျင်ထုတ်မယ်။ ဓာတ်ပြုဖြစ်စဉ် ဖြစ်စေပြီး ဓာတု စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကို ကူးပြေင်းပေးတာမျိုး ဖြစ်ပါတယ်။

ရိုးရိုးရေဖြစ်ဖြစ်၊ ဆားငံပင်လယ်ရေဖြစ်ဖြစ် အသုံးပြုလို့ရတယ်လို့ ဆို ပါတယ်။ တီထွင်သူတို့များ တော်ချက်က ရေနဲ့တောင် နည်းပညာ ပစ္စည်း အားဖြည့်လို့ရတဲ့အဆင့်ဆိုတော့ Green Energy ဆိုတာ မဝေးတော့ ပါဘူး။ များမကြာမီနှစ်များအတွင်း အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

ဆွီဒင်နိုင်ငံက နည်းပညာ ကျောင်းတစ်ခုမှ စမ်းသပ်အောင်မြင်သွားတဲ့ နည်းပညာ ဖြစ်ပါတယ်။ ယင်းနည်း
ပညာအရ ရေရှိရုံနဲ့ ဖုန်းအားသွင်း နိုင် မှာ ဖြစ်ကြောင်း သိရပါတယ်။

ဖားကန့်မြို့မှာ ယနေ့ညနေ ၅နာရီခန့်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ဆိုင်တွေကို လှုအုပ်ကြီးက ၀ိုင်းဝန်းဖျက်ဆီး

ဖားကန့်၊ ၂.၅.၂၀၁၃
ဖားကန့်မြို့မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက ၀ိုင်း ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ သောက်ရေ ထဲကို အဆိပ်ခပ်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်

တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အသား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ 

အေဒီ ၆၃၇ ခုနှစ်ကတည်းက စတင် တည်ဆောက်ပြီး ယနေ့အထိ ပြုပြင် မွမ်းမံလို့ အကောင်းအတိုင်းကျန်ရှိအောင် ထိန်းသိမ်း စောင့်ရှောင့် ပါတယ်။ ခေတ်အဆက်ဆက် တိဘတ်ဘုန်းတော်ကြီးများ သတင်း သုံး နေထိုင်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်ပြီး နန်းတော် သဖွယ် ကြီးကျယ် ခမ်းနား ပါတယ်။ 

အဆောက်အအုံပေါင်း ၁၃ ခု၊ အခန်းပေါင်း ၁၀၀၀၊ ဗိမာန်ဆောင်ပေါင်း ၂သောင်း၊ ရုပ်တုပေါင်း ၂ သိန်းရှိပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း ထားတဲ့ အခြားသော သမိုင်းဝင် အမွေအနှစ်ပစ္စည်းများစွာ ရှိပါ တယ်။ တောင်အောက်ခြေက စလို့ အမြင့်ပေ ၁၀၀၀ မှာ တည်ဆောက် ထားတဲ့ Potala Place ဟာ ကမ္ဘာ့အခမ်းအနားဆုံး နန်းတော်များ စာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar
--
http://www.innewsmyanmar.com/2013/05/potala.html

--

တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အ
သား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ဗလီ၊ မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံရ

ဆိုင်းတောင်တွင် ဗလီ၊ မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံရ
=========
မေလ-၂၊ ၂၀၁၃
M-Media
သုတ

ကချင်ပြည်နယ် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော ဗလီ၊ မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။

ဆိုင်းတောင် ဗလီအား ဖျက်ဆီးပြီးနောက် အနီးတ၀ိုက်ရှိ မွတ်စလင်များ၏ အိမ်နှင့် ဆိုင်များ တွဲနေသည့် အိမ် ၃-အိမ်အတွင်း ၀င်ရောက်၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ဖျက်ဆီးမှုကြောင့် ဆိုင်ခန်းများ၊ အိမ်များအတွင်းရှိ ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။ ယင်းကဲ့သို့ အကြမ်းဖက်ခံရမှုကို ဆိုင်းတောင်မြို့ခံမှ မြစ်ကြီးနားသို့ ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်းတောင်နှင့် ဖုန်းအဆက်အသွယ် ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့မှ သတင်းပေးပို့လာပါတယ်။

