Pages

Pages - Menu

Tuesday, March 5, 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်မဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်

ပုဗ္ဗသီရိမဲဆန္ဒနယ်ကို ဒေါ်အောင်ဆန်းစုကြည် ၃ လ တာဝန်ယူမည်
Tuesday, 05 March 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းရေးကော်မတီ  ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊
ဦးမင်းသူ၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ  မြို့နယ်၊ညောင်လူးကျေးရွာအုပ်စု၊ 
ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့  ကြကြောင်းသတင်းရရှိသည်။

ရှေးဦးစွာ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည်
ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်း ထိုင်ဆရာတော် ဥူးသုနမောဒိ အားဖူးမျှော်ကြည်ညိုပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံနှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် မြို့နယ်ကော်မတီဝင်များမှတင်ပြခဲ့သော အလုပ်လက်မဲ့ပြဿနာ
အကြောင်းနှင့် အတူ ကျေးရွာ လျှပ်စစ် မီးလင်းရေး၊  သောက်သုံးရေ
ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးကဏ္ဍများကိုလည်း အကျယ်တ၀င့်ဆွေးနွေး  မှာကြားပြောကြားသွားသည်။  

၎င်းနောက် ပုဗ္ဗသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်မှကျန်းမာရေးအခြေအနေအရ ခွင့်(၃)လယူထားစဉ်
ကာလ ၎င်း၏နယ်မြေအား ဒေါ် အောင်ဆန်းစုကြည်မှ ခွင့်ကာလ  အတွင်းကိုယ်စားတာဝန်ယူဆောင်  ရွက်သွားမည်ဖြစ်ကြောင်း
ဒေသခံ ပြည်သူများအား ပြောကြားလျက် ဒေသခံပြည်သူများအား
နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာခဲ့သည်။  

ထို့နောက် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင်(၅၀)ပြည်သူ့ဆေးရုံသို့သွားရောက် ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

မြင့်အောင်(နေပြည်တော်)
The Hot News

Tuesday, 05 March 2013

နေပြည်တော်-ပုဗ္ဗသီရိမြို့ နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်
အာင်ဆန်းစုကြည်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးဖြိုးဇေယျာသော်၊ဦးမင်းသူ
၊ဦးနိုင်ငံလင်းတို့နှင့် အတူ ဒေါက်တာမြတ်ဥာဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ်၊ညောင်လူးကျေး
ရွာအုပ်စုကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂)ရက်နေ့ နံနက်ကရောက်ရှိခဲ့ရာ ဒေသခံ
 ပြည်သူများမှလှိုက်လှဲစွာကြိုဆိုခဲ့ ကြကြောင်းသတင်းရရှိသည်။

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ
Tuesday, 05 March 2013

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက်၊
ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်
ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

အဆိုပါရုပ်အလောင်းကိုပက်လက်အနေအထားဖြင့် ချောင်းအစပ်ရှိ လမုပင်၊ ခရာပင်များကြား နှုံးများပေါ်တွင် တွေ့ရှိခဲ့ပြီး ဆံပင်များကျွတ်၍ ဦးခေါင်းမှ ဦးရေပြားများမရှိတော့ဘဲ၊ မျက်နှာမှာပုတ်ပွကာရုပ်ပျက်နေပြီး၊ အတွင်းခံအင်္ကျီအဖြူရောင်နှင့် အနီရောင်ဘောင်း ဘီတိုတို့ဖြင်တွေ့ရှိကာ အရပ်မှာ ၄ ပေ ၃ လက်မ ခန့် ရှိပြီး အသက်အရွယ်ကိုခန့်မှန်း၍ မရကြောင်း တောင်ဥက္ကလာပရဲစခန်းထံမှ စုံးစမ်းသိရှိရသည်။

အသက်အရွယ်မှာ အလောင်း၏ အရွယ်နှင့် ရင်သားများကိုခန့်မှန်း၍ အပျိုပေါက် ၁၄ နှစ်အရွယ်ခန့် ဟုခန့်မှန်းကြောင်း အလာင်းကို မျက်မြင်တွေ့ရှိသည့်အဆိုပါလမ်းအတွင်းနေထိုင်သူများ၏
ပြောကြားချက်အရသိရသည်၊

The Voice Weekly

Tuesday, 05 March 2013

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက် ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက် ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

Tuesday, March 5, 2013
သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသား တစ်ဦး လက်မောင်းကိုက်ခဲ၍ ဆေး
ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်း
ကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က သင်္ဃန်းကျွန်းမြို့
နယ်၊ အမှတ် ၄၊ ရန်အေးလမ်း၊ ရန်အောင် ရပ်ကွက်နေ ကိုဝင်းနိုင် (၄၁ နှစ်) သည် အလုပ်မှအပြန် နံနက် ၁၀ နာရီခွဲခန့်က လက်မောင်းကိုက်ခဲ သောကြောင့် ဇနီးဖြစ်သူနှင့်အတူ ဆိုက်ကားငှားပြီး ဆယ်သိန်း ရပ်ကွက်၊ ရတနာပုံ လမ်းတွင် ဆေးခန်း ဖွင့်လှစ်ထားသည့် ဦးနှောက်နှင့် အာရုံကြော၊စိတ်ကျန်းမာရေးဆရာဝန် ဒေါက်
တာဝင်းနိုင်၏ ဆေးခန်းသို့ သွားရောက် ပြသခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

Tuesday, March 5, 2013
ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို ယူ ၂၃ ပဏာမ လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရခြင်းနှင့် ပတ်သက်၍ ၄င်းနေထိုင်ရာ သာကေတတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်း ဖော်ပြပေး
လိုက် ပါသည်။

Voice : အဲဒီနေ့က ဘယ်လိုဖြစ် တာလဲ၊ ဘာဖြစ်တာလဲ ဆိုတာကို အကျဉ်းချုပ်လောက် ပြောပြပါလား။

ပြင်ဦးလွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ်တိမ်းမှောက် ခရီးသည် ၁ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

Tuesday, 05 March 2013
်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာ၊ လမ်းလယ်ဘုရားအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း မိုင်တိုင်အမှတ် (၉/၄)တွင်မတ်၎ရက်နေ့လယ်ကမန္တလေးမှ ပြင်ဦးလွင်သို့
ကို---- မောင်းနှင် လာသည့် ““စုပေါင်းလုပ်သား”” ယာဉ်အသင်းမှ ဗ/xxxx ဟိုင်းလတ်ခရီးသည်တင်ယာဉ်သည် ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။

KIA တပ်ဖွဲ့ဝင် (၄၂) ဦးအား သေဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုတွင် သဘောထားကွဲလွဲနေ

KIA တပ်ဖွဲ့ဝင် (၄၂) ဦးအား သေဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုတွင် သဘောထားကွဲလွဲနေ

မတ် ၅ ရက်၊ ၂၀၁၃
 
အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လိုင်ဇာဟိုတယ်၌ အစည်းအဝေးပြုလုပ်ပြီး သေဒဏ်ပေးခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ 

သေဒဏ်ချမှတ်ခဲ့မှုမှာ KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၏ တစ်ဖက်သတ်ချမှတ်ခဲ့သည့် အမိန့် ဖြစ်ပြီး သဘောထားကွဲလွဲမှုကြောင့် ၎င်းအမိန့်အား ဆိုင်းငံ့ထားောကာင်း ဗဟိုမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ဂမ်ရှောင်မှာ ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရခဲ့ပြီး တရုတ်နိုင်ငံတွင် ဆေ၀ါးကုသမှုများ ခံယူခဲ့သော်လည်း ပျောက်ကင်းမှုမရှိဘဲ ကျန်မားရေးဆိုးဝါး နေကြောင်း ဂမ်ရှောင်၏ စစ်ဦးစီးချုပ်ရာထူးကို လက်ရှိဒုစစ်ဦးစီးချုပ် ဂွမ်မော်အား ခေတ္တပေးထားကြောင်း သိရှိရပါသည်။ 

လက်အောက်တပ်မှူး များနှင့် KIO ဗဟိုကော်မတီဝင်များက ဂမ်ရှောင်အား စစ်ဦးစီးချုပ်ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုနေကြကြောင်း၊ တောင်းဆိုမှုကြောင့် KIA/KIO ခေါင်းဆောင်များအချင်ချင်း သဘောထားကွဲလွဲကာ လုပ်ကြံသတ်ဖြတ်မှုများအထိ ဖြစ်နိုင်ကြောင်း ဗဟိုဌာနချုပ်ရှိ အရာရှိတစ်ဦးမှ ပြောကြား ခဲ့ပါသည်။

မတ် ၅ ရက်၊ ၂၀၁၃

အစိုးရတပ်သို့ အလင်းဝင်ရန်ကြိုးပမ်းမှုဖြင့် KIA တပ်ဖွဲ့ဝင် (၄၂) ဦးတို့ ဖေဖော်ဝါရီလ၂၃ ရက်နေ့က လိုင်ဇာ
ဟိုတယ်၌ အစည်းအဝေးပြုလုပ်ပြီး သေဒဏ်ပေးခဲ့သည့် ကိစ္စအပေါ် ဗဟိုမှ ခေါင်းဆောင်များအကြား သ
ဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်

ဝန်ထမ်းများကို မြန်မာမီနီဆလွန်း အရစ်ကျရောင်းမည်
Tuesday, March 5, 2013

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက် စက်မှုဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။ ကနဦးအနေဖြင့် ကျပ်ခုနှစ်သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး ကျန်ရှိသည့် ကားတန်ဖိုးကို တစ်လလျှင် ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “လက်ကျန်ရှိနေသေးတဲ့ မီနီဆလွန်းတွေကို ပြည်သူတွေ သက်သက်သာသာနဲ့ စီးနိုင်အောင် အရစ်ကျနဲ့ ရောင်းပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာမီနီဆလွန်း ကားများအား ပြည်သူတစ်ဦးချင်း အနေဖြင့် ဝယ်ယူလိုပါက ယခင်ကဲ့သို့ လျှောက်ထားချက် စာရွက်စာတမ်းများ မလိုတော့ဘဲ ဘဏ်သို့ ကားတန်ဖိုးငွေ ပေးသွင်းပြီးပါက မိမိကြိုက်နှစ်သက်ရာ အရောင်အား ရွေးချယ် ဝယ်ယူနိုင်ရန် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာနမှ ဒေါ်လှလှသီက “ဒီလိုအရစ်ကျနဲ့ ရောင်းမယ်ဆိုရင်လဲ တစ်လကို ကျပ်တစ်သိန်း ပေးသွင်းနိုင်တဲ့ လ/ထကြီးကြပ်ရေးမှူးနဲ့ လစာတူတဲ့ ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ တစ်လကို ကျပ်တစ်သိန်း လစာဝင်ငွေ မရှိတဲ့သူတွေကို ရောင်းချပေးဖို့ ဆိုတာကတော့ မဖြစ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး ဦးစီးအရာရှိက “အခုလို အရစ်ကျစနစ်နဲ့ ရောင်းရင်တော့ ဝန်ထမ်းအတော်များများ ဝယ်နိုင်သွားမှာပါ။ ဘာပဲပြောပြော ပိုက်ဆံနည်းနည်းနဲ့ ကားပိုင်ဆိုင်နိုင်တော့ ဝမ်းသာပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝန်ထမ်းတွေအနေနဲ့ ကားဝယ်စီးနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့် ဂျပန်ကားတွေကိုလဲ ဒီလိုရောင်းပေးရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။ လက်ရှိ ကားဈေးကွက်တွင် မြန်မာမီနီဆလွန်းများမှာ ကျပ်သိန်း ၆၀ နှင့် ၆၅ သိန်းသာ ရှိသော်လည်း စက်မှုဝန်ကြီးဌာနမှ ကျပ် ၇၅ သိန်း သတ်မှတ်ကာ ရောင်းချပေးလျက် ရှိသည်။ ယခင်က မြန်မာမီနီဆလွန်းကား ဝယ်ယူရာတွင် အရောင်မှာ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ အဖြူ၊ ရွှေအိုရောင်၊ ငွေအိုရောင်တို့သာ ရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် အနက်ရောင်တစ်မျိုး ထပ်တိုးလာပြီး ဝယ်ယူသူများ အနေဖြင့် အရောင်စိတ်ကြိုက် ရွေးချယ်နိုင်ပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

