Pages

Pages - Menu

Thursday, May 2, 2013

အိပ်မက်ဆုံရာ နောက်ဆုံးအဆင့်ပြိုင်ပွဲ မေလ ၅ ရက်နေ့တွင် မျှော်စင်ကျွန်းတွင် ကျင်းပမည်

Wednesday,May02,2013

အခမဲ့ရုပ်သံလိုင်း တစ်ခုဖြစ်သော Channel 7မှ ထုတ်လွှင့်ပြသနေသော အိပ်မက်ဆုံရာ Season 5 နောက်ဆုံး

အဆင့် ပြိုင်ပွဲကို မေလ ၅ ရက်နေ့တွင်ရန်ကုန်မြို့ကန်တော်ကြီးဥယျာဉ်ရှိ မျှော်စင်ကျွန်းတွင် ကျင်းပမည်ဖြစ်
ကြောင်း ယင်းအစီအစဉ်၏ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်သူ တေးရေးဆရာ ဦးမြင့်မိုးအောင်က The Voice သို
့ ပြော ကြားသည်။
"အခုဒီပွဲမှာဖြိုးကြီး၊ ဟဲလေး၊ ဇော်ပိုင်၊ နေနေ၊ ဇမ်းနူးတို့ ပါမှာပါ။ ကျွန်တော့်ကိုတော့ နေနေနဲ့ ဆိုရမယ်လို့
ပြောပါတယ်။ ဒီမှာတော့ ကျွန်တော်ဆုရမယ်လို့ မမှန်းထား ပါဘူး။ ဒါပေမဲ့ ရရင်တော့ ကောင်းပါတယ် လို့
 ပြောချင်ပါတယ်။ ကျွန်တော်လည်း ကြိုးစားထားပါတယ်" ဟု ပရိသတ်များ အကြား ရေပန်းစားနေသော ပြိုင်
ပွဲဝင် အောင်မြင့်မြတ်က ပြောဆိုသည်။

ယခုပြုလုပ်သော Season တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်အများစုကို အားမရဖြစ်ပြီး ဒိုင်များသ

ဘောကျသူ သုံးဦးခန့်သာရှိကြောင်း၊ ပရိသတ်များခန့်မှန်း အားပေးသော ပြိုင်ပွဲဝင်နှင့် ဒိုင်ရွေးချယ် မည့်ပြိုင်
ပွဲဝင်မှာ တစ်ထပ်တည်းကျမည် ဟု ထင်ကြောင်း၊ အိပ်မက်ဆုံရာအစီအစဉ် တစ်လျှောက်တွင် Season 4 တွင် ရှစ်ဦး လောက်မှာ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး ပရိသတ် ခန့်မှန်းထားသူနှင့် တူညီခဲ့ကြောင်း၊ နောက်ပိုင်းပြု
လုပ်မည့် Season 6 တွင် လည်း ၄င်းမှာ ပါဝင်အကဲဖြတ်ဒိုင် လုပ်ပေးရန်ရှိကြောင်း တေးရေးဆရာဦးမြင့်မိုး
အောင် က ဆိုသည်။

"ဒီပွဲမှာလည်း ပရိသတ်ခန့်မှန်းတဲ့လူနဲ့ တစ်သားတည်း ကျမှာပါ။ ပရိသတ်တွေက Online ပေါ်မှာလည်း ရေး

ထား ကြတယ်လေ။ ကျွန်တော်တို့ဒိုင်တွေ ကလည်း သေချာအကဲအဖြတ်ပြီးမှ ဆုံးဖြတ်ကြမှာပါ။ဒီပွဲမှာ အများ
စုကိုတော့ အားမရပါဘူး" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

TheVoiceWeekly , Rangonnewsdaily
RND:  :2.5.2013


No comments:

Post a Comment