ဤဆိုင်းတောင်ဗလီသည် ယမန်နှစ် ၂၀၁၂-ခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံနိုင်ငံအတွင်းရှိ ဗလီများကို ဖျက်ဆီးစဉ်က စတင်ဖျက်ဆီးခံရသော ဗလီလည်းဖြစ်သည်။

မေလ-၂၊ ၂၀၁၃

ကချင်ပြည်နယ် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော ဗလီ၊ မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ကြီး လောက်လေးချောင်းရွာတွင် ၉၆၉ အဖွဲ့ စည်းရုံးရေးဆင်းပြီး လူစုနေ

တိုက်ကြီး လောက်လေးချောင်းရွာတွင် ၉၆၉ အဖွဲ့ စည်းရုံးရေးဆင်းပြီး လူစုနေ
============
မေလ ၂၊ ၂၀၁၃
M-Media
သတင်း - ဆုံမှတ်

 ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း ကျေးရွာတွင် ၉၆၉ ဦးဆောင်သူများ ဖြစ်ကြသော ကိုစိုးအောင် (Excellent - လ္ဘက်ရည်ဆိုင်)၊ မောင်ဝင်း (က္ကိစိတံ - ထီဆိုင်)  တို့မှ စည်းရုံးရေးဆင်းကာ ယနေ့ နေ့လည်၂နာရီခန့်တွင် လူစုနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

 “ကျွန်တော်တို့က ဒေသခံမွတ်စလင်မ်တွေပါ၊ အဲလိုတွေ လူစုပြီး လုပ်မယ်ဟေ့ ဆိုရင် တကယ်ပဲဖြစ်လာတော့ ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေကို ရန်ကုန်မှာရှိတဲ့ အမျိုးတွေဆီကို ထားရတယ်၊ နေတဲ့လူတွေကလည်း နေသာ နေနေရတယ် ကျီးလန့်ဆန်စားပဲ၊ အားလုံး သတိ ၀ီရိယနဲ့ နေနေကြရပါတယ်” ဟု ဒေသခံတစ်ဦးမှ M-Media သို့ပြောသည်။

 အဆိုပါ တိုက်ကြီးမြို့နယ် လောက်လေးချောင်း ကျေးရွာတွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၇၀၀ကျော် ရှိကြောင်း ဗလီဝတ်ကျောင်း တစ်လုံးရှိကြောင်း သိရသည်။

 ထပ်မံကြားသိရသည်မှာ သာယာဝတီ သုံးဆယ်တွင် ညနေ၃နာရီခန့် က ဆူပူမငြိမ် ဖြစ်၍ ၁၈၈ထုတ်ထားရကြောင်း သတင်းရရှိသည်။

မေလ ၂၊ ၂၀၁၃

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း ကျေးရွာတွင် ၉၆၉ ဦးဆောင်သူ
များ ဖြစ်ကြသော ကိုစိုးအောင် (Excellent - လ္ဘက်ရည်ဆိုင်)၊ မောင်ဝင်း (က္ကိစိတံ - ထီဆိုင်) တို့မှ စည်းရုံးရေး
ဆင်းကာ ယနေ့ နေ့လည်၂နာရီခန့်တွင် လူစုနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိ
သည်။

မုံရွာမြို့တွင် ယနေ့နေ့လည် ၃နာရီခွဲအချိန် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

မုံရွာတွင်မေ၂ရက်နေ့တွင်လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းအပျက်အစီးများကိုတွေ့ရစဉ်
ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

မုံရွာမြို့တွင် ယနေ့နေ့လည် ၃နာရီခွဲအချိန် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ မုံရွာမြို့ရှိ သစ်ပင်ကြီးများကျိုး
ပဲ့ခြင်း၊မီးတိုင်များနှင့် ဘေဘုတ်ဆိုင်းဘုတ်ကြီးများ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည်။မိနစ်၂၀ကြာတိုက်ခတ်သွား
သော လေပြင်းတွင် မိုးများပါ ရွာသွန်းပြီး တစ်ချို့နေရာများတွင် မိုးသီးကြီးများပါ ကျခဲ့သည်။

