Pages

Pages - Menu

Sunday, April 7, 2013

ရန်ကုန်တိုင်း သာသနာရေးဦးစီး ဒုညွှန်မှူး ဦးအောင်ကြည်မှ တရားဝင်ဗလီမရှိကြောင်း ပြောကြားမှုအပေါ် ညွှန်ချုပ် ဦးမိုးဇော်ရွှေမှ ၀မ်းနည်းကြောင်း ပြောဆို

ယမန်နေ့(၆-၄-၂၀၁၃) ညနေ(၃)နာရီက သာသနာရေးဝန်ကြီးဌာန(ကမ္ဘာအေး)တွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမိုးဇော်ရွှေကမြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများအား ဖိတ်ကြားတွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး (ဒု-ညွှန်ကြားရေးမှူး) ဦးအောင်ကြည်၏ မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖော်ပြခဲ့သော အကြောင်းအရာအတွက် အစ္စလာမ်ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရမှုအတွက် ၀မ်းနည်းရပါကြောင်း ပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်ကလည်း ဗလီဝတ်ကျောင်းတော်များ တရားမ၀င်ဟု ၄င်းအနေဖြင့် ပြောကြားခဲ့ခြင်း မဟုတ်ကြောင်း၊ 
ဗလီဝတ်ကျောင်းတော်များအပါအ၀င် ဘာသာပေါင်းစုံ၏ သာသနိက အဆောက်အအုံများသည် သာသနာရေး ၀န်ကြီးဌာန မပေါ်ပေါက်မီကပင် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ 
သာသနာရေးဦးစီးဌာနသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဌာန်းချက်နှင့်အညီ ဘာသာအသီးသီး၏ သာသနာ့ အဆောက်အအုံများကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျှက်ရှိကြောင်း၊
မီဒီယာများတွင် ဖော်ပြချက်ကြောင့် အစ္စလာမ် ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရသည့်အတွက် ၀မ်းနည်းပါကြောင်း၊ မီဒီယာများမှ တစ်ဆင့်ပြန်လည် ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။
သက်ပိုင်
Rangonnewsdaily
RND:7.4.2013

No comments:

Post a Comment