Tuesday, March 5, 2013

မြန်မာမီနီဆလွန်းကားများကို နိုင်ငံဝန်ထမ်းများအား ငါးနှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်
ဆကြာင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ယင်းသို့အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အတွက်စက်မှုဝန်ကြီး
ဌာနသို့ တင်ပြထားပြီးဖြစ်ကာ ခွင့်ပြုချက်ရရှိပါက တစ်ပြိုင်နက်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွတ်ပေးသော်လည်း အမှုရုပ်သိမ်းခြင်း မရှိသေး

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွတ်ပေးသော်လည်း အမှုမရုပ်သေး...

ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေးခံခဲ့ ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးက္ကိဒ္ဓိလှ၊ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အရာရှိ များအပါအ၀င် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများမှ အကြီးတန်း အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး မကြာခင် ရက်ပိုင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

“ဆက်သွယ်ရေး အရာရှိတွေကို စစ်ဆေးတာ နအခ က တိုက်ရိုက်စစ်ဆေးနေတာ၊ သူတို့ကို ပြန်လွှတ်မလွှတ်တော့ မသိဘူး၊ အမှု ဖွင့်ထားဆဲပဲ၊ အမှုပိတ်ဖို့ အထက်က ဘာမှ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါအမှုကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက်ကိုင်တွယ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

ဌာနတွင်း ခြစားမှုကြောင့် ခေါ်ယူစစ်ဆေးခံရပြီးနောက် လက်ရှိတွင် ပုံမှန် ရုံးပြန်လည် တက်နေကြသည့် ဆက်သွယ်ရေး အရာရှိများနှင့် ဆက်သွယ်ရေး ကုမ္ပဏီတချို့မှ အကြီးတန်းအရာရှိများကို ၎င်းတို့ စစ်ဆေးခံရသည့် ကိစ္စနှင့် တရား သေပြန်လည် လွှတ်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားလိုခြင်း မရှိဟုသာ ဆိုကြသည်။

ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ ဦးမြင့်ဦးက “အခု ရုံးပြန်ထိုင်နေပါပြီ၊ အလုပ်တွေ ပုံမှန် ပြန်လုပ်နေပါတယ်၊ စစ်ဆေးခံခဲ့ရတဲ့ ကိစ္စတွေကိုတော့ ပြောလို့ အဆင်မပြေပါဘူး။ ပြောလည်း မပြောချင်သေးပါဘူး” ဟု  ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်တချို့ကို ပြန်လွှတ်ပေးပြီး ဖြစ်သော်လည်း၊ ဆက် သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနှင့် အထွေထွေ မန်နေဂျာ ဦးသိန်းဦးအပါအဝင် အရာရှိတချို့ကို ဆက်လက် စစ်ဆေးနေသည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။

“စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးလိုက်တာ ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်တာဘဲ၊ အချိန်တန်ရင် ကိစ္စတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောပြပေးမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဒု အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။

အမှုဖွင့်ထားသည့် ပုဂ္ဂိုလ်ကို တရားခွင် မဝင်ရသေးဘဲ ပြန်လည်လွှတ်ပေး၍ ရ၊ မရသည် တရားစွဲဆိုထားသည့် နေရာနှင့်သာ သက်ဆိုင်ကြောင်း၊ ဥပဒေကြောင်းအရ တရားခွင်တွင် စစ်ဆေးရခြင်း မရှိသေးသည့် ပုဂ္ဂိုလ်ကို ပြန်လည်လွှတ်ပေး၍ မရကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ ဒုညွှန်ချုပ် တဦးက ဆိုသည်။

သတင်းအချက်အလက်နှင့် နည်းပညာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက “ဘယ်လိုပုံစံနဲ့ လွှတ်လိုက်တာလည်း ဆိုတာတော့ မသိဘူး၊ ဌာနတွေမှာ ပုံမှန် အလုပ်ပြန်လုပ်နေကြပါပြီ။ ဆက်ပြီး လွှတ်စရာကျန် မကျန်ဆိုတာတော့ အတိအကျ မသိဘူး” ဟု ပြောသည်။

ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များကြောင့် ဖြစ်ပြီး ၀န်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ၀န်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ၀န်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

အကျင့်ပျက် ခြစားမှုပြဿနာများကြောင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် အရာရှိ တချို့ကို ခေါ်ယူ စစ်ဆေးနေဆဲတွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တရားဝင်ခန့်အပ်ခဲ့သည်။

ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေးခံခဲ့ ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေး ထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

လက်ပံတောင်းတောင် အရေးတွင် သတင်းသမားအချို့မှ ၀မ်ပေါင်ကုမ္မဏီနှင့် ရဲသတင်းပေးအဖြစ်လုပ်ကိုင်နေကြပြီ

လက်ပံတောင်းတောင် အရေးတွင်  သမားအချို့က ၀မ်ပေါင်ကုမ္မဏီနှင့် ရဲသတင်းပေးအဖြစ်လုပ်ကိုင်လာ...
======================================
မတ်လ၊ ၅ 
ပြည်သူလူထု၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်ပေးရန် မွန်မြတ်သော စိတ်ရင်းစေတနာမှန်ဖြင့် သတင်းလောကသားများသည် သတင်းဖြစ်တည်ရာ ရပ်ဝန်းဒေသများသို့ သတင်းသွားရောက် ရယူကျသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ဌာနဆိုင်ရာ ကြေးနန်စာများတွင် သတင်းထောက်များ၏ အမည်နာမများရေးသားပေးပို့လျက်ရှိကြောင်း သိရပါတယ်။
" သတင်းထောက်တွေထဲကနေ သတင်းပေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်"ဟု ညောင်ပင်ကြီးကျေးရွာခံတစ်ဦးမှပြောပါတယ်..။
ဝမ်ပေါင်ကုမ္မဏီနှင့် သက်ဆိုင်ရာအာဏာပိုင်များက ဆားလင်းကြီးမြို့နယ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုအိုင်ပီဆိုသူအား တစ်လလျင် ငွေကျပ်(၃)သိန်းဖြင့် လက်ပံတောင်းတောင်အရေးလုပ်ရှားသူများ၏ သတင်း၊ ယင်းသတင်းဖြစ်တည်မှုအား လာရောက်သတင်းရယူသူ သတင်းထောက်များ၏ သတင်းများနှင့် ရပ်ရွာအတွင်း ခိုးဆိုးနှိုက်များအတွက်ပါ သတင်းတင်ပြပေးရန် မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့် ၀မ်ပေါင်ကုမ္မဏီ တို့မှ ခန့်အပ်ထားကြောင်းသိရပါတယ်..။
"ဦးပိုင်က အောင်ကျော်ကျော်ဆိုသူက အိုင်ပီကို ခန့်ပေးထားတာပါ" ဟု မိုင်းလုပ်သားကြီးတစ်ဦးမှ ပြောပါတယ်..။
အဆိုပါ သတင်းသမားသည် ငွေသာကျေးရွာပြောင်းရွှေ့ရေးကိစ္စတွင် သတင်းရေးသားရန်အတွက် ရွာသားများထံမှ ငွေကျပ်ငါးသောင်းတောင်းခံရယူခဲ့သူတစ်ဦးဖြစ်ပါတယ်..။
ပြည်သူ့အတွက် ရပ်တည်ပေးရမယ့် သတင်းသမားတစ်ယောက်အနဲ့ အကျင့်ပျက်ရပ်တည်မှုဟာ ဒေသတစ်ခုလုံးအတွက် အဆိပ်သင့်စေနိုင်သော အရာဖြစ်ပါတယ်..။ ဒီကိစ္စကို ဆက်လက်ပြီး ရဲထံသတင်းပေးများကိစ္စနှင့်ပတ်သက်၍ လည်း လွှတ်တော်အတွင်းရောက်အောင်ပို့ဆောင်းသွားမယ်လို့ တာမွေလွှတ်တော်ကိုယ်စားလှယ် ကပြောပြါတယ်..။

မတ်လ၊ ၅
ပြည်သူလူထု၏ အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရန်ပေးရန် မွန်မြတ်သော စိတ်ရင်းစေတနာမှန်ဖြင့် သတင်းလောကသားများသည် သတင်းဖြစ်တည်ရာ ရပ်ဝန်းဒေသများသို့ သတင်းသွားရောက် ရယူကျသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ ဌာနဆိုင်ရာ ကြေးနန်စာများတွင် သတင်းထောက်များ၏ အမည်နာမများရေးသားပေးပို့လျက်ရှိကြောင်း သိရပါတယ်။

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်းပြီး မခြေမငံပြောဆိုသ ဖြင့်နိုင်ငံတော်ထံတိုင်စာပေးပို့

