Pages

Pages - Menu

Sunday, April 7, 2013

မီဒီယာများသို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်ဓာတ်ပုံများ ရောင်းချ ပေးမည်ပာု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ့် ပြောကြား...

မီဒီယာများသို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်ဓာတ်ပုံများ ရောင်းချ
ပေးမည်ပာု  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ့်
ပြောကြား...

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သတင်းစာ များမှ သတင်းထောက်များ ထောက်လှမ်းရေးသား ထားသည့် သတင်းနှင့် ဓာတ်ပုံများကို အခြားသတင်းဌာန များသို့ စာချုပ်ချုပ်ဆို ရောင်းချ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ အဆိုပါ နိုင်ငံပိုင် သတင်းဌာနများမှ သတင်းများ၊ သတင်းဓာတ်ပုံများကို နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းပုဂ္ဂလိက သတင်းစာများသို့ အခကြေးငွေ ရယူကာ ရောင်းချသွားမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

ပြည်သူ့ဘဏ္ဍာငွေဖြင့် ရပ်တည်သည့်အပြင် ပြည်သူလူထုကို သတင်းပြန်ကြားပေးရန် တာဝန်ရှိသည့် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းရောင်းချမှု အပေါ်တွင် စီးပွားရေး မလုပ်သင့်ကြောင်း နေ့စဉ် ထုတ်သတင်းစာ ထုတ်ဝေခွင့်ရရှိထားသည့် Messenger ဂျာနယ် အယ်ဒီတာချုပ် ဦးထက်ဦးဇော်က ထောက်ပြသည်။
နိုင်ငံတော်ဝင်ငွေ ရှာဖွေရန် ကိုယ်ပိုင်သတင်း များကို ရောင်းချမည်ဖြစ်သော်လည်း အစိုးရ၏ ဌာနဆိုင်ရာ သတင်းများကိုမူ ပြည်တွင်းသတင်းစဉ် ဌာနက အခမဲ့ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်ကဆိုသည်။

အစိုးရကနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်တွင် ပွင့်လင်းမြင်သာမှုရှိရန် အစိုးရ သတင်းများ ကို ပုဂ္ဂလိသတင်းစာများက Accessible (လွယ်လင့်တကူ လက်လှမ်းမီအောင်) ပြုလုပ်ထားသင့်ကြောင်း ရိုက်တာ (Reuter) သတင်း ဌာနမှ မြန်မာနိုင်ငံတာဝန်ခံ ဦးအောင်လှထွန်းက အကြံပြုသည်။

အစိုးရပိုင် သတင်းစာများကို ယခင် နိုင်ငံပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နေရာမှ ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ရမည် ဆိုသော အပြောင်းအလဲကြောင့် ကိုယ်ပိုင်ငွေရှာခြင်း ဖြစ်နိုင်ကြောင်း စံတော်ချိန်သတင်း စာထုတ်ဝေသူ ဦးကိုကိုလေးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းရောင်းချမည် ဆိုသည့်အပေါ် ဝေဖန်နေသူများမှာ နိုင်ငံတကာ သတင်းအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ပုံကို နားမလည်သဖြင့် ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။
"ပြန်ကြားရေးက သတင်းရောင်းမယ် ဆိုတာတော့ မူအရ လက်မခံဘူး။ အစိုးရသတင်းစာ ဆိုတာလည်း ရှိတောင်မရှိသင့် တော့ဘူး။ ထုတ်ရင်လည်း အခမဲ့ဖြန့်သင့်တယ်" ဟု ရိုက်တာသတင်းဌာနမှ မြန်မာပြည် တာဝန်ခံ ဦးအောင်လှထွန်းက ပြောကြား သည်။
၂ဝ၁၂ ခုနှစ် သြဂုတ်လ အတွင်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့် အတွက် စာနယ်ဇင်း ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကန့်ကွက်မှုကြောင့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ စာပေစိစစ်ရေး မူဝါဒများအနက် တင်/ထုတ်စနစ်မှ ထုတ်/တင်စနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့သည်။
သြဂုတ်လ အတွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို သမဝါယမ ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ပြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို ယခင်နှစ် နှစ်ကုန်ပိုင်းတွင် လုံးဝဖျက်သိမ်းလိုက်သည့် အတွက် မြန်မာနိုင်ငံ၏ စာပေဆိုင်ရာ လွတ်လပ်ခွင့်သည် အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံထက် သာလွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံတကာ စာပေလွတ်လပ်ခွင့်ကို အကဲဖြတ် မှတ်တမ်းတင်သည့် Freedom House အဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည်။

