Pages

Pages - Menu

Thursday, May 2, 2013

မုံရွာမြို့တွင် ယနေ့နေ့လည် ၃နာရီခွဲအချိန် လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်

မုံရွာတွင်မေ၂ရက်နေ့တွင်လေပြင်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းအပျက်အစီးများကိုတွေ့ရစဉ်
ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ

မုံရွာမြို့တွင် ယနေ့နေ့လည် ၃နာရီခွဲအချိန် လေပြင်းမုန်တိုင်း တိုက်ခတ်ရာ မုံရွာမြို့ရှိ သစ်ပင်ကြီးများကျိုး
ပဲ့ခြင်း၊မီးတိုင်များနှင့် ဘေဘုတ်ဆိုင်းဘုတ်ကြီးများ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့သည်။မိနစ်၂၀ကြာတိုက်ခတ်သွား
သော လေပြင်းတွင် မိုးများပါ ရွာသွန်းပြီး တစ်ချို့နေရာများတွင် မိုးသီးကြီးများပါ ကျခဲ့သည်။ ပြိုလဲသွားသော ဆိုင်းဘုတ်များကြောင့် ကားများနှင့် ဆိုင်ကယ်များ ပိမိပျက်စီးခဲ့သည်။ မုံရွာတွင် နှစ်ပေါင်း
၄၀ကြာ တစ်ခါမှ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်း မရှိကြောင်း မုံရွာဒေသခံများက ဆိုသည်။ 
 
မုံရွာမြို့တွင်းနှင့် ကျောက်ကာလမ်းတစ်လျှောက်ရှိ နှစ်ရှည်သစ်ပင်ကြီးများအမြစ်များမှ ပြိုလဲပြီး အိမ်များပေါ်
တွင် ပိမိကြလျှက်ရှိနေကြသည်။ သတင်းနှင့် ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
 
Photo
မုံရွာတွင်မေ၂ရက်နေ့တွင်လေပြင်း
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းအပျက်အစီးများကိုတွေ့ရစဉ်
ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
Rangonnewsdaily
RND:  :2.5.2013

No comments:

Post a Comment