သန်လျင် ကညန မှ အထက်တန်းစာရေးငွေပိုတောင်း ၊ မိမိအမှားဝန်မခံမခြေမငံပြောဆိုသဖြင့်နိုင်ငံတော်ထံတိုင်စာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ က. ည.နရုံးတွင်ယာဉ်မောင်းလိုင်စင်  သက်တမ်းသွားတိုးသူတစ်ဦးက   ကညနမှအကြီးတန်း စာရေးဒေါ် နှင်းမာလာစိုးအပေါ် အရေးယူ ပေးပါရန် နေပြည်တော်ပြည်ထဲ ရေးဝန်ကြီးဌာနသို့ တိုင်စာပို့ထား ကြောင်း ပြောသည်။
မ——-သည် ၎င်းင်း၏(ခ)   လိုင်စင်အား(ဃ)လိုင်စင်အဖြစ်  ပြောင်းလဲရန် ပုံစံဖြည့်စွက်ခဲ့ ကြောင်း၊၎င်းင်းပုံစံအား ဒုဦးစီးမှူး  ဒေါ်သဉ္စာအောင် ကိုယ်တိုင်စစ် ဆေးလက်မှတ်ထိုးပေးပြီးအကြီး တန်းစာရေးဒေါ်နှင်းမာလာစိုးထံ သို့ ပြန်တင်ထားကာ တစ်နာရီခွဲ   ကျော်ကြာစောင့်နေခဲ့ပြီး လိုင်စင်   ထွက်လာချိန်တွင်(ခ)လိုင်စင်သာ ထွက်လာသဖြင့် ပြန်လည်ပေးမြန်း  ရာအကြီးတန်းစာရေးဒေါ်နှင်းမာ လာစိုးက ၎င်း၏အမှားအား ၀န်ခံ    ခြင်းမပြုသည့် အပြင်လိုင်စင်ပြု လုပ်သူ မ——–အားနိုင်ထက် စီးနင်းပြောဆိုသဖြင့် မ——က  နေပြည်တော် ပြည်ထဲရေးဝန်ကြီး    ဌာနနှင့်သက်ဆိုင်ရာဌာနအသီးသီး    သို့ တိုင်စာများပို့ကာ တည်ဆဲ ဥပဒေများအရအရေးယူပေးပါရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း    ၎င်းကပြောသည်။
““လိုင်စင်ဖိုးငွေသွင်းတော့ (၅၅၀၀)ကောက်တယ် အာမခံ ကြေးကို ကိုယ်တိုင်သွားမသွင်းနဲ့ ဝေးတယ်သူတို့ပြီးမှပေါင်းသွင်း ပေးမယ်လို့ပြောပြီးယူတာ။လိုင်စင်  အသစ်ပြန်ထွက်လာတော့(ခ) လိုင်စ်ပဲပြန်ထွက်လာတယ်။ ကျွန်မ   လျှောက်တာ(ဃ)လို့ပြောတော့       ပြောမှမပြောခဲ့တာမပြောတော့ ရိုးရိုးသက်တမ်းတိုးတာပဲထင်တာ ပေါ့ပြောခဲ့မှသိမှာပေါ့ အဲလိုက စပြီးအစုံပဲပြောတာ၊ကျွန်မပုံစံမှာ  ဖြည့်ထားပြီးသားပြန်ကြည့်ကြည့် ဦးလို့ပြောလိုက်ယ်။သူကပုံစံကို ကြည့်ပြီး(ဃ)ပြောင်းရင်(ခ)ကို သက်တမ်းတိုးအသစ်လုပ်ပြီးမှ ပြောင်းလို့ရတာနားမလည်ဘူး လားဆိုပြီးဟောက်ပြန်ရော။ကျွန်မ  တော်တော်စိတ်ပျက်သွားတယ်။ တကယ်ဆိုရင်အကြီးတန်းစာရေး ဖြစ်တဲ့ သူကသာနားမလည်တာ(ခ)   လိုင်စင်အဟောင်းပေးလိုက်(ဃ) လိုင်စင်ပြောင်းဆိုပုံစံဖြည့်သက်တမ်း    ကျော်နေရင်ဒဏ်ကြေးဆောင်၊ တကယ်ဆိုမှားသွားလို့တောင်းပန် ပါတယ်။ တခွန်းလောက်ပြော လိုက်၊မြန်မာလူမျိုးတွေပါနားလည်   ပေးတတ်ပါတယ်။အဲဒါကိုသူက      ပိုက်ဆံထပ်သွင်းခိုင်းတယ်ကျွန်မ  လဲ နဲနဲတော့ စိတ်ကတိုသွားပြီ ပိုက်ဆံထပ်မသွင်းနိုင်ဘူး ကျွန်မ   မှားတာမဟုတ်ဘူးလို့ပြောတော့  ပိုက်ဆံမသွင်းပဲဘယ်သူရဲ့ ဘာမို့    လဲတဲ့ အဲဒီစကားကြီးက သေသေ  ချာချာစဉ်းစားရင်တော်တော်ဆိုး တယ်။တကယ်ဆို(၅၅၀၀)တောင်း တာကိုက လွန်တာအမှန်ကသုံး ထောင်ကျော်ပဲကျတာ ကျွန်မက  တိုင်မှာလို့လဲပြောခဲ့တယ်။လိုင်စင်  ဖိုးက ဘယ်လောက်လဲမေးတော့     ရှင်းမပြဘူးဝန်ထမ်းတွေမပြေလည် လို့ လည်သလိုလုပ်နေကြတာကို   နားလည်ပါတယ်။ ပြေပြေလည် လည်တော့ ဆက်ဆံပေးပေါ့။သူ ပိုက်ဆံပိုယူတာ ကျွန်မကိုမခြေ မငံပြောတာတွေအားလုံး ကျွန်မ   recording လုပ်ထားတယ်၊တိုင်ကြား    ပါထိထိရောက်ရောက်အရေးယူ ပေးမယ်လို့ နိုင်ငံတော်ရဲ့လူကြီး မင်းတွေကပြောထားတာပဲ၊ ကျွန်မ  ဘက်ကမှန်တဲ့အတွက် ကျွန်မ တော့တိုင်မယ်ထိထိရောက်ရောက်    စစ်ဆေးပြီး ဘယ်လိုအရေးယူမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့၊လို အပ်လို့ နေပြည်တော်က ကျွန်မ      ကိုခေါ်ပြီးစစ်မေးချင်လဲခေါ်ပါ    နေပြည်တော်မဟုတ်ဘူး မြန်မာ နိုင်ငံမြောက်ဖျားထိခေါ်လဲသွား မယ်””ဟုပြောသည်။
အဆိုပါကိစ္စကိုမေးမြန်းရန် သန်လျင် က.ည.နသို့(၄.၃. ၂၀၁၃) ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁သို့ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်သူအမျိုးသမီးမှခရိုင်မှူးမရှိ သဖြင့် ဖြေကြားခွင့်မရှိပါကြောင်း   အထက်သို့ ဆက်သွယ်၍ခွင့်ပြုချက်  ရရှိမှသာဖြေကြားလို့ရမည်ဖြစ်သ ဖြင့် ခဏနေမှဖုန်းပြန်ဆက်ပါရန်  ပြောသည်။(၁၅)မိနစ်ခန့်အကြာ တွင် ဖုန်းပြန်ဆက်ရာ မည်သူမှ ဖုန်းကိုင်ခြင်းမရှိခဲ့ပါ။

 

ဒေါင်းအ၀ါ
The Hot News

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်းရှိ က. ည.နရုံးတွင်ယာဉ်မောင်းလိုင်စင် သက်တမ်းသွားတိုးသူတစ်ဦးက ကညနမှအကြီးတန်း စာရေးဒေါ် နှင်းမာလာစိုးအပေါ် အရေးယူ ပေးပါရန် နေပြည်တော်ပြည်ထဲ ရေးဝန်ကြီးဌာနသို့ တိုင်စာပို့ထား ကြောင်း ပြောသည်။

နာဇီတို့၏ ကမ္ဘာ့အကြီးဆုံး သံလမ်းပေါ် တင့်ကား

နာဇီတို့၏ ကမ္ဘာ့အကြီးဆုံး သံလမ်းပေါ် တင့်ကား

Railway gun လို့ခေါ်တဲ့ သံလမ်းပေါ်သွား စစ်လက်နက် (ဒုံးကျည်ပစ်စင်) ဟာ ဒုတိယ ကမ္ဘာစစ်ကာလမှာ အသုံးများတဲ့ လက်နက် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း အသုံးပြုမှု ရှိနေပါသေးတယ်။

နယ်စပ်တိုက်ပွဲတွေမှာ ပိုမိုအသုံးဝင်ပြီး အဝေးပစ် လက်နက် ဖြစ်ပါတယ်။ ယင်းလက်နက် တည်ဆောက်မှုများမှာ သမိုင်းတွင်ခဲ့တဲ့ Railway gun ကတော့ ဟစ်တလာရဲ့  ဂျာမနီ နာဇီ တပ်မတော်ပိုင်တဲ့ Schwerer Gustav အမည်ရ လက်နက်စင် ဖြစ်ပါတယ်။

အလေးချိန် - ၁၃၅၀ တန်

အရှည် - ၁၅၅ပေ ၂ လက်မ

အကျယ် - ၂၃ ပေ ၄ လက်မ

အမြင့် - ၃၈ ပေ ၁ လက်မ

လိုအပ်သော လူအင်အား - ၂၅၀ ဦးရေ ( ၃ ရက်အတွင်း ယင်း လက်နက်ကို တပ်ဆင်ဖို့ လိုအပ်တဲ့ အင်အား ဖြစ်ပါတယ်။) ၂၅၀၀ ( သံလမ်း လမ်းကြောင်း ဖောက်ရန်၊ ခံတပ်မြေနေထား တူးဖော်ပေးရန် ဖြစ်ပါတယ်။)၊ လေကြောင်း ပစ် တပ်ရင်း ၂ ခု ( လေကြောင်း တိုက်ခိုက်မှု ဒဏ်မှ ကာကွယ်ရန် လိုအပ်သော အင်အား ဖြစ်သည်။)

ပစ်ခတ်မှုစွမ်းရည် - နာရီဝက်ကို ဒုံးကျည် တစ်စင်း ( တစ်ရက်ကို ဒုံးကျည် (လောင်ချာ ၁၄ လုံး ပစ်လွတ်နိုင်စွမ်း ရှိသည်)

လောင်ချာပြေးအကွာအဝေး - မိုင် ၃၀ (အဝေးဆုံး)

ယာဉ်သွားနှုန်း - တစ်နာရီ ၉ မိုင်

ထုတ်လုပ်သည့် အရေအတွက် - အမွာ ဖြစ်ပြီး နှစ်စီးထုတ်လုပ်ထားသည်။

တည်ဆောက်သည့် ခုနှစ် - ၁၉၄၁ခုနှစ်

အသုံးပြုသည့် ကာလ - ၁၉၄၁ ခုနှစ်- ၁၉၄၅ ခုနှစ်

တစ်စီးအတွက် ကုန်ကျစရိတ် -ဂျာမနီငွေ (Reichsmark) ၇ သန်း

တည်ဆောက်တဲ့ ရည်ရွယ်ချက်က ပြင်သစ်စစ်ပွဲမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် တည်ဆောက်မှု နှေးကွေးခဲ့ပြီး ပြင်သစ်စစ်ပွဲမှာ အသုံးမပြုဖြစ်ခဲ့ ပါဘူး။ ကုမ္မဏီကတော့ ဂျာမနီ မှ Krupp ဖြစ်ပြီး ကုန်ကျစရိတ်ကို ဂျာမနီ တပ်မတော်မှ အကုန်ကျခံခဲ့ပါတယ်။ ယနေ့မှာ တော့ ယင်း သံလမ်းပေါ် ပစ်စင် မရှိတော့ပါဘူး။ သို့ပေမယ့် ဂျာမနီရဲ့  စစ်လက်နက်သစ် စီမံကိန်းမှာ Schwerer Gustav ထက်အရွယ်ကြီးမားတဲ့ Railway Gun ပါဝင်တယ်လို့ သိရပါတယ်။

Railway gun လို့ခေါ်တဲ့ သံလမ်းပေါ်သွား စစ်လက်နက် (ဒုံးကျည်ပစ်စင်) ဟာ ဒုတိယ ကမ္ဘာစစ်ကာလမှာ အ
သုံးများတဲ့ လက်နက် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း အသုံးပြုမှု ရှိနေပါသေးတယ်။ နယ်စပ်တိုက်ပွဲတွေမှာ ပိုမိုအသုံးဝင်ပြီး အဝေးပစ် လက်နက် ဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှ မြန် မာပြည်သားရေးပူး တွဲလှုပ်ရှား မှုကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေးဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေးတံတားထိပ်တွင် ၄၅ မိနစ်ကြာ နေပူ လှမ်းခံခဲ့ရကြောင်း ကာယကံရှင် များက ပြောသည်။

