Pages

Pages - Menu

Thursday, May 2, 2013

ပုသိမ်မြို့ပေါ်ရပ်ကွက်တစ်ခု ၁၅ဝဝ တန်ဖုန်း လျှောက်သူတိုင်း ကံထူး

ပုသိမ်မြို့ပေါ်ရှိရပ်ကွက်တစ်ခု၌ ကျပ် ၁၅ဝဝ တန်မိုဘိုင်းဆင်းကတ်များ ချပေးရာတွင် လာ ရောက် ကံစမ်းမဲနှိုက်သူနည်းခြင်းကြောင့် စာရင်းေ ပးသူတိုင်း ဖုန်းဆင်းကတ် ရရှိကြောင်း သိရ သည်။ ”ပုသိမ်မှာ အခြားရပ်ကွက်တွေတော့ လျှောက်လွှာတင်စာရင်းနဲ့ ဖုန်းချပေးတဲ့ကတ်အရေ အတွက် မကိုက်တော့ လူနည်းနည်းပဲရတယ်။ အမှတ် ၄ ရပ်ကွက်ကတော့ ဖုန်းကတ်ခွဲတမ်း ၃ဝဝ ရတယ်”ဟု ယင်းရပ်ကွက်ရပ်မိရပ်ဖတစ်ဦးက ပြော သည်။အဆိုပါရပ်ကွက်၌ ကျပ် ၁၅ဝဝ တန်ဖုန်း ကတ်များ ချထားပေးရာတွင် ဆယ်အိမ်မှူး၊ ရာအိမ် မှူး၊ အရန်မီးသတ်စသည့် အစိုးရဝန်ထမ်းများကို လျှောက်ထားခွင့်မပြုဘဲ ဖုန်းတစ်ကြိမ်တစ်ခါမှ မရသေးသူများကိုသာ ဦးစားပေးချထားပေးခြင်းဖြစ် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေးက ပြောသည်။
ထို့အပြင် ပုသိမ်မြို့ပေါ်၌ ရပ်ကွက် အချို့တွင် လျှောက်လွှာများ ဝယ်ယူရခြင်း၊ အခြားမကျေနပ်မှု များ ဖြစ်ပေါ်ခြင်းရှိခဲ့သော်လည်း ၄ ရပ်ကွက်၌ ထိုသို့ ဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ”ဒီမှာက ရပ်မိရပ်ဖတွေ၊ မီဒီယာတွေနဲ့ပွင့်ပွင့် လင်းလင်း လုပ်ပေးတော့ အားလုံးကျေနပ်ကြတယ်။ 
ပိုက်ဆံရှိတဲ့သူတွေကလည်း မလျှော က်ကြတော့ ဖုန်းကတ် ၃ဝဝ ချပေးတာ လျှောက်လွှာ ၃ဝဝ ပြည့်အောင်တောင် မနည်းခေါ်ရတယ်” ဟုဒေသခံ တစ်ဦးကပြောသည်။

ဖိုးဇော်မြင့်(ပုသိမ်) Popular Myanmar , Rangonnewsdaily
RND:  :2.5.2013
 

No comments:

Post a Comment