ပုသိမ်မြို့ပေါ်ရပ်ကွက်တစ်ခု ၁၅ဝဝ တန်ဖုန်း လျှောက်သူတိုင်း ကံထူး

ပုသိမ်မြို့ပေါ်ရှိရပ်ကွက်တစ်ခု၌ ကျပ် ၁၅ဝဝ တန်မိုဘိုင်းဆင်းကတ်များ ချပေးရာတွင် လာ ရောက် ကံစမ်းမဲနှိုက်သူနည်းခြင်းကြောင့် စာရင်းေ ပးသူတိုင်း ဖုန်းဆင်းကတ် ရရှိကြောင်း သိရ သည်။ ”ပုသိမ်မှာ အခြားရပ်ကွက်တွေတော့ လျှောက်လွှာတင်စာရင်းနဲ့ ဖုန်းချပေးတဲ့ကတ်အရေ အတွက် မကိုက်တော့ လူနည်းနည်းပဲရတယ်။ အမှတ် ၄ ရပ်ကွက်ကတော့ ဖုန်းကတ်ခွဲတမ်း ၃ဝဝ ရတယ်”ဟု ယင်းရပ်ကွက်ရပ်မိရပ်ဖတစ်ဦးက ပြော သည်။

ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်

Thursday, May 02, 2013

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှု မူလထက် တစ်နာရီ ထပ်မံတိုးမြှင့်
လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရန်ကုန်
တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကူးစက်လာမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်
သည့်အနေဖြင့်ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အနီး တက္ကစီသမားတစ်ဦးက ခရီးသည်ကို ဓားထောက်ဓားမြတိုက်

Thursday, May 02, 2013

မေဒေးနေ့တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီး၌ခရီးသည်တစ်ဦးကို တက္ကစီသမား တစ်ဦးက ဓားထောက် ဓားပြတိုက် သွားသည်ဟုသတင်းရသည်။ “ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို ထောက်ထားပြီး အိတ်ကိုယူသွားတယ်။ငွေက နှစ် သိန်း ကျော်ပါသွားတယ်။ အ၀တ်အစား ပစ္စည်းကတော့တစ်သိန်းဖိုးလောက်ရှိတယ်။ မှတ်ပုံ တင် လည်း ပါသွားတယ်။ မောင် ငွါးဆီးနို၁/ပတအ (နိုင်) ၀၄၈၆၁၄ ဖြစ်ပါတယ်။

အထူးသတိပေးကြေငြာချက်

Thursday, May 02, 2013

ရန်ကုန်မြို့တော်၏ အပူချိန်မှာ အန္တရာယ်ရှိသော အဆင့်သို့ရောက်ရှိနေကြောင်း ...... အပူချိန်မှာ.. 54 ဒီဂရီ စင်တီဂရိတ်အထက်နှင့် ရှိသောကြောင့် WHO အဖွဲ.မှ သတ်မှတ်ထားသော (Extreme Danger) အန္တရာယ် ရှိမူ လွန်ကဲသည့် အဆင့်ထက် ကျော်လွန်သွား ကြောင်းသိရှိရသည်။

ဆီးချိုအတွက်ဆေးစွမ်းတခွက်

ဆီးချိုအတွက်ဆေးစွမ်းတခွက်

>ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါသည်။

ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတိုများမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။

ဆီးချိုရောဂါနှင့်ပတ်သက်၍ ကျွန်မတို့အိမ်သို့ မိတ်ဆွေတစ်ဦး လာရောက်ပြီး မြန်မာဆေးများအကြောင်း စကားလက်ဆုံ ပြောကြရာမှ ဆီးချိုရောဂါအတွက် ဆေးတစ်နည်းအား သိခဲ့ရပါသည်။ ကျွန်မ၏ အသိမိတ်ဆွေ ဖြစ်သူ မချိုမှ အောက်ပါအတိုင်း အဆင့်ဆင့် ပြောပြပါသည်။

ဆေးဖော်နည်းမှာ ခက်ခဲမှုမရှိဘဲ အလွန်လွယ်ကူပြီး ငွေကုန်သက်သာသော ဆေးနည်းတစ်လက် ဖြစ်ပါသည်။ မိမိနေအိမ် ပတ်ဝန်းကျင်တွင် အမြဲတမ်းရှာဖွေ ပြုလုပ်နိုင်ပါသည်။