စစ်မှုမထမ်း မနေရ စနစ် ဥပဒေ သမ္မတဦးသိန်းစိန်ရေဆွဲထားပြီးပြီ

စစ်မှုမထမ်း မနေရ ဥပဒေ အသက်ဝင်မည်
=======================
စစ်မှုမထမ်း မနေရ စနစ် ဥပဒေအား ရေးဆွဲထားပြီး ဖြစ်ရာ သမ္မတမှ အတည်ပြုလိုက်သည်နှင့် ဥပဒေ စတင်အာဏာသက်ရောက်မည် ဖြစ်သည်။

လာမည့်နှစ်မှ စ၍ စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။

ထိုဥပဒေအရ ၁၈ နှစ်မှ ၄၅ နှစ်ကြား အရွယ်ရောက်သည့် ယောက်ျားတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

အမျိုးသမီးများကတော့ တပ်တွင်း စာရင်းကိုင်များ၊ ရဲမေ စာရေးမများ အဖြစ် ခေါ်ယူသွားမည် ဖြစ်ပြီး လောလောဆယ်တွင် အတိအကျ ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

စစ်မှုမထမ်း မနေရ စနစ် ဥပဒေအား ရေးဆွဲထားပြီး ဖြစ်ရာ သမ္မတမှ အတည်ပြုလိုက်သည်နှင့်ဥပဒေစတင်
အာဏာသက်ရောက်မည် ဖြစ်သည်။ လာမည့်နှစ်မှ စ၍ စစ်မှုမထမ်းမနေရ ဥပဒေ အသက်ဝင်မည် ဖြစ်
ကြောင်း သိရသည်။

ဟံသာဝတီ ကားပွဲစားတန်းမှ ဆန္ဒဖော်ထုတ်နေသူတွေနဲ့ အာဏာပိုင်များပြေလည်မှုရရှိ

ဟံသာဝတီ ကားပွဲစားတန်းကို အဆင့်မြှင့်ဖို့ဆိုပြီး ပိတ်လိုက်တဲ့အတွက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြမှုတွေဟာ ရန်ကုန် ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထိပ်က ယာဉ်ကြီးရောင်းဝယ်ရေးစခန်းမှာ လုပ်ကိုင်ခွင့်ပြုလိုက်တဲ့အတွက် ပြေလည်မှုရသွားပြီလို့ ကားပွဲစားတချို့က ပြောပြပါတယ်။

သက်တမ်း ၁ဝဝ နီးပါးရှိ၍ ခေတ်ဖြင့်ကိုက်ညီမှုမရှိတော့သည့် မြန်မာကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ရေးဆွဲမည်၊ ကုမ္ပဏီမှတ်ပုံတင်ခြင်းကိုလည်း Online စနစ်သို့ ပြောင်းလဲမည်ဟု သိရ

Tuesday, 05 March 2013 သက်တမ်း ၁ဝဝ နီးပါး ရှိနေပြီဖြစ်ပြီး ခေတ်ကာလဖြင့် ကိုက်ညီမှုမရှိတော့သည့် မြန်မာကုမ္ပဏီ အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။၎င်းအပြင် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကိုလည်း လက်ရှိစနစ်မှ Online စနစ်သို့ ပြောင်းလဲသွားရန် စီစဉ်နေသည်ဟု သိရသည်။

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ
Tuesday, March 5, 2013

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

အဲဒီ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ကချင်ပြည်နယ်ကို ဦးတည်ပြီး စတင်ထွက်ခွာ
ခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လိုင်ဇာခရီးစဉ် မရောက်ခင် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ပြေး
ဒုက္ခသည် စခန်း ၄ ခုကို သွားရောက် အားပေးစကားပြောဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်စိုးက RFA ကို ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးမှာ ဒေသခံတွေ လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သိန်း ၁၂၀ ကျော်ကို ခရီးဆုံးလိုင်ဇာမြို့ကို ရောက်ရှိချိန်မှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

အလားတူ ရန်ကုန်ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာကို ရောက်ရှိနေပြီး ညနေပိုင်းမှာတော့
 ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီအဖွဲ့ထဲက အမျိုးသားနှစ်ဦးနဲ့ သံဃာတော်တစ်ပါးဟာ ကျန်းမာရေး
အခြေအနေကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။

RFA

Tuesday, March 5, 2013

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက်မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

နေအရမ်းပူလို့ နှာခေါင်းသွေး လျှံခြင်း (Epistaxis)

နေအရမ်းပူလို့ နှာခေါင်းသွေး လျှံခြင်း  (Epistaxis)

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။

ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ။



နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ် ။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာ အိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ ဆောင်လရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ် ။ တခါတရံမှာလည်း အပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ ။



# ပိုးဝင်ခြင်း
# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း
# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း
# သွေးပေါင်ချိန်များခြင်း (High blood pressure)
# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)
# အရက်အလွန်အကျွံသောက်သုံးခြင်း
# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။


နှာခေါင်းသွေး လျှံရင် ဘာလုပ်မလည်း ။

နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။

သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။ သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။

ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ် ။ သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။

နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ ။

၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။
၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။
၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။
၎ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )
၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။
၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။
၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။
၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဥာဏ်တောင်းပါ ။
၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine
ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။
၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။

စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၄.၁၁.၀၉)

Ref; Medicinenet; Wikipedia

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။

*** လှိုင်းကလေးသင် *** (ဆရာဇော်ဂျီရဲ့ ကဗျာ)

ပြင်ကျယ်ကျယ် ပင်လယ်ကမ်းဆီက၊
သည်ကမ်းယံ စေတီဦးဆီသို့၊
ဖူးမြော်ရန် ရောက်လာရင်းပေလာ့၊
ဘော ... အိုအချင်း လှိုင်းကလေး ... သင်။

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

သူ့မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ဒါကတော့ တစ်နှစ်တာ ရောင်းမကုန်တဲ့ ပစ္စည်း (အိပ်များ)ကို နှစ်တစ်နှစ် အကုန်တိုင်းမှာ မီးရှို့ ခြင်း ဖြစ်ပါတယ်။ သူ့လိုပဲ ပြင်သစ် Chanel ဖက်ရှင်ကလည်း လုပ်ပါတယ်။ သူတို့ နှစ်ခုလုံးက ထုတ်တဲ့ ပစ္စည်းတိုင်းက ကမ္ဘာ့လူကြိုက်များပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖက်ရှင် ပစ္စည်းတွေချည်း ထုတ်တာ ဖြစ်ပါတယ်။ 

တစ်နှစ်တာ ရောင်းရတဲ့ ငွေစာရင်းနဲ့ အချက်အလက်များကို စစ်ဆေးပြီး လက်ကျန် ပစ္စည်းများကို စုစည်းပြီး မီးရှို့ ဖျက်ဆီးပါတယ်။ ရည်ရွယ်ချက် ကတော့ ယင်းပစ္စည်းများ ဈေးကွက်မှာ ဈေးပေါပေါနဲ့ ရောက်ရှိသွားမှာ စိုးလို့ လို့ ဆိုပါတယ်။ 

ဒါကြောင့် ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းတဲ့အနေနဲ့ မီးရှို့ ဖျက်ဆီးခြင်းလို့ ဆိုပြီး ဒါကို ဖြုန်းတီးမှု တစ်ခုလို့ ဝေဖန်သူများလည်း ရှိကြောင်း သိရပါတယ်။ 

LV  Fashion Website - www.louisvuitton.com/front/#/dispatch
--
Ref: mazefacts
International news for myanmar
--
http://www.innewsmyanmar.com/2013/03/lv.html

--

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်

ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

''အခုလက်ရှိမှာ လျှပ်စစ်မီတာ ဘီလ်ဆောင်တာတွေကို နေပြည်တော်နဲ့ မန္တလေးမှာ လုပ်ဆောင်နိုင်ပြီး ရန်ကုန်မှာလည်း ရတော့မယ်။ မတ်လထဲမှာ ရတနာပုံ ADSL အင်တာနက်ဘီလ် ဆောင်နိုင်မယ်။ နောက်ပိုင်းမှာ Music Store ဆိုက်တွေ၊ Gift Shop ဆိုက်တွေ၊ Online Shopping ဆိုက်တွေအတွက် Ypay နဲ့ ငွေချေတာတွေ ရလာပါမယ်။ သင်္ကြန်အပြီးမှာ
တော်တော်များများ အသုံးပြုလာနိုင်ဖို့ ရှိပါတယ်'' ဟု Creative Web Studio မှ ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် Ypay စနစ်ကို AGD ဘဏ်နှင့် အပြည့်အဝ ချိတ်ဆက်၍
ဆောင်ရွက်လျက်ရှိပြီး အခြားဘဏ်များစွာနှင့် ချိတ်ဆက်ဆောင်ရွက်
နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Ypay အသုံးပြုလိုသူများအနေဖြင့် AGD ဘဏ် Account ရှိရမည်ဖြစ်သည်။

မကြာမီတွင် ဘီလ်ဆောင်ခြင်း ကိစ္စရပ်များအတွက် လူကိုယ်တိုင်သွားရန် မလိုတော့ဘဲ အွန်လိုင်းမှ Ypay ကို အသုံးပြု၍ ငွေပေးချေနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ခြင်းများကိုလည်း ယင်းဖြင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အေးချမ်းမွန်မှ ( Yatanarpon Call Center ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

မန္တလေးတွင် ရှမ်းစာပေနှင့် စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် တမာတန်းကွေ့အနီး နမ့်ခမ်းရှမ်းစာပေနှင့်ယဉ်ကျေးမှုကျောင်းတွင်နွေရာသီ ရှမ်းစာပေနှင့် စကားပြောသင်တန်းကို မတ်လ၁၁ ရက်နေ့ မှ စတင်၍ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ တာဝန်ရှိသူ ဦးစိုင်းမောင်စိန်က The Voice Weekly သို့ပြောကြားသည်။

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ
==================================

အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

... ၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်းဖျင်း ဖော်ပြထားသည့် အတိုင်း ဂျပန်နိုင်ငံ Yokoto ဒေသတွင် " Keen Edge 12 " ဟု အမည် ပေးထားသည့် ၂ နှစ်တစ်ကြိမ် ပြုလုပ်သော ကွပ်ကဲမှု ဆိုင်ရာ လေ့ကျင့်ခန်းအား ပြုလုပ်သည်။

၁၂-၈-၂ဝ၁၂ ရက်။ အမေရိကန်၊ တောင်ကိုရီးယား၊ အိန္ဒိယ ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁ဝဝဝ ကျော်ပါဝင်သော (၁ဝ)ကြိမ်မြောက် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ရေး လေ့ကျင့်ခန်း '' Khaan Quest-2012 '' ကို မွန်ဂိုလီးယား နိုင်ငံမြို့တော် Ulan Bator ၏ အနောက်တောင်ဘက် ၅ဝ ကီလိုမီတာ အကွာရှိ Five Hills လေ့ကျင့်ရေး ကွင်းတွင် ပြုလုပ်သည်။

