Pages

Pages - Menu

Sunday, April 7, 2013

ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်းကျေးရွာက ဒေသခံတွေရဲ့ လယ်မြေတွေကို ဦးပိုင်ကုမ္ပဏီဆီ မရောင်းချနိုင်ကြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ဒေသခံလူထု (၅၀၀) လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့တယ်လို့ ဒေသခံရွာသား ဦးမြင့်ဌေးက RFA ကို အခုလို ပြောပါတယ်။ " မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့မြေယာများ ပြောင်းရွှေ့ခြင်း ရောင်းချခြင်း လွဲပြောင်းခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ပါဆိုတဲ့ ဆိုင်းဘုတ်ကို ဆိုင်းဘုတ်တင်ပွဲ ကျွန်တော်တို့ ယနေ့ပြုလုပ်နေတာ ဖြစ်ပါတယ်ခင်ဗျ"

ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး အဆိုတွေကို သံပြိုင်ကြွေးကြော်ပြီး ဆိုင်းဘုတ်စိုက်ထူမယ့် နေရာကို ချီတက်ခဲ့ကြတယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။

အလားတူပြီးခဲ့တဲ့ရက်တွေကလည်းဖောင်းကထာ၊မိုးကြိုးပြင်၊ဇီးတော၊ဆည်တဲ၊ အလယ်ရွာနဲ့
တောကျောင်းရွာတွေမှာ အခုလိုဆိုင်းဘုတ်တင်ပွဲတွေ ကျင်းပခဲ့ကြသလို၊ နောက်ရက်တွေမှာလည်း တခြားရွာတွေမှာ ထပ်မံကျင်းပသွားဖို့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

RFA( Burmese) , Rangonnewsdaily
RND:7.4.2013

No comments:

Post a Comment