ပထမအနေဖြင့်---
သင်္ဘောသီးအစိမ်း အနေတော်တစ်လုံးအား ရေစင်ကြယ်စွာ ဆေးကြောပြီး သင်္ဘောသီး၏ အညှာမှ ဓားဖြင့်လှီးဖြတ်၍ သင်္ဘောသီးအစေ့များအား သင့်တော်ရာ ဇွန်းဖြင့် ခြစ်ထုတ်ပါ။

ဒုတိယအနေဖြင့်---
ယင်းသေင်္ဘာသီး၏ ဝမ်းတွင်းထဲသို့ လက်ဖက်ခြောက်ကောင်းကောင်း သင့်တော်ရုံထည့်၍ ရေနွေးဆူဆူအား
လောင်းထည့်ပါ။ ထို့နောက် သင်္ဘောသီး၏အဝကို ယခင်က လှီးဖြတ်ထားသော သင်္ဘောအညှာဖြင့် ပြန်ပိတ်ပြီး (၅)မိနစ်ခန့်ထားပြီး သင်္ဘောသီးအား ကရွတ်ခွေဖြင့် ထားပါ။

တတိယအနေဖြင့်---

ယင်းသင်္ဘောသီးထဲမှ ရေနွေးအဖန်အား တစ်နေ့လျှင် ၃-ကြိမ်ခန့် များများ သောက်ပေးပါ။ နေ့စဉ် ၁-လခန့် သောက်ပေးပါက ဆီးချိုရောဂါ သက်သာသွားပါသည်။ ၃-လခန့် နေ့စဉ် သောက်သုံးပေးပါက ဆီးချိုရောဂါ သက်သာပျောက်ကင်းသွားမည်ဟု ပြောပြပါသည်။

ဆီးချိုရောဂါဖြစ်နေသော လူနာရှင်များအား ငွေကုန်သက်သာပြီး ရှာဖွေရလွယ်ကူသော ဤဆေးနည်းအား စိတ်ရင်းစေတနာမှန်ဖြင့် အများပြည်သူများအား တင်ပြအပ်ပါသည်။

စေတနာ မေတ္တာများဖြင့်
လှိုင် (အညာမြေ)

ရောဂါအမျိုးမျိုး ဖြစ်ပွားကြရာတွင် ဆီးချိုရောဂါသည် အခြားရောဂါများထက် အစားအသောက် အနေအထိုင် ဆင်ခြင်ကြရပါသည်။ အစားအသောက်များ မဆင်ခြင်ပါက ဆီးချိုရောဂါမှတစ်ဆင့် ဆုံးရှုံးရမှုများ ရှိကြပါ
သည်။ ကျွန်မသည် မြန်မာဆေးနည်းများအား အလေးထား အားထားသူ ဖြစ်ပါသည်။ မြန်မာဆေးနည်းတို
များမှာ အဓိက ငွေကုန်သက်သာပြီး ထိရောက်စွာ ပျောက်ကင်းကြပါသည်။

ခေါင်းဖြတ်ခံရသူ အမျိုးသမီး၏ရာဇဝင် ဖော်ထုတ်နိုင်ရေး လက်ဗွေကို လဝက ရုံးများသို့ ပေးပို့

ခေါင်းဖြတ်ခံရသူ အမျိုးသမီး၏ရာဇဝင် ဖော်ထုတ်နိုင်ရေး လက်ဗွေကို လဝက ရုံးများသို့ ပေးပို့


ရန်ကုန်၊ ဧပြီ ၃ဝ
လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။http://www.myanmardailynews.org/2013/05/blog-post_5577.html

လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။

နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ ငါးဦးအထိ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိ

ရာသီဥတုပူပြင်းသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဦးနှောက်သွေးကြောပေါက်လူနာ သုံးဦးမှ ငါးဦးအထိ ရောက်ရှိလာကြောင်း ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကု ပါမောက္ခတစ်ဦးက ပြောသည်။
”နေက တအားပူတယ်။ အရက် သောက်ကြတယ်။ သွေးပေါင်မှန်မှန် မချိန်ဘူး။ သွေးကျဆေးမှန်မှန် မသောက် ဘူး။ ဒါကြောင့် သွေးကြောပေါက် တာ များတယ်” ဟု ၄င်းက ဆိုသည်။

ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် အမြန်ဆောင်ရွက်ဖို့ Quintana တိုက်တွန်း

နေပြည်တော်ကို အခြေပြုပြီး လေကြောင်းလိုင်းသစ်သုံးခု ထပ်တိုးရန်ရှိ

ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်များ မြန်မာဝယ်ယူတော့မည်

Thursday,May02,2013

မြန်မာနိုင်ငံအပေါ် ကျရောက်နေပြီဖြစ်သော ခရမ်းလွန်ရောင်ခြည်လှိုင်းနှင့် ပတ်သက်ပြီး ခရမ်းလွန်ရောင်ခြ

ည် တိုင်းတာရေးစက်ကို မြန်မာနိုင်ငံအနေဖြင့် ဝယ်ယူသွားရန်ရှိနေပြီး ကိုယ်ပိုင်တိုင်းတာမှုများ ပြုလုပ်မည်
ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ၂၄-၄-၂၀၁၃ ရက်က သိရသည်။

ဘင်္ဂလားဒေ့ရှ် အလုပ်သမားတွေ မေဒေးနေ့ ဆန္ဒပြ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုပြီး ကမ္ဘာတ၀ှမ်း မေဒေးနေ့ ကျင်းပ

အိပ်မက်ဆုံရာ နောက်ဆုံးအဆင့်ပြိုင်ပွဲ မေလ ၅ ရက်နေ့တွင် မျှော်စင်ကျွန်းတွင် ကျင်းပမည်

Wednesday,May02,2013

အခမဲ့ရုပ်သံလိုင်း တစ်ခုဖြစ်သော Channel 7မှ ထုတ်လွှင့်ပြသနေသော အိပ်မက်ဆုံရာ Season 5 နောက်ဆုံး

အဆင့် ပြိုင်ပွဲကို မေလ ၅ ရက်နေ့တွင်ရန်ကုန်မြို့ကန်တော်ကြီးဥယျာဉ်ရှိ မျှော်စင်ကျွန်းတွင် ကျင်းပမည်ဖြစ်
ကြောင်း ယင်းအစီအစဉ်၏ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သူ တေးရေးဆရာ ဦးမြင့်မိုးအောင်က The Voice သို
့ ပြော ကြားသည်။

ဖြူးမြို့နယ်အတွင်း ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးနှင့်ပါတ်သက်၍ သိရှိသူပြည်သူများမှ ကူညီသတင်းပေးကြပါ

ဖြူးမြို့နယ်အတွင်း ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးနှင့်ပါတ်သက်၍
သိရှိသူပြည်သူများမှ ကူညီသတင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မေလ ၁ရက်၊ ၂၀၁၃ခုနှစ်

ဖြူးမြို့နယ်အတွင်း မိန်းကလေးတစ်ဦးအား ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပြီး ခေါင်းတစ် ခြား၊ ကိုယ်တစ်ခြား အထုတ်နှင့်စွန့်ပစ် ထားသောအမှုအား ဖြူးရဲစခန်း (ပ) ၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်၍ 

မှုခင်းတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ အမှုမှန်ပေါ်ပေါက်ရေး အတွက် စုံစမ်းဖော်ထုတ်လျက်ရှိသော်လည်း အသတ်ခံသေဆုံးသူ အမျိုးသမီး မည်သူဖြစ်ကြောင်းကို ပင် စုံစမ်းဖော်ထုတ်၍ မရရှိသေးကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် (၂၅)နှစ်ကျော်အရွယ် အရပ် (၅)ပေခန့်၊ ဆံပင်ဂုတ် ထောက် (အနက်)ရောင်ရှိပြီး ၎င်း၏ယာဘက်လက် ဖျံအတွင်းဘက်တွင် ``သွေး´´ ဟူသော စာတန်း ပါရှိသည့် ဆေးမှင်ကြောင်အရုပ် ပါရှိသည့်အတွက်