၁၂-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံသည် လစ်ဗျားနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်နှင့် အခြား အမေရိကန် တာဝန်ရှိသူ ၃ ဦး သေဆုံး ခဲ့ပြီး နောက်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရေတပ်ဖွဲ့ တစ်ဖွဲ့အား လစ်ဗျား နိုင်ငံသို့ စေလွှတ်သည်။

၁၆-၉-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်သည် ဒေသတွင်း၌ ဖြန့်ကြက်ထားသည့် ဗြိတိန်၊ ပြင်သစ်၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီး နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စစ်သင်္ဘော များနှင့်အတူ ပါရှန် ပင်လယ်ကွေ့တွင် ၂ ရက်ကြာ ရေတပ်စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်သည်။

၁၇-၉-၂ဝ၁၂ ရက်။ အမေရိကန် နိုင်ငံမှ ဒုံးပျံတင်ဖျက် သင်္ဘော တစ်စီးနှင့် တရုတ် နိုင်ငံမှ ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘော တစ်စီးတို့သည် ပင်လယ် ဓားပြမှု နှိမ်နင်းရေး ဆိုင်ရာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ်အား ဧဒင် ပင်လယ်ကွေ့တွင် ၅နာရီကြာ ပြုလုပ်သည်။

၁၃-၁ဝ-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြစ်သည့် Los Angeles

Read More >> http://bit.ly/15uila7

အေးချမ်းမွန်မှ ( မြ၀တီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
၁၃-၁ဝ-၂ဝ၁၂ ရက်။ အမေရိကန် ရေတပ်မှ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြစ်သည့် Los Angeles
အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ် များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- ... ၂၄-၁-၂ဝ၁၂ ရက်။ ဂျပန်နှင့် အမေရိကန် တပ်ဖွဲ့ဝင် တို့သည် သမ္မတ အိုဘားမား၏ ကာကွယ်ရေး မဟာဗျူဟာ လမ်းညွှန်ချက် သစ်တွင် အကြမ်းဖျင်း ဖော်ပြထားသည့် အတိုင်း

မန္တလေးမှာ မီတာစနစ်နဲ့ မောင်းနှင်ပြေးဆွဲမယ့် ယာဉ်လိုင်းသစ် ဖွင့်လှစ်

မန္တလေးမှာ မီတာစနစ်နဲ့ မောင်းနှင်ပြေးဆွဲမယ့် ယာဉ်လိုင်းသစ် ဖွင့်လှစ်

ခရီးစဉ် အစ အဆုံး လေအေးပေးစက် ဖွင့်ပြီး ခ၇ီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးမယ့်မီတာစနစ်နဲ့ မောင်းနှင်တဲ့ ယာဉ်လိုင်းသစ်တစ်ခု မန္တလေးမှာ ပေါ်ပေါက်လာပါပြီ။
မန္တလေးဂုဏ်ကုမ္ပဏီလီမိတက် က စတင်ပြေးဆွဲတဲ့ ဂျာမဏီနိုင်ငံထုတ် Vauxhall Astra ယာဉ်ငယ်ဆယ်စီးနဲ့ မြို့တွင်းမြို့ပြင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းကို စတင်လုပ်ကိုင်လာတာပါ။

မန္တလေးမြို့ ၅၈လမ်း၊ ၂၂x၂၃ လမ်းကြား အောင်မြေသာစံမြို့နယ် ၊ ရုံး -၉၄(န-၁) မှာ မန္တလေး ဂုဏ် ကုမ္ပဏီလီမိတက် ကနေ တက္ကစီ ယာဉ်လိုင်းသစ်ကို ဒီနေ့ နံနက် ဆယ်နာရီအချိန်တွင် ဖွင့်လှစ်လိုက်တာဖြစ်ပြီး ဆက်ဆွယ်ငှားရမ်းမယ်ဆိုရင်လည်း ၀၉-၆၅၀၄၂၅၇။ ၀၉-၇၃၂၄၁၂၃၀။ ၀၂-၇၃၃၇၇ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ ( မန္တလေးခေတ် ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ခရီးစဉ် အစ အဆုံး လေအေးပေးစက် ဖွင့်ပြီး ခ၇ီးသည်တွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးမယ့်မီတာစနစ်နဲ့ မောင်းနှင်တဲ့ ယာဉ်လိုင်းသစ်တစ်ခု မန္တလေးမှာ ပေါ်ပေါက်လာပါပြီ။

ကန်ဒေါ်လာ တစ်သောင်းကျော် မေ့ကျန်ခဲ့သည့် နိုင်ငံခြားသားကို တက္ကစီယာဉ်မောင်းက ပြန်ပေး

တက္ကစီပေါ်တွင် နိုင်ငံခြားသားတစ်ဦး မေ့ကျန်ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ပါဝင်သော အိတ်တစ်လုံးကို ယာဉ်မောင်းက ပိုင်ရှင်ကို ဆက်သွယ်ကာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးသည် စမ်းချောင်းမြို့နယ်နေ ဦးကောင်းမြတ်လှိုင် မောင်းနှင်သော တက္ကစီကို ညောင်လေးပင်ဈေးမှ ရွှေတိဂုံဘုရားအထိ

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ်
ပြောကြား ထားသည်။

ရော့ဒ်မန်းသည် လက်ရှိတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရမည့် အမေရိကန် နိုင်ငံ မှ အထူး ဧည့်သည်တစ်ဦး ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော ဘေ့စ်ဘော ကစားပွဲကို ကြည့်ရှုရန် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရော့ဒ်မန်းနှင့် Harlem Globetrotters အဖွဲ့သားများ မြောက်ကိုရီးယား
နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် သည် မြောက်ကိုရီးယား နိုင်ငံ၏
 နျူကလီးယား စမ်းသပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ၎င်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တင်းမာ နေချိန်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်၏ လူ့ အခွင့်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ရော့ဒ်မန်းက မိမိသည် သံတမန်တစ်ဦး မဟုတ် ကြောင်း၊ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ၎င်း၏ ကိုယ်စား တောင်းပန်ခြင်း မပြုနိုင်ကြောင်း၊ သို့သော် ကင်ဂျုံ အွန်သည် ယခုအခါ မိမိ၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

http://bit.ly/12pXerH

မြ၀တီ

Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ်ပြောကြား ထားသည်။

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

မြန်မာ သတင်းများ   မတ် ၀၅ ၊၂၀၁၃

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။
လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်သည် စုံစမ်းတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အနှစ်ချုပ်၍ အစီရင်ခံစာ အပိုင်း ၁ ကို ရေးသားပြုစုခဲ့ကာ စစ်တပ်မြေ သိမ်းမှုနှင့် ပတ်သက်သော ယင်းအစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။
တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများအကြောင်းကို လွှတ်တော်သို့ ပထမဆုံးတင်ပြရခြင်းမှာ အမှုကိစ္စအားဖြင့် အရှုပ်အရှင်း နည်းခြင်း၊ အချက်အလက် ပြည့်စုံခြင်းနှင့် တပ်မတော်မှ သိမ်းဆည်းထားသောမြေဟု ထင်ရှားခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဖေသန်းက ပြောသည်။
ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီသော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ တပ်မြေနှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကို သိမ်းဆည်းထားခြင်း၊ ပိုမိုသိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ်လုပ်ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊ မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတစွာ ပေးလျော်မှုမရှိခြင်း၊ ကြက်ဆူစိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်းပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုးခွင့် လျှောက်၍ တောင်သူများကို သီးစားချခြင်း၊ လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံ လျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ သိမ်းဆည်းခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ ပါဝင်သည်။
“ပတောင်းမှာ စစ်တပ်က ကပစ စက်ရုံအတွက် အကြောင်းပြ မြေသိမ်းတယ်။ ပွင့်ဖြူမှာကျတော့ ၀ါစိုက်ပျိုးရေးဆိုပြီး အကြောင်းပြ သိမ်းတယ်။ ဘယ်လိုပဲ သိမ်းသိမ်း စီမံကိန်းက အခုအချိန်မှာ အကောင်အထည် မပေါ်တော့ဘူးလို့သုံးသပ်လို့ရတယ်။ လိုအပ်တာထက် ပိုသိမ်းထားတာရယ်၊ အကောင်အထည် ဖော်မပေးနိုင်တာတွေ ရှိတဲ့အတွက် လယ်ယာမြေပုဒ်မ ၃၁ အရ ခွင့်ပြုပေးထားတဲ့ ၆ လအတွင်း လုပ်ငန်းမလုပ်နိုင်ရင် လယ်သမားကို ပြန်ပေးရမယ်ဆိုတာ ရှိတဲ့အတွက် အခု ကျနော်တို့ လယ်သမားတွေ လယ်မြေပြန်ရဖို့ ကြိုးစားနေကြတယ်” ဟု လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဟန်ရှင်ဝင်းက ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော ဗဟို မြေယာစီမံခန့်ခွဲမှု ကော်မတီသည် အလုပ်မလုပ်သောကြောင့် မြေယာဥပဒေနှင့် နည်းဥပဒေတို့မှာ အသက်မ၀င် ဖြစ်နေ ရကြောင်း၊ ပြဿနာများကို အချိန်မီ ဖြေရှင်းမပေးနိုင်ပါက ပိုမိုရှုပ်ထွေးလာပြီး မအူပင် လယ်သမားကိစ္စကဲ့သို့ ပဋိပက္ခ ပိုကြီးထွား လာနိုင်ကြောင်း ဦးဟန်ရှင်ဝင်းက သုံးသပ်ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များအနက် အသုံးပြုခြင်း မရှိသေးသည့် မြေများကို တောင်သူလယ်သမားများ ထံသို့ ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လယ်မြေကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့မှာ တွေ့ပြီးပြီ။ သူပြောတာကတော့ တပ်နဲ့ ဝေးတဲ့နေရာ တွေမှာ သူတို့သိမ်းထား တာတွေကို ပြန်ပေးမယ်။ လယ်သမားတွေကို သီးစား ချထားခွင့် မရှိဘူးဆိုပြီး သူတို့ ညွှန်ကြား ချက်တွေ ထုတ်ပြီးသားတဲ့။ ကိုယ်တိုင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် လယ်သမားတွေကို ပြန်ပေးဖို့ ပြောပြီးပြီတဲ့။ နစ်နာကြေး တွေကိုလည်း စဉ်းစားပြီး ပြန်ပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။
သိမ်းဆည်းထားသည့် မြေကို သိမ်းဆည်းစဉ်က မူလကြံရွယ်ချက်နှင့်အညီ အသုံးမပြုပါက သက်ဆိုင်ရာ ပိုင်ရေးဆိုင်ခွင့် ရှိသူများကို ပြန်လည်ပေးအပ်ရန် သို့မဟုတ် နိုင်ငံတော်အား ပြန်လည်ပေးအပ်ပြီး နိုင်ငံတော်မှသာ စီမံခန့်ခွဲမှု ပြုသင့်ကြောင်း ကော်မရှင်က သုံးသပ်ထားသည်။
လယ်မြေသိမ်းဆည်းမှုများတွင် ဋ္ဌာနဆိုင်ရာများသည်လည်း မြေသိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လျှို့ဝှက်အဆင့်မရှိသော စာရင်းဇယား အထောက်အထား စာရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်းသည့်အခါ သက်ဆိုင်ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ ပြုမှုခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဋ္ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများသည် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။
မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။




