Pages
▼
Pages - Menu
▼
Sunday, April 7, 2013
ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်းကျေးရွာက ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ဒေသခံလူထု (၅၀၀) လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့တယ်လို့ ဒေသခံရွာသား ဦးမြင့်ဌေးက RFA ကို အခုလို ပြောပါတယ်။
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့
အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ
လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ
ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
အဝေးသင်ဘာသာရပ်များ အားလုံး အွန်လိုင်းမှပင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း
ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောသည်။ ယင်းသို့
အွန်လိုင်းတွင် သင်ယူပြီး ဘွဲ့ကိုလည်း အွန်လိုင်းမှပင် ရရှိနိုင်မည်ဖြစ်ကာ
လက်ရှိတွင် ဥပဒေဘာသာရပ် (Diploma in Law) ကို စမ်းသပ် သင်ကြား ပေးလျက်ရှိကာ
ဘွဲ့ရပြီးသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
မီဒီယာများသို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်ဓာတ်ပုံများ ရောင်းချ ပေးမည်ပာု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ့် ပြောကြား...
သား ထားသည့် သတင်းနှင့် ဓာတ်ပုံများကို အခြားသတင်းဌာန များသို့ စာချုပ်ချုပ်ဆို ရောင်းချ သွားမည်ဖြစ်
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ အဆိုပါ နိုင်ငံ
ပိုင် သတင်းဌာနများမှ သတင်းများ၊ သတင်းဓာတ်ပုံများကို နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းပုဂ္ဂလိက သတင်းစာများသို့အခကြေးငွေရယူကာ ရောင်းချသွားမည် ဖြစ်ကြောင်း၎င်းကဆက်လက် ပြောကြားသည်။
မြောက်ကိုရီးယားက နင်မထုတ်ပါဘူး
Sunday ,April 07, 2013
မြောက်ကိုရီးယား နယ်စပ်အနီးရှိ ဂဲဆောန် စက်မှုဇုံကို မြောက်ကိုရီးယားက
ဝင်ထွက်ခွင့် ပိတ်လိုက်တာ ၄ ရက် မြောက် ၂၀၁၃ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ
ထုတ်လုပ် ပစ္စည်းများ ပြတ်တောက်သွား၍ ၄ရုံမြောက် စက်ရုံ ထပ်မံ အလုပ်နားနေရပါတယ်။
လား . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း
တိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို၂၀၁၃ ခုနှစ်ဧပြီလ၂၄ရက်နေ့မှစ
တင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကထုတ်ပြန်ကြေညာလိုက်ပြီးနောက်
ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။
ရန်ကုန်တိုင်း သာသနာရေးဦးစီး ဒုညွှန်မှူး ဦးအောင်ကြည်မှ တရားဝင်ဗလီမရှိကြောင်း ပြောကြားမှုအပေါ် ညွှန်ချုပ် ဦးမိုးဇော်ရွှေမှ ၀မ်းနည်းကြောင်း ပြောဆို
ယမန်နေ့(၆-၄-၂၀၁၃) ညနေ(၃)နာရီက သာသနာရေးဝန်ကြီးဌာန(ကမ္ဘာအေး)တွင်
သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမိုးဇော်ရွှေကမြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများအား
ဖိတ်ကြားတွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး (ဒု-ညွှန်ကြားရေးမှူး)
ဦးအောင်ကြည်၏ မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖော်ပြခဲ့သော
အကြောင်းအရာအတွက် အစ္စလာမ်ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရမှုအတွက်
ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့ပါသည်။
သတို့သားလောင်းအား မှုခင်းတိုင်တန်းချက်အရ ခေါ်ယူစစ်ဆေးစဉ် သေဆုံးခဲ့မှုအပေါ် စိစစ်တွေ့ရှိချက်
နေပြည်တော်၊ ဧပြီ ၆
၃၁-၃-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊
သီရိမန္တလာ ကာကြီးဝန်းရဲကင်းတွင် အမှတ်(၅)ရဲစခန်းမှ ရဲတပ်သား
သန်းနိုင်ထွန်း ရှိနေစဉ် ဆိုင်ကယ်ကယ်ရီမောင်းသူ သက်ဦးမောင်နှင့်
သပိတ်ကျင်းမြို့၊ ရှားတောကျေးရွာနေ ၀င်မင်း(ခ)ဗဒင်(၂၃)နှစ်ရောက်ရှိ လာပြီး
ဝင်းမင်းမှ ၎င်းအား ကားကြီးဝင်း တောင်ဘက်လမ်းကြား၊ တိုက်ခန်းအနီးတွင်
ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး
ထိုးကြိတ်ရိုက်နှက်ကာ ငွေတစ်သိန်းယူဆောင်သွားသဖြင့် စုံစမ်းပေးရန်
မွဆ်လင်မ်များ ဗုံးခွဲတိုက်ခိုက်မည်ဟု အာဏာပိုင်များ မဟုတ်မမှန်လှုံဆော်နေ
ဗုံးခွဲတိုက်ခိုက်မည်ဟု အာဏာပိုင်များ သတိပေးသည်မှာ အမုန်းပွားစေရန် ရည်ရွယ်ချက်ရှိရှိ ၀ါဒဖြန့်နေခြင်းသာဖြစ်ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင်မြို့နယ်တွင် အထောက်အထား မခိုင်လုံဘဲ အာဏာပိုင်များ သတိပေးသည်ဟု ရခိုင်သတင်းဌာနတစ်ခုတွင် ယုတ္တိမရှိစွာ ဖော်ပြခဲ့သည့်သတင်းအရ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာပြည်သူများမှ ပိုမိုမုန်းတီးစိတ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ၀ါဒဖြန့်ခြင်းသက်သက်သာ ဖြစ်ကြောင်း Arakan News သတင်းတစ်ရပ်အရ သိရပါတယ်။
“၇၈၆” နှင်ပတ်လို့ မော်လာနာပသီဦးကျော်ဦး၏ဝေဖန်ချ က်
လတ်တလောဖြစ်ပေါ်နေသော ပဋိပက္ခများတွင် “၇၈၆” ဂဏာန်းသည်လည်း ပယောဂတစ်ခုသဖွယ်
ပါဝင်လျှက်ရှိသည်။ မြန်မာမွတ်စလင်မ်တို့သည် နှစ်ကာလအတန်ကြာကတည်းက “၇၈၆”
ဂဏာန်းကို မိမိတို့၏ ဆိုင်များ၊ အိမ်များတွင် ချိတ်ဆွဲခဲ့ကြသည်။ မည်သူက
စတင်ခဲ့မှန်းမသိရသော ဤအလေ့အထသည် ယခုအခါ ပြဿနာဖြစ်စေမည့် အကြောင်းခံတစ်ခု
ဖြစ်လျှက်ရှိပေသည်။ မွတ်စလင်မ်တို့သည်
မရိုးသားသောသဘောထားဖြင့် ဤဂဏာန်းကို ချိတ်ဆွဲနေကြသယောင်၊ သို့မဟုတ်
တစ်စုံတစ်ရာက ချိတ်ဆွဲရန် လှုံ့ဆော်လိုက်လေသယောင် အထင်လွဲမှား ခံရလျှက်
ရှိပေသည်။
နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိသင့်တဲ့ အကြောင်းရန်း ပြန်ကြားရေး ဒုဝန်ကြီး ရှင်းပြ
ကျွန်တော်က မြန်မာ့သတင်းစဉ်ရဲ့ သတင်းဖြန့်
ချိမှုစနစ် Wire Service ပြုပြင် ပြောင်းလဲမှုကို ရှင်းပြတဲ့အခါ တစ်ချို့
မှတ်ချက်ရေးသူများက ဘယ်နိုင်ငံမှာ အစိုးရက ဒီလိုလုပ်တာရှိသလဲလို့
မေးပါတယ်။
အဲဒီလို နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိတဲ့နိုင်ငံအများအပြားရှိပါတယ
အဲဒီလို နိုင်ငံကိုကိုယ်စားပြုတဲ့ သတင်းအေဂျင်စီ National News Agency ရှိတဲ့နိုင်ငံအများအပြားရှိပါတယ
အင်္ဂလန်သက္ကသိုလ်အသိအမှတ်ပြုဘာသာရပ်သစ်အတွက်ဝင်ခွင့်လျှောက်နိုင်
ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး
တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေအထားတွေတွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။
ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ
ဧပြီလ ၆ ရက် ၂၀၁၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး
စိတ်ဓာတ်ပြင်းထန်သူတွေဟာ အစိုးရကို ဘာသာစော်ကားမှု ဆန့်ကျင်ရေးဥပဒေ
ပြဌာန်းပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဥ
ပဒေပြဌာန်းပေးဖို့တောင်းဆို ဆန္ဒပြကြသူတွေဟာ ဟိုက်ဖါဇတ်အီး အစ္စလာမ်
(Hifazat-e Islam) အဖွဲ့ဝင်တွေ
နဲ့ အဲဒီအဖွဲ့အစည်းကို ထောက်ခံသူတွေ ဖြစ်ကြ
ပါတယ်။
ဧပြီလ ၆ ရက် ၂၀၁၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး
စိတ်ဓာတ်ပြင်းထန်သူတွေဟာ အစိုးရကို ဘာသာစော်ကားမှု ဆန့်ကျင်ရေးဥပဒေ
ပြဌာန်းပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဥ
ပဒေပြဌာန်းပေးဖို့တောင်းဆို ဆန္ဒပြကြသူတွေဟာ ဟိုက်ဖါဇတ်အီး အစ္စလာမ်
(Hifazat-e Islam) အဖွဲ့ဝင်တွေ
နဲ့ အဲဒီအဖွဲ့အစည်းကို ထောက်ခံသူတွေ ဖြစ်ကြ
ပါတယ်။
" မြန်မာနိုင်ငံတွင်း၌ မွတ်စလင်မ်များ အကြမ်းဖက် သတ်ဖြတ်ခံနေရမှုအပေါ် ကူဝိတ်နိုင်ငံသားများ ဆန္ဒထုတ်ဖော်"
မြန်မာနိုင်ငံတွင်း၌ မွတ်စလင်မ်များ အကြမ်းဖက် သတ်ဖြတ်ခံနေရမှုအပေါ် ကူဝိတ်နိုင်ငံသားများ ဆန္ဒထုတ်ဖော်နေကြစဉ် |
ကြောင့် စိုးရိမ်မကင်းဖြစ်လာသော အစ္စလာမ်ကမ္ဘာမှ မြန်မာအစိုးရအား ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ အ
ခုရက်ပိုင်းအတွင်း နေရာအနှံ့တွင် ပေါ်ပေါက်ခဲ့ပါတယ်။