စာပေလွတ်လပ်ခွင့်ကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကရေးဆွဲနေစဉ် ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ယခုနှစ်ဆန်းပိုင်းက လွှတ်တော်သို့ တင်သွင်းထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သတင်းစာ များမှ သတင်းထောက်များ ထောက်လှမ်းရေး
သား ထားသည့် သတင်းနှင့် ဓာတ်ပုံများကို အခြားသတင်းဌာန များသို့ စာချုပ်ချုပ်ဆို ရောင်းချ သွားမည်ဖြစ်
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ အဆိုပါ နိုင်ငံ
ပိုင် သတင်းဌာနများမှ သတင်းများ၊ သတင်းဓာတ်ပုံများကို နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းပုဂ္ဂလိက သတင်းစာများသို့အခကြေးငွေရယူကာ ရောင်းချသွားမည် ဖြစ်ကြောင်း၎င်းကဆက်လက် ပြောကြားသည်။
ပြည်သူ့ဘဏ္ဍာငွေဖြင့် ရပ်တည်သည့်အပြင် ပြည်သူလူထုကို သတင်းပြန်ကြားပေးရန် တာဝန်ရှိသည့် ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းရောင်းချမှု အပေါ်တွင် စီးပွားရေး မလုပ်သင့်ကြောင်း နေ့စဉ် ထုတ်သတင်းစာ ထုတ်ဝေခွင့်ရရှိထားသည့် Messenger ဂျာနယ် အယ်ဒီတာချုပ် ဦးထက်ဦးဇော်က ထောက်ပြသည်။

နိုင်ငံတော်ဝင်ငွေ ရှာဖွေရန် ကိုယ်ပိုင်သတင်း များကို ရောင်းချမည်ဖြစ်သော်လည်း အစိုးရ၏ ဌာနဆိုင်ရာ သတင်းများကိုမူ ပြည်တွင်းသတင်းစဉ် ဌာနက အခမဲ့ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်ကဆိုသည်။

အစိုးရကနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်တွင် ပွင့်လင်းမြင်သာမှုရှိရန် အစိုးရ သတင်းများ ကို ပုဂ္ဂလိသတင်းစာများက Accessible (လွယ်လင့်တကူ လက်လှမ်းမီအောင်) ပြုလုပ်ထားသင့်ကြောင်း ရိုက်တာ (Reuter) သတင်း ဌာနမှ မြန်မာနိုင်ငံတာဝန်ခံ ဦးအောင်လှထွန်းက အကြံပြုသည်။

အစိုးရပိုင် သတင်းစာများကို ယခင် နိုင်ငံပိုင်ဘဏ္ဍာငွေဖြင့် ရပ်တည်နေရာမှ ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ရမည် ဆိုသော အပြောင်းအလဲကြောင့် ကိုယ်ပိုင်ငွေရှာခြင်း ဖြစ်နိုင်ကြောင်း စံတော်ချိန်သတင်း စာထုတ်ဝေသူ ဦးကိုကိုလေးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းရောင်းချမည် ဆိုသည့်အပေါ် ဝေဖန်နေသူများမှာ နိုင်ငံတကာ သတင်းအေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ပုံကို နားမလည်သဖြင့် ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ဦးရဲထွဋ် ကပြောကြားသည်။

"ပြန်ကြားရေးက သတင်းရောင်းမယ် ဆိုတာတော့ မူအရ လက်မခံဘူး။ အစိုးရသတင်းစာ ဆိုတာလည်း ရှိတောင်မရှိသင့် တော့ဘူး။ ထုတ်ရင်လည်း အခမဲ့ဖြန့်သင့်တယ်" ဟု ရိုက်တာသတင်းဌာနမှ မြန်မာပြည် တာဝန်ခံ ဦးအောင်လှထွန်းက ပြောကြား သည်။

၂ဝ၁၂ ခုနှစ် သြဂုတ်လ အတွင်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့် အတွက် စာနယ်ဇင်း ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ကန့်ကွက်မှုကြောင့် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ စာပေစိစစ်ရေး မူဝါဒများအနက် တင်/ထုတ်စနစ်မှ ထုတ်/တင်စနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့သည်။

သြဂုတ်လ အတွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို သမဝါယမ ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ပေးအပ်ပြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို ယခင်နှစ် နှစ်ကုန်ပိုင်းတွင် လုံးဝဖျက်သိမ်းလိုက်သည့် အတွက် မြန်မာနိုင်ငံ၏ စာပေဆိုင်ရာ လွတ်လပ်ခွင့်သည် အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံထက် သာလွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံတကာ စာပေလွတ်လပ်ခွင့်ကို အကဲဖြတ် မှတ်တမ်းတင်သည့် Freedom House အဖွဲ့ကြီးက ထုတ်ပြန်ခဲ့သည်။

စာပေလွတ်လပ်ခွင့်ကို အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကရေးဆွဲနေစဉ် ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ယခုနှစ်ဆန်းပိုင်းက လွှတ်တော်သို့ တင်သွင်းထားသည်။
 
The Voice Weekly , Rangonnewsdaily
RND:7.4.2013 

No comments:

Post a Comment