ဒေါက်တာဆိတ်ဖွား စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ကြားနာ 

အင်တာနက်စာမျက်နှာပေါ်မှ လွှတ်တော်အား ဝေဖန်ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား ဆိုသူမှာ မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဖေါ်ထုတ်ရန် ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ ကြားနာကြောင်း ထိုကြားနာမှုတွင် ပါဝင်သော The voice weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က ပြောသည်။

ဒေါက်တာဆိတ်ဖွား ကြားနာမှုအား ညနေ ၃ နာရီ ခန့်က စတင်ကာ  ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး ဒေါက်တာ ဆိတ်ဖွား ဟုတ်မဟုတ်အား ကြားနာခံရသူများကို မေးမြန်းကြကြောင်း ဦးကျော်မင်းဆွေက ဆိုသည်။

“အဓိက ကတော့ ဆိတ်ဖွား ဘယ်သူလဲဆိုတာ မေးတာဘဲ။ ကျနော်တို့လည်း မသိပါဘူး။ တော်တော်များများ လည်း မသိပါဘူး ပြောကြတယ်” ဟု ၎င်းက ပြောသည်။

ကြားနာမှုတွင် ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးမှုကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ် ဆယ့်ခုနှစ်ဦး ပါဝင်ပြီး ကြားနာခံရသူများထဲတွင် တရားဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြား အထင်ကရပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

ထိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းအား ဦးကျော်မင်းဆွေက “အခုပြည်ထောင်စု လွှတ်တော်က ကိုယ်စားလှယ်တွေကို ဒီကိစ္စ တခုတည်းနဲ့အချိန်မကုန် စေချင်ဘူး” ဟု မှတ်ချက်ပြု ပြောကြားသည်။

အင်တာနက်စာမျက်နှာမှ လွှတ်တော်သည် ဥပဒေအထက်တွင် ရှိသလား သဘောရသည့် ဆောင်းပါးကြောင့် ယင်းဝက်ဆိုက် ရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ယခု လွှတ်တော် အပြီးတွင် ဖော်ထုတ်နိုင်ရန်ကြိုးပမ်းသွားမည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲဝင် တဦးက ဂျာနယ်နှင့် တွေဆုံစဉ်ကပြောကြားခဲ့သည်။

ဒေါက်တာဆိတ်ဖွားအား သိရှိနိုင်သည်ဟု ထင်မှတ်၍ မေးမြန်းခံရသူများမှာ Eleven Media Group မန်နေဂျာဒေါက်တာသိန်းမြင့်၊ ဒေါက်တာဆိတ်ဖွား ဆောင်းပါးများကို ကူးယူဖော်ပြဖူးသည့် The Street View ဂျာနယ် အကြံပေး ခင်မောင်ညို (ဘောဂဗေဒ)၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသောင်းတင် တို့လည်း ပါဝင်ကြကြောင်း သိရသည်။

ဒေါက်တာ ဆိတ်ဖွားသည်  “လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ”၊ “ဥပဒေအထက်တွင် လွှတ်တော်ရှိ သလား” ဆိုသည့် လွှတ်တော် ဝေဖန်ရေး ဆောင်းပါးများကို ရေးသားခြင်းကြောင့် ထို ဒေါက်တာဆိတ်ဖွား စာမျက်နှာအား ရေးသားသူကို ဖော်ထုတ်ရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးရင်က အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်မှ အဖွဲ့ဝင် ၁၇ ဦးပါ ကော်မရှင်ဖွဲ့ကာ စစ်ဆေးလျက်ရှိသည်။ 





ဆက်သွယ်ရေး အရာရှိ တချို့ ပြန်လွှတ်ပေးပြီ

ပြီးခဲ့သည့်ဇန်န၀ါရီလ ၁၇ ရက်က  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်၊ အရာရှိ များအပါအ၀င် အဆင့်မြင့် အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက“ သူတို့ အကုန်လုံး ပုံမှန်ပြန် အလုပ်လုပ်နေကြပါပြီ၊ တရားခွင် မဝင်ရသေးဘဲ ပြန်လွှတ်လိုက်တာ ဟုတ်မဟုတ် မသိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မှ တာဝန်ရှိသူ တချို့ထံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။ ဆက်သွယ်ရေးအရာရှိများကို မိုဘိုင်းဖုန်းဆင်းကဒ်များ၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ ချထားပေးခဲ့ရာတွင် ဌာနတွင်း အကျင့် ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်ခဲ့မှုရှိမရှိ စစ်ဆေးခဲ့ ခြင်းဖြစ်ကြာင်း သိရသည်။




မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ်လုပ်ဆောင်နေ 

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏ တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ
၏ ပျမ်းမျှသက်တမ်းကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့် သိရသည်။၂၀၀၁ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် စာရင်းအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၀ မှ ၆၄ နှစ်သာ ဖြစ်သည်။မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က မြန်မာနိုင်ငံ တဝှမ်းလုံးတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၌ အဘက်ဘက်တွင် တိုးတက်လာရန် လိုအပ်ကြောင်း ပြောဆိုရင်း ပျမ်းမျှသက်တမ်း တိုးမြှင့်ရေးကို လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

“အဲဒီရည်မှန်းချက်ကို ပြည့်မီဖို့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ဖို့နဲ့ လူစုလူဝေးတွေ ထဲမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အကြောင်းနဲ့ ပတ်သတ်ပြီး သတိထား နိုးကြားမှု မြင့်တက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာ ထွန်းဇော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှုများကို ထက်ဝက်လျှော့ချရန်၊ ကလေးသူငယ်
သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကို လျှော့ချရန် နှင့် အဆုတ်ရောဂါနှင့် HIV/AIDS ကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွါးမှုများကို လျှော့ချနိုင်ရန်အတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 




မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း၏ ပထမအကြိမ်အထွေ ထွေမျက်နှာစုံညီ အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တွင် ကျင်းပသွားမည် ဖြစ်ရာ အသင်းဝင်ပြီးသော ပုဂ္ဂလိက ဆေးရုံများနှင့် အကြောင်းကြောင်းကြောင့် အသင်းမဝင်ရသေးသော ပုဂ္ဂလိက ဆေးရုံများ အားလုံးကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ပုဂ္ဂလိကဆေးရုံကို တိုက်ရိုက် ကိုယ်စားပြုသူ (သို့) ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဆေးရုံပိုင်ရှင်၊ ဆေးရုံအုပ် စသည်ဖြင့် ဆေးရုံတစ်ရုံလျှင် နှစ်ဦးနှုန်း တက်ရောက်နိုင်ကြောင်း သိရသည်။ထို့အပြင် အစည်းအဝေး ကျင်းပမည့်ရက်တွင် မှတ်ပုံတင်ခြင်း၊ အသင်းဝင်ကဒ်နှင့် လက်မှတ်ထုတ်ပေးခြင်း၊ အသင်းဝင်အသစ် လက်ခံခြင်း၊ အသင်းရုံးခန်း ဖွင့်လှစ်ခြင်း၊ ၂ဝ၁၂ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းခြင်း၊ ၂ဝ၁၃ ခုနှစ်အတွက် အဆိုပြုလွှာများ ဆွေးနွေးအတည်ပြုခြင်း စသည့် အစီအစဉ်များကို ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။




မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းတွင် အသင်းဝင် ဆေးရုံပေါင်း ၁၆၅ ရုံရှိပြီး ပုဂ္ဂလိက ဆေးရုံများနှင့် ပတ်သက်သည့် လိုအပ်ချက်နှင့် ကိစ္စရပ်များ ရှိလာပါက တိုင်ပင်ဆွေးနွေးပေးမည် 

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းတွင် အသင်းဝင်ဆေးရုံပေါင်း ၁၆၅ ရုံရှိပြီး ပုဂ္ဂလိကဆေးရုံများနှင့် ပတ်သက်သည့် လိုအပ်ချက်များနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များ ရှိလာပါက တိုင်ပင်ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျန်းမာရေး မူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြင့်တင်ပေးရန်၊ အများပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ပုဂ္ဂလိက ဆေးရုံများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အများပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို မြင့်တင်ဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပုဂ္ဂလိက ဆေးရုံများ၏ အရည်အသွေး အဆင့်အတန်းကို ထိန်းသိမ်းမြင့်တင်ပေးရန်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေး လုပ်ငန်းများ အရည်အသွေးမြင့်တင် ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းနှင့် စာနယ်ဇင်းအဖွဲ့များနှင့် အတူတကွ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
''အသင်းက အများအကျိုးအတွက် ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အများပိုင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်သွားမှာပါ။ တစ်ဦးချင်း တစ်ယောက်ချင်းအတွက် လုပ်ပေးမှာ မဟုတ်သလို တစ်ဦးတစ်ယောက်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းနဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းတွေမှာ လိုအပ်နေတာတွေကို တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တွေ ပေးသွားမယ်။ ဆေးပညာနဲ့ ပတ်သက်တဲ့ သင်ကြားရေးတွေကိုလည်း ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံမှာက ကျန်းမာရေးနဲ့ ပတ်သက်တာတွေ အများကြီး လိုအပ်နေသေးတယ်။ ပြည်ပနိုင်ငံတွေနဲ့ယှဉ်ရင် နည်းပညာ၊ အတတ်ပညာတွေနဲ့ ကျွမ်းကျင်မှုတွေ အားနည်းနေသေးတယ်။ ပုဂ္ဂလိက ကျန်းမာရေး ကဏ္ဍကို မြင့်တင်ဖို့၊ အသစ်သစ်သော ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ဖို့ လိုနေတဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ နောက်ဆေးရုံတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ပြသနာတွေ ရှိလာရင် အသင်းမှာ လာရောက်ဆွေးနွေးနိုင်ပြီး အကြံဥာဏ်တွေ ယူနိုင်တယ်။ ဒါပေမယ့် ဖြစ်တဲ့ပြသနာတွေ ကြားမှာတော့ အသင်းအနေနဲ့ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး'' ဟု မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာရဲမိုးမြင့်က ပြောပြခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း အထွေထွေ မျက်နှာစုံညီ အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂ ရက်က ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများကို အများသဘောဖြင့် အတည်ပြုခဲ့ကြောင်း၊ အထက်မြန်မာပြည် အောက်မြန်မာပြည်မှ အလုပ်အမှုဆောင် ၃၂ ဦးအနက်မှ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးကို ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံအသင်း (ရန်ကုန်) ကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံအသင်း (မန္တလေး) ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အတွက် မြို့ကြီးနှစ်မြို့၏ သဘောတူညီချက်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသင်းဖွဲ့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများ အသင်းကို အမှတ် (၂၉)၊ အခန်းနံပါတ် (၁၁ဝ၄)၊ ၁ဝထပ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။


NLABR
Web-site: 			www.nlabr.com
Facebook: 			Sa Maung
Facebook: 			Miraculous Master For English Language

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်
တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြတိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်
မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။