ပြည်သူများ မိမိတို့ပတ်ဝန်း ကျင်တွင် အဆိုပါ ဆေး မှင်ကြောင်အရုပ်ထိုးထားပြီး ပျောက်ဆုံးနေသော အမျိုးသမီးရှိ မရှိ ကူညီစုံစမ်းပေးရန်နှင့် ရှိခဲ့ သိခဲ့လျှင်

ရဲအုပ်ဇော်လွင်ဦး (၀၉ ၄၉၄၄၅၂၈၈)၊ 

ဒုရဲအုပ်သန်းထွန်း (၀၉ ၄၃၀၁၅၅၆၄)၊ 

ဒုရဲအုပ်သောင်းနိုင် (၀၉ ၇၃၁၂၈၅၆၈)၊ 

ဒုရဲအုပ်အောင်ကိုလတ် (၀၉ ၄၉၃၄၀၆၈၈) ဖုန်းနံပါတ်များသို့ 

ရဲဝံ့စွာ သတင်းပေးပို့ ကူ ညီနိုင်ရန် လက်ကမ်းကြော်ငြာများ ဖြန့်ဝေထားကြောင်း သိရှိရသည်။

``ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသတ်တရားခံ ဖော်ထုတ်နိုင်ဖို့က သေတဲ့ မိန်းကလေး ဘယ်သူ၊ ဘယ်ကဆိုတာ ပြည်သူတွေ သတင်းပေးကူညီဖို့ လိုအပ်နေပါတယ်။ 

ဂျာနယ် တွေမှာလည်း ဖော်ပြရေးသားပြီး ကူညီပေးစေချင်ပါတယ်´´ ဟု မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဇော်အေးနိုင် (၀၉ ၄၀၀၄၇၀၁၇၁) က ပြောပြပါသည်။

ရဲဇာနည်မှ အကူအညီတောင်းခံသတင်း

ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက် ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်

မေလ ၁ရက်၊ ၂၀၁၃ခုနှစ်

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ

ဖြူးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးပုံမှန်လမ်း မိုင်တိုင်အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်းစပ်တွင်

““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံးတီးအလောင်းတစ်လောင်းနှင့် မိုင်တိုင်အမှတ်(၁၃၈/၂)အနီး လမ်းဘေးတွင် အမျိုးသမီးဦးခေါင်းပြတ်တစ်ခု ထပ်မံတွေ့ရှိ၍ ဖြူးရဲစခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။

အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသတင်းပေးလိုပါက

မှုခင်းရဲတပ်ဖွဲ့မှူးရုံး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

Thit Htoo Lwin blog

မေလ ၂ရက်၊ ၂၀၁၃ခုနှစ်

ဖြူးမြို့နယ်အတွင်း မိန်းကလေးတစ်ဦးအား ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပြီး ခေါင်းတစ် ခြား၊ ကိုယ်
တစ်ခြား အထုတ်နှင့်စွန့်ပစ် ထားသောအမှုအား ဖြူးရဲစခန်း (ပ) ၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂
ဖြင့်အမှုဖွင့်၍ မှုခင်းတပ်ဖွဲ့၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှအမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်လျက်
ရှိသော်လည်း အသတ်ခံသေဆုံးသူ အမျိုးသမီး မည်သူဖြစ်ကြောင်းကို ပင် စုံစမ်းဖော်ထုတ်၍ မရရှိသေး
ကြောင်း သိရသည်။

Update: ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ရလဒ် (မေလ ၂ ရက်)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ရလဒ် (မေလ ၂ ရက်)

ဘာစီလိုနာ ၀ - ၃ ဘိုင်ယန်မြူးနစ်
48' ရော်ဘင်၊ 72' ပီကေး [own goal]၊ 76' မူလာ

Android appနဲ့ game ကို Pc ပေါ်မှာ သုံးချင်တဲ့ သူတွေအတွက် YouwaveAndroid v4.1.2 (150MB)


YouwaveAndroid အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် April 28ရက်က Update ထွက်လာလို့ တင်ပေးလိုက်
ပါတယ် ( ချက်ချင်းတင်မလို့က စမ်းနေရသေးလို့ ကြာသွားတယ် ) အသစ်ထွက်လာတာတော်တော်လေးကို
သုံးရတာအဆင်ပြေပါတယ်။