ထားဝယ်တွင် ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးသူ တစ်ဦး သေဆုံး

Tuesday, March 5, 2013

ထားဝယ်မြို့၊ရှမ္မလည်ဆွဲရပ်၊အာဇာနည်လမ်းရှိပညာရေးကောလိပ်ရှေ့တွင် ယနေ့နံနက်(၈း၃၀)နာရီအချိန်
ခန့်က ယာဉ်မောင်း ဦး---- မောင်းနှင်လာသော super custom အမျိုးအစား မော်တော်ယာဉ်သည် ဆိုင်ကယ်နှစ်စီးအား ဆက်တိုက်တိုက်မိပြီးမိုးလုံလေလုံအားကစားရုံရှေ့ ရေမြောင်းအတွင်းသို့ထိုးကျမှုတစ်ခုဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီUSAID အကြီးအကဲ မြန်မာပြည်သွားမည်

USAID အကြီးအကဲ မြန်မာပြည်သွားမည်
Tuesday, March 5, 2013

အမေရိကန်ပြည်ထာင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ရောက် ရှိမှာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာ ခရီးစဉ်
နောက်ပိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ခရီးစဉ်ဖြစ်
တယ်လို့ USAID က ဒီ့မတိုင်ခင်က ထုတ်ပြန်ထားပါတယ်။
 
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးရေး၊ အုပ်ချုပ်မှု ကောင်းဖြစ်
လာရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အပံ့တွေအတွက် USAID အနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးသွားဖို့ ရှိနေတာပါ။
 
USAID အကြီးအကဲ ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကို သွားရောက်ပြီး တဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။
 မြန်မာနိုင်ငံမှာ ရှိနေစဉ် နေပြည်တော်မှာ အစိုးရ အကြီးအကဲတွေနဲ့ လည်း တွေ့ဆုံဖို့ရှိပါတယ်။
 
တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုအတွင်းက Cisco၊ Google၊ HP၊ Intel၊ Microsoft စတဲ့ ICT သတင်းနဲ့ ဆက်သွယ်ရေး အဆင့်မြင့် နည်းပညာ
ဆိုင်ရာ လုပ်ငန်းကြီးတွေကခေါင်းဆောင်တွေပါ ပါဝင်တဲ့ USAID အဆင့်မြင့် 
နည်းပညာဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း ရက်သီတင်းပတ်ကြာ
 မြန်မာနိုင်ငံကို သွားရောက် ခဲ့ကြပါတယ်။
 
မြန်မာနိုင်ငံမှာရှိစဉ် အစိုးရပိုင်းရော ပုဂ္ဂလိကပိုင်းက ICT နဲ့ပတ်သက်တဲ့ တာဝန်ရှိသူ တွေ၊ တက္ကသိုလ်တွေက တာဝန်ရှိသူတွေကို အဲ့ဒီအဖွဲ့က တွေ့ဆုံ
ခဲ့ကြပါတယ်။
 
မြန်မာနိုင်ငံတွင်း သတင်းနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ IT အဆင့်မြင့် နည်းပညာကို သုံးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်
လာရေး၊ လူမှုကွန်ရက် ဆက်ဆံမှုတွေ တိုးမြင့်လာရေး ကိစ္စရပ်တွေအတွက် နည်းပညာကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ရှိမယ့် အခွင့်အလမ်းတွေကို ဆွေးနွေး ခဲ့ကြပါတယ်။
 
အမေရိကန် ပြည်ထောင်စုရဲ့ အဆင့်မြင့် နည်းပညာရပ်ဆိုင်ရာ IT လုပ်ငန်းကြီးတွေနဲ့ ဆက်စပ် လုပ်ကိုင်လာခြင်းအားဖြင့်၊ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ အစိုးရ ဖြစ်လာဖို့ အကူအညီ ပေးနိုင်
လိမ့်မယ်လို့ USAID က ထုတ်ပြန်ပါတယ်။
 
USAID အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ
ဟာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ်မူဝါဒ ပြောင်းလဲလာ
တဲ့နောက်၊ မြန်မာနဲ့ ပတ်သက်လို့ အတော်လေး သွက်သွက်လက်လက် လှုပ်ရှားလာတဲ့ အမေရိကန် အေဂျင်စီတခု ဖြစ်ပါတယ်။
 
လက်ရှိအားဖြင့်တော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်း မြင်သာမှုရှိတဲ့ အစိုးရဖြစ်လာရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်
သင့်မြတ်ရေး၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာရေးဆိုတဲ့ ခေါင်းစဉ်
သုံးရပ်နဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ပေးနေတာပါ။
 
၂၀၁၂ ခုနှစ်အတွင်းမှာတော့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေကို လူသားချင်း စာနာကူညီမှုအနေနဲ့ USAID က အမေရိကန်ဒေါ်လာငွေ ၆.၂ သန်းအကူအညီ
 ပေးခဲ့ပါတယ်။
 
ကျန်းမာရေးအနေနဲ့ကတော့ အခု ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ တနံ
တလျားမှာ ပထမဆုံး အကြိမ် ကျန်းမာရေး စစ်တမ်းတွေ ယူနိုင်ဖို့ USAID အဖွဲ့အနေနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိသလို၊ HIV၊ အဆုတ်နာနဲ့ ငှက်ဖျား ရောဂါသုံးမျိုး တိုက်ဖျက်ရေး၊ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေးတွေအတွက်လည်း တခြားအလှူရှင်
အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

VOA

Tuesday, March 5, 2013

အမေရိကန်ပြည်ထာင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ရောက် ရှိမှာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင် သေဆုံးမှု သက်သေ အီးမေးလ်ပေါ်ထွက်လာ

မိုက်ကယ်ဂျက်ဆင် သေဆုံးမှု သက်သေ အီးမေးလ်ပေါ်ထွက်လာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၀၉ ခုနှစ်က ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုအတွက် 
ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ပြနေတဲ့  အီးမေးလ်တခု
 တွေ့ရကြောင်း မိသားစုရှေ့နေက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအမှုကို လာမဲ့လမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ 

အီးမေးလ်ကတော့ AEG ဆီကပါ။ မိုက်ကယ်ဂျက်ဆင်ဟာ AEG Live အစီအစဉ်နဲ့ လန်ဒန်မှာ မှာသီဆိုဖျော်ဖြေဖို့ ပြင်ဆင်နေတုံး ၂ ပတ် အလိုမှာသေဆုံးသွားခဲ့တာပါ။ သူ့ဆရာဝန်က ပေးတဲ့ဆေးတွေရဲ့ ဒဏ်ကြောင့် သေဆုံးခဲ့တာဖြစ်ပေမဲ့ ဘာကြောင့် ဒီဆေးတွေပေးခဲ့သလဲ ဆိုတာ အရင်က မသိခဲ့ရပါဘူး။

 ဒီတပတ်အတွင်းတွေ့ရှိရတဲ့ အီးမေးလ်ကတော့  AEG က မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန် ဆီကို ရေးခဲ့တဲ့ အီးမေးပါ။ ပွဲအတွက် ရီဟာဇာလုပ်ဖို့ ရောက်မလာတဲ့ မိုက်ကယ်ဂျက်ဆင်ကို လာမဲ့ ၁၁ ရက်မှာ ဆိုရမဲ့ပွဲအတွက် အဆင်သင့်ဖြစ်အောင်လုပ်ဖို့ သူ့ဆရာဝန်ကို ဖိအားပေးထားတဲ့စာပါ။ စာထဲမှာ မင်းကို လခပေးနေတာ AEG ဖြစ်တယ်။ မိုက်ကယ်ဂျက်ဆင်က ပေးနေတာမဟုတ်ဘူးလို့ ရေးထားပါတယ်။ 

ကျန်းမာရေးမကောင်းတဲ့ မိုက်ကယ်ဂျက်ဆင်ကို ပွဲမှာဝင်ဆိုနိုင်အောင်လို့ အန္တရာယ်ကြီးတဲ့ ဆေးပြင်းတွေပေးခဲ့ရာက သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန်က ဒါဟာမိုက်ကယ်ဂျက်ဆင်ရဲ့ တောင်းဆိုချက်နဲ့
 ပေးခဲ့တာလို့ ထွက်ဆိုထားခဲ့တာပါ။ အခုတွေ့ရတဲ့ အီးမေးလ်အရဆိုရင် သူ့ကို တလ ဒေါ်လာ တသောင်းခွဲပေးနေတဲ့ အလုပ်ရှင် AEG ကိုမလွန်ဆန်နိုင်လို့ ဆေးပြင်းတွေပေးခဲ့တာလို့ ယူဆရနိုင်ပါတယ်။ M

ကိုးကား- CNN
(တိုက်ရိုက် ရှယ်နိုင်ပါတယ်။ ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါ။)

၂၀၀၉ ခုနှစ်က ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ပြနေတဲ့ အီးမေးလ်တခု တွေ့ရကြောင်း မိသားစုရှေ့နေက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအမှုကို လာမဲ့လမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတဦးသိန်းစိန်ကို တရားစွဲပြီ

ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံတချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက်  ဒီကနေ့  ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွဲခဲ့ရာမှာ သံဃာတွေနဲ့ ဒေသခံအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေရာမှာ ဖော်ထုတ်အရေးယူဖြေရှင်းမှု မပြုလုပ်ပေးတဲ့အတွက် သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ လက်ပန်းတောင်းတောင် အရေးလှုပ်ရှားနေတဲ့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားရာမှာ လက်ပန်းတောင်းတောင် ဒေသခံတွေ ကိုယ်စား ဆည်တဲကျေးရွာက မရီဝင်း၊ မ၀င်းဝင်းဌေးနဲ့ အလယ်ရွာက ကိုဇော်နိုင်တို့က ဦးတိုက်လျှောက်ထား တရားစွဲဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ဆားလင်းကြီးမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ခင်ခင်ဆွေက တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားလွှာကို လက်ခံထားလိုက်ပြီး တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့အတွက် တရားရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့်ကို မတ်လ ၁၁ ရက်နေ့မှာ  အကြောင်းပြန်မယ်လို့ ပြောကြောင်းသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံတချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက် ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

င်္Facebook ပေါ်မှာသတင်းပြန်နေတဲ့ ပြန်ကြားရေး ဒုညွှန်မှူး ဦးမျိုးဝင်းကားတိုက်ပြီး မူးရမ်းတဲ့အကြောင်းကိုဖတ်မိပြီး ပြန်လည်ရေးသားလာတဲ့ နေပြည်တော်သားတစ်ဦးရဲ့ မှတ်ချက်စကားသံ

နေပြည်တော်ဋီကာ ..

ဖွဘုတ်ပေါ်မှာ ပွထလာတဲ့ ပြန်ကြားရေး ဒုညွှန်မှူး ဦးမျိုးဝင်းကားတိုက်ပြီး မူးရမ်းတဲ့အကြောင်းကိုဖတ်မိပြီး ပြန်လည်ရေးသားလာတဲ့

သူငယ်ချင်းတစ်ဦးရဲ့ မက်ဆေ့ပို့ထားတာကို အဆင်ပြေသလို ဖော်ပြပေးလိုက်ပါတယ်..။
------------------------------------------------------------------------------------------------------------
အဲဒီ ဦးမျိုးဝင်းဆိုသူမှ မဟုတ်ဘူး ....

နေပြည်တော်မှာ နေတဲ့ အရာထမ်း အများစုက မသောက်တတ်တဲ့သူမရှိဘူး..။ မမူးဖူးတဲ့သူ မရှိဘူး..။ မာဆတ် မသွားဖူးတဲ့သူ နည်းပါ့ဗျား....။

ညဖက် လမ်းပြောင်းပြန်မောင်းရင်လည်း ဖမ်းသူမရှိ....။ မီးနီဖြတ် ဖမ်းသူမရှိ...။ တိုက်ရင် ကိုယ့်ဘာသာ ရှင်းကြလို့ မျက်နှာလွှဲထားသော လမ်းမကြီးများရှိရာ ဒေသဖြစ်၏ .တဲ့..။

ကားတွေကလည်း without လား လုံးချိန်းလား၊ ကိုယ်ပိုင်လား ဌာနဆိုင်ရာလား မသိ ..။ ယာဉ်မောင်းလိုင်စင်ကလည်း ရှိမရှိ ..မသိ..။
အမုန်းခံ စစ်မည့်သူလည်းမရှိ..။

မသိ ... မသိ.... မသိ... မရှိ...။


ရဲကို လိုင်းကြေးပေးရင် မျက်စောင်းတောင်ထိုးမကြည့်တဲ့ နေပြည်တော်လိုနေရာမှာ အနှိပ်ခန်းအမည်ခံ ရပ်ကွက်အတွင်းက ...တနိုင်တပိုင်ကြေးစားဂေဟာတွေ၊ ကေတီဗီတွေ ဘီယာဆိုင်တွေ မှာ ဌာနဆိုင်ရာ ၀န်ထမ်းယောက်ျားတချို့ဟာ ... ၄င်းတို့ရဲ့ လစာထက် အဆပေါင်းများစွာသော ငွေများ သုံးဖြုန်းမကုန်ရာ၊ လုပ်ငန်းရှင်ကြီးငယ်များထံမှာ စပွန်ဆာ ယူရာ ပတ်ဝန်းကျင်ကြီးလည်းဖြစ်၏။

ဆရာနဲ့ .. တပည့်မ...ဗိုလ်ကြီးနဲ့ ကျွန်မများရဲ့ မရိုးနိုင်သော သမီးရဲ့ ဦး ဇာတ်လမ်းတွေနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရောပြွန်းရာ ရပ်ဝန်းကြီးပါပဲ....။ တစ်ခါ တလေ .. မြို့မဈေး ကုန်းပေါ်က ဘီယာဆိုင်၊ စားသောက်ဆိုင်များမှာ ... ရုံးယူနီဖောင်းတွေတောင် မလဲနိုင်ကြပဲ သောက်စားပျော်မြူးနေတဲ့ သမီးနဲ့ ဦးများကို မမြင်ချင်မှ အဆုံး.....။

တစ်လ နှစ်သိန်းမပြည့်တဲ့ လစာနဲ့ Golf Set ထည်လဲ သုံးနေတဲ့ လူတွေလည်း ပေါသဗျ..။

တစ်ပတ်တစ်ခါ လမ်းစရိတ် အကုန်ခံပြန်တဲ့ လစာ ငါးသောင်းဝန်းကျင်ရတဲ့ စာရေးဝန်ထမ်းတွေလည်း များသဗျ..။

တခြားနိုင်ငံတွေမှာ မရှိတဲ့ ..ကန်တော့ခံပစ္စည်းများ ပြန်ရောင်းတဲ့ ဆိုင်များလည်း အလုပ်ဖြစ်သဗျ..။ ဒီပစ္စည်း ဒီနေ့ရ ... နောက်နေ့ ပြန်ရောင်း ....။ နောက်တစ်ယောက် လာကန်တော့တာ
ဒီပစ္စည်းပဲ....။ ဒါတွေလည်း ရှိတယ်ဆိုပဲ....။

ဝန်ထမ်းအိမ်ယာ အများဆုံး မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ခရိုနီများ စပွန်ဆာပေးရာ ဟိုတယ်များ၊ စားသောက်ဆိုင်များကလည်း လူပြည့်မြဲ..။ စည်ကားမြဲ ဆိုပဲ..။

ဥပါန္တသန္တိ စေတီကြီး ရှိရာ ..၊ လွှတ်တော်သို့ ဦးတည်ရာ ရာဇဌာနီလမ်းမကြီးအား မာဆတ်ဌာနီ လမ်းမကြီးဟု အမည်တွင်သည်အထိ မာဆတ် (အနှိပ်ခန်း) များပေါများသော ပေါင်းလောင်း ရပ် လည်း ထိုလမ်းကြီးဘေးတွင် ရှိ၏ဟု ကြားသိရ၏။

လွှတ်တော်ကြီးနှင့် မလှမ်းမကမ်းတွင် ခရိုနီများ ညဖက် ၀င်ထွက်နိုင်သော ဌာနဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ၏ အိမ်များ ရှိသည်ဟု ကြားသိရ၏ .။

နေပြည်တော်နှင့် မြို့နယ်များ၏ လူစည်ကားရာနေရာတွင် အရပ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ၏ သားသမီးများပိုင်ဆိုင်သော တိုက်တာအဆောက်အဦးများ၊ စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ အချက်အချာကျ နေရာယူထားသလို မြန်မာစကား လုံးဝမတတ်သော လူမျိုးများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ဆိုင်ခန်းများ လူသုံးကုန်ပစ္စည်း လက္ကားဖြန့်ဖြူးရေး ဆိုင်များလည်း မြို့တည်တည်ပြီးချင်း မျက်လှည့်ပြလိုက်သလို ချက်ချင်း မြောက်ဖက်မှ ဆင်းလာပြီး လာရောက် နေရာယူ တည်ဆောက်ထားသည်လည်း ရှိ၏။
(မြို့မတည်ခင်ကတည်းက လက်ညိုးထိုး အကွက်ယူထားကြဟန်တူပေသည်)

တချို့ကပြောကြ၏ ထွန်းမြင့်နိုင်နှင့် ရှစ်လုံးရဲ့ အကျိုးပြုမှုဟု..။

-----------------------------------------------------------------------------

ဒါတွေကို ငေးမောအားကျနေသော ... ဆိုင်ကယ်ကယ်ရီသမားကတော့ တွေးနေရှာ၏ ....

ငါ့ဝင်ငွေက သူတို့လခတွေနဲ့ သိပ်မကွာပေမယ့် ဘာပြုလို့ ....

ငါ့ထက် အဆပေါင်းများစွာ သုံးဖြုံးပျော်ပါးနေနိုင်နေရသနည်း...။

=============================================

ထိုစာအားဖတ်ပြီး တွေးမိပါသည်..။

ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်သော သမ္မတကြီးရဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အား အကြံပေးချင်ပါသည်...။

သမ္မတ အိမ်တော်မှ မိုင်ငါးဆယ် ၀န်းကျင်ကိုသာ .. လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ပါဦး .. လို့ ...။

မြန်မာတစ်နိုင်ငံလုံးနှင့် ပြည်ထောင်စုအဆင့်အထိ စိတ်မကူးပါနဲ့ဦးလို့ သာ.....။

======================================================
မှတ်ချက် ယခု ဖွဘုတ်ထဲရှိ နေပြည်တော်မှဝန်ထမ်းများ ထိုအချက်များ မှန်မမှန်ကို ကို ဖြေပေးကြစေလိုပါကြောင်း..။ :P

Photo : AP

ဖွဘုတ်ပေါ်မှာ ပွထလာတဲ့ ပြန်ကြားရေး ဒုညွှန်မှူး ဦးမျိုးဝင်းကားတိုက်ပြီး မူးရမ်းတဲ့အကြောင်းကိုဖတ်မိပြီး
ပြန်လည်ရေးသားလာတဲ့ သူငယ်ချင်းတစ်ဦးရဲ့ မက်ဆေ့ပို့ထားတာကို အဆင်ပြေသလို ဖော်ပြပေးလိုက်
ပါတယ်..။ အဲဒီ ဦးမျိုးဝင်းဆိုသူမှ မဟုတ်ဘူး .... နေပြည်တော်မှာ နေတဲ့ အရာထမ်း အများစုက မသောက်တတ်တဲ့သူမရှိဘူး..။ မမူးဖူးတဲ့သူ မရှိဘူး..။ မာဆတ် မသွားဖူးတဲ့သူ နည်းပါ့ဗျား....။

OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား

OIC က ရိုဟင်ဂျာများ အခွင့်အရေး စဉ်စားဖို့ UNHCR ကို ပန်ကြား
=====================================
March 4, 2013

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်အေဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာရပ်ခံလိုက်သည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် ပတ်သက်၍ OIC ၏ အပူပန်ဆုံးကိစ္စမှာ ‘နိုင်ငံသားဖြစ်ရေး’ပင် ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေး တွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု Kuwait News Agency က ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ က ပြောဆိုထားသည်။

“ကျနော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စု ရှိပါတယ်။ ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး လူမျိုးစု ၁ဝဝ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင် လူမျိုးစုတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာကော၊ ဗြိတိသျှ အစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျနော်တို့ လူမျိုးထဲမှာ ပါဝင်တဲ့လူမျိုး မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံမှာ မရှိပါဘူး” ဟု ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးဟောင်းတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီး က ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဂျနီဗာတွင် ကျင်းပနေသည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်ပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက်ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန်၊ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားဖြစ်သည်။ ပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေသည်။

မြန်မာနိုင်ငံတွင် OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာများက မြို့ကြီးများနှင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့တွင် ဆန္ဒပြပွဲများ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကပြုလုပ်ခဲ့ကြသည်။

ရိုဟင်ဂျာ ၇၅,၀၀၀ အတွက် နေထိုင်ရာများ ဆောက်လုပ်ပေးရန်အတွက် ဆော်ဒီ အာရေဗျနိုင်ငံမှ ဒေါ်လာ ၁.၈၈ သန်းကို UNHCR မှတဆင့် ဇန်နဝါရှလအတွင်းက ပေးလှူခဲ့သည်။

ထို့အပြင် နိုင်ငံသားအဖြစ် ငြင်းပယ်ခံထားရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေ ရသူ မြန်မာ မူဆလင် ရိုဟင်ဂျာများအတွက် ဆူဒန်နိုင်ငံ အဖွဲ့အစည်း နှစ်ခုကလည်း ဇန်နဝါရီလ အတွင်းတွင်ပင် ဒေါ်လာ နှစ်သိန်း ကူညီပေးခဲ့သည်။

ထို့အတူ အင်ဒိုနီးရှား အစိုးရကလည်း ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများ ခံစားနေရသည့် ဆင်းရဲဒုက္ခများ ကို လျှော့ချရန်အတွက် လူသားချင်း စာနာမှု အကူအညီအဖြစ် ဒေါ်လာ တသန်း ပေးလှူမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ဇန်နဝါရီလ အတွင်းကပင် ကြေညာခဲ့သည်။

မဇ္ဈိမ

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တွယ်ဖြေရှင်းရန် ကုလ ဒုက္ခသည်အေဂျင် စီ UNHCR အား ကမ္ဘာ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မေတ္တာရပ်ခံလိုက်သည်။